သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကုိဗစ္ကူးစက္သူ ၇၇ ဦး စံခ်ိန္တင္ ထပ္တိုး


ရခုိင္ျပည္နယ္ စစ္ေတြေဆး႐ုံႀကီး ဝင္ေပါက္မွာ ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ အေရအတြက္ဟာ ဒီကေန႔ စံခ်ိန္တင္ တိုးလာပါတယ္။

ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၄၇၄ ခုကို စစ္ေဆးၿပီးစီးခဲ့တာမွာ ေနာက္ထပ္ ေရာဂါပိုး ကူးစက္သူေပါင္း ၇၇ ဦးထိ ေတြ႔ရွိခဲ့တာပါ။

အခု ေရာဂါပိုးကူးစက္သူေတြနဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ပါမလာေသးဘဲ ဆက္ၿပီး ထုတ္ျပန္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီကေန႔ ကူးစက္သူေတြ အပါအဝင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူေပါင္း ၇၃၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဓာတ္ခြဲစစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးမေတြ႔သူ အသစ္ ၂ ဦး ထပ္တိုးတာေၾကာင့္ ေရာဂါပိုးကင္းစင္သူ စုစုေပါင္း ၃၅၁ ဦး ရွိသြားပါၿပီ။

ေသဆံုးသူကေတာ့ ၆ ဦးရွိတယ္လုိ႔ က်န္းမာေရးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

-------------------------------------

(Unicode)

မြန်မာ ကိုဗစ်ကူးစက်သူ ၇၇ ဦး စံချိန်တင် ထပ်တိုး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ စံချိန်တင် တိုးလာပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၇၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ နောက်ထပ် ရောဂါပိုး ကူးစက်သူပေါင်း ၇၇ ဦးထိ တွေ့ရှိခဲ့တာပါ။

အခု ရောဂါပိုးကူးစက်သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပါမလာသေးဘဲ ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ ကူးစက်သူတွေ အပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူပေါင်း ၇၃၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူ အသစ် ၂ ဦး ထပ်တိုးတာကြောင့် ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၃၅၁ ဦး ရှိသွားပါပြီ။

သေဆုံးသူကတော့ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG