သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၁၉ ဦးထပ္တုိး၊ စုစုေပါင္း ၉၃၈ ဦးရွိ 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ (၁၉) ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၂ ရက္ေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း (၉၃၈) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာ (၁၉) ထဲက (၁၂) ဦးဟာ ရန္ကုန္တုိင္းေဒသႀကီးကျဖစ္ၿပီး၊ ကခ်င္ျပည္နယ္က (၂) ဦး၊ ရွမ္းျပည္နယ္က (၃) ဦးနဲ႔ မႏၱေလးနဲ႔ တနသၤာရီတုိင္းေဒသႀကီးတုိ႔က (၁) ဦးစီ အသီးသီး ျဖစ္ၾကပါတယ္။

ဒီအထဲက (၇) ဦးကေတာ့ ျပည္ပႏုိင္ငံေတြကုိ သြားေရာက္ဖူးသူေတြျဖစ္တာေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ အသြားအလာ ကန္႔သတ္ခံထားရသူေတြျဖစ္တယ္လုိ႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔က ၂,၄၄၁ ဦးကုိ ဓာတ္ခြဲစမ္းသပ္အၿပီးမွာ အခု လူနာ (၁၉) ဦးကုိ ထပ္မံ ေတြ႔ရွိခဲ့တာပါ။

ျမန္မာႏုိင္ငံမွာ ၾသဂုတ္လလယ္ေလာက္စလုိ႔ အခ်ိန္တုိအတြင္း ကုိဗစ္-၁၉ ကူးစက္မႈေတြ အရွိန္နဲ႔ တေက်ာ့ျပန္ ျဖစ္ေပၚလာေနတာေၾကာင့္ ဒီကိစၥကုိ အဆိုးဆံုး အေျခအေနအထိ မွန္းၿပီး အတတ္ႏိုင္ဆံုးေဆာင္ရြက္ေနတယ္လုိ႔ စက္တင္ဘာ ၁ ရက္ေန႔က ျပဳလုပ္တဲ့ ကုိဗစ္ဆုိင္ရာ အစည္းအေ၀းအတြင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔ကေတာ့ တရက္အတြင္း စံခ်ိန္တင္ၿပီး ကူးစက္သူ ၁၄၀ နီးပါး ရွိခဲ့တာပါ။အခုခ်ိန္မွာေတာ့ ေရာဂါပုိး တေက်ာ့ျပန္ စတင္ျဖစ္ေပၚတဲ့ ရခုိင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အပါအ၀င္ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ အိမ္မွာေနဖို႔ (Home Stay) အမိန္႔ ထုတ္ထားပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ အမိန္႔ မလိုက္နာသူေတြကို ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒနဲ႔ အေရးယူမယ္လို႔လည္း အေစာပုိင္းက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

.............

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၁၉ ဦးထပ်တိုး၊ စုစုပေါင်း ၉၃၈ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် (၁၉) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၉၃၈) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာ (၁၉) ထဲက (၁၂) ဦးဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး၊ ကချင်ပြည်နယ်က (၂) ဦး၊ ရှမ်းပြည်နယ်က (၃) ဦးနဲ့ မန္တလေးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က (၁) ဦးစီ အသီးသီး ဖြစ်ကြပါတယ်။

ဒီအထဲက (၇) ဦးကတော့ ပြည်ပနိုင်ငံတွေကို သွားရောက်ဖူးသူတွေဖြစ်တာကြောင့် ရန်ကုန်မြို့မှာ အသွားအလာ ကန့်သတ်ခံထားရသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ၂,၄၄၁ ဦးကို ဓာတ်ခွဲစမ်းသပ်အပြီးမှာ အခု လူနာ (၁၉) ဦးကို ထပ်မံ တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ သြဂုတ်လလယ်လောက်စလို့ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်နဲ့ တကျော့ပြန် ဖြစ်ပေါ်လာနေတာကြောင့် ဒီကိစ္စကို အဆိုးဆုံး အခြေအနေအထိ မှန်းပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်ဆိုင်ရာ အစည်းအဝေးအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကတော့ တရက်အတွင်း စံချိန်တင်ပြီး ကူးစက်သူ ၁၄၀ နီးပါး ရှိခဲ့တာပါ။အခုချိန်မှာတော့ ရောဂါပိုး တကျော့ပြန် စတင်ဖြစ်ပေါ်တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ အိမ်မှာနေဖို့ (Home Stay) အမိန့် ထုတ်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့် မလိုက်နာသူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူမယ်လို့လည်း အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG