သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ အတည္ျပဳ ၉၅ ဦး ထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုအတြင္းတြင္ ေတြ႔ရတဲ့ လမ္းသြားလမ္းလာ တခ်ိဳ႕။ (မတ္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၾသဂုတ္လ ၃၁ ရက္ေန႔ညပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေၾကညာခ်က္အရ COVID – 19 ကူးစက္သူ လူနာသစ္ ၉၅ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ ကူးစက္သူ စုစုေပါင္း ၈၈၂ ေယာက္ရွိၿပီျဖစ္ပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာေပါင္း ၁,၇၄၁ ခုကိုစစ္ေဆးခဲ့တာမွာ အခုလို ၉၅ ေယာက္ အတည္ျပဳခဲ့တာပါ။

အခု ကူးစက္သူ လူနာသစ္ေတြနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ဆက္လက္ထုတ္ျပန္ေပးသြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတြင္း အခုလို ကူးစက္မႈေတြ ျမင့္မားေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆမေနၾကဖို႔၊ လူစုလူေဝးရွိတဲ့ေနရာေတြကို မလိုအပ္ဘဲ လုံးဝမသြားၾကဖို႔၊ လူခ်င္းခပ္ခြါခြါေနၾကဖို႔၊ လူအမ်ားနဲ႔ ဆိုင္တဲ့ေနရာေတြမွာ ပါးစပ္နဲ႔ ႏွာေခါင္းစည္း တပ္ဆင္ၾကဖို႔နဲ႔ လက္ကို မၾကာခဏေဆးေၾကာၾကဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ အခုအခ်ိန္ထိ ဓာတ္ခြဲနမူနာေပါင္း ၁၅၀,၀၀၀ ေက်ာ္စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ေသဆုံးသူ ၆ ဦးရွိပါတယ္။ ေရာဂါပိုးကင္းစင္လာသူက ၃၅၄ ေယာက္ရွိပါတယ္။

[Unicode Version]

ကိုဗစ်ရောဂါ အတည်ပြု ၉၅ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်အရ COVID – 19 ကူးစက်သူ လူနာသစ် ၉၅ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၈၈၂ ယောက်ရှိပြီဖြစ်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၁,၇၄၁ ခုကိုစစ်ဆေးခဲ့တာမှာ အခုလို ၉၅ ယောက် အတည်ပြုခဲ့တာပါ။

အခု ကူးစက်သူ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်း အခုလို ကူးစက်မှုတွေ မြင့်မားနေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေကြဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေကို မလိုအပ်ဘဲ လုံးဝမသွားကြဖို့၊ လူချင်းခပ်ခွါခွါနေကြဖို့၊ လူအများနဲ့ ဆိုင်တဲ့နေရာတွေမှာ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ကြဖို့နဲ့ လက်ကို မကြာခဏဆေးကြောကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်ထိ ဓာတ်ခွဲနမူနာပေါင်း ၁၅၀,၀၀၀ ကျော်စစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲ သေဆုံးသူ ၆ ဦးရှိပါတယ်။ ရောဂါပိုးကင်းစင်လာသူက ၃၅၄ ယောက်ရှိပါတယ်။

XS
SM
MD
LG