သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္း ကိုဗစ္ကူးစက္သူ ၁၀ ဦးအပါအဝင္ ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ ၁၅ ဦးတိုး


ရခိုင္ျပည္နယ္ စစ္ေတြေဆးရံုရဲ႕ အ၀င္မွာ ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ေစတနာ့၀န္ထမ္းတဦး။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ေနာက္ထပ္ ၁၅ ဦး ထပ္တိုးတာေၾကာင့္ စုစုေပါင္း ေရာဂါပိုးကူးစက္သူ ၆၄၃ ဦးရွိသြားပါၿပီ။

ဒီေန႔ညပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၃၃၄ ခုထဲမွာ အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ခံထားရသူေတြ ေတြ႕ခဲ့တာပါ။

အခု ေရာဂါပိုးေတြ႕သူေတြထဲမွာ သံတြဲၿမိဳ႕က အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳထားၿပီးသူ တဦးဦးနဲ႔ ထိေတြ႕တာလည္း မရွိ၊ ျပည္ပခရီးသြားရာဇဝင္လည္း မရွိသလို မၾကာေသးခင္က ရခိုင္ျပည္ဘက္ကို ခရီးသြားထားဖူးသူလည္း မဟုတ္ပါဘူး။

ဒါေၾကာင့္ သူဟာ Community Spread လို႔ေခၚတဲ့ ကိုယ့္ေဒသမွာ ေနထိုင္ေနရင္း ေရာဂါပိုး ကူးစက္ခံရသူလို႔ ဆိုရမွာပါ။

က်န္ ၁၄ ဦးထဲမွာ ၅ ဦးက ျပည္ပက ျပန္လာသူေတြျဖစ္ပါတယ္။ ၁ ဦးကေတာ့ လူနာအမွတ္ ၄၁၃ နဲ႔ ထိေတြ႕ထားသူ ဂြၿမိဳ႕နယ္က အသက္ ၃၀ အ႐ြယ္ အမ်ိဳးသမီးပါ။

ေနာက္ ၅ ဦးကေတာ့ စစ္ေတြၿမိဳ႕ကို သြားထားဖူးသူေတြျဖစ္ၿပီး ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္က ၁ ဦး၊ သံတြဲၿမိဳ႕နယ္က ၂ ဦး၊ ေတာင္ကုတ္ၿမိဳ႕နယ္က ၂ ဦးတို႔ျဖစ္ပါတယ္။

ေနာက္ဆုံး ၃ ဦးမွာ ၁ ဦးက ေတာင္ကုတ္ၿမိဳ႕ကို သြားထားဖူးသူ သံတြဲၿမိဳ႕ခံျဖစ္ၿပီး ၂ ဦးကေတာ့ အမ္းၿမိဳ႕နယ္ကို သြားထားဖူးသူ သံတြဲၿမိဳ႕ခံေတြျဖစ္ၾကပါတယ္။

အခုေနာက္ပိုင္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ အမ်ားစုဟာ ျပည္တြင္းကေန ကူးစက္သူေတြျဖစ္ၾကတာမို႔ ကိုဗစ္ကာကြယ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္းႏုိင္ငံတဝန္းက လူထုအားလံုး တင္းတင္းၾကပ္ၾကပ္ လုိုက္နာလုပ္ေဆာင္ၾကဖို႔ တာဝန္ရွိသူအသီးသီးက အထူး သတိေပး ႏိႈးေဆာ္ထားပါတယ္။

အထူးသျဖင့္ကေတာ့ မလိုအပ္ဘဲ အျပင္မထြက္ဖို႔၊ မျဖစ္မေန အျပင္သြားရမယ္ဆိုရင္လည္း ႏွာေခါင္းစည္းနဲ႔ မ်က္ႏွာအကာအရံေတြ ဝတ္ဆင္သြားဖို႔နဲ႔ လူခ်င္းခပ္ခြာခြာေနရမယ့္ သတ္မွတ္ခ်က္ကို လိုက္နာၾကဖို႔ျဖစ္ပါတယ္။

လူထု လိုက္ပါလုပ္ေဆာင္မႈ အားေကာင္းမွသာ အခုရင္ဆိုင္ေနရတဲ့ ကိုဗစ္ ဒုတိယလိႈင္းကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ႏုိင္မွာျဖစ္တယ္လုိ႔ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက အထူး သတိေပးထားပါတယ္။

[Unicode Version]

ပြည်တွင်း ကိုဗစ်ကူးစက်သူ ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံမှာ နောက်ထပ် ၁၅ ဦးတိုး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၁၅ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၆၄၃ ဦးရှိသွားပါပြီ။

ဒီနေ့ညပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၃၃၄ ခုထဲမှာ အခုလို နောက်ထပ် ရောဂါပိုးကူးစက်ခံထားရသူတွေ တွေ့ခဲ့တာပါ။

အခု ရောဂါပိုးတွေ့သူတွေထဲမှာ သံတွဲမြို့က အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားပြီးသူ တဦးဦးနဲ့ ထိတွေ့တာလည်း မရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်း မရှိသလို မကြာသေးခင်က ရခိုင်ပြည်ဘက်ကို ခရီးသွားထားဖူးသူလည်း မဟုတ်ပါဘူး။

ဒါကြောင့် သူဟာ Community Spread လို့ခေါ်တဲ့ ကိုယ့်ဒေသမှာ နေထိုင်နေရင်း ရောဂါပိုး ကူးစက်ခံရသူလို့ ဆိုရမှာပါ။

ကျန် ၁၄ ဦးထဲမှာ ၅ ဦးက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။ ၁ ဦးကတော့ လူနာအမှတ် ၄၁၃ နဲ့ ထိတွေ့ထားသူ ဂွမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးပါ။

နောက် ၅ ဦးကတော့ စစ်တွေမြို့ကို သွားထားဖူးသူတွေဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၁ ဦး၊ သံတွဲမြို့နယ်က ၂ ဦး၊ တောင်ကုတ်မြို့နယ်က ၂ ဦးတို့ဖြစ်ပါတယ်။

နောက်ဆုံး ၃ ဦးမှာ ၁ ဦးက တောင်ကုတ်မြို့ကို သွားထားဖူးသူ သံတွဲမြို့ခံဖြစ်ပြီး ၂ ဦးကတော့ အမ်းမြို့နယ်ကို သွားထားဖူးသူ သံတွဲမြို့ခံတွေဖြစ်ကြပါတယ်။

အခုနောက်ပိုင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ အများစုဟာ ပြည်တွင်းကနေ ကူးစက်သူတွေဖြစ်ကြတာမို့ ကိုဗစ်ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းနိုင်ငံတဝန်းက လူထုအားလုံး တင်းတင်းကြပ်ကြပ် လိုက်နာလုပ်ဆောင်ကြဖို့ တာဝန်ရှိသူအသီးသီးက အထူး သတိပေး နှိုးဆော်ထားပါတယ်။

အထူးသဖြင့်ကတော့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင်လည်း နှာခေါင်းစည်းနဲ့ မျက်နှာအကာအရံတွေ ဝတ်ဆင်သွားဖို့နဲ့ လူချင်းခပ်ခွာခွာနေရမယ့် သတ်မှတ်ချက်ကို လိုက်နာကြဖို့ဖြစ်ပါတယ်။

လူထု လိုက်ပါလုပ်ဆောင်မှု အားကောင်းမှသာ အခုရင်ဆိုင်နေရတဲ့ ကိုဗစ် ဒုတိယလှိုင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အထူး သတိပေးထားပါတယ်။

XS
SM
MD
LG