သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ဖို႔ အလုိေတာ္ျပည့္ဆရာေတာ္လက္ေထာက္ တိုက္တြန္း


အလုိေတာ္ျပည့္ဆရာေတာ္လက္ေထာက္ ဆရာေတာ္ အသွ်င္ကုမာရ။

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါ ကူးစက္မႈႏႈန္းျမန္ဆန္ၿပီး အႏၱရာယ္ႀကီးလာေနတဲ့ ရခိုင္ျပည္နယ္မွာ ျပည္သူေတြ အခ်ိန္နဲ႔တေျပးညီ ေရာဂါကာကြယ္ေရးအ ခ်က္အလက္ေတြသိရေရး ပိတ္ထားတဲ့ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးဖို႔ အလုိေတာ္ျပည့္ဆရာေတာ္ႀကီးရဲ႕လက္ေထာက္ ဆရာေတာ္ အသွ်င္ကုမာရက အစိုးရတာ၀န္ရွိသူေတြကို တိုက္တြန္းလိုက္ပါတယ္။ လက္ရွိ အေျခအေနဆိုးေနတဲ့ စစ္ေတြအပါအ၀င္ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္အတြက္ ေရာဂါကာကြယ္ေရး ပိုးသတ္ေဆးရည္ေတြ၊ လက္ေဆးရည္ေတြ၊ ႏွာေခါင္းစည္းေတြ၊ အပူခ်ိန္တိုင္း ကိရိယာေတြကို ေပးပို႔ လွဴဒါန္းရာမွာ လမ္းခရီးသြားလာေရး အခက္အခဲ ေတြ႔ၾကံဳေနရတယ္လို႔လည္း ဆရာေတာ္က ဗီြအိုေအကို မိန္႔ၾကားပါတယ္။ မအင္ၾကင္းႏိုင္က ဆရာေတာ္ အသွ်င္ကုမာရကို Skype ကေန ဆက္သြယ္ေမးျမန္းေလွ်ာက္ထားခဲ့ပါတယ္။

အလုိေတာ္ျပည့္ဆရာေတာ္လက္ေထာက္ ဆရာေတာ္ အသွ်င္ကုမာရ။ (ဓာတ္ပံု - Ashin kumara's Facebook)
အလုိေတာ္ျပည့္ဆရာေတာ္လက္ေထာက္ ဆရာေတာ္ အသွ်င္ကုမာရ။ (ဓာတ္ပံု - Ashin kumara's Facebook)

ဆရာေတာ္ အသွ်င္ကုမာရ ။ ။ ပထမအသုတ္ကေတာ့ ဦးဇင္းတို႔ mask တို႔၊ hand gel တို႔၊ လက္အိတ္တို႔ေပါ့ေနာ္။ အဲ့ဒါေတြကို ဦးဇင္းတို႔ Myanmar National Airways နဲ႔လည္း ပို႔လိုက္ပါတယ္။ လူေပါင္း ၅,၀၀၀ ေက်ာ္ သံုးလို႔ရတဲ့ဟာ။ ဆိုေတာ့ မေန႔ကလည္းပဲ ပိုးသတ္ေဆးဖ်န္းတဲ့ စက္ေတြကို ကားေတြနဲ႔ ပို႔ထားပါတယ္။ ဒီေန႔လည္း ကားနဲ႔ ပို႔ထားတယ္။ တခ်ိဳ႕လမ္းေတြမွာက်ရင္ေတာ့ Transportation က ရန္ကုန္ကေန စစ္ေတြအထိ၊ ေနာက္လမ္းမွာကလည္း ရန္ကုန္ကေန သြားတဲ့အခါက်ရင္ေတာ့ ဒီ မင္းျပားတို႔၊ ေျမာက္ဦး၊ ေက်ာက္ေတာ္တို႔ လမ္းမွာလည္း ခ်ရဦးမွာပဲေလ .... ပိုးသတ္ေဆးဖ်န္းတဲ့ စက္ရယ္၊ ပိုးသတ္ေဆး ဘူးေတြရယ္ေပါ့ေလ။ အဲ့ဒါလည္း ၅၀၀ ေက်ာ္ေပါ့။ ဆိုေတာ့ အဲ့မွာ နည္းနည္းေတာ့ အမ္း ေတာင္ေပၚမွာေပါ့ေနာ္ ... နည္းနည္းလည္းသြားလို႔၊ လာလို႔ မရေသးဘူး ျဖစ္ေနတယ္ေပါ့ေနာ္။ COVID 19 ကာလဆိုေတာ့ Quarantine ၀င္ေနတဲ့ အပိုင္းေတြ၊ တခ်ိဳ႕ သံသယ လူနာေတြလည္း ရွိေနေတာ့ ဒီေရာဂါျဖစ္ေနတဲ့ အခါက်ေတာ့။ ႏိုင္ငံေတာ္အစိုးရနဲ႔ state government နဲ႔ federal government ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အရပ္ဘက္ လူမႈအဖဲြ႔အစည္းေတြ၊ လွဴဒန္းထားတဲ့ ပစၥည္းေတြ၊ ကိရိယာေတြ၊ အစားအေသာက္ေတြ ပစၥည္းေတြ ျမန္ျမန္ဆန္ဆန္ ေရာက္ဖို႔အတြက္ကို ၀ိုင္း၀န္းကူညီေပးဖို႔အတြက္ အင္မတန္မွ အေရးႀကီးေနပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ အဲ့ဒီေတာ့ ဒီရခိုင္ျပည္နယ္မွာ ရွိတဲ့ သီတင္းသံုးေနတဲ့ သံဃာေတာ္ေတြအတြက္က်ေတာ့ေရာ ဒီလို COVID ကပ္ေရာဂါကူးစက္လာတဲ့အခါမွာ ထိခိုက္မႈေတြေပါ့ေနာ္... အဲ့ဒီအေျခအေနကေရာ ဘယ္ေလာက္ထိ စိုးရိမ္စရာရွိေနသလဲ။ အဲ့ဒီအေျခအေနေလးကိုလည္း မိန္႔ၾကားေပးပါဦးဘုရား။

ဆရာေတာ္ အသွ်င္ကုမာရ ။ ။ စစ္ေတြၿမိဳ႕တခုတည္းမဟုတ္ဘူး။ ပထမေတာ့ စစ္ေတြတခုတည္း ျဖစ္တယ္လို႔ ထင္ေနၾကတာ။ အခု ရခိုင္ျပည္နယ္က ၁၇ ၿမိဳ႕ရွိတာ၊ ၁၀ ၿမိဳ႕နယ္ေလာက္က ကူးစက္တဲ့ ေနရာေပါ့။ စစ္ေတြတို႔၊ ေျမာက္ဦးတို႔၊ ေနာက္ၿပီးေတာ့ ေမာင္ေတာတို႔၊ ေနာက္ဒီေက်ာက္ျဖဴတို႔၊ ေပါက္ေတာတို႔ အဲ့ဒီမွာ ေတာ္ေတာ္မ်ားမ်ား ကူးစက္ပ်ံ႕ႏွ႔ံေနၿပီဆိုကတည္းက ဒီသံဃာေတာ္ေတြ အပိုင္းကလည္း ဘာျဖစ္ေနလဲဆိုေတာ့ မိုးတြင္းကာလလည္း ျဖစ္တဲ့အခါက်ေတာ့ ဆြမ္း၊ အရုဏ္ဆြမ္း၊ ေန႔ဆြမ္း ခက္ခဲတယ္ေပါ့ေနာ္။ တခ်ိဳ႕ဆိုရင္ stay home လို ျဖစ္ေနၾကတယ္ လွဴမယ့္ ဒကာ၊ ဒကာမေတြက တအိမ္နဲ႔ တအိမ္လည္း သြားလို႔မရ၊ တေနရာနဲ႔ တေနရာလည္း သြားလို႔မရ stay home ေတြ ျဖစ္တဲ့ကာလ ျဖစ္တဲ့အခါက်ရင္ တခ်ိဳ႕ဆိုရင္ Quarantine ၀င္ေနတဲ့ အပိုင္းေတြရွိတယ္။ သံဃာေတာ္ေတြအပိုင္းမွာေတာ့ ေန႔ဆြမ္း၊ အ႐ုဏ္ဆြမ္းနဲ႔ အခက္အခဲေတြရွိတယ္။ ေနာက္တခုက ပိုၿပီးေတာ့ ဆိုးတာက စစ္ေတြၿမိဳ႕ေပၚမွာတင္မကဘူး၊ ေျမာက္ဦးတို႔၊ ေက်ာက္ေတာ္တို႔မွာ ရွိတဲ့ IDP camp ေတြမွာ စစ္ေဘးေရွာင္ ဒုကၡသည္ေတြရွိတယ္။ ဦးဇင္းတို႔ စစ္ေတြအလိုေတာ္ျပည့္ေက်ာင္းမွာဆိုရင္ ၇၀၀ ေက်ာ္ေက်ာ္၊ ၅၀၀ ေတာင္ရွိတာကို စစ္ေျပးေရွာင္ ဒုကၡသည္ေတြ။ ဒီအတြက္ဆိုရင္ ေတာ္ေတာ္ေလး အခက္အခဲေတြရွိတယ္။ စား၀တ္ေနေရး၊ က်န္းမာေရး အခက္အခဲေတြလည္းရွိတယ္။

မအင္ၾကင္းႏိုင္ ။ ။ အခု ဒါဆိုလို႔ရွိရင္ ရခိုင္မွာ ျဖစ္ေနတဲ့ အေျခအေနေတြ အားလံုးေပါ့ေနာ္။ ဘာေတြမ်ားေပါ့ေနာ္ ထူးထူးျခားျခား လုပ္ေဆာင္ေပးဖို႔လိုပါသလဲ ဘုရား။

ဆရာေတာ္ အသွ်င္ကုမာရ ။ ။ ဘာေတြလိုလဲဆိုေတာ့ အဓိကကေတာ့ အခုလိုမ်ိဳး ဦးဇင္းတို႔ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတာက စစ္ေဘးကတမ်ိဳး၊ ေရာဂါေဘးကတမ်ိဳးဆိုေတာ့ ဒီေဘးဒုကၡေတြ ျဖစ္ေနတဲ့ အခ်ိန္အခါမွာ အင္တာနက္ပိတ္ထားတာ information က အရမ္းအေရးႀကီးေနတယ္။ အခုလို သတင္းမီဒီယာနဲ႔ ပတ္သက္လို႔ public ကို ခ်ျပဖို႔ communication က ဦးဇင္းတို႔ အရမ္း အေရးႀကီးေနတယ္။ ဒီလိုမ်ိဳးအခ်ိန္အခါမွာ အင္တာနက္ကိုလည္းပဲ မပိတ္ဖို႔ အေရးႀကီးတယ္။ ဒါေတြကို အစိုးရေရာ၊ စစ္တပ္ေရာ ပူးေပါင္းၿပီးေတာ့ ဒါကို အျမန္ဆံုး ဖြင့္ေပးဖို႔လိုတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ဖို့ အလိုတော်ပြည့်ဆရာတော်လက်ထောက် တိုက်တွန်း

COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းမြန်ဆန်ပြီး အန္တရာယ်ကြီးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေ အချိန်နဲ့တပြေးညီ ရောဂါကာကွယ်ရေးအ ချက်အလက်တွေသိရရေး ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လက်ထောက် ဆရာတော် အသျှင်ကုမာရက အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အခြေအနေဆိုးနေတဲ့ စစ်တွေအပါအဝင် မြို့နယ် ၁၀ မြို့နယ်အတွက် ရောဂါကာကွယ်ရေး ပိုးသတ်ဆေးရည်တွေ၊ လက်ဆေးရည်တွေ၊ နှာခေါင်းစည်းတွေ၊ အပူချိန်တိုင်း ကိရိယာတွေကို ပေးပို့ လှူဒါန်းရာမှာ လမ်းခရီးသွားလာရေး အခက်အခဲ တွေ့ကြုံနေရတယ်လို့လည်း ဆရာတော်က ဗွီအိုအေကို မိန့်ကြားပါတယ်။ မအင်ကြင်းနိုင်က ဆရာတော် အသျှင်ကုမာရကို Skype ကနေ ဆက်သွယ်မေးမြန်းလျှောက်ထားခဲ့ပါတယ်။

ဆရာတော် အသျှင်ကုမာရ ။ ။ ပထမအသုတ်ကတော့ ဦးဇင်းတို့ mask တို့၊ hand gel တို့၊ လက်အိတ်တို့ပေါ့နော်။ အဲ့ဒါတွေကို ဦးဇင်းတို့ Myanmar National Airways နဲ့လည်း ပို့လိုက်ပါတယ်။ လူပေါင်း ၅,၀၀၀ ကျော် သုံးလို့ရတဲ့ဟာ။ ဆိုတော့ မနေ့ကလည်းပဲ ပိုးသတ်ဆေးဖျန်းတဲ့ စက်တွေကို ကားတွေနဲ့ ပို့ထားပါတယ်။ ဒီနေ့လည်း ကားနဲ့ ပို့ထားတယ်။ တချို့လမ်းတွေမှာကျရင်တော့ Transportation က ရန်ကုန်ကနေ စစ်တွေအထိ၊ နောက်လမ်းမှာကလည်း ရန်ကုန်ကနေ သွားတဲ့အခါကျရင်တော့ ဒီ မင်းပြားတို့၊ မြောက်ဦး၊ ကျောက်တော်တို့ လမ်းမှာလည်း ချရဦးမှာပဲလေ .... ပိုးသတ်ဆေးဖျန်းတဲ့ စက်ရယ်၊ ပိုးသတ်ဆေး ဘူးတွေရယ်ပေါ့လေ။ အဲ့ဒါလည်း ၅၀၀ ကျော်ပေါ့။ ဆိုတော့ အဲ့မှာ နည်းနည်းတော့ အမ်း တောင်ပေါ်မှာပေါ့နော် ... နည်းနည်းလည်းသွားလို့၊ လာလို့ မရသေးဘူး ဖြစ်နေတယ်ပေါ့နော်။ COVID 19 ကာလဆိုတော့ Quarantine ဝင်နေတဲ့ အပိုင်းတွေ၊ တချို့ သံသယ လူနာတွေလည်း ရှိနေတော့ ဒီရောဂါဖြစ်နေတဲ့ အခါကျတော့။ နိုင်ငံတော်အစိုးရနဲ့ state government နဲ့ federal government တွေနဲ့ ပူးပေါင်းပြီးတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ လှူဒန်းထားတဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ၊ အစားအသောက်တွေ ပစ္စည်းတွေ မြန်မြန်ဆန်ဆန် ရောက်ဖို့အတွက်ကို ဝိုင်းဝန်းကူညီပေးဖို့အတွက် အင်မတန်မှ အရေးကြီးနေပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲ့ဒီတော့ ဒီရခိုင်ပြည်နယ်မှာ ရှိတဲ့ သီတင်းသုံးနေတဲ့ သံဃာတော်တွေအတွက်ကျတော့ရော ဒီလို COVID ကပ်ရောဂါကူးစက်လာတဲ့အခါမှာ ထိခိုက်မှုတွေပေါ့နော်... အဲ့ဒီအခြေအနေကရော ဘယ်လောက်ထိ စိုးရိမ်စရာရှိနေသလဲ။ အဲ့ဒီအခြေအနေလေးကိုလည်း မိန့်ကြားပေးပါဦးဘုရား။

ဆရာတော် အသျှင်ကုမာရ ။ ။ စစ်တွေမြို့တခုတည်းမဟုတ်ဘူး။ ပထမတော့ စစ်တွေတခုတည်း ဖြစ်တယ်လို့ ထင်နေကြတာ။ အခု ရခိုင်ပြည်နယ်က ၁၇ မြို့ရှိတာ၊ ၁၀ မြို့နယ်လောက်က ကူးစက်တဲ့ နေရာပေါ့။ စစ်တွေတို့၊ မြောက်ဦးတို့၊ နောက်ပြီးတော့ မောင်တောတို့၊ နောက်ဒီကျောက်ဖြူတို့၊ ပေါက်တောတို့ အဲ့ဒီမှာ တော်တော်များများ ကူးစက်ပျံ့နှံ့နေပြီဆိုကတည်းက ဒီသံဃာတော်တွေ အပိုင်းကလည်း ဘာဖြစ်နေလဲဆိုတော့ မိုးတွင်းကာလလည်း ဖြစ်တဲ့အခါကျတော့ ဆွမ်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ခက်ခဲတယ်ပေါ့နော်။ တချို့ဆိုရင် stay home လို ဖြစ်နေကြတယ် လှူမယ့် ဒကာ၊ ဒကာမတွေက တအိမ်နဲ့ တအိမ်လည်း သွားလို့မရ၊ တနေရာနဲ့ တနေရာလည်း သွားလို့မရ stay home တွေ ဖြစ်တဲ့ကာလ ဖြစ်တဲ့အခါကျရင် တချို့ဆိုရင် Quarantine ဝင်နေတဲ့ အပိုင်းတွေရှိတယ်။ သံဃာတော်တွေအပိုင်းမှာတော့ နေ့ဆွမ်း၊ အရုဏ်ဆွမ်းနဲ့ အခက်အခဲတွေရှိတယ်။ နောက်တခုက ပိုပြီးတော့ ဆိုးတာက စစ်တွေမြို့ပေါ်မှာတင်မကဘူး၊ မြောက်ဦးတို့၊ ကျောက်တော်တို့မှာ ရှိတဲ့ IDP camp တွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေရှိတယ်။ ဦးဇင်းတို့ စစ်တွေအလိုတော်ပြည့်ကျောင်းမှာဆိုရင် ၇၀၀ ကျော်ကျော်၊ ၅၀၀ တောင်ရှိတာကို စစ်ပြေးရှောင် ဒုက္ခသည်တွေ။ ဒီအတွက်ဆိုရင် တော်တော်လေး အခက်အခဲတွေရှိတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေလည်းရှိတယ်။

မအင်ကြင်းနိုင် ။ ။ အခု ဒါဆိုလို့ရှိရင် ရခိုင်မှာ ဖြစ်နေတဲ့ အခြေအနေတွေ အားလုံးပေါ့နော်။ ဘာတွေများပေါ့နော် ထူးထူးခြားခြား လုပ်ဆောင်ပေးဖို့လိုပါသလဲ ဘုရား။

ဆရာတော် အသျှင်ကုမာရ ။ ။ ဘာတွေလိုလဲဆိုတော့ အဓိကကတော့ အခုလိုမျိုး ဦးဇင်းတို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာက စစ်ဘေးကတမျိုး၊ ရောဂါဘေးကတမျိုးဆိုတော့ ဒီဘေးဒုက္ခတွေ ဖြစ်နေတဲ့ အချိန်အခါမှာ အင်တာနက်ပိတ်ထားတာ information က အရမ်းအရေးကြီးနေတယ်။ အခုလို သတင်းမီဒီယာနဲ့ ပတ်သက်လို့ public ကို ချပြဖို့ communication က ဦးဇင်းတို့ အရမ်း အရေးကြီးနေတယ်။ ဒီလိုမျိုးအချိန်အခါမှာ အင်တာနက်ကိုလည်းပဲ မပိတ်ဖို့ အရေးကြီးတယ်။ ဒါတွေကို အစိုးရရော၊ စစ်တပ်ရော ပူးပေါင်းပြီးတော့ ဒါကို အမြန်ဆုံး ဖွင့်ပေးဖို့လိုတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG