သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၂၆ ဦးထပ္တုိး၊ တႏုိင္ငံလုံးကူးစက္သူ စုစုေပါင္း ၆၂၈ ဦးရွိ


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ၾသဂုတ္လ ၂၈ ရက္ေန႔ မနက္ပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေၾကညာခ်က္ အရ COVID -19 လူနာသစ္ ၂၆ ေယာက္ ထပ္ၿပီး အတည္ျပဳလိုက္တဲ့ အတြက္ ကူးစက္သူ စုစုေပါင္း ၆၂၈ ဦးရွိၿပီျဖစ္ ပါတယ္။

ၾသဂုတ္လ ၂၇ ရက္ေန႔ အတြက္ ဓာတ္ခြဲနမူနာ ၁,၃၅၅ ခုစစ္ေဆးအၿပီး ေနာက္ထပ္ ဓါတ္ခြဲနမူနာ ၆၂၁ ခုကို ထပ္မံ စစ္ေဆးခဲ့တာမွာ အခုလို ေရာဂါ ကူးစက္သူ ၂၆ ေယာက္ ထပ္ၿပီးေတြ႕တာပါ။ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ ေတြရဲ့ အေသးစိတ္ အခ်က္အလက္ ေတြကိုစာရင္းျပဳစုၿပီးရင္ ဆက္လက္ထုတ္ျပန္ ေပးသြားမယ္လို႔ လည္း ေၾကညာခ်က္မွာ ေဖာ္ျပ ထားးပါတယ္။

ျမန္မာနိုင္ငံမွာ အခုထိ ေရာဂါပိုးဓါတ္ခြဲစစ္ေဆးမႈေပါင္း ၁ သိန္းခြဲနီးပါး ျပဳလုပ္ခဲ့ၿပီး အတည္ျပဳလူနာေတြထဲ မေန႔ ကအထိ ေရာဂါပိုးကင္းစင္သူ ၃၄၉ ေယာက္နဲ႔ ေသဆုံးသူ ၆ ေယာက္ရွိပါတယ္။

အခုလတ္တေလာကူးစက္မႈ အမ်ားစုဆုံးျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ မိမိသေဘာဆႏၵအေလ်ာက္ ယာယီ တာဝန္ ထမ္းေဆာင္မယ့္ ဆရာဝန္ေတြ၊ က်န္းမာေရးမႈးေတြ ၊ သူနာျပဳေတြ၊ ေဆးဝါးပညာရွင္ေတြ ပါဝင္တဲ့ က်န္းမာေရး ဝန္ထမ္းေတြ မေန႔ ၾသဂုတ္လ ၂၇ ရက္ေန႔က ျမန္မာအမ်ိဳးသားပိုင္ေလေၾကာင္းလိုင္း အထူးေလယာဥ္နဲ႔ ရခိုင္ျပည္နယ္၊ စစ္ေတြေလဆိပ္ကို သြားေရာက္ခဲ့ပါတယ္။ ဒီ အထူးေလယာဥ္နဲ႔ ပဲ ရခိုင္ျပည္နယ္တြင္း COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအတြက္ ေဆးႏွင့္ ေဆးပစၥည္း ကိရိယာေတြကိုလည္း ပို႔ေဆာင္ခဲ့ပါတယ္။

.............

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၂၆ ဦးထပ်တိုး၊ တနိုင်ငံလုံးကူးစက်သူ စုစုပေါင်း ၆၂၈ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက် အရ COVID -19 လူနာသစ် ၂၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၆၂၈ ဦးရှိပြီဖြစ် ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ အတွက် ဓာတ်ခွဲနမူနာ ၁,၃၅၅ ခုစစ်ဆေးအပြီး နောက်ထပ် ဓါတ်ခွဲနမူနာ ၆၂၁ ခုကို ထပ်မံ စစ်ဆေးခဲ့တာမှာ အခုလို ရောဂါ ကူးစက်သူ ၂၆ ယောက် ထပ်ပြီးတွေ့တာပါ။ ဓာတ်ခွဲအတည်ပြု လူနာသစ် တွေရဲ့ အသေးစိတ် အချက်အလက် တွေကိုစာရင်းပြုစုပြီးရင် ဆက်လက်ထုတ်ပြန် ပေးသွားမယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြ ထားးပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ ရောဂါပိုးဓါတ်ခွဲစစ်ဆေးမှုပေါင်း ၁ သိန်းခွဲနီးပါး ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ မနေ့ ကအထိ ရောဂါပိုးကင်းစင်သူ ၃၄၉ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။

အခုလတ်တလောကူးစက်မှု အများစုဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ မိမိသဘောဆန္ဒအလျောက် ယာယီ တာဝန် ထမ်းဆောင်မယ့် ဆရာဝန်တွေ၊ ကျန်းမာရေးမှုးတွေ ၊ သူနာပြုတွေ၊ ဆေးဝါးပညာရှင်တွေ ပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မနေ့ သြဂုတ်လ ၂၇ ရက်နေ့က မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကို သွားရောက်ခဲ့ပါတယ်။ ဒီ အထူးလေယာဉ်နဲ့ ပဲ ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် ဆေးနှင့် ဆေးပစ္စည်း ကိရိယာတွေကိုလည်း ပို့ဆောင်ခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG