[Zawgyi/Unicode]
ကပ္ေရာဂါ ကိုဗစ္ ၁၉ ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္မႈျဖစ္ပြားေနခ်ိန္ အခ်ိန္နဲ႔တေျပးညီ သတင္း အခ်က္အလက္ေတြ နားစြင့္ႏိုင္ဖို႔ ေရဒီယိုအသံဖမ္းစက္ေတြ- ဒုကၡသည္စခန္းေတြဆီ ရခိုင္ကူညီေရးအဖြဲ႔ေတြက အေရာက္ေပးပို႔ေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။
ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ကို႐ိုနာဗုိင္းရပ္စ္ပိုး ျပည္တြင္းကူးစက္မႈေတြက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ တျခားၿမိဳ႕နယ္ေတြမွာ ကူးစက္သူ ရာဂဏန္း ရွိလာခ်ိန္မွာပဲ အထူးသျဖင့္ စစ္ေဘးနဲ႔ ရင္ဆိုင္ၿပီး အိုးအိမ္စြန္႔ခြာေျပးေနၾကရတဲ့ ၁၀၀,၀၀၀ ေက်ာ္တဲ့ ရခုိင္ဒုကၡသည္ေတြအေနနဲ႔ ေဒသအာဏာပိုင္ေတြရဲ႕ အမိန္႔ေၾကညာခ်က္ေတြ က်န္းမာေရးဝန္ၾကီးဌာနက အေရးေပၚ ထုတ္ျပန္ခ်က္ေတြေရာ ေဆးပညာရွင္ေတြရဲ႕ ေဆာင္ရန္-ေရွာင္ရန္ ပညာေပးအစီအစဥ္ေတြနဲ႔ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြ အခ်ိန္နဲ႔တေျပးညီ သိရွိႏိုင္ေရးက အေရးၾကီးလာေနတာပါ။
ဒါေၾကာင့္ စစ္ေဘးဒုကၡသည္ေတြကို ကူညီကယ္ဆယ္ေပးေနတဲ့ ရခုိင္လူမႈအဖြဲ႔နဲ႔ အလွဴရွင္ေတြဘက္က ဒုကၡသည္စခန္းေတြဆီကို ေရဒီယိုအသံဖမ္းစက္ေတြ အေရာက္ ေပးပို႔ႏိုင္ေအာင္ စီစဥ္ေနၾကပါတယ္လို႔ စစ္ေဘးဒုကၡသည္စခန္းေတြအထိကူညီေပးေနတဲ့ ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ံုး REC က အတြင္းေရးမွဴးကိုေဇာ္ေဇာ္ထြန္းက ေျပာျပပါတယ္။
"ဒါေတြက ေကာလဟာလေတြပါလို႔လဲ ေျပာေနၾကတယ္ေပါ့။ သတင္းအခ်က္အလက္ေတြ မရရွိၾကတဲ့အတြက္ေၾကာင့္မို႔လို႔ ျပည္သူလူထုၾကားမွာ မမွန္သတင္းေတြ မျပည့္စံုတဲ့သတင္းေတြ အမ်ားၾကီးျဖစ္ေနတာေပါ့။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က ဒီသတင္းအခ်က္အလက္ေတြကို သိရွိေနဖို႔အတြက္ အေရးၾကီးတာေပါ့ေလ။ ဒါေၾကာင့္ က်ေနာ္တို႔ကေတာ့ အင္တာနက္ 4G နဲ႔ သတင္းအခ်က္အလက္ရရွိႏိုင္တဲ့ Connection အတိုင္းအတာတခုေတာ့ လိုခ်င္တာေပါ့ေလ။ ဒါေပမဲ့ ေလာေလာဆယ္မွာ သက္ဆိုင္ရာ အစိုးရေတြဘက္က မလုပ္ေပးႏုိင္ေသးတဲ့အခါက်ေတာ့- က်ေနာ္တို႔က ဘာပဲျဖစ္ျဖစ္ ရွိေနတဲ့အေျခအေန အေနအထားနဲ႔ ၾကိဳးစားၾကမယ္ဆိုၿပီးေတာ့မွ ဒီ RADIO- Right to Information အစီအစဥ္ကို လုပ္ျဖစ္တာပါ။
ဒီေရဒီယိုမွာက FM လည္းပါတယ္။ AM လည္းပါတယ္။ ျပည္တြင္းက ထုတ္လႊင့္တဲ့ဟာေတြေရာ ျပည္ပက ထုတ္လႊင့္တဲ့ဟာေတြေရာ သံုးႏုိင္ေအာင္ ကြာလတီေကာင္းတဲ့ စက္ေလးေတြ ရွာၾကံၿပီး ပို႔ေပးတာေပါ့ေလ။ အဲ့ဒီ့အခါက်ေတာ့ သူတို႔အေနနဲ႔ ေကာလဟာလသတင္းေတြထက္စာရင္ ဒီေရဒီယိုေတြက ရရွိတဲ့သတင္းေတြကို ဒီ Mainstream Media ကျဖစ္ျဖစ္ Broadcasting Media ေတြကေသာ္လည္းေကာင္း သတင္းအခ်က္အလက္ေတြရရွိၿပီး စဥ္းစားလို႔ရေအာင္ေပါ့ေလ။ အထူးသျဖင့္ အမတို႔ VOA၊ BBC၊ RFA တို႔ေပါ့ေလ က်ေနာ္တို႔ဆီမွာ နားေထာင္ၾကတဲ့သူမ်ားပါတယ္ခင္ဗ်။ ဒါေၾကာင့္ က်ေနာ္တို႔က ဘာတခု Request လုပ္ခ်င္တာက ဒီ COVID နဲ႔ပတ္သက္တဲ့ ဒုတိယလိႈင္းနဲ႔ ပတ္သက္တဲ့ ထူးျခားတဲ့သတင္း လိုက္နာရမယ့္ ပညာေပးအခ်က္အလက္ေတြကို အၾကိမ္ေရမ်ားမ်ား ထုတ္လႊင့္ေပးေစခ်င္ပါတယ္ခင္ဗ်ာ။"
ဒုကၡသည္စခန္းေတြနဲ႔ ေဒသခံျပည္သူေတြဆီကို ဒီလိုေရဒီယိုအသံလႊင့္ခ်က္ေတြအျပင္ တယ္လီဖုန္းေတြနဲ႔ပါ ဆက္သြယ္ၿပီးလည္း သတင္းအခ်က္အလက္ မတ္ေဆ့ေတြေပးပို႔ႏိုင္ေအာင္ ရခိုင္လူငယ္ေတြနဲ႔ ရခိုင္လူမႈအဖြဲ႔ေတြဘက္က ဘက္ေပါင္းစံုကေန ၾကိဳးစားေပးေနၾကဆဲအခ်ိန္ ကပ္ေဘး စစ္ေဘးနဲ႔ ရာသီဥတုေဘး စတဲ့ စိန္ေခၚမႈအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ ကိုေဇာ္ေဇာ္ထြန္းကေျပာျပပါတယ္။
"တဘက္မွာလည္း က်ေနာ္တို႔က IDP ကမ့္ေတြကို ဖုန္းနဲ႔ ဆက္သြယ္ၿပီးေတာ့ ဒီလက္ရွိအေျခအေနေလးေတြ ေျပာျပေနတာ ရွိပါတယ္။ ဘက္စံုေထာင့္စံုကေပါ့ေနာ္ တဘက္ကလည္း ဖုန္းေတြနဲ႔ လွမ္းေျပာ တဘက္ကလည္း ေရဒီယိုကေန နားေထာင္ ဒီဘက္ကလည္း အင္တာနက္ 4G ရရွိဖို႔ ကိစၥေတြကို ဆက္ၿပီးၾကိဳးစားၾကေပါ့ ဘက္စံုကေပါ့ေနာ္။ သတင္းအခ်က္အလက္ရရွိႏိုင္ေအာင္ ၾကိဳးစားေနၾကပါတယ္။ ေလာေလာဆယ္အထိ က်ေနာ္တို႔အစီအစဥ္မွာက ေရဒီယိုအလံုး ၁,၀၀၀ ေပါ့၊ စစ္ေဘးေရွာင္စခန္း ၁၀၀ ေလာက္မွာ စခန္းတခု အနည္းဆံုး ၁၀ လံုးေလာက္အထိ ရၾကဖို႔ က်ေနာ္တို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ေလာေလာဆယ္RECရဲ႕ မတည္ေငြနဲ႔ အလံုး ၁၀၀ ေနာက္ထပ္ အလွဴရွင္ေတြဆီက အလံုး ၃၀၀ စာရရွိထားပါတယ္။ အဲ့တာေတြကို မနက္ျဖန္၊ သဘက္ခါေလာက္ စစ္ေတြကို ပို႔မွာျဖစ္ပါတယ္။ စစ္ေတြကေနတဆင့္ ၿမိဳ႕နယ္အသီးသီးမွာရွိေနတဲ့ IDP ကမ့္ေတြကို ျဖန္႔ခ်ီသြားဖို႔ရွိပါတယ္။ ေလာေလာဆယ္ အလံုး (၅၀) ကေတာ့ ပုဏၰားကၽြန္းနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္က စခန္း ၅ ခုစီကိုေရာက္ရွိသြားၿပီျဖစ္ပါတယ္။
အခုလိုရခိုင္ျပည္နယ္မွာ လူေပါင္းမ်ားစြာအတြက္ အသက္အႏၱရာယ္ရွိတဲ့ ကမာၻ႔ကပ္ေရာဂါဆုိက္ေရာက္ေနခ်ိန္မို႔ အစိုးရအာေဘာ္ မဟုတ္တဲ့ မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ စနစ္က်တဲ့ ကူးစက္မႈ ကာကြယ္ေရး ပညာေပးအၾကံေပးခ်က္ေတြကို ျပည္သူအမ်ား ေလ့လာသိရွိႏိုင္ေအာင္အတြက္က အင္တာနက္လိုင္းကို အဓိကထားဖြင့္လွစ္ေပးပါလို႔-လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ (အသံ)အဖြဲ႔ရဲ႕သုေတသနေရးရာမွဴး ကိုရဲေဝၿဖိဳးေအာင္က ေတာင္းဆိုပါတယ္။
"နံပတ္ ၁ ကေတာ့ အေရးၾကီးဆံုးက အင္တာနက္ကို ဖြင့္ေပးဖို႔လိုအပ္ပါတယ္။ အင္တာနက္ကို ဖြင့္ေပးျခင္းအားျဖင့္ ျပည္သူေတြဟာ က်န္းမာေရးနဲ႔ ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို မီဒီယာေတြကေန လြယ္လြယ္ကူကူရွာလို႔ရမယ္။ အင္တာနက္ ဖုန္းလိုင္းေကာင္းလာၿပီဆိုရင္ Viber တို႔ဘာတို႔ကေန က်န္းမာေရးဝန္ၾကီးဌာနကတို႔ အစိုးရဌာနတို႔ကေန သတင္းအခ်က္အလက္ေတြ ပို႔ေပးေနတာရွိပါတယ္။ စစ္ေတြမဟုတ္တဲ့ ရခုိင္ျပည္နယ္ရဲ႕နယ္ဘက္ေတြ ရခုိင္ျပည္သူေတြ ၿပီးေတာ့ ခ်င္းျပည္နယ္ ပလက္ဝမွာ ရွိတဲ့ျပည္သူေတြရဲ႕ လူမႈစီးပြားဘဝေတြအတြက္ပါ မျဖစ္မေနအေျခခံအက်ဆံုးအရာျဖစ္တယ္ ျပည္သူေတြအေနနဲ႔က အင္တာနက္လိုမ်ိဳး ပုဂၢလိက သတင္းမီဒီယာခ်ယ္နယ္ေတြရွိတဲ့ အင္တာနက္က တခုတည္းေသာလမ္းေၾကာင္းျဖစ္ပါတယ္။ အင္တာနက္မွာသာလွ်င္ အမွီအခိုကင္းတဲ့ သတင္းအခ်က္ေတြကို ရွာၿပီးေတာ့ ဖတ္လို႔ရပါမယ္။ အဲ့ဒီ့အခါမွသာ ျပည္သူေတြအေနနဲ႔ သတင္းေတြကို မွန္မွန္ကန္ကန္ မွ်မွ်တတ စဥ္းစားဆံုးျဖတ္လို႔ရမယ္ ထင္ပါတယ္။"
ရခိုင္ျပည္နယ္တြင္းမွာ အထူးသျဖင့္ စစ္ေတြၿမိဳ႕ထဲ ၾသဂုတ္လ ၁၆ ရက္ေန႔ကစလို႔ ေန႔စဥ္ရက္ဆက္ဆိုသလို လူေတြအမ်ားအျပား ကူးစက္ခံရတဲ့ အေျခအေန ျဖစ္လာခဲ့တဲ့အတြက္ ညမထြက္ရ အေရးေပၚ အမိန႔္ထုတ္ျပန္လိုက္ၿပီး ေနအိမ္ေတြထဲမွာပဲ ျပည္သူေတြေနၾကဖို႔ Stay at Home ၫႊန္ၾကားခ်က္ ထုတ္တာ ေနာက္ ၿမိဳ႕အဝင္အထြက္ေတြ ကို ပိတ္ၿပီး က်န္းမာေရး စစ္ေဆးတာ အသြားအလာ ကန႔္သတ္တာေတြ အျပင္ ရခိုင္ျပည္နယ္ကို ဒီသီတင္းပတ္ေတြထဲ ခရီးအသြားအလာရွိခဲ့သူေတြဆီမွာ ေရာဂါပိုးရွိ-မရွိ စစ္ေဆးတာလိုမ်ိဳး ျပည္သူအမ်ားၾကား ထပ္ၿပီး ေရာဂါပိုးကူးစက္မႈ မျပန္႔ပြားရေအာင္ သက္ဆိုင္ရာေဒသအာဏာပိုင္ေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက အေရးေပၚ အစီအမံေတြနဲ႔ေဆာင္႐ြက္ေနပါတယ္။
[Unicode Version]
ရခိုင်ဒုက္ခသည်တွေကို ရေဒီယိုအသံဖမ်းစက်များပေးပို့ကူညီ
ကပ်ရောဂါ ကိုဗစ် ၁၉ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေချိန် အချိန်နဲ့တပြေးညီ သတင်း အချက်အလက်တွေ နားစွင့်နိုင်ဖို့ ရေဒီယိုအသံဖမ်းစက်တွေ- ဒုက္ခသည်စခန်းတွေဆီ ရခိုင်ကူညီရေးအဖွဲ့တွေက အရောက်ပေးပို့နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြည်တွင်းကူးစက်မှုတွေက ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မြောက်ဦးမြို့နယ်နဲ့ တခြားမြို့နယ်တွေမှာ ကူးစက်သူ ရာဂဏန်း ရှိလာချိန်မှာပဲ အထူးသဖြင့် စစ်ဘေးနဲ့ ရင်ဆိုင်ပြီး အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ ၁၀၀,၀၀၀ ကျော်တဲ့ ရခိုင်ဒုက္ခသည်တွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ အမိန့်ကြေညာချက်တွေ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် ထုတ်ပြန်ချက်တွေရော ဆေးပညာရှင်တွေရဲ့ ဆောင်ရန်-ရှောင်ရန် ပညာပေးအစီအစဉ်တွေနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ရေးက အရေးကြီးလာနေတာပါ။
ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်လူမှုအဖွဲ့နဲ့ အလှူရှင်တွေဘက်က ဒုက္ခသည်စခန်းတွေဆီကို ရေဒီယိုအသံဖမ်းစက်တွေ အရောက် ပေးပို့နိုင်အောင် စီစဉ်နေကြပါတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းတွေအထိကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။
"ဒါတွေက ကောလဟာလတွေပါလို့လဲ ပြောနေကြတယ်ပေါ့။ သတင်းအချက်အလက်တွေ မရရှိကြတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုကြားမှာ မမှန်သတင်းတွေ မပြည့်စုံတဲ့သတင်းတွေ အများကြီးဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီသတင်းအချက်အလက်တွေကို သိရှိနေဖို့အတွက် အရေးကြီးတာပေါ့လေ။ ဒါကြောင့် ကျနော်တို့ကတော့ အင်တာနက် 4G နဲ့ သတင်းအချက်အလက်ရရှိနိုင်တဲ့ Connection အတိုင်းအတာတခုတော့ လိုချင်တာပေါ့လေ။ ဒါပေမဲ့ လောလောဆယ်မှာ သက်ဆိုင်ရာ အစိုးရတွေဘက်က မလုပ်ပေးနိုင်သေးတဲ့အခါကျတော့- ကျနော်တို့က ဘာပဲဖြစ်ဖြစ် ရှိနေတဲ့အခြေအနေ အနေအထားနဲ့ ကြိုးစားကြမယ်ဆိုပြီးတော့မှ ဒီ RADIO- Right to Information အစီအစဉ်ကို လုပ်ဖြစ်တာပါ။
ဒီရေဒီယိုမှာက FM လည်းပါတယ်။ AM လည်းပါတယ်။ ပြည်တွင်းက ထုတ်လွှင့်တဲ့ဟာတွေရော ပြည်ပက ထုတ်လွှင့်တဲ့ဟာတွေရော သုံးနိုင်အောင် ကွာလတီကောင်းတဲ့ စက်လေးတွေ ရှာကြံပြီး ပို့ပေးတာပေါ့လေ။ အဲ့ဒီ့အခါကျတော့ သူတို့အနေနဲ့ ကောလဟာလသတင်းတွေထက်စာရင် ဒီရေဒီယိုတွေက ရရှိတဲ့သတင်းတွေကို ဒီ Mainstream Media ကဖြစ်ဖြစ် Broadcasting Media တွေကသော်လည်းကောင်း သတင်းအချက်အလက်တွေရရှိပြီး စဉ်းစားလို့ရအောင်ပေါ့လေ။ အထူးသဖြင့် အမတို့ VOA၊ BBC၊ RFA တို့ပေါ့လေ ကျနော်တို့ဆီမှာ နားထောင်ကြတဲ့သူများပါတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့က ဘာတခု Request လုပ်ချင်တာက ဒီ COVID နဲ့ပတ်သက်တဲ့ ဒုတိယလှိုင်းနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့သတင်း လိုက်နာရမယ့် ပညာပေးအချက်အလက်တွေကို အကြိမ်ရေများများ ထုတ်လွှင့်ပေးစေချင်ပါတယ်ခင်ဗျာ။"
ဒုက္ခသည်စခန်းတွေနဲ့ ဒေသခံပြည်သူတွေဆီကို ဒီလိုရေဒီယိုအသံလွှင့်ချက်တွေအပြင် တယ်လီဖုန်းတွေနဲ့ပါ ဆက်သွယ်ပြီးလည်း သတင်းအချက်အလက် မတ်ဆေ့တွေပေးပို့နိုင်အောင် ရခိုင်လူငယ်တွေနဲ့ ရခိုင်လူမှုအဖွဲ့တွေဘက်က ဘက်ပေါင်းစုံကနေ ကြိုးစားပေးနေကြဆဲအချိန် ကပ်ဘေး စစ်ဘေးနဲ့ ရာသီဥတုဘေး စတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကိုဇော်ဇော်ထွန်းကပြောပြပါတယ်။
"တဘက်မှာလည်း ကျနော်တို့က IDP ကမ့်တွေကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဒီလက်ရှိအခြေအနေလေးတွေ ပြောပြနေတာ ရှိပါတယ်။ ဘက်စုံထောင့်စုံကပေါ့နော် တဘက်ကလည်း ဖုန်းတွေနဲ့ လှမ်းပြော တဘက်ကလည်း ရေဒီယိုကနေ နားထောင် ဒီဘက်ကလည်း အင်တာနက် 4G ရရှိဖို့ ကိစ္စတွေကို ဆက်ပြီးကြိုးစားကြပေါ့ ဘက်စုံကပေါ့နော်။ သတင်းအချက်အလက်ရရှိနိုင်အောင် ကြိုးစားနေကြပါတယ်။ လောလောဆယ်အထိ ကျနော်တို့အစီအစဉ်မှာက ရေဒီယိုအလုံး ၁,၀၀၀ ပေါ့၊ စစ်ဘေးရှောင်စခန်း ၁၀၀ လောက်မှာ စခန်းတခု အနည်းဆုံး ၁၀ လုံးလောက်အထိ ရကြဖို့ ကျနော်တို့ စီစဉ်နေတာဖြစ်ပါတယ်။ လောလောဆယ်RECရဲ့ မတည်ငွေနဲ့ အလုံး ၁၀၀ နောက်ထပ် အလှူရှင်တွေဆီက အလုံး ၃၀၀ စာရရှိထားပါတယ်။ အဲ့တာတွေကို မနက်ဖြန်၊ သဘက်ခါလောက် စစ်တွေကို ပို့မှာဖြစ်ပါတယ်။ စစ်တွေကနေတဆင့် မြို့နယ်အသီးသီးမှာရှိနေတဲ့ IDP ကမ့်တွေကို ဖြန့်ချီသွားဖို့ရှိပါတယ်။ လောလောဆယ် အလုံး (၅၀) ကတော့ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်က စခန်း ၅ ခုစီကိုရောက်ရှိသွားပြီဖြစ်ပါတယ်။
အခုလိုရခိုင်ပြည်နယ်မှာ လူပေါင်းများစွာအတွက် အသက်အန္တရာယ်ရှိတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်နေချိန်မို့ အစိုးရအာဘော် မဟုတ်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စနစ်ကျတဲ့ ကူးစက်မှု ကာကွယ်ရေး ပညာပေးအကြံပေးချက်တွေကို ပြည်သူအများ လေ့လာသိရှိနိုင်အောင်အတွက်က အင်တာနက်လိုင်းကို အဓိကထားဖွင့်လှစ်ပေးပါလို့-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အသံ)အဖွဲ့ရဲ့သုတေသနရေးရာမှူး ကိုရဲဝေဖြိုးအောင်က တောင်းဆိုပါတယ်။
"နံပတ် ၁ ကတော့ အရေးကြီးဆုံးက အင်တာနက်ကို ဖွင့်ပေးဖို့လိုအပ်ပါတယ်။ အင်တာနက်ကို ဖွင့်ပေးခြင်းအားဖြင့် ပြည်သူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို မီဒီယာတွေကနေ လွယ်လွယ်ကူကူရှာလို့ရမယ်။ အင်တာနက် ဖုန်းလိုင်းကောင်းလာပြီဆိုရင် Viber တို့ဘာတို့ကနေ ကျန်းမာရေးဝန်ကြီးဌာနကတို့ အစိုးရဌာနတို့ကနေ သတင်းအချက်အလက်တွေ ပို့ပေးနေတာရှိပါတယ်။ စစ်တွေမဟုတ်တဲ့ ရခိုင်ပြည်နယ်ရဲ့နယ်ဘက်တွေ ရခိုင်ပြည်သူတွေ ပြီးတော့ ချင်းပြည်နယ် ပလက်ဝမှာ ရှိတဲ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေအတွက်ပါ မဖြစ်မနေအခြေခံအကျဆုံးအရာဖြစ်တယ် ပြည်သူတွေအနေနဲ့က အင်တာနက်လိုမျိုး ပုဂ္ဂလိက သတင်းမီဒီယာချယ်နယ်တွေရှိတဲ့ အင်တာနက်က တခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်။ အင်တာနက်မှာသာလျှင် အမှီအခိုကင်းတဲ့ သတင်းအချက်တွေကို ရှာပြီးတော့ ဖတ်လို့ရပါမယ်။ အဲ့ဒီ့အခါမှသာ ပြည်သူတွေအနေနဲ့ သတင်းတွေကို မှန်မှန်ကန်ကန် မျှမျှတတ စဉ်းစားဆုံးဖြတ်လို့ရမယ် ထင်ပါတယ်။"
ရခိုင်ပြည်နယ်တွင်းမှာ အထူးသဖြင့် စစ်တွေမြို့ထဲ သြဂုတ်လ ၁၆ ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက်ဆိုသလို လူတွေအများအပြား ကူးစက်ခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တဲ့အတွက် ညမထွက်ရ အရေးပေါ် အမိန့်ထုတ်ပြန်လိုက်ပြီး နေအိမ်တွေထဲမှာပဲ ပြည်သူတွေနေကြဖို့ Stay at Home ညွှန်ကြားချက် ထုတ်တာ နောက် မြို့အဝင်အထွက်တွေ ကို ပိတ်ပြီး ကျန်းမာရေး စစ်ဆေးတာ အသွားအလာ ကန့်သတ်တာတွေ အပြင် ရခိုင်ပြည်နယ်ကို ဒီသီတင်းပတ်တွေထဲ ခရီးအသွားအလာရှိခဲ့သူတွေဆီမှာ ရောဂါပိုးရှိ-မရှိ စစ်ဆေးတာလိုမျိုး ပြည်သူအများကြား ထပ်ပြီး ရောဂါပိုးကူးစက်မှု မပြန့်ပွားရအောင် သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် အစီအမံတွေနဲ့ဆောင်ရွက်နေပါတယ်။