သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ဒုတိယလိႈင္းေၾကာင့္ ျမန္မာ့ေရြးေကာက္ပြဲအေျခအေန စိတ္မေအးဖြယ္ျဖစ္ေန


၂၀၁၅ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုရဲ႕ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ စံခ်ိန္ခ်ဳိးေလာက္ေအာင္ တုိးလာတာေၾကာင့္ က်င္းပဖုိ႔လပုိင္းေလာက္သာ လုိေတာ့တဲ့ ေရြးေကာက္ပဲြအေပၚ ႐ုိက္ခတ္လာမွာကုိ စုိးရိမ္မႈေတြလည္း ထြက္ေပၚလာေနတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးထားပါတယ္။

ရခုိင္ျပည္နယ္မွာ အမ်ားစု အပါအ၀င္ ကိုဗစ္ေရာဂါကူးစက္သူ အတည္ျပဳလူနာ ၂၄ နာရီအတြင္း ၁၀၀ ေလာက္အထိ တုိးလာတာေၾကာင့္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ သြားလာလႈပ္ရွားမႈေတြကုိလည္း ကန္႔သတ္လာၾကပါတယ္။ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကန္႔သတ္မႈေတြေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြမွာ ထိခိုက္လာမွာ စုိးရိမ္ေၾကာင္း ေရြးေကာက္ပဲြေစာင့္ၾကည့္လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ ေအာက္ခ်င္းအဖြဲ႔ အမႈေဆာင္ဒါ႐ိုက္တာ ဦးခ်န္လ်န္က ေျပာပါတယ္။

“အမ်ားႀကီး သက္ေရာက္မႈက ရွိလာမယ္လို႔ က်ေနာ္က ယူဆတယ္။ နယ္စပ္ေဒသမွာရွိတဲ့ က်ေနာ္တို႔ရဲ႕ observer ေတြအတြက္ က်ေနာ္တို႔ သင္တန္းေပးလို႔ မရေတာ့ဘူးျဖစ္သြားတယ္၊ ပထမအခ်က္။ ၿပီးရင္ ဥပမာ ရခိုင္ျပည္နယ္က က်ေနာ္တို႔ volunteer ေခၚထားတဲ့သူေတြက အခုေခၚလို႔ မရေတာ့ဘူး၊ ေလယာဥ္လည္းပိတ္တယ္၊ ကားလည္းပိတ္တယ္။ ထိုလည္းလည္းေကာင္းပဲ (ေ႐ြးေကာက္ပြဲ) ေကာ္မရွင္ကလည္း social distance ဆိုတဲ့ က်န္းမာေရးစံ သတ္မွတ္ခ်က္နဲ႔အညီ လုပ္ဖို႔အတြက္ သူ႔မွာလည္း အေတာ္မ်ားမ်ား အဟန႔္အတားေတြ၊ အခက္အခဲေတြ ႀကဳံေနတယ္လို႔ပဲ အဲလိုပဲ က်ေနာ္ကေတာ့ သုံးသပ္တယ္။”

အေစာပုိင္းမွာတုန္းကေတာ့ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ ေလ်ာ့က်လာတာေၾကာင့္ ျမန္မာတာ၀န္ရွိသူေတြက လူ ၃၀ အထိ စုေ၀းခြင့္ အပါအ၀င္ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြကုိ ေလွ်ာ့ေပါ့ေပးခဲ့တာပါ။ ဒါေပမဲ့လည္း ေရြးေကာက္ပဲြအတြက္ စည္း႐ုံးေရးဆင္းခြင့္ရဖုိ႔ ရက္ပုိင္းအလုိမွာပဲ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ အခက္ႀကံဳရမွာ စုိးရိမ္တယ္လုိ႔ လာမယ့္ ေရြးေကာက္ပဲြမွာ ျပန္လည္ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့ ကခ်င္တုိင္းရင္းသူ ေဒၚဒြဲဘူက ေျပာပါတယ္။

“မဲဆြယ္ကာလျဖစ္တဲ့ ဒီလကုန္ေပါ့ေနာ္၊ ဒီလိုအေျခအေနနဲ႔ က်မတို႔က ဘယ္လိုမွ လူမ်ားမ်ားနဲ႔ က်မတို႔ စည္း႐ုံးဖို႔ မလြယ္ဘူး။ အဲဒီေတာ့ တအိမ္တက္ဆင္း door to door လိုက္ေျပာဖို႔ဆိုတာကလည္း လူမ်ားတဲ့ ၿမိဳ႕ႀကီးေတြမွာ ဘယ္လိုမွ မလြယ္ဘူးေပါ့ေနာ္။ အဲဒီေတာ့ အစိုးရမဖြဲ႕ႏိုင္တဲ့ ပါတီေတြအတြက္ေတာ့ ေတာ္ေတာ္ အခက္အခဲရွိပါတယ္ရွင့္။”

ရခုိင္ျပည္နယ္က ကူးစက္မႈေတြ အမ်ားစုေတြ႔ေနရတဲ့ စစ္ေတြမွာေတာ့ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသလုိ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားပါတယ္။ ဒီလုိအေျခအေနမ်ဳိးေတြေၾကာင့္ လာမယ့္ ေရြးေကာက္ပဲြအေပၚ ႐ုိက္ခတ္လာႏုိင္တယ္လုိ႔လည္း ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးသူရိန္ထြဋ္က ဗြီအိုေအကို ေျပာပါတယ္။

“သက္ေရာက္မႈေတာ့ ရွိမွာေပါ့ဗ်ာ အထိုက္အေလ်ာက္ေတာ့။ အခုက social distancing နဲ႔တင္ကို လူေတြက ေတာ္ေတာ္ဒုကၡေရာက္ေနၾကတာ။ အင္း (ျပည္ေထာင္စုကေတာ့) ၫႊန္ၾကားခ်က္ေတာ့ ထြက္လာမွာပါ၊ အခုေလာေလာဆယ္ေတာ့ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာေနတုန္း အေျခအေန ရွိမွာေပါ့။ က်ေနာ္တို႔ ဘက္ကေတာ့ လိုအပ္တာေတြေတာ့ ျပင္တာ၊ ဆင္တာေတာ့ လုပ္တာေပါ့ေလ။”

ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြ အေျပာင္းအလဲရွိမရွိ သိႏုိင္ဖုိ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေျဖၾကားျခင္း မရွိပါဘူး။ ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္းေတြ ပါ၀င္ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ် ဒုတိယလှိုင်းကြောင့် မြန်မာ့ရွေးကောက်ပွဲအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်ချိုးလောက်အောင် တိုးလာတာကြောင့် ကျင်းပဖို့လပိုင်းလောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ အများစု အပါအဝင် ကိုဗစ်ရောဂါကူးစက်သူ အတည်ပြုလူနာ ၂၄ နာရီအတွင်း ၁၀၀ လောက်အထိ တိုးလာတာကြောင့် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်လာကြပါတယ်။ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ထိခိုက်လာမှာ စိုးရိမ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ အောက်ချင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးချန်လျန်က ပြောပါတယ်။

“အများကြီး သက်ရောက်မှုက ရှိလာမယ်လို့ ကျနော်က ယူဆတယ်။ နယ်စပ်ဒေသမှာရှိတဲ့ ကျနော်တို့ရဲ့ observer တွေအတွက် ကျနော်တို့ သင်တန်းပေးလို့ မရတော့ဘူးဖြစ်သွားတယ်၊ ပထမအချက်။ ပြီးရင် ဥပမာ ရခိုင်ပြည်နယ်က ကျနော်တို့ volunteer ခေါ်ထားတဲ့သူတွေက အခုခေါ်လို့ မရတော့ဘူး၊ လေယာဉ်လည်းပိတ်တယ်၊ ကားလည်းပိတ်တယ်။ ထိုလည်းလည်းကောင်းပဲ (ရွေးကောက်ပွဲ) ကော်မရှင်ကလည်း social distance ဆိုတဲ့ ကျန်းမာရေးစံ သတ်မှတ်ချက်နဲ့အညီ လုပ်ဖို့အတွက် သူ့မှာလည်း အတော်များများ အဟန့်အတားတွေ၊ အခက်အခဲတွေ ကြုံနေတယ်လို့ပဲ အဲလိုပဲ ကျနော်ကတော့ သုံးသပ်တယ်။”

အစောပိုင်းမှာတုန်းကတော့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ လျော့ကျလာတာကြောင့် မြန်မာတာဝန်ရှိသူတွေက လူ ၃၀ အထိ စုဝေးခွင့် အပါအဝင် ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခွင့်ရဖို့ ရက်ပိုင်းအလိုမှာပဲ တကျော့ပြန် ကူးစက်မှုတွေကြောင့် အခက်ကြုံရမှာ စိုးရိမ်တယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကချင်တိုင်းရင်းသူ ဒေါ်ဒွဲဘူက ပြောပါတယ်။

“မဲဆွယ်ကာလဖြစ်တဲ့ ဒီလကုန်ပေါ့နော်၊ ဒီလိုအခြေအနေနဲ့ ကျမတို့က ဘယ်လိုမှ လူများများနဲ့ ကျမတို့ စည်းရုံးဖို့ မလွယ်ဘူး။ အဲဒီတော့ တအိမ်တက်ဆင်း door to door လိုက်ပြောဖို့ဆိုတာကလည်း လူများတဲ့ မြို့ကြီးတွေမှာ ဘယ်လိုမှ မလွယ်ဘူးပေါ့နော်။ အဲဒီတော့ အစိုးရမဖွဲ့နိုင်တဲ့ ပါတီတွေအတွက်တော့ တော်တော် အခက်အခဲရှိပါတယ်ရှင့်။”

ရခိုင်ပြည်နယ်က ကူးစက်မှုတွေ အများစုတွေ့နေရတဲ့ စစ်တွေမှာတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် လာမယ့် ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာနိုင်တယ်လို့လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“သက်ရောက်မှုတော့ ရှိမှာပေါ့ဗျာ အထိုက်အလျောက်တော့။ အခုက social distancing နဲ့တင်ကို လူတွေက တော်တော်ဒုက္ခရောက်နေကြတာ။ အင်း (ပြည်ထောင်စုကတော့) ညွှန်ကြားချက်တော့ ထွက်လာမှာပါ၊ အခုလောလောဆယ်တော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာနေတုန်း အခြေအနေ ရှိမှာပေါ့။ ကျနော်တို့ ဘက်ကတော့ လိုအပ်တာတွေတော့ ပြင်တာ၊ ဆင်တာတော့ လုပ်တာပေါ့လေ။”

ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အပြောင်းအလဲရှိမရှိ သိနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေကြားခြင်း မရှိပါဘူး။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG