သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ရခိုင္ျပည္နယ္မွာ ရိကၡာမျပတ္ေစရပါဘူး" - ေဒၚေအာင္ဆန္းစုၾကည္


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္တိုးလာေနတဲ့ ရခိုင္ျပည္နယ္အတြက္ လိုအပ္တဲ့ ကူညီေထာက္ပံ့မႈေတြ ေပးအပ္သြားမယ့္အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ကတိျပဳလိုက္တာကို ေျပာျပပါမယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးပါမယ္။

ရခိုင္ျပည္နယ္မွာ ကပ္ေရာဂါကူးစက္မႈေတြ စံခ်ိန္ခ်ိဳးေလာက္ေအာင္ တိုးလာရာက စစ္ေတြၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္နဲ႔ ျပည္နယ္တခုလုံး မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အမိန႔္ေတြ ထုတ္ျပန္ထားသလို သြားလာလႈပ္ရွားမႈေတြကိုလည္း ကန႔္သတ္ထားရတဲ့အထိပါ။ ကပ္ေရာဂါထိန္းခ်ဳပ္ တားဆီးေရး အစီအမံေတြေၾကာင့္ ေဒသခံေတြအတြက္ အေျခခံလိုအပ္ခ်က္ေတြ ျပတ္လပ္မွာ အခက္အခဲႀကဳံရမွာကိုလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ ဒါေပမဲ့လည္း ဒီကေန႔ အြန္လိုင္းေဆြးေႏြးပြဲမွာေတာ့ ရခိုင္ျပည္နယ္မွာ အခက္အခဲႀကဳံေနရသူေတြအတြက္ ပံ့ပိုးကူညီမယ့္အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကတိေပးလိုက္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)

“က်မအေနနဲ႔ ျပည္ေထာင္စုအစိုးရကိုယ္စား ဒါေတာ့ က်မရဲရဲႀကီးေျပာႏိုင္ပါတယ္။ ရိကၡာမျပတ္ေစရပါဘူး။ ရခိုင္ျပည္နယ္မွာ ရိကၡာမျပတ္ေစရပါဘူး။ လိုတဲ့ရိကၡာေတြကို က်မတို႔ရတဲ့နည္းနဲ႔ျဖစ္ေအာင္လို႔ ပို႔ေပးပါမယ္။ ေနာက္ၿပီးေတာ့ သက္ဆိုင္ရာတျခားတိုင္းေတြကလည္း ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္မယ္ဆိုတာလည္း ယုံၾကည္ပါတယ္။ ေနာက္တခုကေတာ့ ေငြေရးေၾကးေရးေပါ့ေနာ္။ ေငြေရးေၾကးေရးလည္း လိုသမွ်ပံ့ပိုးပါ့မယ္။

ဒီႏိုင္ငံဟာ ခ်မ္းသာတဲ့ႏိုင္ငံမဟုတ္ဘူး။ အရင္းအျမစ္က သိပ္မ်ားတဲ့ႏိုင္ငံမဟုတ္ဘူး။ သို႔ေသာ္ျငားလည္း က်မတို႔ကေနၿပီးေတာ့ ျပည္ေထာင္စုရဲ႕လိုအပ္တဲ့ အစိတ္အပိုင္းကို အၿမဲပဲေထာက္ပံ့ပါတယ္။ ျပည့္ျပည့္စုံစုံေထာက္ပံ့ပါတယ္။ ျပည္သူေတြကလည္း ဝိုင္းဝန္းၿပီးေတာ့ ကူညီၾကမယ္ ပံ့ပိုးၾကမယ္လို႔ က်မယုံၾကည္ပါတယ္။ အဲဒီဟာလည္း က်မတို႔အင္အားတခုပဲ။ ႏိုင္ငံကမခ်မ္းသာဘူးဆိုေပမဲ့ က်မတို႔ျပည္သူေတြရဲ႕ ရက္ေရာတဲ့စိတ္ဓာတ္က အင္မတန္ခ်မ္းသာပါတယ္။

အဲဒါေၾကာင့္မို႔လို႔ တကယ္အေရးဟဲ့ဆိုရင္ အေရးႀကီးၿပီဆိုရင္ ေသြးစည္းခ်င္တဲ့စိတ္ဓာတ္ကလည္းရွိတယ္။ အေရးဟဲ့ဆိုရင္ ဝိုင္းဝန္းၿပီးေတာ့ ကူညီၾကတယ္ ပံ့ပိုးၾကတယ္။ အဲဒါေၾကာင့္မို႔လို႔ ေငြေရးေၾကးေရးကလည္း က်မတို႔လုံလုံေလာက္ေလာက္ ေပးႏိုင္မွာျဖစ္ပါတယ္။ လုံလုံေလာက္ေလာက္ျဖစ္ေအာင္လည္း က်မတို႔လုပ္ပါ့မယ္။ ဒါက်မတို႔ရဲ႕ ျပည္ေထာင္စုတစိတ္တပိုင္းမွာ က်န္းမာေရးအတြက္ အေျခခံျပည္သူေတြရဲ႕လိုအပ္ခ်က္အတြက္ မရွိရဘူးဆိုတာမျဖစ္ေစေအာင္ က်မတို႔ပံ့ပိုးေပးပါ့မယ္။”

ရခိုင္ျပည္နယ္မွာ ရက္ပိုင္းအတြင္း လူ ၂၀၀ ေက်ာ္ ကူးစက္တဲ့အထိ ႀကဳံခဲ့ရတာေၾကာင့္ သက္ေရာက္မႈေတြ ရွိႏိုင္တာကို လက္ခံေျပာၾကားခဲ့သလို စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။ ဒီေန႔အြန္လိုင္းေဆြးေႏြးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ပါဝင္ေဆြးေႏြးခဲ့တဲ့ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးညီပုကေတာ့ လိုအပ္ခ်က္ေတြနဲ႔ စိန္ေခၚမႈေတြကို တင္ျပခဲ့ပါတယ္။

“က်ေနာ္တို႔ အခု Quarantine Center ေတြမွာ သုံးစြဲေနရတဲ့ အေနအထားေတြရွိပါတယ္။ ျပည္သူေတြကို က်ေနာ္တို႔ေထာက္ပံ့ေနတာေတြ ရွိပါတယ္။ အဲဒီအေပၚမွာ ေငြေၾကးလိုအပ္ခ်က္ေတြ အခုေလာေလာဆယ္လိုေနပါတယ္။ အဲေတာ့ အခုက်ေနာ္တို႔မွာ ရံပုံေငြက ၈၅.၅ သန္းေလာက္ရထားပါတယ္။ ေနာက္တခုက အေရးေပၚရံပုံေငြ ၁ဘီလီယံကိုလည္း ေတာင္းခံထားပါတယ္။ တင္ျပထားပါတယ္။ ဆိုေတာ့ ဒီႏွစ္ခုနဲ႔ပတ္သက္လို႔လည္းပဲ ခြင့္ျပဳေပးေစခ်င္ပါတယ္။

အဲေတာ့ ေငြေၾကးသုံးထားတာအေနနဲ႔ ေျပာရရင္ေတာ့ ျပည္ေထာင္စုက ၁၄.၈ ဘီလီယံ သုံးထားပါတယ္။က်ေနာ္တို႔ ျပည္နယ္အစိုးရက ၁.၅၆၆ ဘီလီယံ သုံးထားပါတယ္။ ေနာက္တခုက လူကယ္ျပန္ဝန္ႀကီးဌာနကလည္း သုံးထားပါတယ္၊ သန္းေပါင္း ၃၁၁.၄ သန္းေလာက္ သုံးထားပါတယ္။”

ရခိုင္ျပည္နယ္မွာ ေရာဂါကူးစက္မႈေတြ တိုးလာတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဒီသီတင္းပတ္ အေစာပိုင္းက မိန႔္ခြန္းေျပာရာမွာေတာ့ စိုးရိမ္မႈေတြ မလြန္ကဲၾကဖို႔နဲ႔ သႏၷိ႒ာန္ ခိုင္ခိုင္မာမာနဲ႔ တုံ႔ျပန္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး" - ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက်တိုးလာနေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုလိုက်တာကို ပြောပြပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္အတြင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးတဲ့ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္အတြင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးတဲ့ျမင္ကြင္း။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)

ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်မှုတွေ စံချိန်ချိုးလောက်အောင် တိုးလာရာက စစ်တွေမြို့နယ်မှာ ညမထွက်ရအမိန့်နဲ့ ပြည်နယ်တခုလုံး မလိုအပ်ဘဲ အပြင်မထွက်ဖို့ အမိန့်တွေ ထုတ်ပြန်ထားသလို သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားရတဲ့အထိပါ။ ကပ်ရောဂါထိန်းချုပ် တားဆီးရေး အစီအမံတွေကြောင့် ဒေသခံတွေအတွက် အခြေခံလိုအပ်ချက်တွေ ပြတ်လပ်မှာ အခက်အခဲကြုံရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲမှာတော့ ရခိုင်ပြည်နယ်မှာ အခက်အခဲကြုံနေရသူတွေအတွက် ပံ့ပိုးကူညီမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ပါတယ်။

“ကျမအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ဒါတော့ ကျမရဲရဲကြီးပြောနိုင်ပါတယ်။ ရိက္ခာမပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး။ လိုတဲ့ရိက္ခာတွေကို ကျမတို့ရတဲ့နည်းနဲ့ဖြစ်အောင်လို့ ပို့ပေးပါမယ်။ နောက်ပြီးတော့ သက်ဆိုင်ရာတခြားတိုင်းတွေကလည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတာလည်း ယုံကြည်ပါတယ်။ နောက်တခုကတော့ ငွေရေးကြေးရေးပေါ့နော်။ ငွေရေးကြေးရေးလည်း လိုသမျှပံ့ပိုးပါ့မယ်။

ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံမဟုတ်ဘူး။ အရင်းအမြစ်က သိပ်များတဲ့နိုင်ငံမဟုတ်ဘူး။ သို့သော်ငြားလည်း ကျမတို့ကနေပြီးတော့ ပြည်ထောင်စုရဲ့လိုအပ်တဲ့ အစိတ်အပိုင်းကို အမြဲပဲထောက်ပံ့ပါတယ်။ ပြည့်ပြည့်စုံစုံထောက်ပံ့ပါတယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြမယ် ပံ့ပိုးကြမယ်လို့ ကျမယုံကြည်ပါတယ်။ အဲဒီဟာလည်း ကျမတို့အင်အားတခုပဲ။ နိုင်ငံကမချမ်းသာဘူးဆိုပေမဲ့ ကျမတို့ပြည်သူတွေရဲ့ ရက်ရောတဲ့စိတ်ဓာတ်က အင်မတန်ချမ်းသာပါတယ်။

အဲဒါကြောင့်မို့လို့ တကယ်အရေးဟဲ့ဆိုရင် အရေးကြီးပြီဆိုရင် သွေးစည်းချင်တဲ့စိတ်ဓာတ်ကလည်းရှိတယ်။ အရေးဟဲ့ဆိုရင် ဝိုင်းဝန်းပြီးတော့ ကူညီကြတယ် ပံ့ပိုးကြတယ်။ အဲဒါကြောင့်မို့လို့ ငွေရေးကြေးရေးကလည်း ကျမတို့လုံလုံလောက်လောက် ပေးနိုင်မှာဖြစ်ပါတယ်။ လုံလုံလောက်လောက်ဖြစ်အောင်လည်း ကျမတို့လုပ်ပါ့မယ်။ ဒါကျမတို့ရဲ့ ပြည်ထောင်စုတစိတ်တပိုင်းမှာ ကျန်းမာရေးအတွက် အခြေခံပြည်သူတွေရဲ့လိုအပ်ချက်အတွက် မရှိရဘူးဆိုတာမဖြစ်စေအောင် ကျမတို့ပံ့ပိုးပေးပါ့မယ်။”

ရခိုင်ပြည်နယ်မှာ ရက်ပိုင်းအတွင်း လူ ၂၀၀ ကျော် ကူးစက်တဲ့အထိ ကြုံခဲ့ရတာကြောင့် သက်ရောက်မှုတွေ ရှိနိုင်တာကို လက်ခံပြောကြားခဲ့သလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဒီနေ့အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ဆွေးနွေးခဲ့တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကတော့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို တင်ပြခဲ့ပါတယ်။

“ကျနော်တို့ အခု Quarantine Center တွေမှာ သုံးစွဲနေရတဲ့ အနေအထားတွေရှိပါတယ်။ ပြည်သူတွေကို ကျနော်တို့ထောက်ပံ့နေတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ငွေကြေးလိုအပ်ချက်တွေ အခုလောလောဆယ်လိုနေပါတယ်။ အဲတော့ အခုကျနော်တို့မှာ ရံပုံငွေက ၈၅.၅ သန်းလောက်ရထားပါတယ်။ နောက်တခုက အရေးပေါ်ရံပုံငွေ ၁ဘီလီယံကိုလည်း တောင်းခံထားပါတယ်။ တင်ပြထားပါတယ်။ ဆိုတော့ ဒီနှစ်ခုနဲ့ပတ်သက်လို့လည်းပဲ ခွင့်ပြုပေးစေချင်ပါတယ်။

အဲတော့ ငွေကြေးသုံးထားတာအနေနဲ့ ပြောရရင်တော့ ပြည်ထောင်စုက ၁၄.၈ ဘီလီယံ သုံးထားပါတယ်။ကျနော်တို့ ပြည်နယ်အစိုးရက ၁.၅၆၆ ဘီလီယံ သုံးထားပါတယ်။ နောက်တခုက လူကယ်ပြန်ဝန်ကြီးဌာနကလည်း သုံးထားပါတယ်၊ သန်းပေါင်း ၃၁၁.၄ သန်းလောက် သုံးထားပါတယ်။”

ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ တိုးလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီသီတင်းပတ် အစောပိုင်းက မိန့်ခွန်းပြောရာမှာတော့ စိုးရိမ်မှုတွေ မလွန်ကဲကြဖို့နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG