သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ COVID ေနာက္ဆံုးအေျခအေန က်န္းမာေရး၀န္ႀကီး၊ အေရးေပၚ တုံ႔ျပန္ကိုင္တြယ္မႈ ေခါင္းေဆာင္တို႔နဲ႔ ေမးျမန္းခန္း


စစ္ေတြၿမိဳ႕တြင္ ရဲလံုျခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (၂၃ ၾသဂုတ္ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ မေန႔ စေနညက COVID-19 ပိုးေတြ႔သူသစ္ ၇၇ ဦး ထပ္အမ်ားဆံုးစံခ်ိန္တင္ခဲ့ၿပီး အမ်ားစုက ရခုိင္ျပည္နယ္ စစ္ေတြနဲ႔ ေက်ာက္ျဖဴကပါ။ ဒီ ေနာက္ဆံုးအေျခအေနေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးနဲ႔ အေရးေပၚတံု႔ျပန္မႈ ဗဟိုကြင္းဆင္းအဖြဲ႔ ေခါင္းေဆာင္တို႔ကို မေန႔ညကပဲ ဆက္သြယ္ေမးျမန္းၿပီး ကိုဝင္းမင္း တင္ျပေပးထားပါတယ္။

ကုိဝင္းမင္း - ဝန္ႀကီး ေဒါက္တာျမင့္ေထြးခင္ဗ်ား၊ အခု ရခုိင္မွာျဖစ္ေနတဲ့ ပုိးကူးစက္ေနတာနဲ႔ ပတ္သက္ၿပီး မ်ဳိး႐ုိးဗီဇ ေျပာင္းတဲ့အတြက္ ကနဦး စစ္ေဆးတဲ့ ေနရာမွာ ဓာတ္ခြဲနမူနာ ၉ ခုလုံးမွာ ေတြ႔ထားတယ္လို႔ ဆရာ မိန္႔ခြန္းထဲမွာ ေျပာထားတာ ေတြ႔လုိက္လို႔ပါ။

ေဒါက္တာျမင့္ေထြး - “ေတြ႔တယ္၊ ၉ ခုမွာေတြ႔တယ္။ အဲဒီေကာင္က Whole Genome မလုပ္ေသးဘူး။ အဲဒီအပုိင္းပဲ D614G ရွိတဲ့အပုိင္းကုိပဲ လုပ္တဲ့အခါက်ေတာ့ ၉ ခုစလုံးမွာေတြ႔တယ္။ ဒီေကာင္က ဘယ္လုိျဖစ္သြားလဲဆုိေတာ့ က်ေနာ့္မိန္႔ခြန္းမွာ ေျပာသလုိပဲ CB Bank နဲ႔ သူနာျပဳက သူတို႔မွာ ရွိမွန္းမသိဘူး။ မရွိတာလည္း ၾကာေနၿပီ ရခုိင္မွာ။ အဲေတာ့ လူေတြက နည္းနည္းေပါ့သြားတဲ့သေဘာ ျဖစ္တာေပါ့။ ရခုိင္မွာေတြ႔တဲ့လူေတြရဲ႕ ၇၉ ရာခုိင္ႏႈန္းေလာက္က Asymptomatic (လကၡဏာမျပဘူး) ျဖစ္ေနတယ္။ ဒီေတြ႕တဲ့လူေတြက ႏွာေခါင္းအနံ႔မရဘူးဆုိတာ စစ္ေတြေဈးမွာ ျဖစ္ေနတာ နည္းနည္းၾကာေနၿပီတဲ့။”

ကုိဝင္းမင္း - ဒီပုိးက ကူးစက္ႏႈန္းသာ ျမန္ၿပီးေတာ့ လကၡဏာျပင္းထန္တာ မေတြ႔ရေသးဘဲနဲ႔ ပုိးေတြ႔သူ ၈၀ ရာခုိင္ႏႈန္း နီးပါးေလာက္က လကၡဏာေတာင္ မျပတဲ့သေဘာ ျဖစ္ေနတာေပါ့။

ေဒါက္တာျမင့္ေထြး - “ဟုတ္ကဲ့။”

ကိုဝင္းမင္း - အဲေတာ့ လူနာေတြရဲ႕ ေနာက္ဆုံးအေျခအေနေရာ ဘယ္လိုရွိပါသလဲ။

ေဒါက္တာျမင့္ေထြး - “အခုအခ်ိန္ထိကေတာ့ လူနာေတြက အကုန္လုံးေကာင္းတယ္။ ဘာမွမျဖစ္ေသးဘူး။ ICU မွာလည္း မထည့္ရဘူး၊ အသက္႐ွဴစက္လည္း မတင္ရဘူး။ တေယာက္ေလာက္ကေတာ့ နည္းနည္းေလး ေအာက္ဆီဂ်င္ေပးရတယ္၊ အဲဒီေလာက္ပဲ။ က်န္တာေတြက ဘာမွမျဖစ္ေသးဘူး။ ေစာင့္ၾကည့္ေနတယ္။ မနက္ျဖန္ ည ၈ နာရီသတင္းက်ေတာ့ အဲဒါေတြပါထည့္မယ္။ လူနာေတြ ဘယ္ႏွစ္ေယာက္ ေဆး႐ုံမွာရွိတယ္၊ ဘယ္ႏွစ္ေယာက္က သက္သာေကာင္းမြန္တယ္၊ ဘယ္ႏွစ္ေယာက္ကေတာ့ ICU မွာရွိတယ္၊ အကုန္လုံးေျပာမယ္။ မဟုတ္ရင္ လူေတြက ဒီ ေတြ႔တာမ်ားၿပီး ေၾကာက္ေနမွာစုိးလုိ႔ေလ။”

COVID-19 ကူးစက္မႈေတြ တုိးေနတဲ့ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က ႏွာေခါင္းစည္းတပ္ ဆုိက္ကားနင္းသူတဦး။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)
COVID-19 ကူးစက္မႈေတြ တုိးေနတဲ့ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က ႏွာေခါင္းစည္းတပ္ ဆုိက္ကားနင္းသူတဦး။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)

ကုိဝင္းမင္း - ေဆး႐ုံေတြလည္း ဆရာတုိ႔ ျပင္ထားတယ္လို႔ ၾကားပါတယ္။

ေဒါက္တာျမင့္ေထြး - “အကုန္လုံး လုပ္ထားတယ္၊ စစ္ေတြမွာလည္း လုပ္ထားတယ္။ အခု ေက်ာက္ျဖဴကိုလည္း က်ေနာ္ အဖြဲ႔တခုလႊတ္ေတာ့မယ္။”

ကုိဝင္းမင္း - အခုစစ္ေဆးတာလည္း ၇၇ ေယာက္ ေတြ႔တယ္ဆုိေတာ့။

ေဒါက္တာျမင့္ေထြး - “ေတြ႔တာေတာ့ ေတြ႔တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ဒီေကာင္က ဂရပ္ဖ္မ်ဥ္း ေထာင္တက္တဲ့အဆင့္ေပါ့။ ေနာက္ ဒီဂရပ္ဖ္မ်ဥ္းက တျဖည္းျဖည္း ေျပလာ ျပားလာၿပီးေတာ့ ေရျပင္ညီမ်ဥ္းမ်ဳိး ျဖစ္သြားတာေပါ့၊ ျပန္ၿပီးေတာ့ ထုိးဆင္းသြားတဲ့သေဘာေပါ့။ ဂရပ္ဖ္မ်ဥ္း ေထာင္တက္ေနတဲ့ အဆင့္မွာေတာ့ ေတြ႔ဦးမွာပဲ ဆက္ၿပီးေတာ့။ ဗုိင္းရပ္စ္က ကူးစက္မႈႏႈန္း မ်ားတယ္၊ အဲဒါေၾကာင့္ ျမန္တာ။ က်ေနာ္တုိ႔ ရန္ကုန္မွာ အရင္ျဖစ္သြားတာက ဒီေလာက္ မျမန္ဘူးေလ။ ဒါေပမယ့္ တက္တဲ့ႏႈန္းက နည္းနည္း မတ္ေနတယ္။ အဲဒီ မတ္ေနတာက နည္းနည္းေလး ေအာက္ကို က်သြားရင္ ၈၀၊ ၇၀ ဒီဂရီေလာက္ မဟုတ္ဘဲနဲ႔ ၄၀၊ ၃၀ ဒီဂရီေလာက္ခ်ဖို႔ အခု က်ေနာ္တုိ႔ လုပ္ေနတယ္။ အဲဒီေလာက္ဆုိ နည္းနည္းျဖစ္သြားမွာေပါ့။ အဲဒါအေရးႀကီးတယ္။”

ကိုဝင္းမင္း - ေနာက္ ဘယ္ႏွစ္ရက္ေလာက္ ထပ္တက္ၿပီးေတာ့ ဘယ္ႏွစ္ရက္ေလာက္မွာ ၄၀ ဒီဂရီေလာက္အထိ က်သြားမယ္လို႔ ထင္ပါသလဲ။

ေဒါက္တာျမင့္ေထြး - “အဲဒါက ေနာက္ထပ္ ေလးရက္၊ ငါးရက္ေလာက္ ၾကည့္ၿပီးမွ မွန္းလို႔ရမယ္။ ေနာက္တခုက က်ေနာ္တုိ႔ ဘာထပ္ယူရမလဲဆုိေတာ့ IDP ကမ့္ပ္ (စခန္း) နဲ႔ စစ္ေဘးေရွာင္ကမ့္ပ္ေတြေပါ့၊ ေနာက္ စစ္ေတြေဈးတုိ႔၊ အဲဒီကမ့္ပ္ေတြမွာ ေရွာင္တခင္ယူၿပီး စစ္မယ္။ အဲဒါအေရးႀကီးေနတယ္။”

ကုိဝင္းမင္း - အခုေနာက္ဆုံး ပိုးေတြ႔ထားတဲ့ ၇၇ ေယာက္ စံခ်ိန္တင္ထဲမွာ အမ်ားစု ၇၀ ေက်ာ္က ေက်ာက္ျဖဴနဲ႔ စစ္ေတြက အဓိက ျဖစ္ေနပါတယ္ ဆရာ။

ေဒါက္တာျမင့္ေထြး - “အဲဒီအမ်ားစုထက္ က်ေနာ္ပုိေၾကာက္တာက မတ္ ၁၀ ရက္ ကတည္းက ၂၅ ရက္ေလာက္အထိကို ရန္ကုန္ဆင္းတဲ့ ေလယာဥ္ကလူေတြက အခု ပ်ံ႕ေနတယ္။ အဲဒီလူေတြစာရင္းကုိ က်ေနာ္ မနက္ျဖန္ သတင္းစာထဲမွာ အကုန္ထည့္ေတာ့မယ္။ က်ေနာ္တုိ႔ကုိ ခ်က္ခ်င္းသတင္းပို႔ဖို႔။ က်ေနာ္တုိ႔ ဝက္ဘ္ဆုိက္မွာလည္း တင္မယ္။ ေလေၾကာင္းဆက္သြယ္ေရး ဝက္ဘ္ဆုိက္မွာလည္း တင္မယ္။ သူတုိ႔ အျမန္ဆုံး လာသတင္းပို႔ဖို႔။ ၇၀၀၀ ေလာက္ရွိမယ္ထင္တယ္ အဲဒါ။ ဒီဖလုိက္မွာ လူနာမည္ေတြပါမယ္။ တယ္လီဖုန္းေတြေတာ့ က်ေနာ္တုိ႔ ထည့္မေပးဘူး၊ က်ေနာ္တုိ႔မွာ အကုန္ရွိတယ္။ တယ္လီဖုန္းေတြ လိုက္ဆက္မယ္။ ခင္ဗ်ားတုိ႔ လာၿပီး သတင္းပုိ႔ၾကပါ၊ သတင္းမပုိ႔ဘဲ ခင္ဗ်ားမွာ ပိုးရွိလုိ႔ရွိရင္ ဒီပုိးက သူ႔ရဲ႕မိသားစု အစ္ကုိ ေမာင္ႏွမ တူ သား ေယာက္်ား မိန္းမ ကူးေတာ့မယ္။ အဲဒီလို မကူးခင္ အျမန္ဆုံးလာပါ။ က်ေနာ္ စစ္ေပးမယ္။ ေတြ႔ရင္ က်ေနာ္ Quarantine ထားလုိက္ေတာ့မယ္။ ပ်ံ႕ေနတာ မႏၱေလးမွာရွိမယ္၊ ျမစ္ႀကီးနားရွိမယ္၊ ေတာင္ႀကီးရွိမယ္၊ အခု စစ္ကိုင္းရွိမယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ၊ အခုလို ဦးေဆာင္ၿပီးေတာ့ ထိန္းထားေပးႏုိင္တာ။ အခု ဝန္ႀကီးေျပာခဲ့တဲ့ စစ္ေတြမွာ ေရွာင္တခင္ စစ္ေဆးမႈေတြအေၾကာင္း ကြင္းဆင္းၿပီးေတာ့ ဦးေဆာင္ေနတဲ့ ေဒါက္တာဉာဏ္ဝင္းျမင့္ခင္ဗ်ား၊ အေသးစိတ္ေလး ဆက္ရွင္းျပေပးပါလား။

ေဒါက္တာဉာဏ္ဝင္းျမင့္ - “ေဈးကေတာ့ တနလၤာေန႔ စယူမယ္လို႔ေတာ့ စီစဥ္ထားတယ္။ အားလုံး ၂၈၀ ေလာက္ စစ္ေဆးဖုိ႔ စီစဥ္ထားတယ္။ ေနရာကေတာ့ ေဆး႐ုံရယ္၊ ေဈးရယ္၊ ဘဏ္ရယ္၊ ရပ္ကြက္ေတြရယ္၊ IDP ကမ့္ပ္ရယ္၊ ေလဆိပ္ရယ္ေပါ့။”

ကိုဝင္းမင္း - စစ္ေဘးေရွာင္စခန္းေတြမွာေရာေပါ့ေနာ္ ဆရာ။

ေဒါက္တာဉာဏ္ဝင္းျမင့္ - “စစ္ေဘးေရွာင္ကမ့္ပ္ေပါ့၊ IDP ကမ့္ပ္ေရာ စစ္ေဘးေရွာင္ကမ့္ပ္ေရာ၊ ရခိုင္ေရာ၊ ဘဂၤါလီကမ့္ပ္ေရာ။”

ကိုဝင္းမင္း - အခုေနာက္ဆုံး ထပ္တုိးလာေတာ့ ေရာဂါအခံရွိတဲ့ လူနာအေရအတြက္ေရာ။

ေဒါက္တာဉာဏ္ဝင္းျမင့္ - “က်ေနာ္ထင္တာ ၁၆ ေယာက္နဲ႔တူတယ္။ ICU တုိ႔ ဘာတုိ႔ တင္ထားတာေတာ့ မရွိပါဘူး။”

ကုိဝင္းမင္း - ေက်းဇူးပါဆရာ၊ အေျခအေနကုိ ဆက္ထိန္းထားႏုိင္ပါေစလုိ႔ ဆုေတာင္းေပးလိုက္ပါတယ္ ဆရာ။

----------------------------

(Unicode)

ရခိုင် COVID နောက်ဆုံးအခြေအနေ ကျန်းမာရေးဝန်ကြီး၊ အရေးပေါ် တုံ့ပြန်ကိုင်တွယ်မှု ခေါင်းဆောင်တို့နဲ့ မေးမြန်းခန်း

မြန်မာနိုင်ငံမှာ မနေ့ စနေညက COVID-19 ပိုးတွေ့သူသစ် ၇၇ ဦး ထပ်အများဆုံးစံချိန်တင်ခဲ့ပြီး အများစုက ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူကပါ။ ဒီ နောက်ဆုံးအခြေအနေတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးနဲ့ အရေးပေါ်တုံ့ပြန်မှု ဗဟိုကွင်းဆင်းအဖွဲ့ ခေါင်းဆောင်တို့ကို မနေ့ညကပဲ ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်း တင်ပြပေးထားပါတယ်။

ကိုဝင်းမင်း - ဝန်ကြီး ဒေါက်တာမြင့်ထွေးခင်ဗျား၊ အခု ရခိုင်မှာဖြစ်နေတဲ့ ပိုးကူးစက်နေတာနဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇ ပြောင်းတဲ့အတွက် ကနဦး စစ်ဆေးတဲ့ နေရာမှာ ဓာတ်ခွဲနမူနာ ၉ ခုလုံးမှာ တွေ့ထားတယ်လို့ ဆရာ မိန့်ခွန်းထဲမှာ ပြောထားတာ တွေ့လိုက်လို့ပါ။

ဒေါက်တာမြင့်ထွေး - “တွေ့တယ်၊ ၉ ခုမှာတွေ့တယ်။ အဲဒီကောင်က Whole Genome မလုပ်သေးဘူး။ အဲဒီအပိုင်းပဲ D614G ရှိတဲ့အပိုင်းကိုပဲ လုပ်တဲ့အခါကျတော့ ၉ ခုစလုံးမှာတွေ့တယ်။ ဒီကောင်က ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျနော့်မိန့်ခွန်းမှာ ပြောသလိုပဲ CB Bank နဲ့ သူနာပြုက သူတို့မှာ ရှိမှန်းမသိဘူး။ မရှိတာလည်း ကြာနေပြီ ရခိုင်မှာ။ အဲတော့ လူတွေက နည်းနည်းပေါ့သွားတဲ့သဘော ဖြစ်တာပေါ့။ ရခိုင်မှာတွေ့တဲ့လူတွေရဲ့ ၇၉ ရာခိုင်နှုန်းလောက်က Asymptomatic (လက္ခဏာမပြဘူး) ဖြစ်နေတယ်။ ဒီတွေ့တဲ့လူတွေက နှာခေါင်းအနံ့မရဘူးဆိုတာ စစ်တွေဈေးမှာ ဖြစ်နေတာ နည်းနည်းကြာနေပြီတဲ့။”

ကိုဝင်းမင်း - ဒီပိုးက ကူးစက်နှုန်းသာ မြန်ပြီးတော့ လက္ခဏာပြင်းထန်တာ မတွေ့ရသေးဘဲနဲ့ ပိုးတွေ့သူ ၈၀ ရာခိုင်နှုန်း နီးပါးလောက်က လက္ခဏာတောင် မပြတဲ့သဘော ဖြစ်နေတာပေါ့။

ဒေါက်တာမြင့်ထွေး - “ဟုတ်ကဲ့။”

ကိုဝင်းမင်း - အဲတော့ လူနာတွေရဲ့ နောက်ဆုံးအခြေအနေရော ဘယ်လိုရှိပါသလဲ။

ဒေါက်တာမြင့်ထွေး - “အခုအချိန်ထိကတော့ လူနာတွေက အကုန်လုံးကောင်းတယ်။ ဘာမှမဖြစ်သေးဘူး။ ICU မှာလည်း မထည့်ရဘူး၊ အသက်ရှူစက်လည်း မတင်ရဘူး။တယောက်လောက်ကတော့ နည်းနည်းလေး အောက်ဆီဂျင်ပေးရတယ်၊ အဲဒီလောက်ပဲ။ ကျန်တာတွေက ဘာမှမဖြစ်သေးဘူး။ စောင့်ကြည့်နေတယ်။ မနက်ဖြန် ည ၈ နာရီသတင်းကျတော့ အဲဒါတွေပါထည့်မယ်။ လူနာတွေ ဘယ်နှစ်ယောက် ဆေးရုံမှာရှိတယ်၊ ဘယ်နှစ်ယောက်က သက်သာကောင်းမွန်တယ်၊ ဘယ်နှစ်ယောက်ကတော့ ICU မှာရှိတယ်၊ အကုန်လုံးပြောမယ်။ မဟုတ်ရင် လူတွေက ဒီ တွေ့တာများပြီး ကြောက်နေမှာစိုးလို့လေ။”

ကိုဝင်းမင်း - ဆေးရုံတွေလည်း ဆရာတို့ ပြင်ထားတယ်လို့ ကြားပါတယ်။

ဒေါက်တာမြင့်ထွေး - “အကုန်လုံး လုပ်ထားတယ်၊ စစ်တွေမှာလည်း လုပ်ထားတယ်။ အခု ကျောက်ဖြူကိုလည်း ကျနော် အဖွဲ့တခုလွှတ်တော့မယ်။”

ကိုဝင်းမင်း - အခုစစ်ဆေးတာလည်း ၇၇ ယောက် တွေ့တယ်ဆိုတော့။

ဒေါက်တာမြင့်ထွေး - “တွေ့တာတော့ တွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က ဂရပ်ဖ်မျဉ်း ထောင်တက်တဲ့အဆင့်ပေါ့။ နောက် ဒီဂရပ်ဖ်မျဉ်းက တဖြည်းဖြည်း ပြေလာ ပြားလာပြီးတော့ ရေပြင်ညီမျဉ်းမျိုး ဖြစ်သွားတာပေါ့၊ ပြန်ပြီးတော့ ထိုးဆင်းသွားတဲ့သဘောပေါ့။ ဂရပ်ဖ်မျဉ်း ထောင်တက်နေတဲ့ အဆင့်မှာတော့ တွေ့ဦးမှာပဲ ဆက်ပြီးတော့။ ဗိုင်းရပ်စ်က ကူးစက်မှုနှုန်း များတယ်၊ အဲဒါကြောင့် မြန်တာ။ ကျနော်တို့ ရန်ကုန်မှာ အရင်ဖြစ်သွားတာက ဒီလောက် မမြန်ဘူးလေ။ ဒါပေမယ့် တက်တဲ့နှုန်းက နည်းနည်း မတ်နေတယ်။ အဲဒီ မတ်နေတာက နည်းနည်းလေး အောက်ကို ကျသွားရင် ၈၀၊ ၇၀ ဒီဂရီ မဟုတ်ဘဲနဲ့ ၄၀၊ ၃၀ ဒီဂရီလောက်ချဖို့ အခု ကျနော်တို့ လုပ်နေတယ်။ အဲဒီလောက်ဆို နည်းနည်းဖြစ်သွားမှာပေါ့။ အဲဒါအရေးကြီးတယ်။”

ကိုဝင်းမင်း - နောက် ဘယ်နှစ်ရက်လောက် ထပ်တက်ပြီးတော့ ဘယ်နှစ်ရက်လောက်မှာ ၄၀ ဒီဂရီလောက်အထိ ကျသွားမယ်လို့ ထင်ပါသလဲ။

ဒေါက်တာမြင့်ထွေး - “အဲဒါက နောက်ထပ် လေးရက်၊ ငါးရက်လောက် ကြည့်ပြီးမှ မှန်းလို့ရမယ်။ နောက်တခုက ကျနော်တို့ ဘာထပ်ယူရမလဲဆိုတော့ IDP ကမ့်ပ် (စခန်း) နဲ့ စစ်ဘေးရှောင်ကမ့်ပ်တွေပေါ့၊ နောက် စစ်တွေဈေးတို့၊ အဲဒီကမ့်ပ်တွေမှာ ရှောင်တခင်ယူပြီး စစ်မယ်။ အဲဒါအရေးကြီးနေတယ်။”

ကိုဝင်းမင်း - အခုနောက်ဆုံး ပိုးတွေ့ထားတဲ့ ၇၇ ယောက် စံချိန်တင်ထဲမှာ အများစု ၇၀ ကျော်က ကျောက်ဖြူနဲ့ စစ်တွေက အဓိက ဖြစ်နေပါတယ် ဆရာ။

ဒေါက်တာမြင့်ထွေး - “အဲဒီအများစုထက် ကျနော်ပိုကြောက်တာက မတ် ၁၀ ရက် ကတည်းက ၂၅ ရက်လောက်အထိကို ရန်ကုန်ဆင်းတဲ့ လေယာဉ်ကလူတွေက အခု ပျံ့နေတယ်။ အဲဒီလူတွေစာရင်းကို ကျနော် မနက်ဖြန် သတင်းစာထဲမှာ အကုန်ထည့်တော့မယ်။ ကျနော်တို့ကို ချက်ချင်းသတင်းပို့ဖို့။ ကျနော်တို့ ဝက်ဘ်ဆိုက်မှာလည်း တင်မယ်။ လေကြောင်းဆက်သွယ်ရေး ဝက်ဘ်ဆိုက်မှာလည်း တင်မယ်။ သူတို့ အမြန်ဆုံး လာသတင်းပို့ဖို့။ ၇၀၀၀ လောက်ရှိမယ်ထင်တယ် အဲဒါ။ ဒီဖလိုက်မှာ လူနာမည်တွေပါမယ်။ တယ်လီဖုန်းတွေတော့ ကျနော်တို့ ထည့်မပေးဘူး၊ ကျနော်တို့မှာ အကုန်ရှိတယ်။ တယ်လီဖုန်းတွေ လိုက်ဆက်မယ်။ ခင်ဗျားတို့ လာပြီး သတင်းပို့ကြပါ၊ သတင်းမပို့ဘဲ ခင်ဗျားမှာ ပိုးရှိလို့ရှိရင် ဒီပိုးက သူ့ရဲ့မိသားစု အစ်ကို မောင်နှမ တူ သား ယောက်ျား မိန်းမ ကူးတော့မယ်။ အဲဒီလို မကူးခင် အမြန်ဆုံးလာပါ။ ကျနော် စစ်ပေးမယ်။ တွေ့ရင် ကျနော် Quarantine ထားလိုက်တော့မယ်။ ပျံ့နေတာ မန္တလေးမှာရှိမယ်၊ မြစ်ကြီးနားရှိမယ်၊ တောင်ကြီးရှိမယ်၊ အခု စစ်ကိုင်းရှိမယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ၊ အခုလို ဦးဆောင်ပြီးတော့ ထိန်းထားပေးနိုင်တာ။ အခု ဝန်ကြီးပြောခဲ့တဲ့ စစ်တွေမှာ ရှောင်တခင် စစ်ဆေးမှုတွေအကြောင်း ကွင်းဆင်းပြီးတော့ ဦးဆောင်နေတဲ့ ဒေါက်တာဉာဏ်ဝင်းမြင့်ခင်ဗျား၊ အသေးစိတ်လေး ဆက်ရှင်းပြပေးပါလား။

ဒေါက်တာဉာဏ်ဝင်းမြင့် - “ဈေးကတော့ တနင်္လာနေ့ စယူမယ်လို့တော့ စီစဉ်ထားတယ်။ အားလုံး ၂၈၀ လောက် စစ်ဆေးဖို့ စီစဉ်ထားတယ်။ နေရာကတော့ ဆေးရုံရယ်၊ ဈေးရယ်၊ ဘဏ်ရယ်၊ ရပ်ကွက်တွေရယ်၊ IDP ကမ့်ပ်ရယ်၊ လေဆိပ်ရယ်ပေါ့။”

ကိုဝင်းမင်း - စစ်ဘေးရှောင်စခန်းတွေမှာရောပေါ့နော် ဆရာ။

ဒေါက်တာဉာဏ်ဝင်းမြင့် - “စစ်ဘေးရှောင်ကမ့်ပ်ပေါ့၊ IDP ကမ့်ပ်ရော စစ်ဘေးရှောင်ကမ့်ပ်ရော၊ ရခိုင်ရော၊ ဘင်္ဂါလီကမ့်ပ်ရော။”

ကိုဝင်းမင်း - အခုနောက်ဆုံး ထပ်တိုးလာတော့ ရောဂါအခံရှိတဲ့ လူနာအရေအတွက်ရော။

ဒေါက်တာဉာဏ်ဝင်းမြင့် - “ကျနော်ထင်တာ ၁၆ ယောက်နဲ့တူတယ်။ ICU တို့ ဘာတို့ တင်ထားတာတော့ မရှိပါဘူး။”

ကိုဝင်းမင်း - ကျေးဇူးပါဆရာ၊ အခြေအနေကို ဆက်ထိန်းထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG