သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအစိုးရ ICJ အစီရင္ခံစာ ႏိုင္ငံေရးဆႏၵပါရဲ႕လား


Synergy လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖဲြ႔ အမႈေဆာင္ညြန္ၾကားေရးမႈး ကိုသက္ေဆြ၀င္း
တိုက္႐ိုက္ လင့္ခ္

က်ေနာ္တို႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံအေပၚမွာ ICJ အျပည္ျပည္ဆိုင္ရာ တရားရံုးကေန ၾကားျဖတ္စီမံဆိုၿပီးေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလက (၄) ခ်က္ ခ်မွတ္ခဲ့ပါတယ္။ ဒီေလးခ်က္က ေယဘုယ်အားျဖင့္ ေျပာမယ္ဆိုရင္ေတာ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏိုင္ငံတကာစာခ်ဳပ္စာတမ္းကို ျမန္မာႏုိင္ငံအေနနဲ႔ ေလးစားလိုက္နာဖို႔ အခ်က္ပါပါတယ္။ ေနာက္တခ်က္ကေတာ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏုိင္ငံတကာသေဘာတူညီခ်က္အတိုင္း ျမန္မာႏုိင္ငံက လံုၿခံဳေရးအဖြဲ႔အစည္းေတြျဖစ္တဲ့ စစ္တပ္၊ ရဲ ဒီအဖြဲ႔အစည္းေတြကို ျမန္မာအစိုးရအေနနဲ႔ ထိန္းကြပ္ထားဖို႔။ ဒီလိုမ်ဳိးအေျခအေနေတြ မျဖစ္လာေအာင္လို႔ တားဆီးဖို႔ဆိုတာပါပါတယ္။ ေနာက္တခ်က္ကေတာ့ ၿပီးခဲ့တဲ့ ပဋိပကၡအတြင္းမွာ ျမန္မာႏုိင္ငံအတြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ေနရာက အေထာက္အထားေတြကို မဖ်က္ဆီးေအာင္ ထိန္းထားဖို႔ဆိုတာ ပါပါတယ္။ ေနာက္ဆံုးတခ်က္ကေတာ့ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ ICJ ကို ျမန္မာႏုိင္ငံအေနနဲ႔ ပံုမွန္အစီရင္ခံစာ တင္သြင္းဖို႔။ ကနဦးအားျဖင့္ဆိုရင္ ဒီေမလ (၂၃) ရက္ေန႔ကို ေနာက္ဆံုးထားၿပီးေတာ့ ပထမဦးဆံုး အစီရင္ခံစာ တင္သြင္းဖို႔ဆိုတာပါပါတယ္။ ဒီေနာက္ဆံုးအခ်က္ျဖစ္တဲ့ ၾကားျဖတ္အစီအမံနဲ႔ ပတ္သက္ၿပီးေတာ့ အစီရင္ခံစာ ေနာက္ဆံုး ေမလ (၂၃) ရက္ေန႔ကေန ျမန္မာႏုိင္ငံကေန ICJ ကို ေပးသြင္းလိုက္ၿပီ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံအေနနဲ႔ ဒီအစီအမံေတြနဲ႔ ပတ္သက္ၿပီးေတာ့ လိုက္ေလ်ာမယ္ဆိုတဲ့ သေဘာတူညီခ်က္ကို ျပလိုက္တာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာအစိုးရအေနနဲ႔၊ ျမန္မာႏုိင္ငံအေနနဲ႔ တကယ္ပဲ ICJ က အစီအမံေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျပည့္မီေအာင္ ေဆာင္ရြက္ႏိုင္ပါသလားဆိုတာကို Synergy လူမႈသဟဇာတ ေဖာ္ေဆာင္ေရးအဖြဲ႔ အမႈေဆာင္ၫြန္ၾကားေရးမွဴး ကိုသက္ေဆြဝင္း ကို ေမးျမန္းသြားပါမယ္။

ေမး ။ ။ ကိုသက္ေဆြဝင္း .. စကားခံခ်င္တာက ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းနဲ႔ ပတ္သက္လို႔ ျမန္မာႏုိင္ငံ ျမန္မာအစိုးရအေနနဲ႔က ရခိုင္ေျမာက္ပိုင္းမွာရိွတဲ့ မူစလင္လူမႈအသိုင္းအဝိုင္းေတြကို ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းအေနနဲ႔ အသိအမွတ္မျပဳပါဘူး။ လက္မခံၾကပါဘူး။ ဒါေပမဲ့လဲ ဒီအသံုးအႏႈန္းနဲ႔ ပတ္သက္လို႔ အဲဒီေဒသမွာရိွတဲ့ လူမႈအသိုင္းအဝိုင္းက သူတုိ႔ကိုယ္သူတို႔လဲ ရိုဟင္ဂ်ာလို႔ သံုးၾကတယ္။ ဒါ့အျပင္ ႏုိင္ငံတကာ ကုလသမဂၢအပါအဝင္၊ ႏိုင္ငံတကာအစိုးရေတြနဲ႔ သတင္းမီဒီယာေတြမွာ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္း သံုးတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ စကားလံုးကိုပဲ ရည္ညႊန္းၿပီး ေျပာသြားမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ အခုန က်ေနာ္ အရင္ဆံုးေမးခ်င္တဲ့ ေမးခ်င္တဲ့ေမးခြန္းကေတာ့ ဒီျဖစ္ၿပီးခဲ့တဲ့ ပဋိပကၡနဲ႔ ပတ္သက္လို႔ အေထာက္အထားေတြကို မပ်က္စီးေအာင္ ထိန္းသိမ္းထားရမယ္ဆိုၿပီးေတာ့ ICJ ရဲ ႔ အစီအမံထဲမွာ ပါပါတယ္။ ျမန္မာအစိုးရသမၼတရံုးကလည္း ဒါနဲ႔ပတ္သက္လို႔ ညႊန္ၾကားခ်က္ထုတ္ထားတာ ေတြ႔ပါတယ္။ ဒါေတြကို မေပ်ာက္ပ်က္ေအာင္ ထိန္းထားဖို႔ဆိုၿပီး ထုတ္ျပန္ထားပါတယ္။ အဲဒီေတာ့ က်ေနာ္ေမးခ်င္တာက ဒီျဖစ္ခဲ့တဲ့ ျပႆနာေတြက ႏွစ္လည္းေတာ္ေတာ္ၾကာေနပါၿပီ။ အဲဒီေတာ့ ဒီအေထာက္အထားေတြက အခုထက္ထိ မပ်က္မစီး ရိွႏိုင္ပါ့မလား။ ျမန္မာအစိုးရက အခုနညႊန္ၾကားသလို၊ တကယ္တမ္း အေျခအေနက ထိန္းထားႏုိင္ပါ့မလား။ ကိုသက္ေဆြဝင္းရဲ ႔ အျမင္ကို ဦးစြာသိခ်င္ပါတယ္။

ေျဖ ။ ။ သက္ေသအေထာက္အထားေတြ ထိန္းဖို႔ဆိုတဲ့ကိစၥကေတာ့ ခက္တယ္လို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။ ဒါေပမဲ့ မျဖစ္ႏိုင္ဘူးဆိုတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အင္းဒင္ကိစၥအၿပီးမွာ ေနာက္ထပ္သတင္းေတြ ထြက္လာခဲ့တာရိွတယ္။ ႏိုင္ငံတကာအဖြဲ႔အစည္းေတြက Mass Graves ေတြ ဘယ္ေနရာ ဘယ္ေဒသေတြမွာ Mass Graves ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရိွႏိုင္ေသးတယ္ဆိုတာမ်ဳိးေတြ သတင္းေတြထြက္လာေနေတာ့ ဒီဟာေတြကို ရိွတဲ့အေနအထားလို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။ တူးၿပီးေတာ့ မေဖ်ာက္ဖ်က္ဘူးဆိုရင္ေတာ့ ဒီလိုဟာမ်ဳိးေတြက ရိွႏုိင္တဲ့ အေနအထားလို႔ျမင္တယ္။ သို႔ေသာ္ ရြာေတြကေတာ့ ပဋိပကၡျဖစ္ၿပီး (၂) ႏွစ္ေလာက္ၾကာသြားတဲ့ကာလအတြင္းမွာေတာ့ ရြာေတြက အၿဖိဳခံလိုက္ရတယ္။ လမ္းတံတားေတြ၊ ေဘးနားေတြမွာရိွတဲ့ ရိုဟင္ဂ်ာရြာေတြဆိုရင္ ဘူဒိုဇာေတြနဲ႔ ထိုးၿပီးေတာ့ အေပ်ာက္ရွင္းျပစ္လိုက္တာေတြကို က်ေနာ္တို႔ satellite ဓါတ္ပံုေတြ အမ်ားႀကီးမွာလည္း ေတြ႔ရတယ္။ ၿပီးေတာ့ အစိုးရထုတ္ျပန္တဲ့ သတင္းအခ်က္အလက္ေတြ၊ သတင္းစာေတြထဲမွာ ဒီဟာမ်ဳိးေတြကို ေတြ႔ရတယ္။ စီးပြားေရးအတြက္ ဘာညအေၾကာင္းျပၿပီးေတာ့ ၿဖိဳလိုက္တဲ့ဟာေတြ အမ်ားႀကီးရိွတယ္။

အဲဒီေတာ့ ၂၀၁၇ ကေန ၂၀၁၉ ၾကားကာလအတြင္းမွာပင္ (၂) ႏွစ္ေလာက္ကာလအတြင္းမွာ အေျပာင္းအလဲေတြ အမ်ားႀကီးရိွသြားတာေတြ ရိွခဲ့တယ္။ သို႔ေသာ္ ဒီသက္ေသအေထာက္အထားေတြ အကုန္လံုးေပ်ာက္ပ်က္သြားမယ္ဆိုတာေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ က်ေနာ္ျမင္တယ္။ ေနာက္ထပ္ ပိုၿပီးေတာ့ အေရးႀကီးတဲ့ သက္ေသအေထာက္အထားကေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကို ေျပာင္းသြားတဲ့ သန္းနဲ႔ခ်ီေလာက္တဲ့ လူေတြပါပဲ။ ဒါကလဲ သက္ရိွသက္ေသအေထာက္အထားေတြပါ။ ဒီလူေတြဆီကေနလဲ ျပန္ေျပာျပႏုိင္တဲ့ အခ်က္အလက္ေတြ၊ ဒါမ်ဳိးေတြလဲ ရေကာင္းရႏုိင္တာ ရိွပါလိမ့္မယ္။ ဒါကေတာ့ ပညာရွင္ေတြ ပိုသိပါလိမ့္မယ္။ အဲဒီေတာ့ အေထာက္အထားေတြကေတာ့ ရိွပါလိမ့္မယ္။ ဒါေပမဲ့ က်ေနာ္တို႔ အခုနေျပာတဲ့ ေရႊ ႔ေျပာင္းလို႔ မရႏိုင္တဲ့ ရြာလိုဟာမ်ဳိးေတြနဲ႔ ၿပီးေတာ့ လယ္ေျမေတြ၊ Mass Grave ေတြကေတာ့ (၂) ႏွစ္တာကာလအတြင္းမွာေတာ့ ရွာဖို႔ဆိုတာေတာ့ နည္းနည္းေတာ့အခက္အခဲ ရိွပါလိမ့္မယ္။

ေမး ။ ။ က်ေနာ္ ေနာက္တခုေမးခ်င္တာကေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံတြင္းမွာ ရိုဟင္ဂ်ာ (၆) သိန္းေလာက္ ရိွတယ္ဆိုၿပီးေတာ့ ကိန္းဂဏန္းေတြအရ သိရပါတယ္။ ေျပာမယ္ဆိုရင္ ၾကားျဖတ္စီမံကိစၥက ဒီေျခာက္သိန္းကို အကာအကြယ္ေပးလိုတဲ့ အဓိကရည္ရြယ္ခ်က္လို႔ သိရပါတယ္။ အဲဒီေတာ့ ရိွေနတဲ့ ရိုဟင္ဂ်ာ (၆) သိန္းနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရအေနနဲ႔ တစံုတရာ အကာအကြယ္ေပးႏုိင္္တဲ့ အေနအထားမ်ဳိး၊ အကာအကြယ္ေပးထားနဲ႔ အေနအထားမ်ဳိး ေတြ႔ရပါလား။

ေျဖ ။ ။ အခုထက္ထိေတာ့ ဘာမွကို ထိထိေရာက္ေရာက္ လုပ္ထားတာ မေတြ႔ရေသးပါဘူး။ ဘာမွစိတ္ေက်နပ္ရေလာက္တဲ့ ထိေရာက္တဲ့ စီမံခ်က္ေတြကို က်ေနာ္တို႔ မျမင္ရဘူး၊ မၾကားရဘူး။ ေနာက္ဆံုးတင္လုိက္တဲ့ Report နဲ႔ ပတ္သက္ရင္ေတာင္မွ ဘာမွအရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ေသခ်ာရွင္းလင္းမသိရတဲ့ အေနအထားမွာ ရိွတယ္။ အဲဒီေတာ့ ဘာေတြလုပ္ထားတယ္။ ဘာေတြစီမံထားတယ္ဆိုတာေတြကိုေတာ့ က်ေနာ္တို႔ မသိရဘူး။ အဲဒီေတာ့ က်ေနာ္တို႔ဆီမွာ အၿမဲတမ္း ၾကားေနရတဲ့ ေန႔စဥ္ က်ေနာ္တို႔ဆီ ေရာက္ေနတဲ့ သတင္းေတြကေတာ့ စစ္ပြဲသတင္းေတြ။ ဘယ္ရြာေတြေတာ့ မီးရိႈ ႔ခံလိုက္ရၿပီ၊ ဘာေတြေတာ့ ျဖစ္ေနၿပီ - ရိုဟင္ဂ်ာေတြ၊ ရခိုင္ေတြ ဒုကၡေရာက္ေနၾကၿပီဆိုတဲ့ သတင္းက ေန႔တိုင္းတက္ေနတယ္။ ဒါကေတာ့ ၾကားရတဲ့သတင္းပါ။ ထူးထူးျခားျခား ေနာက္ဆံုးသိရတာကေတာ့ ရိုဟင္ဂ်ာေတြကို အေယာက္ ရွစ္ရာလား မသိဘူး၊ ဖမ္းထားတဲ့ဟာကို ျပန္လႊတ္လိုက္တယ္ဆိုတဲ့ သတင္းက ဒီၾကားထဲမွာ ထူးထူးျခားျခား က်ေနာ့္အေနနဲ႔ ေတြ႔မိတယ္။ က်န္တဲ့ကိစၥကေတာ့ ဘာမွထင္ထင္ရွားရွား ထြက္လာတာေတြ က်ေနာ့္အေနနဲ႔ မေတြ႔မိပါဘူး။

ေမး ။ ။ ေနာက္တခု သိခ်င္တာက ျမန္မာႏို္င္ငံအတြင္းမွာရိွတဲ့ ရိုဟင္ဂ်ာ (၆) သိန္း အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ တကယ္တမ္း သူတုိ႔ကို ထားေနတာ နားလည္သေလာက္ သီးျခားစခန္းေတြနဲ႔ ထားရိွထားတယ္။ သူတုိ႔ရဲ ႔ လံုၿခံဳေရး၊ သူတုိိ႔ တစံုတရာအႏၱရာယ္ျပဳႏိုင္တဲ့ အေနအထား လူမႈ႔အဖြဲ႔အစည္းျဖစ္ေစ၊ အျခားလက္နက္ကိုင္အဖြဲ႔အစည္းျဖစ္ေစ အႏၱရာယ္ျပဳႏိုင္တဲ့ အေနအထားမ်ဳိး ရိွပါသလား။ သူတုိ႔ရဲ ႔ လံုၿခံဳေရးအေျခအေန ဘယ္လိုရိွပါသလဲ။

ေျဖ ။ ။ က်ေနာ္ ရိုဟင္ဂ်ာစခန္းေတြကို လွမ္းၿပီးေတာ့ ဆက္သြယ္ေမးျမန္းတာေတြ၊ မိတ္ေဆြေတြနဲ႔ ေျပာျဖစ္တာေတြ ရိွတယ္။ တခ်ဳိ ႔စခန္းေတြဆိုရင္ လက္ရိွ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ တခ်ဳိ ႔အဖြဲ႔အစည္းေတြက ဝင္ၿပီးကူညီေနတာ ရိွတယ္။ သို႔ေသာ္ ဝင္ခြင့္မရတဲ့ အေနအထားေလးေတြ ႀကံဳရတာမ်ဳိးေတြ ရိွတယ္ဆိုတာကို ျပန္သိရတယ္။ ေနာက္တခုက ရိုဟင္ဂ်ာေတြကို ထားတဲ့အေနအထား။ ဒါကေတာ့ အရင္တုန္းကတည္းက အခုထိ ႏွစ္ေပါင္းၾကာပါၿပီ။ ျပႆနာေတြစျဖစ္ၿပီးကတည္းကဆို ၂၀၁၂ - ၂၀၁၃ ေလာက္ကတည္းက စခန္းေတြထဲမွာ ထားထားတဲ့ဟာက တကယ္တမ္း ေျပာရမယ္ဆိုရင္ေတာ့ Gestapo လို၊ တကယ့္ Open prison ပံုစံမ်ဳိးနဲ႔ ေနေနရတယ္။ ဒါႀကီးကလဲ တကယ္တမ္း ျဖစ္သင့္တဲ့ကိစၥတခုမဟုတ္ဘူးလို႔ က်ေနာ့္အေနနဲ႔ ယူဆတယ္။ အဲဒီေတာ့ တကယ္တမ္း အစိုးရမွာသာ Willingness ရိွတယ္ဆိုရင္ေပါ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ေပးခ်င္တဲ့ အေျပာင္းအလဲတခုကို လုပ္ျပခ်င္တယ္ဆိုရင္ေတာ့ သူတုိ႔ရဲ ႔ မူရင္းေဒသေတြကို ျပန္ထားဖို႔အတြက္ မူရင္းရပ္ရြာေတြ ရိွတယ္။ ဒီလိုေနရာေတြကို ျပန္ထားဖို႔အတြက္ စီစဥ္တာမ်ဳိးေတြ လုပ္လို႔ရတာေတြ ရိွတယ္။ အခုထိေတာ့ စခန္းေတြထဲမွာ ရိွေနတုန္းပဲ။ ဘာမွေတာ့ စခန္းေတြနဲ႔ ပတ္သက္တဲ့ ျပႆနာေတြ ႀကီးႀကီးမားမားေတာ့ မႀကံဳရေသးပါဘူး။ ဒါေပမဲ့ တခ်ဳိ ႔ဟာေလးေတြေတာ့ ေသးေသးမႊားမႊားေလးေတြေတာ့ ၾကားရတယ္။ တခ်ဳိ ႔ျပႆနာေလးေတြေတာ့ ၾကားရတာရိွတယ္။ ဒါေပမဲ့ ဒါလဲ က်ေနာ္တို႔ မသိရေသးတဲ့ အပိုင္းေတြ ရိွလိမ့္မယ္။ အထူးသျဖင့္ အဆက္အသြယ္ပိုင္းဆိုင္ရာမွာ အင္တာနက္ မရေနေသးတဲ့ကိစၥက တခ်ဳိ ႔ေနရာေတြနဲ႔ဆို ေျပာရဆိုရတာ လွမ္းဆက္သြယ္ဖို႔က ခက္ခဲတာမ်ဳိးေတြ ႀကံဳေနရတာေတြ ရိွတယ္။ အခုလက္ရိွ ရခိုင္ေတြ ႀကံဳေနရတဲ့ ျပႆနာက ရခိုင္ေတြ ႀကံဳေနရတဲ့ တိုက္ပြဲေတြ စစ္ပြဲေတြ ဒုကၡေတြအကုန္လံုးက ရိုဟင္ဂ်ာေတြ အရင္တုန္းက ႀကံဳခဲ့ၿပီးတဲ့ဟာေတြ။ အဲဒီေတာ့ ဒါေတြကို ရခိုင္ေတြဆီ ျပန္ေရာက္လာတဲ့ အေနအထားမွာ ျဖစ္လာတယ္။ အဲဒီေတာ့ အေၾကာင္းျပလို႔ ေကာင္းတဲ့ဟာကလဲ AA ကို အခုအခ်ိန္မွာ အၾကမ္းဖက္အဖြဲ႔အစည္းပံုစံမ်ဳိးနဲ႔ လုပ္လိုက္တဲ့အခါၾကေတာ့ အၾကမ္းဖက္ကိုတိုက္တာမ်ဳိးဆိုၿပီးေတာ့ ေတာ္ေတာ္ေလး ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္တာမ်ဳိးေတြ ရိွတယ္။

က်ေနာ္အေနနဲ႔ ျမင္တာကေတာ့ ရိုဟင္ဂ်ာေတြကိုေတာ့ ႏုိင္ငံတကာဖိအားေၾကာင့္မို႔ သိပ္အမ်ားႀကီး အရင္ကေလာက္ သိပ္ဆိုးဆုိးဝါးဝါး မျဖစ္ႏုိင္ေတာ့ေပမယ့္ ရခိုင္ေတြကို သြားေနတဲ့ဟာကေတာ့ အရင္ကထက္ ပိုၿပီးေတာ့ ဆိုးဝါးတဲ့ အေနအထားဘက္ကို ေရာက္လာေနတယ္လို႔ေတာ့ သံုးသပ္မိတယ္။

ေမး ။ ။ ဒီေနရာမွာ က်ေနာ္တဆက္တည္း ေမးခ်င္ပါတယ္။ အခုနေျပာသြားတဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ မျဖစ္ေအာင္လို႔ လံႈေဆာ္တဲ့အေျခအေနေတြကို ျမန္မာအစိုးရအေနနဲ႔ အကာအကြယ္ေပးဖို႔ဆိုိတာ ပါပါတယ္။ ဒါနဲ႔ပတ္သက္လို႔က သမၼတရံုးက အခုန ကိုသက္ေဆြဝင္း ေျပာသြားတဲ့ထဲမွာလဲ ပါပါတယ္။ အမုန္းစကား မပ်ံ႔ပြားဖို႔ မလံႈေဆာ္ၾကဖို႔ဆုိၿပီး - ေျပာမယ္ဆိုရင္ေတာ့ သူ႔ညႊန္ၾကားခ်က္ကို က်ေနာ္ဖတ္ၾကည့္ေတာ့ ဌာနဆိုင္ရာအဆင့္ဆင့္ကို ညႊန္ၾကားထားတာ။ လူထုကို ေျပာတဲ့သေဘာမ်ဳိးေတာ့ မဟုတ္ဘူး။ အဲဒီေတာ့ ညႊန္ၾကားခ်က္ေတြ ထုတ္တာမ်ဳိးေတာ့ ရိွပါတယ္။ တကယ္တမ္း အစိုးရအေနနဲ႔ ဒီလိုမ်ဳိး Genocide လို အေျခအေနမ်ဳိးေတြ မေပၚလာေအာင္လို႔ ထိထိေရာက္ေရာက္ အကာအကြယ္ေပးတဲ့၊ ထိထိေရာက္ေရာက္ အသိေပးတဲ့ဟာမ်ဳိးေတြ။ အခုနေျပာသလို အမုန္းစကားေတြ မလုပ္ၾကပါနဲ႔ဟာမ်ဳိးေတြ။ လုပ္တာမ်ဳိးေကာ ရိွပါသလား။ အေျခအေနအရ။

ေျဖ ။ ။ အဲဒီညႊန္ၾကားခ်က္တခုေလာက္ပဲ က်ေနာ္တို႔ ေတြ႔ပါတယ္။ ဒါကလဲ ကတုတ္ကရိုက္ႀကီး ထြက္လာတဲ့ ညႊန္ၾကားခ်က္လို႔ က်ေနာ့္အေနနဲ႔ ယူဆပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ သိၾကားေရသုတ္ထားတဲ့ ေဟာင္းႏြမ္းေနတဲ့ အစားအစာတခုမ်ဳိးလို Sugar-coated လုပ္ထားတဲ့ဟာလို ယူဆတယ္။ ဒါက ႏုိင္ငံတကာကို Report တင္ရေတာ့မယ္။ ဒီဟာကိုျပရမယ့္ အေျခအေနမွာ ဒီဟာကို ဒါေလးလုပ္လိုက္မယ္ဆိုတာ။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ က်ေနာ့္အေနနဲ႔ ရိုးသားမႈ၊ ႏုိင္ငံေရးေစတနာ ဒီထဲမွာ က်ေနာ့္အေနနဲ႔ အခုအခ်ိန္အထိေတာ့ မေတြ႔ရေသးဘူး။ ရိုဟင္ဂ်ာ Genocide နဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံတကာဖိအား။ တခု က်ေနာ္တို႔ အသိအမွတ္ျပဳရမွာကေတာ့ အစိုးရအေနနဲ႔ ပူးေပါင္းပါဝင္ၿပီးေတာ့ Report ကိုေတာ့ အခုထိေတာ့ ပံုမွန္တင္ေနတယ္။ ဒါေလးကိုေတာ့ Attention ေပးၿပီးေတာ့ လုပ္ေပးေနတယ္။ နည္းနည္းဖိဖိစီးစီး လုပ္ေပးတာမ်ဳိးေတာ့ က်ေနာ္တို႔အေနနဲ႔ အသိအမွတ္ျပဳတယ္။ သို႔ေသာ္ တကယ္တမ္း ထိထိေရာက္ေရာက္ ႏုိ္င္ငံေရးေစတနာပါပါနဲ႔ လုပ္ေနတဲ့ဟာ မရိွဘူးလို႔ေတာ့ က်ေနာ္ သံုးသပ္တယ္။ အဲဒီေတာ့ ဒီအမိန္႔ထုတ္လိုက္တဲ့ဟာက ေအာက္ေျခမွာ ဘယ္ေလာက္ထိ ထိထိေရာက္ေရာက္ လုပ္မယ္ဆိုတာကို က်ေနာ္အေနနဲ႔ မယံုဘူး။ လုပ္မယ့္အလားအလာကေတာ့ ေတာ္ေတာ္နည္းပါတယ္။ သို႔ေသာ္ ဒါကို က်ေနာ္တိုိ႔ ဘယ္ေလာက္အထိ ထုတ္ထားတဲ့အမိန္႔ကို တကယ္တမ္းတည္သြားေအာင္လို႔ လုပ္ဖို႔အတြက္ကို အစိုးရကို က်ေနာ္တုိ႔ ဘယ္လိုတိုက္တြန္းၾကမလဲ။ ဖိအားေပးၾကမလဲ၊ ေတာင္းဆိုၾကမလဲဆိုတာကိုေတာ့ က်ေနာ္တို႔ေတြ ဝိုင္းေျပာရမယ့္၊ ဝိုင္းလုပ္ၾကရမယ့္ အလုပ္လို႔ က်ေနာ့္အေနနဲ႔ ယူဆတယ္။ ဒါမ်ဳိးထြက္လာတာေတာ့ ေကာင္းတယ္။ အမိန္႔ထုတ္လုိက္တာကိုလည္း က်ေနာ္အေနနဲ႔ ႀကိဳဆိုတယ္။ ဒါကေတာ့ ေယဘုယ်အားျဖင့္ ႀကိဳဆိုရမယ့္ ကိစၥတခုအေနနဲ႔ ျမင္တယ္။ သို႔ေသာ္ ဒီအမိန္႔ကိုတည္ေအာင္ လုပ္မယ္၊ မလုပ္ဘူး၊ လုပ္ႏုိ္င္တယ္ မလုပ္ႏိုင္ဘူးဆိုတဲ့ ကိစၥကေတာ့ ေမးခြန္းအႀကီးႀကီးထုတ္ရမယ့္ ကိစၥျဖစ္တယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးတခု ေမးခ်င္ပါတယ္။ အဓိကေတာ့ အစိုးရရဲ ႔ commitment ေျပာမယ္ဆိုရင္ေတာ့ ရုိဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ICJ က အခုလို ၾကားျဖတ္စီမံလုပ္ထားတာကို အစိုးရအေနနဲ႔ လိုက္နာမယ္၊ လက္ခံမယ္ဆိုတဲ့ သေဘာေတာ့ေဆာင္ပါတယ္။ အစီရင္ခံစာတင္ၿပီဆိုေတာ့ အထဲမွာပါတဲ့ အေသးစိတ္ကိုေတာ့ က်ေနာ္တို႔ မသိရေသးဘူး။ အဲဒီေတာ့ ေျပာမယ္ဆိုရင္ေတာ့ အစိုးရဘက္က ဒါနဲ႔ပတ္သက္လုိ႔လဲ ေျပာမယ္ဆိုရင္ ICJ က ခ်ထားတဲ့ ၾကားျဖတ္စီမံခ်က္ တခ်က္ခ်င္းနဲ႔ ပတ္သက္လို႔လဲ သမၼတရံုးက ေၾကညာခ်က္ေတြ ထုတ္ျပန္ပါတယ္ဆိုေတာ့ Genocide လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားျမစ္ေရးဆိုင္ရာ ႏုိင္ငံတကာသေဘာတူညီခ်က္ကို ေလးစားလိုက္နာၾကဖို႔ဆိုၿပီး တပ္ဖြဲ႔ေတြကို ညႊန္ၾကားခ်က္ေတြ အဲဒါမ်ဳိးေတြ က်ေနာ္တို႔ ဖတ္ရပါတယ္။ အဲဒီေတာ့ အစိုးရဘက္က တကယ့္ကို ရိုဟင္ဂ်ာ ပဋိပကၡနဲ႔ ပတ္သက္လို႔ ေၾကေအးခ်င္တယ္၊ ေျပလည္ခ်င္တဲ့ သံဓိဌာန္၊ သူ႔ရဲ ႔ႏုိင္ငံေရးသံဓိဌာန္က ဘယ္လိုမ်ား ရိွပါသလဲ။ သူတုိ႔လိုလိုလားလား ရိွပါရဲ ႔လား။

ေျဖ ။ ။ က်ေနာ္ စိတ္ပူတယ္။ အစိုးရကေတာ့ ရွင္းခ်င္တဲ့ အေနအထား ရိွပါလိမ့္မယ္။ ရိွမွရလိမ့္မယ္။ အဲဒါမွလဲ အစိုးရ credibility တက္မွာေပါ့။ သူတုိ႔ရဲ ႔ ဂုဏ္သိကၡာေလး ျပန္တက္လာေအာင္ ျဖစ္ခ်င္တဲ့အတြက္ ရွင္းခ်င္တဲ့ အေနအထား ရိွပါလိမ့္မယ္။ သို႔ေသာ္ ဒီကိစၥမွာက တပ္နဲ႔ အစိုးရၾကား ေျပလည္ဖို႔အတြက္က အင္မတန္ အေရးႀကီးပါလိမ့္မယ္။ ဘယ္ျဖစ္လို႔လဲဆိုေတာ့ လက္ရိွအေနအထားကိုက အစိုးရကိုယ္တိုင္က တပ္ကို control လုပ္ဖို႔က ေတာ္ေတာ္ေလးခက္ေနတဲ့သေဘာ ရိွတဲ့အခါၾကေတာ့ ဒီဟာမွာ အက်ပ္အတည္းတခု ျဖစ္ေနတယ္။ အဲဒီလိုမ်ဳိး ျဖစ္မယ္ဆိုတာကိုေတာ့ က်ေနာ္ နားလည္ပါတယ္။ အစိုးရကို နားလည္ေပးလို႔ရတယ္။ သို႔ေသာ္ ႏႈတ္ပိတ္မေနဖို႔ လိုပါတယ္။ အစိုးရတာဝန္ရိွတဲ့လူေတြက ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ငါတုိ႔ကေတာ့ ဒီလိုမ်ဳိး ရပ္တည္ဖို႔လိုတယ္။ ငါတို႔က ဒါမ်ဳိးေတြ ျဖစ္ဖို႔လိုတယ္ဆိုၿပီးေတာ့ အခုနေျပာတဲ့ ႏုိင္ငံေရးသံဓိဌာန္ကိုေတာ့ လုပ္လို႔မရေသးကိစၥမ်ဳိးေတြ၊ အခက္အခဲေတြ အမ်ားႀကီးရိွတယ္။ ဒါေတြကို က်ေနာ္တုိ႔အားလံုး နားလည္တယ္။ သို႔ေသာ္လဲ ဒီဟာကို ငါတုိ႔ မေရာက္ေရာက္ေအာင္ သြားမယ္ဆိုတဲ့ ရည္မွန္းခ်က္၊ ခိုင္မာတဲ့ရည္မွန္းခ်က္တခု၊ ခိုင္မာတဲ့သံဓိဌာန္တခုကိုေတာ့ ျပည္သူေတြနဲ႔ ႏုိင္ငံတကာကို ထိထိေရာက္ေရာက္ ခ်ျပႏုိ္င္ဖို႔ လိုတဲ့အခ်ိန္ ေရာက္ေနၿပီလို႔ ယူဆပါတယ္။ ဒါကို က်ေနာ္တုိ႔ အခုထက္ထိေတာ့ က်ေနာ့္အေနနဲ႔ အားမရေသးဘူး။ ဒါေပမဲ့ အခုလက္ရိွ သြားေနတဲ့ Process ႀကီး - ႏုိင္ငံတကာတရားရံုးကေန ခ်လိုက္တဲ့ အမိန္႔ေတြအေပၚမွာ ျပန္ၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ Response လုပ္တဲ့ကိစၥမ်ဳိးေတြ - အခ်က္တခု - အေရြ ႔တခုကေတာ့ ေရာက္လာၿပီ။ ရိုဟင္ဂ်ာေတြကို ျပန္လႊတ္ေပးတာ၊ ဒါမ်ဳိးအမိန္႔ေတြ ထုတ္ျပန္တာ။ သို႔ေသာ္ ေအာက္ေျခမွာ တကယ္ထိထိေရာက္ေရာက္နဲ႔ လုပ္တဲ့ဟာမ်ဳိးေတြကေတာ့ အခုထိ အားနည္းေနတုန္းပဲလို႔ ယူဆတယ္။ ဒါကို က်ေနာ္တို႔ ျဖစ္ေအာင္ အားျပန္ျဖည့္ဖို႔လိုတယ္။ အဲဒါနဲ႔ အတူတူပဲ အစိုးရက သူတုိ႔ရဲ ႔ ရည္ရြယ္ခ်က္ကို၊ သူတုိ႔ရဲ ႔မူဝါဒကို ျပည္သူနဲ႔ ႏိုင္ငံတကာကို ထိထိေရာက္ေရာက္ ခ်ျပၿပီးေတာ့ ဒါကိုမျဖစ္မေနသြားဖို႔အတြက္ လုပ္ေဆာင္ျပဖို႔လိုတဲ့ လုပ္ရမယ့္အခ်ိန္ေရာက္ေနပါၿပီ။

ေမး ။ ။ အခုလိုေျဖၾကားေပးတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။


==Unicode==

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေးချက်က ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်စာတမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေအနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ဆိုတာ ပါပါတယ်။ နောက်ဆုံးတချက်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ICJ ကို မြန်မာနိုင်ငံအနေနဲ့ ပုံမှန်အစီရင်ခံစာ တင်သွင်းဖို့။ ကနဦးအားဖြင့်ဆိုရင် ဒီမေလ (၂၃) ရက်နေ့ကို နောက်ဆုံးထားပြီးတော့ ပထမဦးဆုံး အစီရင်ခံစာ တင်သွင်းဖို့ဆိုတာပါပါတယ်။ ဒီနောက်ဆုံးအချက်ဖြစ်တဲ့ ကြားဖြတ်အစီအမံနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ နောက်ဆုံး မေလ (၂၃) ရက်နေ့ကနေ မြန်မာနိုင်ငံကနေ ICJ ကို ပေးသွင်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီအစီအမံတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လျောမယ်ဆိုတဲ့ သဘောတူညီချက်ကို ပြလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရအနေနဲ့၊ မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲ ICJ က အစီအမံတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်မီအောင် ဆောင်ရွက်နိုင်ပါသလားဆိုတာကို Synergy လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကိုသက်ဆွေဝင်း ကို မေးမြန်းသွားပါမယ်။

မေး ။ ။ ကိုသက်ဆွေဝင်း .. စကားခံချင်တာက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မြန်မာအစိုးရအနေနဲ့က ရခိုင်မြောက်ပိုင်းမှာရှိတဲ့ မူစလင်လူမှုအသိုင်းအဝိုင်းတွေကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းအနေနဲ့ အသိအမှတ်မပြုပါဘူး။ လက်မခံကြပါဘူး။ ဒါပေမဲ့လဲ ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ အဲဒီဒေသမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းက သူတို့ကိုယ်သူတို့လဲ ရိုဟင်ဂျာလို့ သုံးကြတယ်။ ဒါ့အပြင် နိုင်ငံတကာ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုပဲ ရည်ညွှန်းပြီး ပြောသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုန ကျနော် အရင်ဆုံးမေးချင်တဲ့ မေးချင်တဲ့မေးခွန်းကတော့ ဒီဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ အထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းထားရမယ်ဆိုပြီးတော့ ICJ ရဲ့ အစီအမံထဲမှာ ပါပါတယ်။ မြန်မာအစိုးရသမ္မတရုံးကလည်း ဒါနဲ့ပတ်သက်လို့ ညွှန်ကြားချက်ထုတ်ထားတာ တွေ့ပါတယ်။ ဒါတွေကို မပျောက်ပျက်အောင် ထိန်းထားဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ ကျနော်မေးချင်တာက ဒီဖြစ်ခဲ့တဲ့ ပြဿနာတွေက နှစ်လည်းတော်တော်ကြာနေပါပြီ။ အဲဒီတော့ ဒီအထောက်အထားတွေက အခုထက်ထိ မပျက်မစီး ရှိနိုင်ပါ့မလား။ မြန်မာအစိုးရက အခုနညွှန်ကြားသလို၊ တကယ်တမ်း အခြေအနေက ထိန်းထားနိုင်ပါ့မလား။ ကိုသက်ဆွေဝင်းရဲ့ အမြင်ကို ဦးစွာသိချင်ပါတယ်။

ဖြေ ။ ။ သက်သေအထောက်အထားတွေ ထိန်းဖို့ဆိုတဲ့ကိစ္စကတော့ ခက်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်းဒင်ကိစ္စအပြီးမှာ နောက်ထပ်သတင်းတွေ ထွက်လာခဲ့တာရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက Mass Graves တွေ ဘယ်နေရာ ဘယ်ဒေသတွေမှာ Mass Graves တွေနဲ့ ပတ်သက်ပြီးတော့ ရှိနိုင်သေးတယ်ဆိုတာမျိုးတွေ သတင်းတွေထွက်လာနေတော့ ဒီဟာတွေကို ရှိတဲ့အနေအထားလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တူးပြီးတော့ မဖျောက်ဖျက်ဘူးဆိုရင်တော့ ဒီလိုဟာမျိုးတွေက ရှိနိုင်တဲ့ အနေအထားလို့မြင်တယ်။ သို့သော် ရွာတွေကတော့ ပဋိပက္ခဖြစ်ပြီး (၂) နှစ်လောက်ကြာသွားတဲ့ကာလအတွင်းမှာတော့ ရွာတွေက အဖြိုခံလိုက်ရတယ်။ လမ်းတံတားတွေ၊ ဘေးနားတွေမှာရှိတဲ့ ရိုဟင်ဂျာရွာတွေဆိုရင် ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့ အပျောက်ရှင်းပြစ်လိုက်တာတွေကို ကျနော်တို့ satellite ဓါတ်ပုံတွေ အများကြီးမှာလည်း တွေ့ရတယ်။ ပြီးတော့ အစိုးရထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ၊ သတင်းစာတွေထဲမှာ ဒီဟာမျိုးတွေကို တွေ့ရတယ်။ စီးပွားရေးအတွက် ဘာညအကြောင်းပြပြီးတော့ ဖြိုလိုက်တဲ့ဟာတွေ အများကြီးရှိတယ်။

အဲဒီတော့ ၂၀၁၇ ကနေ ၂၀၁၉ ကြားကာလအတွင်းမှာပင် (၂) နှစ်လောက်ကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးရှိသွားတာတွေ ရှိခဲ့တယ်။ သို့သော် ဒီသက်သေအထောက်အထားတွေ အကုန်လုံးပျောက်ပျက်သွားမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူးလို့ ကျနော်မြင်တယ်။ နောက်ထပ် ပိုပြီးတော့ အရေးကြီးတဲ့ သက်သေအထောက်အထားကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောင်းသွားတဲ့ သန်းနဲ့ချီလောက်တဲ့ လူတွေပါပဲ။ ဒါကလဲ သက်ရှိသက်သေအထောက်အထားတွေပါ။ ဒီလူတွေဆီကနေလဲ ပြန်ပြောပြနိုင်တဲ့ အချက်အလက်တွေ၊ ဒါမျိုးတွေလဲ ရကောင်းရနိုင်တာ ရှိပါလိမ့်မယ်။ ဒါကတော့ ပညာရှင်တွေ ပိုသိပါလိမ့်မယ်။ အဲဒီတော့ အထောက်အထားတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ အခုနပြောတဲ့ ရွှေ့ပြောင်းလို့ မရနိုင်တဲ့ ရွာလိုဟာမျိုးတွေနဲ့ ပြီးတော့ လယ်မြေတွေ၊ Mass Grave တွေကတော့ (၂) နှစ်တာကာလအတွင်းမှာတော့ ရှာဖို့ဆိုတာတော့ နည်းနည်းတော့အခက်အခဲ ရှိပါလိမ့်မယ်။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာကတော့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာ (၆) သိန်းလောက် ရှိတယ်ဆိုပြီးတော့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပြောမယ်ဆိုရင် ကြားဖြတ်စီမံကိစ္စက ဒီခြောက်သိန်းကို အကာအကွယ်ပေးလိုတဲ့ အဓိကရည်ရွယ်ချက်လို့ သိရပါတယ်။ အဲဒီတော့ ရှိနေတဲ့ ရိုဟင်ဂျာ (၆) သိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တစုံတရာ အကာအကွယ်ပေးနိုင်တဲ့ အနေအထားမျိုး၊ အကာအကွယ်ပေးထားနဲ့ အနေအထားမျိုး တွေ့ရပါလား။

ဖြေ ။ ။ အခုထက်ထိတော့ ဘာမှကို ထိထိရောက်ရောက် လုပ်ထားတာ မတွေ့ရသေးပါဘူး။ ဘာမှစိတ်ကျေနပ်ရလောက်တဲ့ ထိရောက်တဲ့ စီမံချက်တွေကို ကျနော်တို့ မမြင်ရဘူး၊ မကြားရဘူး။ နောက်ဆုံးတင်လိုက်တဲ့ Report နဲ့ ပတ်သက်ရင်တောင်မှ ဘာမှအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သေချာရှင်းလင်းမသိရတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ ဘာတွေလုပ်ထားတယ်။ ဘာတွေစီမံထားတယ်ဆိုတာတွေကိုတော့ ကျနော်တို့ မသိရဘူး။ အဲဒီတော့ ကျနော်တို့ဆီမှာ အမြဲတမ်း ကြားနေရတဲ့ နေ့စဉ် ကျနော်တို့ဆီ ရောက်နေတဲ့ သတင်းတွေကတော့ စစ်ပွဲသတင်းတွေ။ ဘယ်ရွာတွေတော့ မီးရှို့ခံလိုက်ရပြီ၊ ဘာတွေတော့ ဖြစ်နေပြီ - ရိုဟင်ဂျာတွေ၊ ရခိုင်တွေ ဒုက္ခရောက်နေကြပြီဆိုတဲ့ သတင်းက နေ့တိုင်းတက်နေတယ်။ ဒါကတော့ ကြားရတဲ့သတင်းပါ။ ထူးထူးခြားခြား နောက်ဆုံးသိရတာကတော့ ရိုဟင်ဂျာတွေကို အယောက် ရှစ်ရာလား မသိဘူး၊ ဖမ်းထားတဲ့ဟာကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းက ဒီကြားထဲမှာ ထူးထူးခြားခြား ကျနော့်အနေနဲ့ တွေ့မိတယ်။ ကျန်တဲ့ကိစ္စကတော့ ဘာမှထင်ထင်ရှားရှား ထွက်လာတာတွေ ကျနော့်အနေနဲ့ မတွေ့မိပါဘူး။

မေး ။ ။ နောက်တခု သိချင်တာက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာ (၆) သိန်း အခြေအနေနဲ့ ပတ်သက်ပြီးတော့ တကယ်တမ်း သူတို့ကို ထားနေတာ နားလည်သလောက် သီးခြားစခန်းတွေနဲ့ ထားရှိထားတယ်။ သူတို့ရဲ့ လုံခြုံရေး၊ သူတို့ တစုံတရာအန္တရာယ်ပြုနိုင်တဲ့ အနေအထား လူမှု့အဖွဲ့အစည်းဖြစ်စေ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ အန္တရာယ်ပြုနိုင်တဲ့ အနေအထားမျိုး ရှိပါသလား။ သူတို့ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော် ရိုဟင်ဂျာစခန်းတွေကို လှမ်းပြီးတော့ ဆက်သွယ်မေးမြန်းတာတွေ၊ မိတ်ဆွေတွေနဲ့ ပြောဖြစ်တာတွေ ရှိတယ်။ တချို့စခန်းတွေဆိုရင် လက်ရှိ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ တချို့အဖွဲ့အစည်းတွေက ဝင်ပြီးကူညီနေတာ ရှိတယ်။ သို့သော် ဝင်ခွင့်မရတဲ့ အနေအထားလေးတွေ ကြုံရတာမျိုးတွေ ရှိတယ်ဆိုတာကို ပြန်သိရတယ်။ နောက်တခုက ရိုဟင်ဂျာတွေကို ထားတဲ့အနေအထား။ ဒါကတော့ အရင်တုန်းကတည်းက အခုထိ နှစ်ပေါင်းကြာပါပြီ။ ပြဿနာတွေစဖြစ်ပြီးကတည်းကဆို ၂၀၁၂ - ၂၀၁၃ လောက်ကတည်းက စခန်းတွေထဲမှာ ထားထားတဲ့ဟာက တကယ်တမ်း ပြောရမယ်ဆိုရင်တော့ Gestapo လို၊ တကယ့် Open prison ပုံစံမျိုးနဲ့ နေနေရတယ်။ ဒါကြီးကလဲ တကယ်တမ်း ဖြစ်သင့်တဲ့ကိစ္စတခုမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်။ အဲဒီတော့ တကယ်တမ်း အစိုးရမှာသာ Willingness ရှိတယ်ဆိုရင်ပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ပေးချင်တဲ့ အပြောင်းအလဲတခုကို လုပ်ပြချင်တယ်ဆိုရင်တော့ သူတို့ရဲ့ မူရင်းဒေသတွေကို ပြန်ထားဖို့အတွက် မူရင်းရပ်ရွာတွေ ရှိတယ်။ ဒီလိုနေရာတွေကို ပြန်ထားဖို့အတွက် စီစဉ်တာမျိုးတွေ လုပ်လို့ရတာတွေ ရှိတယ်။ အခုထိတော့ စခန်းတွေထဲမှာ ရှိနေတုန်းပဲ။ ဘာမှတော့ စခန်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြီးကြီးမားမားတော့ မကြုံရသေးပါဘူး။ ဒါပေမဲ့ တချို့ဟာလေးတွေတော့ သေးသေးမွှားမွှားလေးတွေတော့ ကြားရတယ်။ တချို့ပြဿနာလေးတွေတော့ ကြားရတာရှိတယ်။ ဒါပေမဲ့ ဒါလဲ ကျနော်တို့ မသိရသေးတဲ့ အပိုင်းတွေ ရှိလိမ့်မယ်။ အထူးသဖြင့် အဆက်အသွယ်ပိုင်းဆိုင်ရာမှာ အင်တာနက် မရနေသေးတဲ့ကိစ္စက တချို့နေရာတွေနဲ့ဆို ပြောရဆိုရတာ လှမ်းဆက်သွယ်ဖို့က ခက်ခဲတာမျိုးတွေ ကြုံနေရတာတွေ ရှိတယ်။ အခုလက်ရှိ ရခိုင်တွေ ကြုံနေရတဲ့ ပြဿနာက ရခိုင်တွေ ကြုံနေရတဲ့ တိုက်ပွဲတွေ စစ်ပွဲတွေ ဒုက္ခတွေအကုန်လုံးက ရိုဟင်ဂျာတွေ အရင်တုန်းက ကြုံခဲ့ပြီးတဲ့ဟာတွေ။ အဲဒီတော့ ဒါတွေကို ရခိုင်တွေဆီ ပြန်ရောက်လာတဲ့ အနေအထားမှာ ဖြစ်လာတယ်။ အဲဒီတော့ အကြောင်းပြလို့ ကောင်းတဲ့ဟာကလဲ AA ကို အခုအချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းပုံစံမျိုးနဲ့ လုပ်လိုက်တဲ့အခါကြတော့ အကြမ်းဖက်ကိုတိုက်တာမျိုးဆိုပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာမျိုးတွေ ရှိတယ်။

ကျနော်အနေနဲ့ မြင်တာကတော့ ရိုဟင်ဂျာတွေကိုတော့ နိုင်ငံတကာဖိအားကြောင့်မို့ သိပ်အများကြီး အရင်ကလောက် သိပ်ဆိုးဆိုးဝါးဝါး မဖြစ်နိုင်တော့ပေမယ့် ရခိုင်တွေကို သွားနေတဲ့ဟာကတော့ အရင်ကထက် ပိုပြီးတော့ ဆိုးဝါးတဲ့ အနေအထားဘက်ကို ရောက်လာနေတယ်လို့တော့ သုံးသပ်မိတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော်တဆက်တည်း မေးချင်ပါတယ်။ အခုနပြောသွားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင်လို့ လှုံဆော်တဲ့အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်လို့က သမ္မတရုံးက အခုန ကိုသက်ဆွေဝင်း ပြောသွားတဲ့ထဲမှာလဲ ပါပါတယ်။ အမုန်းစကား မပျံ့ပွားဖို့ မလှုံဆော်ကြဖို့ဆိုပြီး - ပြောမယ်ဆိုရင်တော့ သူ့ညွှန်ကြားချက်ကို ကျနော်ဖတ်ကြည့်တော့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ညွှန်ကြားထားတာ။ လူထုကို ပြောတဲ့သဘောမျိုးတော့ မဟုတ်ဘူး။ အဲဒီတော့ ညွှန်ကြားချက်တွေ ထုတ်တာမျိုးတော့ ရှိပါတယ်။ တကယ်တမ်း အစိုးရအနေနဲ့ ဒီလိုမျိုး Genocide လို အခြေအနေမျိုးတွေ မပေါ်လာအောင်လို့ ထိထိရောက်ရောက် အကာအကွယ်ပေးတဲ့၊ ထိထိရောက်ရောက် အသိပေးတဲ့ဟာမျိုးတွေ။ အခုနပြောသလို အမုန်းစကားတွေ မလုပ်ကြပါနဲ့ဟာမျိုးတွေ။ လုပ်တာမျိုးကော ရှိပါသလား။ အခြေအနေအရ။

ဖြေ ။ ။ အဲဒီညွှန်ကြားချက်တခုလောက်ပဲ ကျနော်တို့ တွေ့ပါတယ်။ ဒါကလဲ ကတုတ်ကရိုက်ကြီး ထွက်လာတဲ့ ညွှန်ကြားချက်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သိကြားရေသုတ်ထားတဲ့ ဟောင်းနွမ်းနေတဲ့ အစားအစာတခုမျိုးလို Sugar-coated လုပ်ထားတဲ့ဟာလို ယူဆတယ်။ ဒါက နိုင်ငံတကာကို Report တင်ရတော့မယ်။ ဒီဟာကိုပြရမယ့် အခြေအနေမှာ ဒီဟာကို ဒါလေးလုပ်လိုက်မယ်ဆိုတာ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ ရိုးသားမှု၊ နိုင်ငံရေးစေတနာ ဒီထဲမှာ ကျနော့်အနေနဲ့ အခုအချိန်အထိတော့ မတွေ့ရသေးဘူး။ ရိုဟင်ဂျာ Genocide နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဖိအား။ တခု ကျနော်တို့ အသိအမှတ်ပြုရမှာကတော့ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ Report ကိုတော့ အခုထိတော့ ပုံမှန်တင်နေတယ်။ ဒါလေးကိုတော့ Attention ပေးပြီးတော့ လုပ်ပေးနေတယ်။ နည်းနည်းဖိဖိစီးစီး လုပ်ပေးတာမျိုးတော့ ကျနော်တို့အနေနဲ့ အသိအမှတ်ပြုတယ်။ သို့သော် တကယ်တမ်း ထိထိရောက်ရောက် နိုင်ငံရေးစေတနာပါပါနဲ့ လုပ်နေတဲ့ဟာ မရှိဘူးလို့တော့ ကျနော် သုံးသပ်တယ်။ အဲဒီတော့ ဒီအမိန့်ထုတ်လိုက်တဲ့ဟာက အောက်ခြေမှာ ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်မယ်ဆိုတာကို ကျနော်အနေနဲ့ မယုံဘူး။ လုပ်မယ့်အလားအလာကတော့ တော်တော်နည်းပါတယ်။ သို့သော် ဒါကို ကျနော်တို့ ဘယ်လောက်အထိ ထုတ်ထားတဲ့အမိန့်ကို တကယ်တမ်းတည်သွားအောင်လို့ လုပ်ဖို့အတွက်ကို အစိုးရကို ကျနော်တို့ ဘယ်လိုတိုက်တွန်းကြမလဲ။ ဖိအားပေးကြမလဲ၊ တောင်းဆိုကြမလဲဆိုတာကိုတော့ ကျနော်တို့တွေ ဝိုင်းပြောရမယ့်၊ ဝိုင်းလုပ်ကြရမယ့် အလုပ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါမျိုးထွက်လာတာတော့ ကောင်းတယ်။ အမိန့်ထုတ်လိုက်တာကိုလည်း ကျနော်အနေနဲ့ ကြိုဆိုတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ကြိုဆိုရမယ့် ကိစ္စတခုအနေနဲ့ မြင်တယ်။ သို့သော် ဒီအမိန့်ကိုတည်အောင် လုပ်မယ်၊ မလုပ်ဘူး၊ လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတဲ့ ကိစ္စကတော့ မေးခွန်းအကြီးကြီးထုတ်ရမယ့် ကိစ္စဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အဓိကတော့ အစိုးရရဲ့ commitment ပြောမယ်ဆိုရင်တော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ ICJ က အခုလို ကြားဖြတ်စီမံလုပ်ထားတာကို အစိုးရအနေနဲ့ လိုက်နာမယ်၊ လက်ခံမယ်ဆိုတဲ့ သဘောတော့ဆောင်ပါတယ်။ အစီရင်ခံစာတင်ပြီဆိုတော့ အထဲမှာပါတဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးဘူး။ အဲဒီတော့ ပြောမယ်ဆိုရင်တော့ အစိုးရဘက်က ဒါနဲ့ပတ်သက်လို့လဲ ပြောမယ်ဆိုရင် ICJ က ချထားတဲ့ ကြားဖြတ်စီမံချက် တချက်ချင်းနဲ့ ပတ်သက်လို့လဲ သမ္မတရုံးက ကြေညာချက်တွေ ထုတ်ပြန်ပါတယ်ဆိုတော့ Genocide လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို လေးစားလိုက်နာကြဖို့ဆိုပြီး တပ်ဖွဲ့တွေကို ညွှန်ကြားချက်တွေ အဲဒါမျိုးတွေ ကျနော်တို့ ဖတ်ရပါတယ်။ အဲဒီတော့ အစိုးရဘက်က တကယ့်ကို ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်လို့ ကြေအေးချင်တယ်၊ ပြေလည်ချင်တဲ့ သံဓိဌာန်၊ သူ့ရဲ့နိုင်ငံရေးသံဓိဌာန်က ဘယ်လိုများ ရှိပါသလဲ။ သူတို့လိုလိုလားလား ရှိပါရဲ့လား။

ဖြေ ။ ။ ကျနော် စိတ်ပူတယ်။ အစိုးရကတော့ ရှင်းချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ ရှိမှရလိမ့်မယ်။ အဲဒါမှလဲ အစိုးရ credibility တက်မှာပေါ့။ သူတို့ရဲ့ ဂုဏ်သိက္ခာလေး ပြန်တက်လာအောင် ဖြစ်ချင်တဲ့အတွက် ရှင်းချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ဒီကိစ္စမှာက တပ်နဲ့ အစိုးရကြား ပြေလည်ဖို့အတွက်က အင်မတန် အရေးကြီးပါလိမ့်မယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ လက်ရှိအနေအထားကိုက အစိုးရကိုယ်တိုင်က တပ်ကို control လုပ်ဖို့က တော်တော်လေးခက်နေတဲ့သဘော ရှိတဲ့အခါကြတော့ ဒီဟာမှာ အကျပ်အတည်းတခု ဖြစ်နေတယ်။ အဲဒီလိုမျိုး ဖြစ်မယ်ဆိုတာကိုတော့ ကျနော် နားလည်ပါတယ်။ အစိုးရကို နားလည်ပေးလို့ရတယ်။ သို့သော် နှုတ်ပိတ်မနေဖို့ လိုပါတယ်။ အစိုးရတာဝန်ရှိတဲ့လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ကတော့ ဒီလိုမျိုး ရပ်တည်ဖို့လိုတယ်။ ငါတို့က ဒါမျိုးတွေ ဖြစ်ဖို့လိုတယ်ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေးသံဓိဌာန်ကိုတော့ လုပ်လို့မရသေးကိစ္စမျိုးတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ကျနော်တို့အားလုံး နားလည်တယ်။ သို့သော်လဲ ဒီဟာကို ငါတို့ မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ရည်မှန်းချက်၊ ခိုင်မာတဲ့ရည်မှန်းချက်တခု၊ ခိုင်မာတဲ့သံဓိဌာန်တခုကိုတော့ ပြည်သူတွေနဲ့ နိုင်ငံတကာကို ထိထိရောက်ရောက် ချပြနိုင်ဖို့ လိုတဲ့အချိန် ရောက်နေပြီလို့ ယူဆပါတယ်။ ဒါကို ကျနော်တို့ အခုထက်ထိတော့ ကျနော့်အနေနဲ့ အားမရသေးဘူး။ ဒါပေမဲ့ အခုလက်ရှိ သွားနေတဲ့ Process ကြီး - နိုင်ငံတကာတရားရုံးကနေ ချလိုက်တဲ့ အမိန့်တွေအပေါ်မှာ ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန် Response လုပ်တဲ့ကိစ္စမျိုးတွေ - အချက်တခု - အရွေ့တခုကတော့ ရောက်လာပြီ။ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးတာ၊ ဒါမျိုးအမိန့်တွေ ထုတ်ပြန်တာ။ သို့သော် အောက်ခြေမှာ တကယ်ထိထိရောက်ရောက်နဲ့ လုပ်တဲ့ဟာမျိုးတွေကတော့ အခုထိ အားနည်းနေတုန်းပဲလို့ ယူဆတယ်။ ဒါကို ကျနော်တို့ ဖြစ်အောင် အားပြန်ဖြည့်ဖို့လိုတယ်။ အဲဒါနဲ့ အတူတူပဲ အစိုးရက သူတို့ရဲ့ ရည်ရွယ်ချက်ကို၊ သူတို့ရဲ့မူဝါဒကို ပြည်သူနဲ့ နိုင်ငံတကာကို ထိထိရောက်ရောက် ချပြပြီးတော့ ဒါကိုမဖြစ်မနေသွားဖို့အတွက် လုပ်ဆောင်ပြဖို့လိုတဲ့ လုပ်ရမယ့်အချိန်ရောက်နေပါပြီ။

မေး ။ ။ အခုလိုဖြေကြားပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG