သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာနယ္စပ္ ကိုဗစ္ထိန္းခ်ဳပ္ေရး တိုးျမွင့္လုပ္ေဆာင္ေန


တရုတ္ ျမန္မာနယ္စပ္ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕ရွိ စစ္ေဆးေရးဂိတ္ ျမင္ကြင္း။ (ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ျပည္တြင္းကူးစက္မႈ ႐ုတ္တရက္တိုးလာခ်ိန္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံဘက္ကလည္း ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေပါက္ေတြမွာ လုံးၿခဳံေရးတိုးျမႇင့္လာေနတယ္ဆိုတဲ့ သတင္းကို တင္ဆက္ေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဒီသီတင္းပတ္ အေစာပုိင္းက ၂၄ နာရီအတြင္း ကူးစက္သူ ၁၀၀ အထိရွိခဲ့ၿပီး စုစုေပါင္း အတည္ျပဳလူနာ ၆၀၀ ေက်ာ္ရွိလာခဲ့တာေၾကာင့္ အိမ္နီးခ်င္းႏုိင္ငံေတြ စုိးရိမ္လာေနၾကၿပီး နယ္စပ္လုံၿခဳံေရးေတြ တိုးျမႇင့္လာေနၾကတာပါ။

အထူးသျဖင့္ ျမန္မာနဲ႔ ထိစပ္ေနတဲ့ တ႐ုတ္၊ ယူနန္ျပည္နယ္မွာ သူတို႔အစိုးရက ဒီေရာဂါကို ထိန္းခ်ဳပ္ထားႏိုင္ေပမဲ့ အတည္ျပဳလူနာတိုးလာတဲ့ ျမန္မာျပည္တြင္း အေျခအေနေၾကာင့္ ႏွစ္ဘက္နယ္စပ္ကို အရင္ကထက္ လုံၿခဳံေရးတိုးျမႇင့္ လုပ္ေဆာင္ေနေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

“တ႐ုတ္ဘက္က အခုအဝင္အထြက္က အရင္တုန္းကဆို တေန႔တေန႔ကို ရာဂဏန္းရွိတယ္၊ အခုတေန႔ တေန႔မွာ သုံးေလး၊ ငါးဦးေလာက္ပဲ။ ဟိုဘက္ကလည္း ေတာ္ေတာ္စိစစ္တယ္။ က်ေနာ္တို႔ဘက္ကလည္း တတ္ႏိုင္ရင္ မသြားဖို႔ဆိုၿပီးေတာ့ စိစစ္ေနတာ၊ ပိုၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ လုပ္ေနပါတယ္ခင္ဗ်။”

ရွမ္းေျမာက္မူဆယ္ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္စပ္မွာေတာ့ ျပည္တြင္းမွာ အတည္ျပဳလူနာ ပထမဦးဆုံးစေတြ႕ကတည္းက တ႐ုတ္ဘက္က လုံၿခဳံေရးတင္းၾကပ္လိုက္တာျဖစ္ၿပီး အခုလို အတည္ျပဳလူနာတိုးလာခ်ိန္မွာ မူဆယ္မွာလည္း က်န္းမာေရးစိစစ္တာေတြ ႏွစ္ဘက္လုံး တိုးၿပီးလုပ္ေနတယ္လို႔ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။ မူဆယ္ အုပ္ခ်ဳပ္ေရးဌာနတာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဌာနတာဝန္ရွိသူေတြ ဩဂုတ္လ ၂၆ ရက္ကမွာ ဒီကိစၥအစည္းအေဝး လုပ္ခဲ့ေၾကာင္းလည္း သူကေျပာပါတယ္။

“တ႐ုတ္ကေတာ့ သူ႔ႏိုင္ငံနဲ႔ ပတ္သက္တဲ့စည္းကမ္း သူ႔ဖာသာ ထုတ္တာေပါ့ေနာ္။ ႏိုင္ငံထဲမွာေရာဂါေတြ႕တာ မ်ားလာတယ္ဆို ဒီဘက္မွာ အခုက အဝင္အထြက္ဂိတ္ေတြ ျပန္စစ္တယ္ေပါ့။ ေနာက္ ေအာက္ကတက္လာတဲ့ ယာဥ္ေတြအေပၚမွာလည္း ျပန္စစ္တယ္ေပါ့ေနာ္။ ပိုၿပီးတင္းတင္းၾကပ္ၾကပ္ အရွိန္အဟုန္ျပန္ၿပီး၊ မူလျမန္မာျပည္မွာ ပိုးစေတြ႕တဲ့ ပုံစံအတိုင္းကို က်ေနာ္တို႔ ဒီမွာ အခုျပန္လုပ္တာေပါ့ေနာ္။”

ျပည္တြင္းမွာ ေရာဂါပိုးစေတြ႕တဲ့ မတ္လ ၂၀ ရက္ကလို႔ အခုထိ ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၅၀,၀၀၀ ေလာက္ လုပ္ထားၿပီး ဩဂုတ္လ ၂၈ ရက္အထိစာရင္းအရ ေရာဂါပိုးကင္းစင္သူ ၃၄၉ ေယာက္ရွိပါၿပီ။ ေသဆုံးသူကေတာ့ ၆ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်-မြန်မာနယ်စပ် ကိုဗစ်ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေ

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု ရုတ်တရက်တိုးလာချိန် အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကလည်း မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ပေါက်တွေမှာ လုံးခြုံရေးတိုးမြှင့်လာနေတယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်းက ၂၄ နာရီအတွင်း ကူးစက်သူ ၁၀၀ အထိရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၆၀၀ ကျော်ရှိလာခဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်လာနေကြပြီး နယ်စပ်လုံခြုံရေးတွေ တိုးမြှင့်လာနေကြတာပါ။

အထူးသဖြင့် မြန်မာနဲ့ ထိစပ်နေတဲ့ တရုတ်၊ ယူနန်ပြည်နယ်မှာ သူတို့အစိုးရက ဒီရောဂါကို ထိန်းချုပ်ထားနိုင်ပေမဲ့ အတည်ပြုလူနာတိုးလာတဲ့ မြန်မာပြည်တွင်း အခြေအနေကြောင့် နှစ်ဘက်နယ်စပ်ကို အရင်ကထက် လုံခြုံရေးတိုးမြှင့် လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

“တရုတ်ဘက်က အခုအဝင်အထွက်က အရင်တုန်းကဆို တနေ့တနေ့ကို ရာဂဏန်းရှိတယ်၊ အခုတနေ့ တနေ့မှာ သုံးလေး၊ ငါးဦးလောက်ပဲ။ ဟိုဘက်ကလည်း တော်တော်စိစစ်တယ်။ ကျနော်တို့ဘက်ကလည်း တတ်နိုင်ရင် မသွားဖို့ဆိုပြီးတော့ စိစစ်နေတာ၊ ပိုပြီးတော့ တင်းတင်းကြပ်ကြပ် လုပ်နေပါတယ်ခင်ဗျ။”

ရှမ်းမြောက်မူဆယ် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်မှာတော့ ပြည်တွင်းမှာ အတည်ပြုလူနာ ပထမဦးဆုံးစတွေ့ကတည်းက တရုတ်ဘက်က လုံခြုံရေးတင်းကြပ်လိုက်တာဖြစ်ပြီး အခုလို အတည်ပြုလူနာတိုးလာချိန်မှာ မူဆယ်မှာလည်း ကျန်းမာရေးစိစစ်တာတွေ နှစ်ဘက်လုံး တိုးပြီးလုပ်နေတယ်လို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောပါတယ်။ မူဆယ် အုပ်ချုပ်ရေးဌာနတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေ ဩဂုတ်လ ၂၆ ရက်ကမှာ ဒီကိစ္စအစည်းအဝေး လုပ်ခဲ့ကြောင်းလည်း သူကပြောပါတယ်။

“တရုတ်ကတော့ သူ့နိုင်ငံနဲ့ ပတ်သက်တဲ့စည်းကမ်း သူ့ဖာသာ ထုတ်တာပေါ့နော်။ နိုင်ငံထဲမှာရောဂါတွေ့တာ များလာတယ်ဆို ဒီဘက်မှာ အခုက အဝင်အထွက်ဂိတ်တွေ ပြန်စစ်တယ်ပေါ့။ နောက် အောက်ကတက်လာတဲ့ ယာဉ်တွေအပေါ်မှာလည်း ပြန်စစ်တယ်ပေါ့နော်။ ပိုပြီးတင်းတင်းကြပ်ကြပ် အရှိန်အဟုန်ပြန်ပြီး၊ မူလမြန်မာပြည်မှာ ပိုးစတွေ့တဲ့ ပုံစံအတိုင်းကို ကျနော်တို့ ဒီမှာ အခုပြန်လုပ်တာပေါ့နော်။”

ပြည်တွင်းမှာ ရောဂါပိုးစတွေ့တဲ့ မတ်လ ၂၀ ရက်ကလို့ အခုထိ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅၀,၀၀၀ လောက် လုပ်ထားပြီး ဩဂုတ်လ ၂၈ ရက်အထိစာရင်းအရ ရောဂါပိုးကင်းစင်သူ ၃၄၉ ယောက်ရှိပါပြီ။ သေဆုံးသူကတော့ ၆ ယောက်ရှိပါတယ်။

XS
SM
MD
LG