သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္စခန္းတြင္း အိဒ္ပြဲေတာ္ က်င္းပ


ဘဂၤလားေဒ့ရွ္ႏုိင္ငံရွိ ကုတုပေလာင္ ဒုကၡသည္စခန္းရွိ ဗလီမွာ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ အိဒ္ပြဲေတာ္ ဆုေတာင္းပြဲအခမ္းအနား။ (ၾသဂုတ္ ၂၂၊ ၂၀၁၈)

(Zawgyi / Unicode)

အစၥလာမ္ဘာသာဝင္ေတြရဲ႕ အထြတ္အျမတ္ထားရာ ဘာသာေရး အိဒ္ပြဲေတာ္ကို ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔အညီ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ က်င္းပၿပီး ဝတ္ျပဳဆုေတာင္းခဲ့ၾကပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားေနေပမယ့္လို႔ ကမာၻတဝန္းက အစၥလာမ္ဘာသာဝင္ မြတ္စလင္ေတြဟာ အထြတ္အျမတ္ပြဲေတာ္ျဖစ္တဲ့ အိဒ္ပြဲေတာ္ကို ကိုဗစ္ကာလ စည္းကမ္းသတ္မွတ္ခ်က္ေတြ ၾကားကပဲ ၾသဂုတ္လ ၁ ရက္ေန႔က ဝတ္ျပဳဆုေတာင္းပြဲေတြ က်င္းပခဲ့ၾကတာပါ။ ႐ိုဟင္ဂ်ာမြတ္စလင္သိန္းခ်ီ စုေဝးခိုလံႈေနထိုင္ေနၾကတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္က ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္း အသီးသီးမွာလည္း အစၥလာမ္ဘာသာဝင္ေတြရဲ႕ အိဒ္ပြဲေတာ္က်င္းပခြင့္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ကမ့္ပ္အာဏာပိုင္ေတြဘက္က ကိုဗစ္စည္းကမ္းခ်က္ သတ္မွတ္ခ်က္ေတြနဲ႔အညီ က်င္းပခြင့္ျပဳခဲ့တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔မွာ က်ေရာက္တဲ့ အိဒ္ပြဲေတာ္ေန႔မွာ စခန္းတုိင္းမွာ က်င္းပခြင့္ရခဲ့တဲ့အေပၚ အိဒ္ပြဲေတာ္ျဖစ္ေျမာက္ေရး ဦးေဆာင္ႀကိဳးပမ္းခဲ့သူ တဦးျဖစ္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံက ေျပာျပပါတယ္။

“၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔ စေနေန႔က က်ေရာက္တဲ့ အိဒ္ဒိလ္အသြာဟာေန႔ ကုရ္ဘာနီ ေန႔ထူးေန႔ျမတ္ႀကီးကို ေကာ့ဇ္ဘဇားခ႐ိုင္မွာ ခိုလံႈေနထုိင္ၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တိုင္းဟာ ကမ့္ပ္အသီးသီးမွာ ကိုဗစ္ကာလထဲမွာ က်င္းပႏုိင္ခဲ့တဲ့အေပၚ ဘဂၤလားေဒ့ရွ္ အစိုးရကို အထူးေက်းဇူးတင္ေၾကာင္းနဲ႔ အားလံုးကို အိဒ္မိုဘာရ္ခ္ေန႔ မဂၤလာပါလို႔ ႏႈတ္ဆက္ျခင္း ျဖစ္ပါတယ္ခင္ဗ်ာ။

“အိဒ္ပြဲေတာ္ကို ကမ့္ပ္ထဲမွာရွိတဲ့ ဗလီ ဝတ္ျပဳေက်ာင္းေတြမွာပဲ ဝတ္ျပဳဆုေတာင္းၾကပါတယ္။ အရင္ႏွစ္တုန္းကလို ကြင္းျပင္ေတြမွာ လူစုလူေဝးေတြလိုမ်ိဳး မလုပ္ခဲ့ၾကပါဘူး။ ကိုယ္ေနတဲ့အကြက္ေတြ ဗလီေတြမွာပဲ လူစုလူေဝးေတြ အမ်ားႀကီးနဲ႔ မဟုတ္ဘဲနဲ႔ အိဒ္ပြဲကို လုပ္ခဲ့တာ ျဖစ္ပါတယ္။ က်ေနာ္တို႔က ကိုဗစ္ကာလၾကားကေန ဒီ အိဒ္ပြဲေတာ္ကို က်င္းပခဲ့ေပမယ့္ ေသခ်ာ ႏွာေခါင္းစည္းေတြ Mask ေတြ ေသခ်ာတပ္ဆင္ထားၾကပါတယ္ခင္ဗ်။ ဗလီကိုမဝင္ခင္ ဝင္ၿပီးတိုင္းလည္း လူတုိင္းက လက္ကို ေသခ်ာ ဆပ္ျပာနဲ႔ ေဆးေၾကာၾကတာ ေတြ႔ရပါတယ္။ ေနာက္ ဝတ္ျပဳခ်ိန္မွာလည္း လူတေယာက္နဲ႔ တေယာက္ၾကား သံုးေပအကြာမွာ ေနၾကၿပီးေတာ့ ဝတ္ျပဳဆုေတာင္းခဲ့ၾကပါတယ္။ ကိုဗစ္မကူးစက္ရေအာင္ သတိဝီရိယေတြနဲ႔ လုပ္ခဲ့ၾကတာပါ။”

ကူးစက္ျမန္ေရာဂါ ကိုဗစ္ျဖစ္ေနတဲ့ကာလ ျဖစ္ေပမယ့္ အစၥလာမ္ေတြရဲ႕ အိဒ္ပြဲေတာ္ က်င္းပခြင့္ရသလို ဒုကၡသည္ေတြအတြက္ အလွဴရွင္ေတြ ေပးလွဴတဲ့ အလွဴေတြကိုလည္း လက္ခံရရွိၾကတဲ့အတြက္ ဒုကၡသည္ေတြက ဝမ္းသာေနၾကတယ္လို႔ ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၁၀ မွာ ခိုလံႈေနထိုင္သူ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးစိုးျမင့္က ေျပာျပပါတယ္။

“ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၁၀ မွာ လုပ္ျဖစ္ပါတယ္။ စခန္းတာဝန္ခံေတြက ေနရာေတြ သတ္မွတ္ေပးတယ္။ လူေတြသြားလာဖို႔ လြယ္ကူၿပီး အခ်က္အခ်ာက်တဲ့ ေနရာေတြမွာ သူတို႔က ပြဲေတြလုပ္ေပးတယ္။ အဲဒီမွာ အစားအစာေတြ ျဖန္႔ျဖဴးေပးတယ္။ တဦးခ်င္း ပုဂၢလိက အလွဴရွင္ေတြဘက္ကလည္း ကၽြဲႏြားေတြ လာလွဴဒါန္းတာ ရွိပါတယ္။ မိသားစု တစုခ်င္းစီကို ဂရမ္ ၈၀၀ စီ ေပးလွဴပါတယ္။ အိဒ္ပြဲကို လာတဲ့သူတိုင္း အျပင္ကို ထြက္လာရင္ မျဖစ္မေန Mask ေတြ ဝတ္ဆင္ရတယ္။ က်ေနာ္တို႔ Social Distancing ကေတာ့ နည္းနည္း အခက္အခဲျဖစ္တယ္။ လူေတြက စုၿပံဳၿပီး ေနၾကရတာဆိုေတာ့ Social Distance လုပ္ရဖို႔ ခက္ေပမယ့္ Mask ကို လူတုိင္း မျဖစ္မေန တပ္ခိုင္းပါတယ္။”

အစၥလာမ္ေတြရဲ႕ အိဒ္ပြဲေတာ္ ဝတ္ျပဳဆုေတာင္းပြဲမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ စားေသာက္ေနထိုင္ေရး တာဝန္ယူ ေစာင့္ေရွာက္ေပးခဲ့တဲ့ ဘဂၤလားေဒ့ရွ္အစိုးရ၊ ျပည္သူေတြ၊ ကုလသမဂၢ အပါအဝင္ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ အလွဴရွင္ေတြကို ရည္စူးၿပီးလည္း ဆုေတာင္းေပးသလို အျမန္ဆံုး ဌာနျပန္ႏုိင္ေရးအတြက္လည္း ဆုေတာင္းခဲ့ၾကတယ္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြက ေျပာပါတယ္။ ဦးစိုးျမင့္ကေတာ့ သူတို႔ကို လက္ခံေပးထားတဲ့ ဘဂၤလားေဒ့ရွ္ကို ေက်းဇူးတင္သလို ျမန္မာျပည္ ေနရပ္ျပန္ေရးကို ဆုေတာင္းခဲ့ပါတယ္။

“အိဒ္ပြဲမွာ ဆုေတာင္းေပးခ်င္တာကေတာ့ အဓိကအားျဖင့္ ဘဂၤလားေဒ့ရွ္ အစိုးရကိုေရာ ဘဂၤလားလူထုကိုေရာ က်ေနာ္တို႔ အမ်ားႀကီး ေက်းဇူးတင္တယ္။ ထပ္ၿပီးေတာ့ ႏိုင္ငံတကာ အသိုင္းအဝိုင္းကိုလည္း က်ေနာ္တို႔ကို ဒီလိုေနႏိုင္ေအာင္ လွဴေပးတဲ့ စီစဥ္ေပးတဲ့ လွဴဒါန္းေပးတဲ့အတြက္လည္း အမ်ားႀကီး ေက်းဇူးတင္တယ္။ ေနာက္တခုက က်ေနာ္တို႔ဆႏၵကို ေျပာျပရမယ္ဆိုရင္ က်ေနာ္တို႔ေတြ အျမန္ဆံုး မိမိေနရပ္ေဒသကို ျပန္လိုတယ္။ အဲဒါကို ႏုိင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ဝိုင္းဝန္းေဆာင္ရြက္ေပးပါလို႔ပဲ ေတာင္းဆိုခ်င္တယ္။

“က်ေနာ္တို႔ မိမိေနရပ္ေဒသကို ျမန္မာႏုိင္ငံကို ဘယ္ေတာ့မွ မေမ့ပါဘူး။ ျမန္မာႏုိင္ငံသူ ႏုိင္ငံသားေတြ ေအးေအးခ်မ္းခ်မ္း ေနႏိုင္ေအာင္၊ သက္ေတာင့္သက္သာ ေနႏုိင္ေအာင္၊ ဒီ COVID-19 ကပ္ေဘးက လြတ္ကင္းေအာင္ ဆုေတာင္းေပးတယ္။ ဒီကပ္ဆိုးႀကီးက တကမာၻလံုး ရင္ဆိုင္ေနရတယ္ဆိုေတာ့ တကမာၻလံုး ဒီေရာဂါဆိုးကေန လြတ္ေအာင္လို႔ က်ေနာ္တို႔ ဗလီတုိင္းမွာ ဆုေတာင္းေပးၾကပါတယ္။”

အမ်ားစိုးရိမ္ေနသလို လူသိန္းခ်ီေနထိုင္တဲ့ ဒုကၡသည္စခန္းေတြထဲ အခုခ်ိန္အထိ ကိုဗစ္ေရာဂါ ဆိုးဆိုးဝါးဝါး မျဖစ္သြားေအာင္ ႀကိဳတင္စီမံမႈေတြနဲ႔ အထူးဂ႐ုစိုက္ ကာကြယ္ေစာင့္ေရွာက္မႈ ပညာေပးခဲ့သူေတြအတြက္လည္း ဦးအီစလံက အိဒ္ပြဲေတာ္မွာ ဆုေတာင္းေပးပါတယ္။

“COVID-19 ေရာဂါ ကာကြယ္ဖို႔အတြက္ က်ေနာ္တို႔ကို ဘဂၤလားေဒ့ရွ္ အစိုးရရယ္ UNHCR ရယ္ INGO, NGO ေတြက က်ေနာ္တို႔ကို က်န္းမာေရး အသိပညာေပး စခန္းတိုင္းမွာ လုပ္ေပးလို႔ ကပ္ေဘးေရာဂါကေန ေက်ာ္လႊားႏုိင္ခဲ့တယ္။ ကူးစက္မႈလည္း နည္းပါးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဝမ္းလည္း ဝမ္းသာပါတယ္။ အိဒ္ပြဲေတာ္ေန႔မွာ သူတို႔အတြက္လည္း ဆုေတာင္းေမတၱာ ပို႔သခဲ့ၾကပါတယ္။ ေနာက္ ဒုကၡသည္ဘဝကေန အျမန္ဆံုး ျမန္မာႏုိင္ငံ ျပန္ႏုိင္ေရးအတြက္လည္း ဆုေတာင္းပါတယ္။ ျမန္မာအစိုးရ အပါအဝင္ ကမာၻ႔အသိုင္းအဝိုင္းကိုပါ ဒီအက်ပ္အတည္းကို ေျပလည္ေအာင္ ေဆာင္ရြက္ေပးဖို႔ က်ေနာ္တို႔က အေလးအနက္ အိဒ္ပြဲေန႔မွာ က်ေနာ္တို႔ေတြအားလံုး ေဘးကင္းလံုၿခံဳစြာ ေနရပ္အျမန္ဆံုး ျပန္ႏုိင္ေရး အတြက္လည္း ဆုေတာင္းခဲ့တာ ရွိပါတယ္ခင္ဗ်။”

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းမွာ ရခုိင္ေျမာက္ပိုင္းက အၾကမ္းဖက္ တုိက္ခိုက္မႈေတြရဲ႕ ေနာက္ပိုင္း နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘး စိုးရိမ္ရလို႔ သိန္းခ်ီထြက္ေျပးခဲ့ၾကရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္မွာ ခိုလံႈေနခဲ့ၾကတာ ဒီၾသဂုတ္လဆိုရင္ပဲ သံုးႏွစ္တင္းတင္း ျပည့္ေတာ့မွာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြ ေနရပ္ရင္းကို ျပန္လာႏုိင္ေရး ဘဂၤလားေဒ့ရွ္အစိုးရ၊ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး ျပန္လည္လက္ခံေရး အစီအမံေတြနဲ႔ ေဆာင္ရြက္ေနတယ္လို႔ ေျပာဆိုထားေပမယ့္ အခုအခ်ိန္အထိကေတာ့ ဒုကၡသည္ေတြ အိဒ္ပြဲေတာ္ေန႔မွာ ဆုေတာင္းေနၾကသလို ေနရပ္ရင္း ျပန္ႏုိင္ေရးကေတာ့ အခုအခ်ိန္အထိ မေရမရာ ျဖစ္ေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း အိဒ်ပွဲတော် ကျင်းပ

အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး အိဒ်ပွဲတော်ကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကျင်းပပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေပေမယ့်လို့ ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေဟာ အထွတ်အမြတ်ပွဲတော်ဖြစ်တဲ့ အိဒ်ပွဲတော်ကို ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်တွေ ကြားကပဲ သြဂုတ်လ ၁ ရက်နေ့က ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြတာပါ။ ရိုဟင်ဂျာမွတ်စလင်သိန်းချီ စုဝေးခိုလှုံနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း အသီးသီးမှာလည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်ကျင်းပခွင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကမ့်ပ်အာဏာပိုင်တွေဘက်က ကိုဗစ်စည်းကမ်းချက် သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပခွင့်ပြုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ အိဒ်ပွဲတော်နေ့မှာ စခန်းတိုင်းမှာ ကျင်းပခွင့်ရခဲ့တဲ့အပေါ် အိဒ်ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းခဲ့သူ တဦးဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

“၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့ စနေနေ့က ကျရောက်တဲ့ အိဒ်ဒိလ်အသွာဟာနေ့ ကုရ်ဘာနီ နေ့ထူးနေ့မြတ်ကြီးကို ကော့ဇ်ဘဇားခရိုင်မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တိုင်းဟာ ကမ့်ပ်အသီးသီးမှာ ကိုဗစ်ကာလထဲမှာ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရကို အထူးကျေးဇူးတင်ကြောင်းနဲ့ အားလုံးကို အိဒ်မိုဘာရ်ခ်နေ့ မင်္ဂလာပါလို့ နှုတ်ဆက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

“အိဒ်ပွဲတော်ကို ကမ့်ပ်ထဲမှာရှိတဲ့ ဗလီ ဝတ်ပြုကျောင်းတွေမှာပဲ ဝတ်ပြုဆုတောင်းကြပါတယ်။ အရင်နှစ်တုန်းကလို ကွင်းပြင်တွေမှာ လူစုလူဝေးတွေလိုမျိုး မလုပ်ခဲ့ကြပါဘူး။ ကိုယ်နေတဲ့အကွက်တွေ ဗလီတွေမှာပဲ လူစုလူဝေးတွေ အများကြီးနဲ့ မဟုတ်ဘဲနဲ့ အိဒ်ပွဲကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုဗစ်ကာလကြားကနေ ဒီ အိဒ်ပွဲတော်ကို ကျင်းပခဲ့ပေမယ့် သေချာ နှာခေါင်းစည်းတွေ Mask တွေ သေချာတပ်ဆင်ထားကြပါတယ်ခင်ဗျ။ ဗလီကိုမဝင်ခင် ဝင်ပြီးတိုင်းလည်း လူတိုင်းက လက်ကို သေချာ ဆပ်ပြာနဲ့ ဆေးကြောကြတာ တွေ့ရပါတယ်။ နောက် ဝတ်ပြုချိန်မှာလည်း လူတယောက်နဲ့ တယောက်ကြား သုံးပေအကွာမှာ နေကြပြီးတော့ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ ကိုဗစ်မကူးစက်ရအောင် သတိဝီရိယတွေနဲ့ လုပ်ခဲ့ကြတာပါ။”

ကူးစက်မြန်ရောဂါ ကိုဗစ်ဖြစ်နေတဲ့ကာလ ဖြစ်ပေမယ့် အစ္စလာမ်တွေရဲ့ အိဒ်ပွဲတော် ကျင်းပခွင့်ရသလို ဒုက္ခသည်တွေအတွက် အလှူရှင်တွေ ပေးလှူတဲ့ အလှူတွေကိုလည်း လက်ခံရရှိကြတဲ့အတွက် ဒုက္ခသည်တွေက ဝမ်းသာနေကြတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၁၀ မှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် ဦးစိုးမြင့်က ပြောပြပါတယ်။

“ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၁၀ မှာ လုပ်ဖြစ်ပါတယ်။ စခန်းတာဝန်ခံတွေက နေရာတွေ သတ်မှတ်ပေးတယ်။ လူတွေသွားလာဖို့ လွယ်ကူပြီး အချက်အချာကျတဲ့ နေရာတွေမှာ သူတို့က ပွဲတွေလုပ်ပေးတယ်။ အဲဒီမှာ အစားအစာတွေ ဖြန့်ဖြူးပေးတယ်။ တဦးချင်း ပုဂ္ဂလိက အလှူရှင်တွေဘက်ကလည်း ကျွဲနွားတွေ လာလှူဒါန်းတာ ရှိပါတယ်။ မိသားစု တစုချင်းစီကို ဂရမ် ၈၀၀ စီ ပေးလှူပါတယ်။ အိဒ်ပွဲကို လာတဲ့သူတိုင်း အပြင်ကို ထွက်လာရင် မဖြစ်မနေ Mask တွေ ဝတ်ဆင်ရတယ်။ ကျနော်တို့ Social Distancing ကတော့ နည်းနည်း အခက်အခဲဖြစ်တယ်။ လူတွေက စုပြုံပြီး နေကြရတာဆိုတော့ Social Distance လုပ်ရဖို့ ခက်ပေမယ့် Mask ကို လူတိုင်း မဖြစ်မနေ တပ်ခိုင်းပါတယ်။”

အစ္စလာမ်တွေရဲ့ အိဒ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ စားသောက်နေထိုင်ရေး တာဝန်ယူ စောင့်ရှောက်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ပြည်သူတွေ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အလှူရှင်တွေကို ရည်စူးပြီးလည်း ဆုတောင်းပေးသလို အမြန်ဆုံး ဌာနပြန်နိုင်ရေးအတွက်လည်း ဆုတောင်းခဲ့ကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ဦးစိုးမြင့်ကတော့ သူတို့ကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်သလို မြန်မာပြည် နေရပ်ပြန်ရေးကို ဆုတောင်းခဲ့ပါတယ်။

“အိဒ်ပွဲမှာ ဆုတောင်းပေးချင်တာကတော့ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော ဘင်္ဂလားလူထုကိုရော ကျနော်တို့ အများကြီး ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ကျနော်တို့ကို ဒီလိုနေနိုင်အောင် လှူပေးတဲ့ စီစဉ်ပေးတဲ့ လှူဒါန်းပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်တယ်။ နောက်တခုက ကျနော်တို့ဆန္ဒကို ပြောပြရမယ်ဆိုရင် ကျနော်တို့တွေ အမြန်ဆုံး မိမိနေရပ်ဒေသကို ပြန်လိုတယ်။ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့ပဲ တောင်းဆိုချင်တယ်။

“ကျနော်တို့ မိမိနေရပ်ဒေသကို မြန်မာနိုင်ငံကို ဘယ်တော့မှ မမေ့ပါဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အေးအေးချမ်းချမ်း နေနိုင်အောင်၊ သက်တောင့်သက်သာ နေနိုင်အောင်၊ ဒီ COVID-19 ကပ်ဘေးက လွတ်ကင်းအောင် ဆုတောင်းပေးတယ်။ ဒီကပ်ဆိုးကြီးက တကမ္ဘာလုံး ရင်ဆိုင်နေရတယ်ဆိုတော့ တကမ္ဘာလုံး ဒီရောဂါဆိုးကနေ လွတ်အောင်လို့ ကျနော်တို့ ဗလီတိုင်းမှာ ဆုတောင်းပေးကြပါတယ်။”

ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အစ္ပြဲေတာ္ အျပည့္အဝမႏႊဲႏိုင္
please wait

No media source currently available

0:00 0:01:05 0:00
တိုက္႐ိုက္ လင့္ခ္

အများစိုးရိမ်နေသလို လူသိန်းချီနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေထဲ အခုချိန်အထိ ကိုဗစ်ရောဂါ ဆိုးဆိုးဝါးဝါး မဖြစ်သွားအောင် ကြိုတင်စီမံမှုတွေနဲ့ အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်မှု ပညာပေးခဲ့သူတွေအတွက်လည်း ဦးအီစလံက အိဒ်ပွဲတော်မှာ ဆုတောင်းပေးပါတယ်။

“COVID-19 ရောဂါ ကာကွယ်ဖို့အတွက် ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ် အစိုးရရယ် UNHCR ရယ် INGO, NGO တွေက ကျနော်တို့ကို ကျန်းမာရေး အသိပညာပေး စခန်းတိုင်းမှာ လုပ်ပေးလို့ ကပ်ဘေးရောဂါကနေ ကျော်လွှားနိုင်ခဲ့တယ်။ ကူးစက်မှုလည်း နည်းပါးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ အိဒ်ပွဲတော်နေ့မှာ သူတို့အတွက်လည်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။ နောက် ဒုက္ခသည်ဘဝကနေ အမြန်ဆုံး မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက်လည်း ဆုတောင်းပါတယ်။ မြန်မာအစိုးရ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကိုပါ ဒီအကျပ်အတည်းကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကျနော်တို့က အလေးအနက် အိဒ်ပွဲနေ့မှာ ကျနော်တို့တွေအားလုံး ဘေးကင်းလုံခြုံစွာ နေရပ်အမြန်ဆုံး ပြန်နိုင်ရေး အတွက်လည်း ဆုတောင်းခဲ့တာ ရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေး စိုးရိမ်ရလို့ သိန်းချီထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ခိုလှုံနေခဲ့ကြတာ ဒီသြဂုတ်လဆိုရင်ပဲ သုံးနှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး အစီအမံတွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်အထိကတော့ ဒုက္ခသည်တွေ အိဒ်ပွဲတော်နေ့မှာ ဆုတောင်းနေကြသလို နေရပ်ရင်း ပြန်နိုင်ရေးကတော့ အခုအချိန်အထိ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG