သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္မႈတုိးလာေနတာေၾကာင့္ ထုိင္းက နယ္စပ္ေတြတင္းၾကပ္


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ရက္အနည္းငယ္အတြင္း COVID-19 ေရာဂါ ကူးစက္မႈ ၂၀၀ ေက်ာ္ ျမင့္တက္ခဲ့တာနဲ႔ အတူ တစ္နိုင္ငံလုံးမွာ ေက်ာင္းေတြ ပိတ္ခဲ့တဲ့ သတင္းေတြေၾကာင့္ ထိုင္းနယ္စပ္ လုံျခဳံေရး အာဏာပိုင္ေတြ ထိုင္း-ျမန္မာ နယ္စပ္ကို သတိထားေစာင့္ၾကည့္လာေနၾကၿပီးနယ္စပ္ အဝင္အထြက္ေတြကို တင္းက်ပ္လိုက္ၿပီ ျဖစ္ပါတယ္။

အထူးသျဖင့္ မဲေဆာက္က နယ္စပ္ဂိတ္ေတြနဲ႔ Muang ခရိုင္ေတြဆီကိုသြားတဲ့ လမ္းေတြကိုတင္းတင္းက်ပ္က်ပ္စိစစ္သြားဖို႔ရွိတယ္လို႔ ထိုင္း အာဏာပိုင္ေတြကို ကိုးကားၿပီး Bangkok Post သတင္းစာက ေျပာပါတယ္။

မဲေဆာက္ၿမိဳ႕ဟာ ထိုင္းနိုင္ငံဘက္ကေန ျမန္မာနိုင္ငံ ရန္ကုန္ၿမိဳ႕နဲ႔ အဓိက ခ်ိတ္ဆက္ရာ ၿမိဳ႕ျဖစ္သလို ေသာင္ရင္းျမစ္ပဲ ျခားတာ ျဖစ္ပါတယ္။ ထိုင္းနိုင္ငံ Tak ခရိုင္နဲ႔ ရွည္လ်ားတဲ့ နယ္နိမိတ္ရွိတာေၾကာင့္ ျမစ္ကို ျဖတ္ေက်ာ္ ဝင္ေရာက္ၿပီး ထိုင္းနိုင္ငံမွာ အလုပ္ရွာ ဖို႔အတြက္ တရားမဝင္ ဝင္ေရာက္ဖို႔ လြယ္ကူတဲ့ ေနရာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာမှာ ကိုဗစ်ကူးစက်မှုတိုးလာနေတာကြောင့် ထိုင်းက နယ်စပ်တွေတင်းကြပ်

(Unicode)

မြန်မာနိုင်ငံမှာ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်မှု ၂၀၀ ကျော် မြင့်တက်ခဲ့တာနဲ့ အတူ တစ်နိုင်ငံလုံးမှာ ကျောင်းတွေ ပိတ်ခဲ့တဲ့ သတင်းတွေကြောင့် ထိုင်းနယ်စပ် လုံခြုံရေး အာဏာပိုင်တွေ ထိုင်း-မြန်မာ နယ်စပ်ကို သတိထားစောင့်ကြည့်လာနေကြပြီးနယ်စပ် အဝင်အထွက်တွေကို တင်းကျပ်လိုက်ပြီ ဖြစ်ပါတယ်။

အထူးသဖြင့် မဲဆောက်က နယ်စပ်ဂိတ်တွေနဲ့ Muang ခရိုင်တွေဆီကိုသွားတဲ့ လမ်းတွေကိုတင်းတင်းကျပ်ကျပ်စိစစ်သွားဖို့ရှိတယ်လို့ ထိုင်း အာဏာပိုင်တွေကို ကိုးကားပြီး Bangkok Post သတင်းစာက ပြောပါတယ်။

မဲဆောက်မြို့ဟာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ အဓိက ချိတ်ဆက်ရာ မြို့ဖြစ်သလို သောင်ရင်းမြစ်ပဲ ခြားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Tak ခရိုင်နဲ့ ရှည်လျားတဲ့ နယ်နိမိတ်ရှိတာကြောင့် မြစ်ကို ဖြတ်ကျော် ဝင်ရောက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်ရှာ ဖို့အတွက် တရားမဝင် ဝင်ရောက်ဖို့ လွယ်ကူတဲ့ နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG