သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သံုးႏွစ္ၾကာခဲ့ေပမဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးမေရရာ


ကုတုပေလာင္ ဒုကၡသည္စခန္းတြင္ ဆုေတာင္းပြဲက်င္းပေနသည့္ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

႐ိုဟင္ဂ်ာမူဆလင္ေတြ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္လာၾကရတာ သံုးႏွစ္ျပည့္ပါေတာ့မယ္ ေနရပ္ျပန္ေရး- ေရွ႕အနာဂတ္နဲ႔ သူတို႔အတြက္ တရားမွ်တမႈ ေမွ်ာ္လင့္ခ်က္ အေျခအေန အလားအလာေတြ ဘယ္လိုရွိပါသလဲ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္ရွင္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းဘက္မွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ နယ္ျခားေစာင့္တပ္နဲ႔ အစိုးရစစ္တပ္ အေျခစိုက္စခန္းေတြကို အင္အားသံုးၿပီး ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ ARSA အစြန္းေရာက္အဖြဲ႔ရဲ႕ အၾကမ္းဖက္တိုက္ခုိက္မႈေတြရဲ႕ေနာက္ပိုင္း စစ္တပ္ဘက္က နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္အႏၱရာယ္စိုးရိမ္မႈေတြေၾကာင့္ ေဒသတြင္းမြတ္ဆလင္ေတြ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ျခမ္းကို သိန္းနဲ႔ခ်ီ ထြက္ေျပးခိုလံႈခဲ့ၾကတာပါ။ အဲဒီနယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအတြင္းမွာ လူအစုလိုက္ အျပံဳလိုက္ သတ္ျဖတ္မႈ၊ ရြာမီးရိႈ႕မႈ၊ အမ်ိဳးသမီးေတြကိုအဓမၼက်င့္မႈစတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ျမန္မာစစ္တပ္က လုပ္ေဆာင္ခဲ့တယ္လို႔လည္း စြဲခ်က္တင္ခံထားရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ Ukhia မွာရွိတဲ့ Jamtoli ဒုကၡသည္စခန္းက ရိုဟင္ဂ်ာ အမ်ိဴးသားတဦး။ (ဒီဇင္ဘာ ၁၁၊ ၂၀၁၉)
ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ Ukhia မွာရွိတဲ့ Jamtoli ဒုကၡသည္စခန္းက ရိုဟင္ဂ်ာ အမ်ိဴးသားတဦး။ (ဒီဇင္ဘာ ၁၁၊ ၂၀၁၉)

ဒီႏွစ္ ၂၀၂၀ျပည့္ႏွစ္ ၾသဂုတ္လဆိုရင္ေတာ့- သူတို႔ေတြ ဒီေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာ ခိုလံႈေနထိုင္ခဲ့ၾကရတာ သံုးႏွစ္တင္းတင္းျပည့္ေတာ့မွာျဖစ္ေပမဲ့ ေနရပ္ရင္း ျမန္မာျပည္ျပန္ႏိုင္ေရးအတြက္ကေတာ့ မေရမရာျဖစ္ေနတုန္းပဲလို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြက ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။

ဒုကၡသည္ေတြရဲ႕ အနာဂတ္ အထူးသျဖင့္ လူမမည္ကေလးေတြနဲ႔ လူငယ္ေလးေတြရဲ႕ ေရွ႕ဆက္ရမယ့္ ဘဝအာမခံခ်က္ ဘာမွ မေရရာပါဘူးလို႔ ရခုိင္မွာက်န္ခဲ့တဲ့မူဆလင္ေတြလည္း အခြင့္အေရးေတြဆံုး႐ံႈးေနၾကရဆဲပါလို႔ ရခုိင္ျပည္နယ္ေျမာက္ပိုင္း တမန္းသားေက်းရြာအုပ္စု အထက္တန္းေက်ာင္းမွာ ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာလုပ္ခဲ့သူ ကုတုပေလာင္ ဒုကၡသည္စခန္းကမ့္နံပတ္ ၁ မွာ ခိုလံႈေနထိုင္သူ ကိုကာေမလ္က သူ႔စိုးရိမ္ခ်က္ ေျပာျပပါတယ္။

"ျပန္သြားရမယ့္အေျခအေနကေတာ့ ေတာ္ေတာ္ေလးကို မေကာင္းတဲ့အေျခအေနေရာက္ေနၿပီ။ ဒီမွာေနရတာကလည္း ေနတာပဲရွိတယ္။ ဒီမွာေနရတဲ့ကေလးေတြဘဝ လူၾကီးေတြဘဝက ေမွ်ာ္လင့္ခ်က္ေတြ ဘာတခုမွ မရွိဘဲနဲ႔ ဒီအတိုင္း ဆက္ၿပီးေနရမယ္ဆိုရင္ အကုန္ ပ်က္စီးသြားမွာ။ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဘာတခုမွ အာမခံခ်က္မရွိတဲ့ေနရာ က်ေနာ္တို႔ ေနရတာက ေနတာပဲရွိတယ္။ အေျခအေနက ေတာ္ေတာ္ေလးကို မေကာင္းဘူး။ ဒီလိုေနရာမွာ ေနထိုင္ခဲ့ရတာ ကမာၻမွာ ေျပာမဆံုး၊ ေရးမဆံုးျဖစ္ရပါၿပီ။ အဲ့ဒီ့မွာေနထိုင္ခဲ့တဲ့ ၂၀၁၂ မွာ ဆံုးရံႈးခံရတဲ့ ပုဂၢိဳလ္ေတြေရာ ၂၀၁၇မွာ ဆံုး႐ံႈးခဲ့ရတဲ့ ပုဂၢိဳလ္ေတြေရာ တခ်ိဳ႕တဝက္က ဒီမွာေရာက္လာတယ္ အဲ့ဒီ့မွာပဲ ေနခဲ့တဲ့သူေတြကလည္း လြတ္လပ္စြာသြားလာခြင့္ ပညာသင္ယူခြင့္ အေျခခံ လူ႔အခြင့္အေရးဆိုတာ ဘာတခုမွ မရွိဘဲနဲ႔ သူတို႔လည္း အဲ့ဒီ့အိမ္ေတြထဲမွာပဲ ေနေနၾကရတုန္းပဲ ဘာျဖစ္လို႔ေနရေသးလဲဆိုရင္ ျမန္မာအစိုးရအေနနဲ႔ ေပးသင့္ေပးထိုက္တဲ့ အခြင့္အေရးကို ဘာတခုမွ မေပးဘဲနဲ႔ လုပ္တယ္။ ဒါေပမဲ့ လူေတြကို ဒါမ်ိဳးလုပ္လို႔မရပါဘူး၊ လူဆိုတာ လူပါပဲ လူဆိုတာ တန္းတူညီတူ အခြင့္အေရးေပးရင္ျပႆနာေတြေပၚလာစရာ အေၾကာင္းမရွိပါဘူးလို႔ က်ေနာ့္အေနနဲ႔အၾကံေပးတင္ျပေျပာခ်င္ပါတယ္။"

သိန္းနဲ႔ခ်ီ စုျပံဳေနထိုင္ေနရတဲ့ ဒုကၡသည္စခန္းကေန လြတ္ေျမာက္ေရးလမ္းစကို ဝိုင္းဝန္းၾကိဳးပမ္း အေျဖရွာၾကဖို႔ကိုလည္း ကုတုပေလာင္ ဒုကၡသည္စခန္း အမွတ္ ၇ မွာ ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေအာင္ၿမိဳင္ကလည္း ေမတၱာရပ္ခံပါတယ္။

"အခုဆိုရင္ သံုးႏွစ္ျပည့္ၿပီး က်ေနာ္တို႔ ဒုကၡသည္ေတြဘဝက အင္မတန္မွ ၾကမ္းတမ္းၿပီး ဒုကၡေတြ အခက္ခဲေတြနဲ႔ေနေနၾကရပါတယ္။ ဒုကၡသည္ဘဝ ဆိုတာက သိတဲ့အတိုင္းပဲေလ က်ေနာ္တို႔ကေတာ့ ကိုယ့္ေနရပ္မူရင္းေနရာကိုပဲ တမ္းတပါတယ္။ အခုအိဒ္ပြဲခ်ိန္ဆိုလည္း ကိုယ့္ေနရပ္ကိုပဲ ကိုယ္ျပန္ၿပီး လုပ္ခ်င္တယ္။ က်ေနာ္တို႔ အရမ္းၾကီးကို ေအာက္ေမ့ပါတယ္ သတိရေနတယ္ က်ေနာ္တို႔ရဲ႕ မူလေဒသကို ဒီမွာ က်ေနာ္တို႔ ဒီမွာ လံုးဝကို မေနခ်င္ေတာ့ဘူး။ ျမန္မာအစိုးရအေနနဲ႔ က်ေနာ္တို႔ကို အျမန္ဆံုးေခၚသင့္ပါတယ္။ က်ေနာ္တို႔လည္း ျမန္မာႏုိင္ငံသားေတြပါပဲ။"

အထူးသျဖင့္ စခန္းေတြထဲမွာ ကေလးေတြ ပညာေရးတပိုင္းတစနဲ႔ လူငယ္ေတြအလုပ္အကိုင္မဲ့ျဖစ္ေနတဲ့အေပၚ ဦးေအာင္ၿမိဳင္က စိုးရိမ္ေနတာပါ။

"အခုဆို သံုးႏွစ္ရွိလာၿပီ တပိုင္းတစ ဒီမွာ ပညာေရးအေျခအေနေတြမွာ ငါးတန္း၊ ေျခာက္တန္း၊ ခုႏွစ္တန္း၊ ရွစ္တန္း ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေတြပါ ဒီဘက္ကို ပါလာတယ္။ ဒီမွာက Learning Center ဆိုၿပီးေတာ့ပဲရွိတယ္။ ဒါကလည္း ျမန္မာ့ Curriculum နဲ႔မဟုတ္ပါဘူး။ ဒီမွာက အတန္းအလိုက္ေက်ာင္းတက္လို႔ မရဘူးဆိုေတာ့ ဒီကေလးေတြက ဘယ္ကိုေရာက္သြားလဲဆိုေတာ့ ဆိုးက်ိဳးဘက္ကိုေရာက္သြားေနတာကို အရမ္းပဲ စိုးရိမ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အလုပ္လည္းမရွိဘူး၊ ေက်ာင္းလည္း တက္လို႔မရဘူးဆိုေတာ့ တစတစနဲ႔ ဆိုးက်ိဳးဘက္ကို ေရာက္သြားၾကတာ အရမ္းကို စိုးရိမ္စရာပါပဲ။ ဒီမွာေနရတာ လူဦးေရကလည္း အရမ္းထူထပ္တယ္။ INGO၊ NGO နဲ႔ အစိုးရဘက္က တတ္ႏုိင္သေလာက္ေတာ့ လုပ္ေပးတယ္။ ဒါေပမဲ့ ဒုကၡသည္ေတြအမ်ားၾကီးဆိုေတာ့ သူတို႔လည္း လံုလံုေလာက္ေလာက္ မကူညီႏုိင္ပါဘူး။ ဒါေၾကာင့္ က်ေနာ္တို႔ ကိုယ့္အိမ္ပဲကိုယ္ျပန္ခ်င္တယ္။ အစိုးရရယ္ ဒုကၡသည္ေရာ အျမန္ဆံုးတုိင္ပင္ၿပီးေတာ့ အေျဖေလးတခု ထြက္ေအာင္ ၾကိဳးပမ္းၾကသင့္တယ္။"

ဘာလုခါလီဒုကၡသည္စခန္း အမွတ္ ၉ မွာေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံေခၚ ဦးေက်ာ္ျမင့္ကေတာ့ သူတို႔ထြက္ေျပးလာၾကတာ သံုးႏွစ္ျပည့္လာေပမဲ့ အစိုးရရဲ႕ေနရပ္ျပန္ေရးေဆာင္ရြက္ေပးေနတဲ့ အစီအစဥ္ကေတာ့ ေအာင္ျမင္မႈမရွိလို႔ သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္မဲ့ေနတုန္းပဲလို႔ေျပာပါတယ္။

"က်ေနာ္တို႔ ႐ိုဟင္ဂ်ာလူမ်ိဳးေတြကို ရခုိင္ျပည္နယ္ကေန ေမာင္းထုတ္ခံရတာ ထြက္ေျပးခဲ့ၾကရတာ အခုဆိုရင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြကိုေရာက္လာတာ သံုးႏွစ္ျပည့္ပါၿပီခင္ဗ်ာ ယေန႔အခ်ိန္အထိကေတာ့ ေနအိမ္ျပန္ႏိုင္ေရးအစီအစဥ္က ေအာင္ျမင္ေအာင္ ေဆာင္ရြက္လာႏုိင္တာ ဘာတခုမွ မေတြ႔ခဲ့ရပါဘူး။ အဲ့ဒီ့အေပၚ ႐ိုဟင္ဂ်ာေတြဘက္က စိုးရိမ္စိတ္ေတြနဲ႔ စိတ္ပ်က္လက္ပ်က္ ေနထိုင္ေနၾကရတာကို ေတြ႔ရပါတယ္။ ကုလသမဂၢကိုေရာ ႏုိင္ငံတကာအဖြဲ႔အစည္းကိုလည္း က်ေနာ္တို႔ အၾကိမ္ၾကိမ္တင္ျပေတာင္းဆိုခဲ့ေပမဲ့ ဒီကေန႔အခ်ိန္အထိကေတာ့ ေနရပ္ျပန္ေရးအစီအစဥ္က မေရမရာျဖစ္ေနတုန္းပါပဲခင္ဗ်ာ။ ကုလလံုျခံဳေရးေကာင္စီအထိ တင္ျပခဲ့တာေတြ ရွိပါတယ္။ ဒါေပမဲ့ ဒီမွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ ဒုကၡေတြ၊ အၾကပ္အတည္းေတြက ယေန႔အခ်ိန္အထိ ေျပလည္မႈ တစံုတခုမရွိေသးပါဘူး။ ေနာက္ တရားမွ်တမႈအတြက္လည္း ICC နဲ႔ ICJ ကေန ဆံုးျဖတ္ခ်က္ တစံုတခု မရေသးပါဘူးခင္ဗ်ာ။ ဒုကၡသည္ေတြရဲ႕ဘဝဆိုတာ အင္မတန္မွ ၾကမ္းတမ္းလြန္းလွတဲ့အတြက္ ဒုကၡသည္ေတြရဲ႕ဘဝကို အားလံုးစဥ္းစားေပးသင့္ပါတယ္ခင္ဗ်ာ။ ဘာျဖစ္လို႔ဆိုရင္ ကမာၻတခုလံုးမွာ COVID 19 ကိုရိုနာဗုိင္းရပ္စ္ျဖစ္ေနတာကို စုိးရိမ္ခ်က္ရယ္၊ ေနာက္ အမ်ိဳးမ်ိဳးေသာျဖစ္ရပ္ေတြရဲ႕ခံစားခ်က္ရယ္ က်ေနာ္တို႔ဒုကၡသည္ေတြ ခံစားေနရတာကို ႏုိင္ငံတကာေရာ ျမန္မာအစိုးရေရာ က်ေနာ္တို႔ရဲ႕ အၾကပ္အတည္းေတြ ေျပလည္ေအာင္ စဥ္းစား ေဆာင္ရြက္သင့္ပါတယ္လို႔ ေတာင္းဆိုခ်င္ပါတယ္။"

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြဘက္က သူတို႔ေနရပ္ျပန္ႏုိင္ေရး စီစဥ္မႈေတြမွာ လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္ ပညာသင္ယူခြင့္ က်န္းမာေရးေစာင့္ေရွာက္မႈအပါအဝင္ ႏိုင္ငံသားအခြင့္အေရး အျပည့္အဝရဖို႔ လံုျခံဳေရးအာမခံခ်က္ေပးဖို႔အပါအဝင္ ဆံုး႐ံႈးနစ္နာခဲ့ရမႈေတြ အတြက္ တရားမွ်တမႈရွိဖို႔ ေတာင္းဆိုသလို ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြ ေနရပ္ရင္းကို ျပန္လာႏုိင္ေရး ဘဂၤလားေဒ့ရွ္အစိုးရ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး ျပန္လည္လက္ခံေရး အစီအမံေတြနဲ႔ေဆာင္ရြက္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သုံးနှစ်ကြာခဲ့ပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမရေရာ

ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြရတာ သုံးနှစ်ပြည့်ပါတော့မယ် နေရပ်ပြန်ရေး- ရှေ့အနာဂတ်နဲ့ သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်ရှင်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့်တပ်နဲ့ အစိုးရစစ်တပ် အခြေစိုက်စခန်းတွေကို အင်အားသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း စစ်တပ်ဘက်က နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်မှုတွေကြောင့် ဒေသတွင်းမွတ်ဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အဲဒီနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ အမျိုးသမီးတွေကိုအဓမ္မကျင့်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တယ်လို့လည်း စွဲချက်တင်ခံထားရပါတယ်။

ဒီနှစ် ၂၀၂၀ပြည့်နှစ် သြဂုတ်လဆိုရင်တော့- သူတို့တွေ ဒီကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေထိုင်ခဲ့ကြရတာ သုံးနှစ်တင်းတင်းပြည့်တော့မှာဖြစ်ပေမဲ့ နေရပ်ရင်း မြန်မာပြည်ပြန်နိုင်ရေးအတွက်ကတော့ မရေမရာဖြစ်နေတုန်းပဲလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးတွေနဲ့ လူငယ်လေးတွေရဲ့ ရှေ့ဆက်ရမယ့် ဘဝအာမခံချက် ဘာမှ မရေရာပါဘူးလို့ ရခိုင်မှာကျန်ခဲ့တဲ့မူဆလင်တွေလည်း အခွင့်အရေးတွေဆုံးရှုံးနေကြရဆဲပါလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း တမန်းသားကျေးရွာအုပ်စု အထက်တန်းကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာလုပ်ခဲ့သူ ကုတုပလောင် ဒုက္ခသည်စခန်းကမ့်နံပတ် ၁ မှာ ခိုလှုံနေထိုင်သူ ကိုကာမေလ်က သူ့စိုးရိမ်ချက် ပြောပြပါတယ်။

"ပြန်သွားရမယ့်အခြေအနေကတော့ တော်တော်လေးကို မကောင်းတဲ့အခြေအနေရောက်နေပြီ။ ဒီမှာနေရတာကလည်း နေတာပဲရှိတယ်။ ဒီမှာနေရတဲ့ကလေးတွေဘဝ လူကြီးတွေဘဝက မျှော်လင့်ချက်တွေ ဘာတခုမှ မရှိဘဲနဲ့ ဒီအတိုင်း ဆက်ပြီးနေရမယ်ဆိုရင် အကုန် ပျက်စီးသွားမှာ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘာတခုမှ အာမခံချက်မရှိတဲ့နေရာ ကျနော်တို့ နေရတာက နေတာပဲရှိတယ်။ အခြေအနေက တော်တော်လေးကို မကောင်းဘူး။ ဒီလိုနေရာမှာ နေထိုင်ခဲ့ရတာ ကမ္ဘာမှာ ပြောမဆုံး၊ ရေးမဆုံးဖြစ်ရပါပြီ။ အဲ့ဒီ့မှာနေထိုင်ခဲ့တဲ့ ၂၀၁၂ မှာ ဆုံးရှုံးခံရတဲ့ ပုဂ္ဂိုလ်တွေရော ၂၀၁၇မှာ ဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရော တချို့တဝက်က ဒီမှာရောက်လာတယ် အဲ့ဒီ့မှာပဲ နေခဲ့တဲ့သူတွေကလည်း လွတ်လပ်စွာသွားလာခွင့် ပညာသင်ယူခွင့် အခြေခံ လူ့အခွင့်အရေးဆိုတာ ဘာတခုမှ မရှိဘဲနဲ့ သူတို့လည်း အဲ့ဒီ့အိမ်တွေထဲမှာပဲ နေနေကြရတုန်းပဲ ဘာဖြစ်လို့နေရသေးလဲဆိုရင် မြန်မာအစိုးရအနေနဲ့ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို ဘာတခုမှ မပေးဘဲနဲ့ လုပ်တယ်။ ဒါပေမဲ့ လူတွေကို ဒါမျိုးလုပ်လို့မရပါဘူး၊ လူဆိုတာ လူပါပဲ လူဆိုတာ တန်းတူညီတူ အခွင့်အရေးပေးရင်ပြဿနာတွေပေါ်လာစရာ အကြောင်းမရှိပါဘူးလို့ ကျနော့်အနေနဲ့အကြံပေးတင်ပြပြောချင်ပါတယ်။"

သိန်းနဲ့ချီ စုပြုံနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းကနေ လွတ်မြောက်ရေးလမ်းစကို ဝိုင်းဝန်းကြိုးပမ်း အဖြေရှာကြဖို့ကိုလည်း ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကလည်း မေတ္တာရပ်ခံပါတယ်။

"အခုဆိုရင် သုံးနှစ်ပြည့်ပြီး ကျနော်တို့ ဒုက္ခသည်တွေဘဝက အင်မတန်မှ ကြမ်းတမ်းပြီး ဒုက္ခတွေ အခက်ခဲတွေနဲ့နေနေကြရပါတယ်။ ဒုက္ခသည်ဘဝ ဆိုတာက သိတဲ့အတိုင်းပဲလေ ကျနော်တို့ကတော့ ကိုယ့်နေရပ်မူရင်းနေရာကိုပဲ တမ်းတပါတယ်။ အခုအိဒ်ပွဲချိန်ဆိုလည်း ကိုယ့်နေရပ်ကိုပဲ ကိုယ်ပြန်ပြီး လုပ်ချင်တယ်။ ကျနော်တို့ အရမ်းကြီးကို အောက်မေ့ပါတယ် သတိရနေတယ် ကျနော်တို့ရဲ့ မူလဒေသကို ဒီမှာ ကျနော်တို့ ဒီမှာ လုံးဝကို မနေချင်တော့ဘူး။ မြန်မာအစိုးရအနေနဲ့ ကျနော်တို့ကို အမြန်ဆုံးခေါ်သင့်ပါတယ်။ ကျနော်တို့လည်း မြန်မာနိုင်ငံသားတွေပါပဲ။"

အထူးသဖြင့် စခန်းတွေထဲမှာ ကလေးတွေ ပညာရေးတပိုင်းတစနဲ့ လူငယ်တွေအလုပ်အကိုင်မဲ့ဖြစ်နေတဲ့အပေါ် ဦးအောင်မြိုင်က စိုးရိမ်နေတာပါ။

"အခုဆို သုံးနှစ်ရှိလာပြီ တပိုင်းတစ ဒီမှာ ပညာရေးအခြေအနေတွေမှာ ငါးတန်း၊ ခြောက်တန်း၊ ခုနှစ်တန်း၊ ရှစ်တန်း ကျောင်းတက်နေတဲ့ ကျောင်းသားတွေပါ ဒီဘက်ကို ပါလာတယ်။ ဒီမှာက Learning Center ဆိုပြီးတော့ပဲရှိတယ်။ ဒါကလည်း မြန်မာ့ Curriculum နဲ့မဟုတ်ပါဘူး။ ဒီမှာက အတန်းအလိုက်ကျောင်းတက်လို့ မရဘူးဆိုတော့ ဒီကလေးတွေက ဘယ်ကိုရောက်သွားလဲဆိုတော့ ဆိုးကျိုးဘက်ကိုရောက်သွားနေတာကို အရမ်းပဲ စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်လည်းမရှိဘူး၊ ကျောင်းလည်း တက်လို့မရဘူးဆိုတော့ တစတစနဲ့ ဆိုးကျိုးဘက်ကို ရောက်သွားကြတာ အရမ်းကို စိုးရိမ်စရာပါပဲ။ ဒီမှာနေရတာ လူဦးရေကလည်း အရမ်းထူထပ်တယ်။ INGO၊ NGO နဲ့ အစိုးရဘက်က တတ်နိုင်သလောက်တော့ လုပ်ပေးတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေအများကြီးဆိုတော့ သူတို့လည်း လုံလုံလောက်လောက် မကူညီနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ ကိုယ့်အိမ်ပဲကိုယ်ပြန်ချင်တယ်။ အစိုးရရယ် ဒုက္ခသည်ရော အမြန်ဆုံးတိုင်ပင်ပြီးတော့ အဖြေလေးတခု ထွက်အောင် ကြိုးပမ်းကြသင့်တယ်။"

ဘာလုခါလီဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်ကတော့ သူတို့ထွက်ပြေးလာကြတာ သုံးနှစ်ပြည့်လာပေမဲ့ အစိုးရရဲ့နေရပ်ပြန်ရေးဆောင်ရွက်ပေးနေတဲ့ အစီအစဉ်ကတော့ အောင်မြင်မှုမရှိလို့ သူတို့အတွက် မျှော်လင့်ချက်မဲ့နေတုန်းပဲလို့ပြောပါတယ်။

"ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကို ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ခံရတာ ထွက်ပြေးခဲ့ကြရတာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုရောက်လာတာ သုံးနှစ်ပြည့်ပါပြီခင်ဗျာ ယနေ့အချိန်အထိကတော့ နေအိမ်ပြန်နိုင်ရေးအစီအစဉ်က အောင်မြင်အောင် ဆောင်ရွက်လာနိုင်တာ ဘာတခုမှ မတွေ့ခဲ့ရပါဘူး။ အဲ့ဒီ့အပေါ် ရိုဟင်ဂျာတွေဘက်က စိုးရိမ်စိတ်တွေနဲ့ စိတ်ပျက်လက်ပျက် နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ကုလသမဂ္ဂကိုရော နိုင်ငံတကာအဖွဲ့အစည်းကိုလည်း ကျနော်တို့ အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမဲ့ ဒီကနေ့အချိန်အထိကတော့ နေရပ်ပြန်ရေးအစီအစဉ်က မရေမရာဖြစ်နေတုန်းပါပဲခင်ဗျာ။ ကုလလုံခြုံရေးကောင်စီအထိ တင်ပြခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေ၊ အကြပ်အတည်းတွေက ယနေ့အချိန်အထိ ပြေလည်မှု တစုံတခုမရှိသေးပါဘူး။ နောက် တရားမျှတမှုအတွက်လည်း ICC နဲ့ ICJ ကနေ ဆုံးဖြတ်ချက် တစုံတခု မရသေးပါဘူးခင်ဗျာ။ ဒုက္ခသည်တွေရဲ့ဘဝဆိုတာ အင်မတန်မှ ကြမ်းတမ်းလွန်းလှတဲ့အတွက် ဒုက္ခသည်တွေရဲ့ဘဝကို အားလုံးစဉ်းစားပေးသင့်ပါတယ်ခင်ဗျာ။ ဘာဖြစ်လို့ဆိုရင် ကမ္ဘာတခုလုံးမှာ COVID 19 ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတာကို စိုးရိမ်ချက်ရယ်၊ နောက် အမျိုးမျိုးသောဖြစ်ရပ်တွေရဲ့ခံစားချက်ရယ် ကျနော်တို့ဒုက္ခသည်တွေ ခံစားနေရတာကို နိုင်ငံတကာရော မြန်မာအစိုးရရော ကျနော်တို့ရဲ့ အကြပ်အတည်းတွေ ပြေလည်အောင် စဉ်းစား ဆောင်ရွက်သင့်ပါတယ်လို့ တောင်းဆိုချင်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေဘက်က သူတို့နေရပ်ပြန်နိုင်ရေး စီစဉ်မှုတွေမှာ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် ပညာသင်ယူခွင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ လုံခြုံရေးအာမခံချက်ပေးဖို့အပါအဝင် ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အတွက် တရားမျှတမှုရှိဖို့ တောင်းဆိုသလို ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး အစီအမံတွေနဲ့ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG