သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အိဒ်ပွဲတော် ဘာသာပေါင်းစုံပါဝင်


ရန်ကုန် အိဒ်ပွဲတော် ဘာသာပေါင်းစုံပါဝင်

မူစလင်ဘာသာဝင်တွေရဲ့ ဒီကနေ့ ကျရောက်တဲ့ ဥပုသ် လကုန်ဆုံးတဲ့ အိဒ်နေ့ကို ကမ္ဘာတစ်လွှမ်းလုံးမှာ ပျော်ရွှင်စွာဆင်နွှဲကြပါတယ်။မြန်မာနိုင်ငံမှာလည်း ထူးခြားတာကတော့ ဗလီအချို့နဲ့ လူစည်ကားရာနေရာတွေမှာ စတုဒီသာ ကျွေးတာတွေအပြင် သံဃာတွေကိုလည်း ကပ်လှူတာတွေ ခါတိုင်းနှစ်တွေကထပ် ပိုများလာတာတွေ တွေ့ရပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

အစ္စလာမ်ဘာသာဝင်တွေဟာ တစ်လလုံး ဥပုသ်သီလ စောင့်ထိန်းပြီး ဝါကျွတ်တဲ့ အထိမ်းအမှတ်အနေနဲ့ ဓမ္မသဘင် အခမ်းအနားကျင်းပကြပါတယ်။ဒီနေ့လို အိဒ်နေ့မှာတော့ အလှူအတန်း လုပ်တာတွေ၊ ဘာသာပေါင်းစုံက လူမျိုးပေါင်းစုံကိုပါ အလှူဒါနလုပ်ကြပါတယ်။ဒီနှစ် ကျရောက်တဲ့ အိဒ်နေ့ကဖြင့် မြန်မာနိုင်ငံမှာတော့ တခြားနှစ်တွေကထက် မတူဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ထင်ဟပ်စေတယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းမေတ္တာ အဖွဲ့မှ အစ္စလာမ် ကိုယ်စားလှယ် ဦးအေးလွင်က အခုလို ပြောပါတယ်။

"ဒီနှစ်ဆိုရင် တမူပို ထူးခြားတာကဖြင့် ကျနာ်တို့ ရန်ကုန်မြို့လယ်ခေါင်မှာ ဗလီတချို့က မုန့်အချိုတွေကို သံဃာတော်တွေကို ဆွမ်းကပ်တာတွေရှိတယ်။လမ်းမှာသွားလာနေတဲ့ သူတွေကိုလည်း စတုဒီသာအနေနဲ့ ကျွေးမွေးတာရှိတယ်။အဲ့ဒါကြောင့် ဒီနှစ်က ပိုထူးခြားတယ်လို့ ပြောချင်ပါတယ်။"

နှစ်စဉ် ဝါကျွတ်ပွဲမှာ စတုဒီသာ ကျွေးပြီးအလှူဒါနပြုလုပ်နေတဲ့ လူမှုမဟာမိတ်အဖွဲ့က ဒေါ်ဒါလီမြင့်ကတော့ ဒီနှစ်ဟာ ဘာသာပေါင်းစုံရဲ့ ငြိမ်းချမ်းတဲ့ အနှစ်သာရကို တွေ့မြင်နေရပြီလို့ ဆိုပါတယ်။

"ဘာသာပေါင်းစုံနဲ့ ပက်သက်ပြီး ကျမတို့လုပ်ခဲ့တဲ့ အရာလေးတွေက အသီးအပွင့်တွေ ပြန်ပြီးခံစားနေရပြီလို့မြင်တယ်။ဘာာသာပေါင်းစုံရဲ့ ချစ်ခင်မှုက ပိုပြီးတော့ အရောင်တွေ တောက်ပလာတယ်လို့ မြင်မိတယ်။"

အာရှအလင်းရောင်ဆရာတော်ကတော့ ပြည်သူလူထုတွေ အနေနဲ့ ဘယ်ဘာသာဝင်ဘဲ ဖြစ်ပါစေ အခုလို မေတ္တာတရား ရှေ့ထားပြီး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်သွားဖို့ မိန့်ပါတယ်။

"ဘာသာတရားကွဲပြားပေမယ့်လည်း အဓိကသွန်သင်မှုကတော့ မေတ္တာတရားနဲ့ သည်းခံခြင်းတရားတွေပါဘဲ။ ဒီတရား၂ခု တူညီနေရင်ကို အတူနေလို့ရပြီလို့ ပြောလို့ရပါတယ်။ ဘုန်းဘုန်းတို့ နိုင်ငံဟာ ဘာသာပေါင်းစုံရဲ့ ညီညွတ်မှုဟာ ခရီးရောက်တယ်လို့ ပြောချင်ပါတယ်။"

ဒီကနေ့မှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တခြားဘာသာမတူ လူမျိုးကွဲတွေကို အလှူဒါနပြုလုပ်တာ စတုဒီသာကျွေးတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ အများပြည်သူထောက်ခံအားပေးကြပါတယ်။

ရန်ကုန် အိဒ်ပွဲတော် ဘာသာပေါင်းစုံပါဝင်
please wait

No media source currently available

0:00 0:02:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG