သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆုိင္ရာ ကုလ စုံစမ္းေရးအဖြဲ႔ကုိ Facebook အခ်က္အလက္ေတြ မွ်ေ၀


(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြင္း နိုင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္ျခင္း ရွိမရွိ စစ္ေဆးေနတဲ့ ကုလသမဂၢ စုံစမ္းစစ္ေဆးသူေတြကို Facebook မွာ ရွိတဲ့ အခ်က္အလက္ေတြကို ေဝမၽွ ေပးအပ္ခဲ့တယ္လို႔ Facebook ကုမၸဏီက ေျပာပါတယ္။

ရိုဟင္ဂ်ာေတြကိုဆန္႔က်င္တဲ့ အမုန္းတရားေတြ ျဖန္႔ေနတာေတြကို ရပ္ဆိုင္းပစ္ဖို႔ဆိုၿပီး ၂၀၁၈ ခုႏွစ္တုန္းက Facebook ကေန ဖယ္ရွားပစ္ခဲ့တဲ့ျမန္မာစစ္တပ္ နဲ႔ ဆက္ႏြယ္ေနတဲ့ အေကာင့္ စာမ်က္ႏွာေတြကို ျမန္မာနိုင္ငံဆိုင္ရာ သီးျခား လြတ္လပ္တဲ့ စုံစမ္းေရး အဖြဲ႕ (IIMM) ကို ေပးအပ္ခဲ့ေၾကာင္း Facebook ကုမၸဏီက တာဝန္ရွိသူတစ္ေယာက္က အဂၤါေန႔က ရိုက္တာ သတင္းကို ေျပာလိုက္ တာ ျဖစ္ပါတယ္။

စုံစမ္း စစ္ေဆးမႈေတြ ဆက္ရွိေနသမၽွ Facebook အေနနဲ႔ သက္ဆိုင္ရာ သတင္းအခ်က္အလက္ ေတြကို ေပးအပ္သြားမွာ ျဖစ္တယ္လို႔ လည္း ေျပာပါတယ္။

ျမန္မာနိုင္ငံက လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ နိုင္ငံတကာ တရား႐ုံး ICJ မွာ တရား ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာ အစိုးရကေတာ့ စြပ္စြဲခ်က္ေတြကို လက္မခံဘဲ ျငင္းပယ္ထားၿပီး ၂၀၁၇ ခုႏွစ္အတြင္း စစ္ဆင္ေရးေတြဟာ ရဲစခန္းေတြကို စစ္ေသြးႂကြေတြက တိုက္ခိုက္လို႔ ျပန္လည္ တိုက္ခိုက္ရတာလို႔ ေျပာပါတယ္။

ျမန္မာနိုင္ငံအတြင္း နိုင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္ျခင္း ရွိမရွိ အေထာက္အထားေတြ စုေဆာင္းဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ၂၀၁၈ ခုႏွစ္မွာ ျမန္မာနိုင္ငံဆိုင္ရာ သီးျခား လြတ္လပ္တဲ့ စုံစမ္းေရးအဖြဲ႕ (IIMM) ကို ဖြဲ႕စည္းေပးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ လႈံ႔ေဆာ္တဲ့ အမုန္းတရားေတြ ျဖန္႔ရာမွာ Facebook က အဓိက အခန္းက႑က ပါဝင္ ေနတယ္လို႔ ကုလ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာ့တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ရဲ့Facebook စာမ်က္ႏွာ အပါအဝင္ ျမန္မာ စစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ Facebook စာမ်က္ႏွာ ၅၂ ခုနဲ႔ အေကာင့္ ၁၈ ခုကို Facebook က ပိတ္ပင္ခဲ့ပါတယ္။

IIMM အဖြဲ႕ ေခါင္းေဆာင္က Facebook ဟာ နိုင္ငံတကာ ရာဇဝတ္မႈခင္းနဲ႔ပတ္သက္တဲ့ အေထာက္အထားေတြကို IIMM မေဝမၽွခဲ့ဘူး လို႔ ဒီလထဲမွာပဲ ရိုက္တာသတင္းကို ေျပာထားခဲ့တာပါ။ ဒါေပမဲ့ မေန႔ အဂၤါေန႔ကေတာ့ သတင္းအခ်က္အလက္ေတြကို ပထမဆုံး အႀကိမ္ အျဖစ္ လက္ခံရရွိၿပီလို႔ ေျပာပါတယ္။

လူမ်ိဳးတုံး သတ္ျဖတ္မႈ ဆိုင္ရာ ကြန္ဗင္းရွင္း စာခ်ဳပ္ကို ေဖာက္ဖ်က္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ နိုင္ငံတကာ တရား႐ုံးမွာ ျမန္မာနိုင္ငံ ကို တရားစြဲဆိုတားတဲ့ Gambia နိုင္ငံက အဲဒီ အခ်က္အလက္ေတြကို တရား႐ုံးက တဆင့္ ေတာင္းဆိုထားတာကို ေတာ့ ဒီလထဲမွာပဲ Facebook က မေပးဘဲ ျငင္းဆန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာနိုင်ငံဆိုင်ရာ ကုလ စုံစမ်းရေးအဖွဲ့ကို Facebook အချက်အလက်တွေ မျှဝေ

(Unicode)

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို Facebook မှာ ရှိတဲ့ အချက်အလက်တွေကို ဝေမျှ ပေးအပ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

ရိုဟင်ဂျာတွေကိုဆန့်ကျင်တဲ့ အမုန်းတရားတွေ ဖြန့်နေတာတွေကို ရပ်ဆိုင်းပစ်ဖို့ဆိုပြီး ၂၀၁၈ ခုနှစ်တုန်းက Facebook ကနေ ဖယ်ရှားပစ်ခဲ့တဲ့မြန်မာစစ်တပ် နဲ့ ဆက်နွယ်နေတဲ့ အကောင့် စာမျက်နှာတွေကို မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့ (IIMM) ကို ပေးအပ်ခဲ့ကြောင်း Facebook ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က အင်္ဂါနေ့က ရိုက်တာ သတင်းကို ပြောလိုက် တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ ဆက်ရှိနေသမျှ Facebook အနေနဲ့ သက်ဆိုင်ရာ သတင်းအချက်အလက် တွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ တရား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရကတော့ စွပ်စွဲချက်တွေကို လက်မခံဘဲ ငြင်းပယ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးတွေဟာ ရဲစခန်းတွေကို စစ်သွေးကြွတွေက တိုက်ခိုက်လို့ ပြန်လည် တိုက်ခိုက်ရတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လှုံ့ဆော်တဲ့ အမုန်းတရားတွေ ဖြန့်ရာမှာ Facebook က အဓိက အခန်းကဏ္ဍက ပါဝင် နေတယ်လို့ ကုလ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရဲ့Facebook စာမျက်နှာ အပါအဝင် မြန်မာ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ Facebook စာမျက်နှာ ၅၂ ခုနဲ့ အကောင့် ၁၈ ခုကို Facebook က ပိတ်ပင်ခဲ့ပါတယ်။

IIMM အဖွဲ့ ခေါင်းဆောင်က Facebook ဟာ နိုင်ငံတကာ ရာဇဝတ်မှုခင်းနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို IIMM မဝေမျှခဲ့ဘူး လို့ ဒီလထဲမှာပဲ ရိုက်တာသတင်းကို ပြောထားခဲ့တာပါ။ ဒါပေမဲ့ မနေ့ အင်္ဂါနေ့ကတော့ သတင်းအချက်အလက်တွေကို ပထမဆုံး အကြိမ် အဖြစ် လက်ခံရရှိပြီလို့ ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း စာချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံ ကို တရားစွဲဆိုတားတဲ့ Gambia နိုင်ငံက အဲဒီ အချက်အလက်တွေကို တရားရုံးက တဆင့် တောင်းဆိုထားတာကို တော့ ဒီလထဲမှာပဲ Facebook က မပေးဘဲ ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG