သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုၾကား ကိုဗစ္ကာကြယ္မႈ အားနည္းတာေၾကာင့္ စိုးရိမ္မႈေတြ ထြက္ေပၚ


ႏွာေခါင္းစည္းတပ္ထားတဲ့ လူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ တရက္တည္း စံခ်ိန္ခ်ိဳးေအာင္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ ျမင့္တက္ခဲ့တာေၾကာင့္ ကာကြယ္ေရးအစီအမံေတြကို တိုးျမႇင့္လိုက္ေပမဲ့ ေရာဂါကူးစက္မႈေတြ သိပ္မမ်ားတဲ့ ရန္ကုန္၊ မႏၲေလးစတဲ့ ေဒသေတြမွာေတာ့ က်န္းမာေရးအတြက္ ႀကိဳတင္ကာကြယ္မႈေတြ အားနည္းေနတဲ့အေပၚ စိုးရိမ္မႈေတြ ရွိေနပါတယ္။ ျမန္မာသတင္းပညာသိပၸံ MJI က အလုပ္သင္သတင္းေထာက္ မိုင္းယိုင္နီ က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္မွာ ျပည္ပခရီးသြား ရာဇဝင္လည္းမရွိ၊ ေရာဂါျဖစ္သူေတြနဲ႔ ထိေတြ႕ဖူးတဲ့ မွတ္တမ္းလည္းမရွိသူ တေယာက္ကေန ကူးစက္မႈေတြ စတင္ခဲ့ရာမွာ ဒီတပတ္ထဲမွာေတာ့ ၂၄ နာရီအတြင္း လူေပါင္း ၁၀၀ ကူးစက္တဲ့အထိ စံခ်ိန္တင္ခဲ့ပါတယ္။ ေရာဂါကူးစက္မႈေတြ သိသိသာသာ တိုးလာၿပီးေနာက္မွာေတာ့ ျပည္နယ္တစ္ခုလုံးမွာလည္း မလိုအပ္ရင္ အိမ္ထဲက အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားရပါတယ္။ ရခိုင္ျပည္နယ္က ကူးစက္မႈေတြနဲ႔ ဆက္ႏြယ္ၿပီး တျခားေဒသေတြမွာလည္း လူနာသစ္ေတြ ထပ္မံေတြ႕ရွိထားပါတယ္။ စစ္ေတြကေန ျပန္လာသူ ၂ ဦး ေရာဂါကူးစက္ခံထားရေၾကာင္း အတည္ျပဳထားတဲ့ ရန္ကုန္ၿမိဳ႕ခံေတြ ၾကားမွာေတာ့ ရခိုင္ျပည္နယ္က သတင္းေတြေၾကာင့္ စိုးရိမ္မႈေတြလည္း ထြက္ေပၚလာေနပါတယ္။

“စိုးရိမ္မႈကေတာ့ ရွိတာေပါ့ေနာ္။ ႏိုင္ငံတကာနဲ႔ယွဥ္ရင္ ျမန္မာျပည္က သိပ္အဆိုးႀကီး မဟုတ္ဘူးဆိုေပမဲ့ ျဖစ္လာမွာကို အရမ္းစိုးရိမ္တယ္။ ေရာဂါလကၡဏာေတြက ျမင္ရတဲ့အရာေတြမဟုတ္ဘူး။ ကူးႏိုင္တယ္။ အဲ့လိုကူးႏိုင္လို႔ အမ်ားႀကီးစိုးရိမ္တယ္။ စိုးရိမ္တဲ့အတြက္ ျပည္သူလူထုအေနနဲ႔ဝိုင္းဝန္းၿပီးေတာ့ Mask ကို ‌ေသခ်ာတပ္ၾကမယ္။ လက္ကိုေဆးၾကမယ္ဆိုရင္ေတာ့ ေရာဂါကာကြယ္မႈ ရွိမွာပါ။”

ရန္ကုန္ၿမိဳ႕ခံ မအိမူယာေဆြလိုပဲ ကပ္ေရာဂါအႏၲရာယ္ကို စိုးရိမ္ေနတဲ့ ကိုရဲထြန္းေက်ာ္ကေတာ့ ၿမိဳ႕ခံေတြၾကား က်န္းမာေရးအတြက္ ႀကိဳတင္ကာကြယ္မႈေတြ အားနည္းေနတုန္းပဲလို႔ ေျပာပါတယ္။

“ေန႔စဥ္လႈပ္ရွားသြားလာေနတာက သင္တန္းသြားလိုက္၊ အိမ္ျပန္လိုက္ေပါ့။ ဒါေပမဲ့ သင္တန္းသြားရင္လည္း လိုင္းကားနဲ႔ သြားရတာဆိုေတာ့ ကားေပၚမွာလည္း ေတာ္ေတာ္မ်ားမ်ားက Mask မတပ္ၾကဘူး။ တခ်ိဳ႕ဆို Mask ကို လုံးလုံး မပါၾကဘူး။ အဲဒါေၾကာင့္ စိုးရိမ္တယ္။”

အဓိက ၿမိဳ႕ႀကီးတခုျဖစ္တဲ့ မႏၲေလးမွာလည္း ရခိုင္ျပည္နယ္မွာ ကူးစက္မႈေတြ တိုးလာတာေၾကာင့္ စိုးရိမ္ေနသူေတြ ရွိပါတယ္။

“လက္ရွိ ကိုဗစ္နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔အထူးပဲ ျပန္ၿပီးစိုးရိမ္ပါတယ္။ အခုအေနအထားကေတာ့ က်ေနာ္တို႔ျပန္ေျပာရင္ ရခိုင္ေဒသမွာ တေန႔၊ တေန႔ကို ျပန္ေျပာရရင္ ကိုဗစ္ကူးစက္တဲ့သတင္းကို ေတြ႕ေနရပါတယ္။ ဒီေန႔ဆိုရင္ အေယာက္ ၇၀ ထိ တခါမွ မၾကားဘူးတဲ့သတင္းေတြအထိ တက္လာတဲ့အတြက္ ျပန္ေျပာရင္ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အထူးပဲ စိုးရိမ္ပါတယ္”

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါစတင္ေတြ႕ရွိခဲ့တဲ့ မတ္လေႏွာင္းပိုင္းကစၿပီး စက္႐ုံ၊ အလုပ္႐ုံေတြနဲ႔လူစုလူေဝးေတြ ပိတ္ပင္ကန႔္သတ္ခဲ့ေပမဲ့ ကူးစက္မႈေတြ ေလ်ာ့က်လာတဲ့ေနာက္ ကန႔္သတ္ခ်က္တခ်ိဳ႕ကို ျပန္လည္ ေျဖေလွ်ာ့ေပးခဲ့ပါတယ္။ က်န္းမာေရးကန႔္သတ္ခ်က္နဲ႔အညီ အထက္တန္းေက်ာင္းတခ်ိဳ႕ကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳခဲ့သလို စုေဝးခြင့္ကိုလည္း လူ ၃၀ အထိ ခြင့္ျပဳခဲ့ပါတယ္။ ဒါေပမဲ့လည္း ရခိုင္ျပည္နယ္ကစၿပီး ကူးစက္မႈေတြ ႐ုတ္တရက္ တိုးလာခဲ့ၿပီးေနာက္မွာေတာ့ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေက်ာင္းေတြကိုလည္း ျပန္ပိတ္ထားရပါတယ္။

ရန္ကုန္ၿမိဳ႕က ေဆးပညာရွင္ ေဒါက္တာျမင့္ဦး (ဂ်ီပီ) ေကတာ့ က်န္းမာေရးအတြက္ လိုက္နာဖို႔ လိုအပ္ခ်က္ေတြ ရွိေနတာက စိုးရိမ္စရာ ေကာင္းတယ္လို႔ သတိေပးပါတယ္။

“ေက်ာင္းလည္း ဖြင့္ၿပီ။ ေက်ာင္းဖြင့္တာေတာင္ ဖ႐ိုဖရဲနဲ႔စတာေပါ့။ ဘာလို႔တုန္းဆိုေတာ့ ေက်ာင္းရဲ႕ျပင္ပမွာ လူေတြတအုပ္ႀကီး ထိုင္ေနတယ္။ ေက်ာင္းထဲလည္း ဝင္ေရာ ေျခာက္ေပ၊ ေျခာက္ေပျဖစ္သြားေတာ့ ဒါႀကီးက ထိေရာက္ပါ့မလားဆိုတာ စဥ္းစားတာေပါ့ေနာ္။ အခုလိုပဲ စားေသာက္ဆိုင္ေတြမွာ အလယ္ကေန ကန႔္ထားတယ္။ ဆိုင္ကယ္စီးၿပီးအတူခြလာတယ္။ အထဲေရာက္မွခြာေတာ့ ဒါေတြက မထိေရာက္ေတာ့ဘူးေလ။ အဲ့လိုမဟုတ္ဘဲ မိမိအိမ္ကစထြက္ကတည္းက ေျခာက္ေပခြာသြားရင္ ေတာ္ေတာ္ေလးကို ကာကြယ္ႏိုင္မွာပါ”

ရခိုင္ျပည္နယ္မွာ ကူးစက္မႈေတြ တဟုန္ထိုးမ်ားလာခဲ့ၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က မိန႔္ခြန္းေျပာရာမွာလည္း ရန္ကုန္လူထုၾကား ႏွာေခါင္းစည္း မဝတ္တာလို ကာကြယ္မႈေတြမွာ အားနည္းေနတာေတြကို ထည့္သြင္းေျပာဆိုခဲ့တာပါ။ ကပ္ေရာဂါအႏၲရာယ္ ႀကိဳတင္ကာကြယ္ဖို႔ တကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္ဖို႔ တတ္ႏိုင္သမွ် အျပင္မထြက္ၾကဖို႔ လူစုလူေဝးမလုပ္ဖို႔နဲ႔ လူခ်င္းခပ္ခြာခြာ ေနဖို႔စတဲ့ အေျခခံစည္းမ်ဥ္းေတြကို လိုက္နာဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလူထုကြား ကိုဗစ်ကာကွယ်မှု အားနည်းတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်

ရခိုင်ပြည်နယ်မှာ တရက်တည်း စံချိန်ချိုးအောင် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်ခဲ့တာကြောင့် ကာကွယ်ရေးအစီအမံတွေကို တိုးမြှင့်လိုက်ပေမဲ့ ရောဂါကူးစက်မှုတွေ သိပ်မများတဲ့ ရန်ကုန်၊ မန္တလေးစတဲ့ ဒေသတွေမှာတော့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ အားနည်းနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာသတင်းပညာသိပ္ပံ MJI က အလုပ်သင်သတင်းထောက် မိုင်းယိုင်နီ က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ပြည်ပခရီးသွား ရာဇဝင်လည်းမရှိ၊ ရောဂါဖြစ်သူတွေနဲ့ ထိတွေ့ဖူးတဲ့ မှတ်တမ်းလည်းမရှိသူ တယောက်ကနေ ကူးစက်မှုတွေ စတင်ခဲ့ရာမှာ ဒီတပတ်ထဲမှာတော့ ၂၄ နာရီအတွင်း လူပေါင်း ၁၀၀ ကူးစက်တဲ့အထိ စံချိန်တင်ခဲ့ပါတယ်။ ရောဂါကူးစက်မှုတွေ သိသိသာသာ တိုးလာပြီးနောက်မှာတော့ ပြည်နယ်တစ်ခုလုံးမှာလည်း မလိုအပ်ရင် အိမ်ထဲက အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားရပါတယ်။ ရခိုင်ပြည်နယ်က ကူးစက်မှုတွေနဲ့ ဆက်နွယ်ပြီး တခြားဒေသတွေမှာလည်း လူနာသစ်တွေ ထပ်မံတွေ့ရှိထားပါတယ်။ စစ်တွေကနေ ပြန်လာသူ ၂ ဦး ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားတဲ့ ရန်ကုန်မြို့ခံတွေ ကြားမှာတော့ ရခိုင်ပြည်နယ်က သတင်းတွေကြောင့် စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

“စိုးရိမ်မှုကတော့ ရှိတာပေါ့နော်။ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာပြည်က သိပ်အဆိုးကြီး မဟုတ်ဘူးဆိုပေမဲ့ ဖြစ်လာမှာကို အရမ်းစိုးရိမ်တယ်။ ရောဂါလက္ခဏာတွေက မြင်ရတဲ့အရာတွေမဟုတ်ဘူး။ ကူးနိုင်တယ်။ အဲ့လိုကူးနိုင်လို့ အများကြီးစိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ဝိုင်းဝန်းပြီးတော့ Mask ကို ‌သေချာတပ်ကြမယ်။ လက်ကိုဆေးကြမယ်ဆိုရင်တော့ ရောဂါကာကွယ်မှု ရှိမှာပါ။”

ရန်ကုန်မြို့ခံ မအိမူယာဆွေလိုပဲ ကပ်ရောဂါအန္တရာယ်ကို စိုးရိမ်နေတဲ့ ကိုရဲထွန်းကျော်ကတော့ မြို့ခံတွေကြား ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ အားနည်းနေတုန်းပဲလို့ ပြောပါတယ်။

“နေ့စဉ်လှုပ်ရှားသွားလာနေတာက သင်တန်းသွားလိုက်၊ အိမ်ပြန်လိုက်ပေါ့။ ဒါပေမဲ့ သင်တန်းသွားရင်လည်း လိုင်းကားနဲ့ သွားရတာဆိုတော့ ကားပေါ်မှာလည်း တော်တော်များများက Mask မတပ်ကြဘူး။ တချို့ဆို Mask ကို လုံးလုံး မပါကြဘူး။ အဲဒါကြောင့် စိုးရိမ်တယ်။”

အဓိက မြို့ကြီးတခုဖြစ်တဲ့ မန္တလေးမှာလည်း ရခိုင်ပြည်နယ်မှာ ကူးစက်မှုတွေ တိုးလာတာကြောင့် စိုးရိမ်နေသူတွေ ရှိပါတယ်။

“လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး ကျနော်တို့အထူးပဲ ပြန်ပြီးစိုးရိမ်ပါတယ်။ အခုအနေအထားကတော့ ကျနော်တို့ပြန်ပြောရင် ရခိုင်ဒေသမှာ တနေ့၊ တနေ့ကို ပြန်ပြောရရင် ကိုဗစ်ကူးစက်တဲ့သတင်းကို တွေ့နေရပါတယ်။ ဒီနေ့ဆိုရင် အယောက် ၇၀ ထိ တခါမှ မကြားဘူးတဲ့သတင်းတွေအထိ တက်လာတဲ့အတွက် ပြန်ပြောရင် ဒါနဲ့ပတ်သက်ပြီးတော့ အထူးပဲ စိုးရိမ်ပါတယ်”

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်တွေ့ရှိခဲ့တဲ့ မတ်လနှောင်းပိုင်းကစပြီး စက်ရုံ၊ အလုပ်ရုံတွေနဲ့လူစုလူဝေးတွေ ပိတ်ပင်ကန့်သတ်ခဲ့ပေမဲ့ ကူးစက်မှုတွေ လျော့ကျလာတဲ့နောက် ကန့်သတ်ချက်တချို့ကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ ကျန်းမာရေးကန့်သတ်ချက်နဲ့အညီ အထက်တန်းကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သလို စုဝေးခွင့်ကိုလည်း လူ ၃၀ အထိ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကစပြီး ကူးစက်မှုတွေ ရုတ်တရက် တိုးလာခဲ့ပြီးနောက်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေကိုလည်း ပြန်ပိတ်ထားရပါတယ်။

ရန်ကုန်မြို့က ဆေးပညာရှင် ဒေါက်တာမြင့်ဦး (ဂျီပီ) ကေတာ့ ကျန်းမာရေးအတွက် လိုက်နာဖို့ လိုအပ်ချက်တွေ ရှိနေတာက စိုးရိမ်စရာ ကောင်းတယ်လို့ သတိပေးပါတယ်။

“ကျောင်းလည်း ဖွင့်ပြီ။ ကျောင်းဖွင့်တာတောင် ဖရိုဖရဲနဲ့စတာပေါ့။ ဘာလို့တုန်းဆိုတော့ ကျောင်းရဲ့ပြင်ပမှာ လူတွေတအုပ်ကြီး ထိုင်နေတယ်။ ကျောင်းထဲလည်း ဝင်ရော ခြောက်ပေ၊ ခြောက်ပေဖြစ်သွားတော့ ဒါကြီးက ထိရောက်ပါ့မလားဆိုတာ စဉ်းစားတာပေါ့နော်။ အခုလိုပဲ စားသောက်ဆိုင်တွေမှာ အလယ်ကနေ ကန့်ထားတယ်။ ဆိုင်ကယ်စီးပြီးအတူခွလာတယ်။ အထဲရောက်မှခွာတော့ ဒါတွေက မထိရောက်တော့ဘူးလေ။ အဲ့လိုမဟုတ်ဘဲ မိမိအိမ်ကစထွက်ကတည်းက ခြောက်ပေခွာသွားရင် တော်တော်လေးကို ကာကွယ်နိုင်မှာပါ”

ရခိုင်ပြည်နယ်မှာ ကူးစက်မှုတွေ တဟုန်ထိုးများလာခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောရာမှာလည်း ရန်ကုန်လူထုကြား နှာခေါင်းစည်း မဝတ်တာလို ကာကွယ်မှုတွေမှာ အားနည်းနေတာတွေကို ထည့်သွင်းပြောဆိုခဲ့တာပါ။ ကပ်ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ဖို့ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ လူစုလူဝေးမလုပ်ဖို့နဲ့ လူချင်းခပ်ခွာခွာ နေဖို့စတဲ့ အခြေခံစည်းမျဉ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG