[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္ခံရသူ ေနာက္ထပ္ ၁၆ ေယာက္ ထပ္မံေတြ႔ရွိတာေၾကာင့္ ေရာဂါကူးစက္ခံရသူ ၆၀၂ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ည ၈ နာရီထုတ္ျပန္ပါတယ္။
ဓာတ္ခဲြနမူနာ ၁,၃၅၅ ခုကို ဒီေန႔ စစ္ေဆးခဲ့တာမွာ အမ်ိဳးသမီး ၅ ေယာက္နဲ႔ အမ်ိဳးသား ၁၁ ေယာက္ စုစုေပါင္း ၁၆ ေယာက္မွာ ေရာဂါပိုး ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
ဒီေန႔ ေရာဂါပိုးေတြ႔ရွိတဲ့သူေတြဟာ အသက္ ၁၉ ႏွစ္ကေန ၆၆ ႏွစ္ၾကားေတြျဖစ္ၾကၿပီး ရခုိင္ျပည္နယ္စစ္ေတြၿမိဳ႕က ၈ ေယာက္၊ ရန္ကုန္တုိင္း ေျမာက္ဥကၠလာၿမိဳ႕နယ္က ၂ ေယာက္၊ သဃၤန္းကၽြန္းနဲ႔ ရန္ကင္းၿမိဳ႕နယ္ေတြက ၁ ေယာက္စီ ပါဝင္ပါတယ္။ က်န္တဲ့ ၄ ေယာက္ကေတာ့ ေမာ္လၿမိဳင္၊ ေရး၊ ေတာင္ငူနဲ႔ ေက်ာက္ပန္းေတာင္းၿမိဳ႕ေတြကပါ။
ဒီထဲမွာ ျပည္တြင္း ေရာဂါအတည္ျပဳလူနာနဲ႔ ထိေတြ႔သူ ၅ ေယာက္၊ ျပည္ပခရီးသြားရာဇ၀င္ရွိသူ ၄ ေယာက္ ပါ၀င္ၿပီး က်န္တဲ့ ၇ ေယာက္ကေတာ့ ခရီးသြားရာဇ၀င္မရွိသလို ေရာဂါအတည္ျပဳလူနာနဲ႔ ထိေတြ႔မရွိဘဲ ကူးစက္ခံရတာျဖစ္တယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ျပည္တြင္းမွာတင္ ေရာဂါပိုးကူးစက္ခံရတဲ့ သေဘာပါပဲ။
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔ကစၿပီး စစ္ေတြၿမိဳ႕မွာ ကူးစက္သူတစ္ဦးေတြ႔ရာကေန ရခုိင္ျပည္နယ္အတြင္း ကူးစက္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ အခုအခါ ျပည္နယ္တခုလုံးမွာ လူေတြကို မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္ထားၿပီး ညမထြက္ရအမိန္႔ကို တိုးခ်ဲ႕ထုတ္ျပန္ဖို႔လည္း ျပင္ဆင္ေနတယ္လို႔ ျပည္နယ္ေရာဂါထိန္းခ်ဳပ္ေရးတာ၀န္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။
ဒီေန႔မွာ ႏွစ္ႀကိမ္ဆက္ ပိုးမေတြ႔ရွိသူ ၄ ေယာက္ထပ္မံေတြရွိတာေၾကာင့္ ေရာဂါပိုးကင္းစင္သူ ၃၄၉ ေယာက္ ရွိသြားၿပီျဖစ္ၿပီးဒီထဲက ၃၃၉ ေယာက္ကိုေတာ့ ေဆး႐ုံက ဆင္းခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။
ဒါ့အျပင့္ မေန႔ ၾသဂုတ္လ ၂၆ ရက္ေန႔ကေန ဒီေန႔ေနလယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာသစ္ ၆၇ ေယာက္ရွွိတယ္လို႔ ေျပာပါတယ္။
COVID-19 ေၾကာင့္ ေသဆုံးသူအေရအတြက္က ၆ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။
[Unicode Version]
မြန်မာ ကိုဗစ်ကူးစက်သူ ၁၆ ဦးထပ်တိုး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ နောက်ထပ် ၁၆ ယောက် ထပ်မံတွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ ၆၀၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီထုတ်ပြန်ပါတယ်။
ဓာတ်ခွဲနမူနာ ၁,၃၅၅ ခုကို ဒီနေ့ စစ်ဆေးခဲ့တာမှာ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၁၁ ယောက် စုစုပေါင်း ၁၆ ယောက်မှာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ရောဂါပိုးတွေ့ရှိတဲ့သူတွေဟာ အသက် ၁၉ နှစ်ကနေ ၆၆ နှစ်ကြားတွေဖြစ်ကြပြီး ရခိုင်ပြည်နယ်စစ်တွေမြို့က ၈ ယောက်၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်က ၂ ယောက်၊ သင်္ဃန်းကျွန်းနဲ့ ရန်ကင်းမြို့နယ်တွေက ၁ ယောက်စီ ပါဝင်ပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ မော်လမြိုင်၊ ရေး၊ တောင်ငူနဲ့ ကျောက်ပန်းတောင်းမြို့တွေကပါ။
ဒီထဲမှာ ပြည်တွင်း ရောဂါအတည်ပြုလူနာနဲ့ ထိတွေ့သူ ၅ ယောက်၊ ပြည်ပခရီးသွားရာဇဝင်ရှိသူ ၄ ယောက် ပါဝင်ပြီး ကျန်တဲ့ ၇ ယောက်ကတော့ ခရီးသွားရာဇဝင်မရှိသလို ရောဂါအတည်ပြုလူနာနဲ့ ထိတွေ့မရှိဘဲ ကူးစက်ခံရတာဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် ပြည်တွင်းမှာတင် ရောဂါပိုးကူးစက်ခံရတဲ့ သဘောပါပဲ။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး စစ်တွေမြို့မှာ ကူးစက်သူတစ်ဦးတွေ့ရာကနေ ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် အခုအခါ ပြည်နယ်တခုလုံးမှာ လူတွေကို မလိုအပ်ရင် အပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားပြီး ညမထွက်ရအမိန့်ကို တိုးချဲ့ထုတ်ပြန်ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြည်နယ်ရောဂါထိန်းချုပ်ရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ဒီနေ့မှာ နှစ်ကြိမ်ဆက် ပိုးမတွေ့ရှိသူ ၄ ယောက်ထပ်မံတွေရှိတာကြောင့် ရောဂါပိုးကင်းစင်သူ ၃၄၉ ယောက် ရှိသွားပြီဖြစ်ပြီးဒီထဲက ၃၃၉ ယောက်ကိုတော့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင့် မနေ့ သြဂုတ်လ ၂၆ ရက်နေ့ကနေ ဒီနေ့နေလယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၆၇ ယောက်ရှိတယ်လို့ ပြောပါတယ်။
COVID-19 ကြောင့် သေဆုံးသူအရေအတွက်က ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။