သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္ ကိုဗစ္ကူးစက္မႈမ်ားလာလို႔ ထိုင္းနယ္စပ္ေတြ ပိုတင္းၾကပ္ထား


ထုိင္းႏိုင္ငံက နယ္စပ္လုံၿခံဳေရး တင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကုိဗစ္ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ေရာဂါပ်ံ႕ႏွံ႔လာမွာကုိ ကာကြယ္တဲ့အေနနဲ႔ ထုိင္းႏိုင္ငံက နယ္စပ္လုံၿခံဳေရးကုိ တင္းၾကပ္လုိက္သလုိ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြကုိလည္း ဖမ္းဆီးေနတယ္လုိ႔ ထုိင္းစစ္တပ္အရာရွိ တေယာက္က ေျပာဆုိလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကူးစက္မႈေတြ ရက္ပုိင္းအတြင္း တုိးလာခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံက နယ္စပ္ေတြမွာ လုံၿခံဳေရးေတြ တုိးျမွင့္လုိက္သလုိ အဆင့္ျမင့္ တာ၀န္ရွိသူေတြ ကုိယ္တုိင္ စစ္ေဆးၾကည့္႐ႈေနပါတယ္။ မေန႔တုန္းကလည္း က်န္းမာေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြ လုံၿခံဳေရးအရာရွိေတြနဲ႔အတူ ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္း႐ုိင္ခ႐ုိင္က နယ္စပ္ေဒသကုိ စစ္ေဆးၾကည့္႐ႈခဲ့ရာမွွာထုိင္းစစ္တပ္ အမွတ္ ၅ က ဗိုလ္ခ်ဳပ္ ခ်ာသရီ စငန္ထန္ ကေတာ့ နယ္စပ္လုံၿခံဳေရး ေဆာင္ရြက္ထားတဲ့ အေျခအေနကုိ သတင္းေထာက္ေတြကုိ အခုလိုေျပာသြးပါတယ္။

ကူးစက္မူေတြ နယ္စပ္ကေန ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္လို႔ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ကို နယ္ျခားေစာင့္တပ္ေတြက ဖမ္းဆီးလိုက္ေၾကာင္း၊ ျမန္္မာႏို္င္ငံတာခ်ိီလိပ္ၿမိဳ႕နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထုိင္းႏုိင္ငံ မယ္ဆိုင္ျမိဳ႕နယ္က နယ္စပ္ေတြကို ၂၄နာရီ ေစာင့္ၾကည့္စစ္ေဆးဖိ႔ု ညႊန္ၾကားထားေၾကာင္း ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ႏွစ္နိုင္ငံ နယ္နမိတ္နဲ ့ထိစပ္ေနတဲ့ ထိုင္း ေက်းရြာေတြက ရြာသူၾကီးေတြနဲ႔လည္း ထုိင္းတာ၀န္ရွိသူေတြ ေတြ႔ဆံုခဲ့ျပီး ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံကေန တရားမ၀င္ ထုိင္းႏုိင္ငံဘက္ ၀င္လာမယ့္သူေတြကုိ သတိထားေစာင့္ၾကည့္ဖုိ႔ မွာၾကားခဲ့တယ္လုိ႔လည္း ဆုိပါတယ္။ ထိုင္းကေန ျမန္မာနိုင္ငံဘက္ကို ၀င္ထြက္သြားလာေနတဲ့ ကုန္သည္ေတြအေနနဲ႔လည္း အခ်ိန္ၾကာၾကာမေနၾကဖုိ႔ ထုိင္းက်န္းမာေရးဌာနက သတိေပးထားပါတယ္။

ထုိင္းႏိုင္ငံက နယ္စပ္လုံၿခံဳေရး တင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)
ထုိင္းႏိုင္ငံက နယ္စပ္လုံၿခံဳေရး တင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

ျမန္မာႏုိင္ငံနဲ႔ ကပ္လ်က္နယ္စပ္ေဒသ ၁၀ ခုမွာ လုံၿခံဳေရးတုိးျမွင့္ဖုိ႔နဲ႔ တရားမ၀င္ ၀င္ေရာက္သူေတြကုိ ေစာင့္ၾကည့္ဖုိ႔ ေဒသခံအာဏာပုိင္ေတြကုိ ညႊန္ၾကားထားေၾကာင္းလည္း ျပည္ထဲေရး၀န္ႀကီးဌာနက ဒီေန႔ပဲ ေျပာဆုိထားပါတယ္။ ကန္ခ်နဘူရီ၊ ခၽြန္ဖြန္၊ ခ်င္း႐ုိင္၊ ခ်င္းမုိင္၊ တပ္ခ္၊ ပရာုကၽြတ္ခရီခန္၊ ပတ္ဘူရီ၊ မယ္ေဟာင္ေဆာင္၊ ရေနာင္းနဲ႔ လတ္ဘူရီခ႐ုိင္ေတြမွာ လုံၿခံဳေရးနဲ႔ က်န္းမာေရး ကာကြယ္ေရး အစီအမံေတြကုိ တုိးျမွင့္ဖုိ႔ ညႊန္ၾကားထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ခ်တ္ခ်ဳိင္ ဖရြန္လတ္ ကုိ ကုိးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပခဲ့ၾကတာပါ။

ရခုိင္ျပည္နယ္က အမ်ားစုအပါအ၀င္ ျမန္မာႏုိင္ငံမွာ ရက္အနည္းငယ္အတြင္း COVID-19 ေရာဂါ ကူးစက္သူ ႐ုတ္တရက္ တုိးလာရာက စာသင္ေက်ာင္းေတြကုိ ပိတ္လုိက္ရသလုိ ေရာဂါကူးစက္မႈျဖစ္တဲ့ ေဒသေတြမွာ ညမထြက္ရ အမိ္န္႔အပါအ၀င္ သြားလာလႈပ္ရွားမႈေတြကုိလည္း ကန္႔သတ္ထားပါတယ္။ အိမ္နီးခ်င္း ထုိင္းႏုိင္ငံမွာေတာ့ ကူးစက္မႈေတြ ေလ်ာ့က်လာတာနဲ႔အမွ် ကန္႔သတ္ခ်က္ေတြကုိ ေျဖေလွ်ာ့ေပးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဘက် ကိုဗစ်ကူးစက်မှုများလာလို့ ထိုင်းနယ်စပ်တွေ ပိုတင်းကြပ်ထား

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ရောဂါပျံ့နှံ့လာမှာကို ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေးကို တင်းကြပ်လိုက်သလို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကိုလည်း ဖမ်းဆီးနေတယ်လို့ ထိုင်းစစ်တပ်အရာရှိ တယောက်က ပြောဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ရက်ပိုင်းအတွင်း တိုးလာခဲ့ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်လိုက်သလို အဆင့်မြင့် တာဝန်ရှိသူတွေ ကိုယ်တိုင် စစ်ဆေးကြည့်ရှုနေပါတယ်။ မနေ့တုန်းကလည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လုံခြုံရေးအရာရှိတွေနဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က နယ်စပ်ဒေသကို စစ်ဆေးကြည့်ရှုခဲ့ရာမှာထိုင်းစစ်တပ် အမှတ် ၅ က ဗိုလ်ချုပ် ချာသရီ စငန်ထန် ကတော့ နယ်စပ်လုံခြုံရေး ဆောင်ရွက်ထားတဲ့ အခြေအနေကို သတင်းထောက်တွေကို အခုလိုပြောသွးပါတယ်။

ကူးစက်မူတွေ နယ်စပ်ကနေ ပျံ့နှံ့လာမှာ စိုးရိမ်လို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးလိုက်ကြောင်း၊ မြန်မာနိုင်ငံတာချီလိပ်မြို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်က နယ်စပ်တွေကို ၂၄နာရီ စောင့်ကြည့်စစ်ဆေးဖိ့ု ညွှန်ကြားထားကြောင်း ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

နှစ်နိုင်ငံ နယ်နမိတ်နဲ့ထိစပ်နေတဲ့ ထိုင်း ကျေးရွာတွေက ရွာသူကြီးတွေနဲ့လည်း ထိုင်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီး ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ထိုင်းနိုင်ငံဘက် ဝင်လာမယ့်သူတွေကို သတိထားစောင့်ကြည့်ဖို့ မှာကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုင်းကနေ မြန်မာနိုင်ငံဘက်ကို ဝင်ထွက်သွားလာနေတဲ့ ကုန်သည်တွေအနေနဲ့လည်း အချိန်ကြာကြာမနေကြဖို့ ထိုင်းကျန်းမာရေးဌာနက သတိပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ကပ်လျက်နယ်စပ်ဒေသ ၁၀ ခုမှာ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ တရားမဝင် ဝင်ရောက်သူတွေကို စောင့်ကြည့်ဖို့ ဒေသခံအာဏာပိုင်တွေကို ညွှန်ကြားထားကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ပဲ ပြောဆိုထားပါတယ်။ ကန်ချနဘူရီ၊ ချွန်ဖွန်၊ ချင်းရိုင်၊ ချင်းမိုင်၊ တပ်ခ်၊ ပရာုကျွတ်ခရီခန်၊ ပတ်ဘူရီ၊ မယ်ဟောင်ဆောင်၊ ရနောင်းနဲ့ လတ်ဘူရီခရိုင်တွေမှာ လုံခြုံရေးနဲ့ ကျန်းမာရေး ကာကွယ်ရေး အစီအမံတွေကို တိုးမြှင့်ဖို့ ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချတ်ချိုင် ဖရွန်လတ် ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

ရခိုင်ပြည်နယ်က အများစုအပါအဝင် မြန်မာနိုင်ငံမှာ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ ရုတ်တရက် တိုးလာရာက စာသင်ကျောင်းတွေကို ပိတ်လိုက်ရသလို ရောဂါကူးစက်မှုဖြစ်တဲ့ ဒေသတွေမှာ ညမထွက်ရ အမိန့်အပါအဝင် သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကူးစက်မှုတွေ လျော့ကျလာတာနဲ့အမျှ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG