သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ကုိဗစ္ အစုိးရိမ္မလြန္ဖုိ႔ ျပည္နယ္က်န္းမာေရးတာ၀န္ခံေျပာ


မွတ္တမ္းဓါတ္ပံု- ေမလ ၁၆ရက္ေန႔က ေတြ႔ရတဲ့ ရန္ကုန္ၿမိဳ႕ရွိ COVID-19 quarantine centre တခု (Photo by Ye Aung THU / AFP)

(Zawgyi/Unicode)

စစ္ေတြမွာ ကိုဗစ္ပိုးေတြ႔သူအေရအတြက္က၊ ျပင္ထားတဲ့ ေဆးရံုကုတင္ထက္ မ်ားသြားတာမို႔၊ ဘာေတြ ဆက္ျပင္ထားတာကို၊ ရခိုင္ျပည္နယ္ က်န္းမာေရးကိုပါ ဦးဆာင္ရသူ၊ ျပည္နယ္လူမူေရးဝန္ႀကီး ေဒါက္တာ ခ်မ္းသာကို ကို၀င္းမင္း ေမးထားပါတယ္။

ကို၀င္းမင္း။ ။ ေဒါက္တာခ်မ္းသာခင္ဗ် ဒီစစ္ေတြမွာ ပိုးေတြ႔လူနာက တေျဖးေျဖးမ်ားလာတာေပါ့ေနာ္။ ဆရာတို႔ေဆးရံုသတ္မွတ္ထားတဲ့အေရအတြက္ထက္ စက်ာ္လာၿပီလို႔ ေျပာလို႔ရတာေပါ့ေနာ္။ ေနာက္ထပ္မ်ားလာႏိုင္တဲ့အတြက္ေရာ ဆရာတို႔ဒီ ေဆးရံုေတြ ျပင္ဆင္ထားမႈအေနအထား ၊ ေဆာက္လုပ္ဖို႔အေနအထားေတြေရာရွိလား။

ေဒါက္တာခ်မ္းသာ။ ။ အခုရက္ပိုင္းမွာ ဒီေန႔မွာေတာ့ နည္းနည္းေတာ့ နည္းသြားတယ္။ သို႔ေသာ္လည္း က်ေနာ္တို႔ကေတာ့ မ်ားလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ထားတာေပါ့ေနာ္။ စစ္ေတြေဆးရံုအေရအတြက္ ေက်ာ္သြားၿပီဆရာ။ ေဆးရံုတရံုေဆာက္ဖို႔ဆိုတာကေတာ့ လြယ္ေတာ့မလြယ္ဘူး သို႔ေသာ္လည္း က်ေနာ္ ေဆးရံုျဖစ္ႏိုင္တဲ့ေနရာေတြကို ႀကိဳတင္ၿပီးေတာ့ လုပ္ထားပါတယ္။ ဥပမာ စစ္ေတြသကၠသိုလ္မွာ ေက်ာင္းပိတ္ထားေတာ့ အေဆာင္ေတြရွိတာေပါ့ ၊ ေလာေလာဆည္ေတာ့ က်ေနာ္ ကြာရန္တင္းစင္တာလုပ္ထားတယ္။ ဆိုေတာ့ အဲဒီအေဆာင္ေတြက ေနာက္ထပ္ ၄ ၊၅ ၊ ၆ ေဆာင္ ၇ ေဆာင္ရွိေတာ့ လူနာ ၂၀၀ ေလာက္ထားႏိုင္တဲ့ ယာယီေဆးရံုလုပ္ရင္ေတာ့ ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲဒါလည္း က်ေနာ္တို႔ ျပည္ေထာင္စု က်န္းမာေရး၀န္ႀကီးဌာနကေနတဆင့္ ပညာေရး၀န္ႀကီးဌာနကို တင္ထားတယ္။

ေနာက္တခုက ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ အေဆာက္အဦးေတြ အမ်ားႀကီးရွိတယ္။ လႊတ္ေတာ္ကလည္း တခ်ိဳ႕ဟာေလးေတြျပင္ဆင္ၿပီး သံုးလို႔ရတယ္ဆိုေတာ့ အဲဒါေတြကို လုပ္လိုက္ရင္ က်ေနာ္ထင္တယ္ လူနာ ၅၀၀ နဲ႔ ၁၀၀၀ ၾကားေတာ့ ထားႏိုင္ေလာက္တဲ့ေဆးရံုေတာ့ က်ေနာ္တို႔ရသြားမယ္။ ေနာက္တခုကေတာ့ ျပည္ေထာင္စုမွာရွိတဲ့ ဆရာ၀န္ႀကီးေတြနဲ႔ ညိွႏိႈင္းတာေတာ့ သူတို႔ကေတာ့ tent (ရြက္ဖ်င္တဲ) ေတြနဲ႔ ေဆးရံုေဆာက္မယ္ဆိုရင္လည္း ျဖစ္ႏိုင္တယ္ေပါ့၊ သယ္လာၿပီး ေဘာလံုးကြင္းလိုေနရာမ်ိဳး ဒါေလးေတြလည္း က်ေနာ္တို႔ စဥ္းစားထားပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေဆးရံုယာယီျပင္ဆင္တဲ့အေနအထားက အခ်ိန္ဘယ္ေလာက္ေလာက္ေစာင့္ရမယ္လုိ႔ထင္လဲ၊ ဆရာတင္ျပတဲ့အေနအထားမွာေလ။

ေဒါက္တာခ်မ္းသာ။ ။ ေဆးရံုက သိပ္မၾကာဘူး က်ေနာ္တို႔က အေဆာက္အဦးေတြက ရွိၿပီးသားဆိုေတာ့ ။ ရန္ကုန္ကလည္း ကုတင္၊ ေမႊ႕ရာေတြ ေနာက္လိုအပ္တဲ့ အသံုးအေဆာင္ပစၥည္းေတြ အခုက်ေနာ္တို႔ သယ္လာပါၿပီ။ တခါတည္းလုပ္ရင္ တပတ္အတြင္းမွာ လူနာ ၃၀၀-၄၀၀ ေလာက္ကို ထားႏိုင္တဲ့အေနအထားမ်ိဳးရပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ဒီေနရာမွာ တပ္မေတာ္ဘက္ကေရာ သူတို႔ဆီမွာကလည္း ေဆးရံုအျပင္ ယာယီေဆာက္မယ့္ ယႏၱရားေတြ၊ ပစၥည္းေတြလည္း အသင့္ရွိႏိုင္တာေပါ့့ေနာ္။

ေဒါက္တာခ်မ္းသာ။ ။ ရွိပါတယ္ တပ္မေတာ္ဘက္ကလည္း အသင့္ျပင္ထားပါတယ္။ တပ္မေတာ္မွာ ကုတင္ ၁၀၀ ေဆးရံုလည္းရွိပါတယ္။ က်ေနာ္တို႔ လုိအပ္ရင္ တပ္မေတာ္ေဆးရုံကို အသံုးျပဳဖို႔အတြက္ တပ္မေတာ္ကေန က်ေနာ္တို႔ကို ေျပာထားပါတယ္။ က်ေနာ္တို႔ကလည္း ေျပာပါတယ္ ျပည္ေထာင္စု က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္နဲ႕အညီ လိုအပ္ရင္ အကူအညီေတာင္းပါမယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ အဲဒီေတာ့ လက္ရွိမွာ စစ္ေတြလူနာအေရအတြက္က စစ္ေတြေဆးရံုမွာ မွန္းထားတဲ့ အေရအတြက္ထက္ ေက်ာ္သြားၿပီဆိုေတာ့ အခုေလာေလာဆယ္မွာ ဆရာတို႔ ဘယ္လို စီစဥ္ေပးထားသလဲ။

ေဒါက္တာခ်မ္းသာ။ ။ ၁၀၀ မကဘူး က်ေနာ္တို႔ အားလံုး ၁၅၀ ေလာက္ရွိပါတယ္။ စစ္ေတြေဆးရံုမွာ ၁၂၀ ေလာက္ထားႏိုင္တယ္ အဲဒီေတာ့ ပိုတဲ့လူေတြကို က်ေနာ္တို႔ ဘယ္ပို႔သလဲဆိုေတာ့ သူနာျပဳသင္တန္းေက်ာင္းမွာ လုပ္ထားပါတယ္ ယာယီေဆးရံု လူ ၅၀ ေလာက္ထည့္လို႔ရတယ္။ ေလာေလာဆည္ေတာ့ ၃၀ ေက်ာ္ေလာက္အဲဒီကို ပို႔ထားပါတယ္။ တုိင္းရင္းေဆးရံုမွာလည္း က်ေနာ္တို႔ လုပ္ထားပါတယ္ ျပင္ထားပါၿပီ ဆိုေတာ့ လူနာ ၅၀ ေလာက္ပဲ ဆန္႔ႏိုင္မယ္ ။

ဆိုေတာ့ က်ေန္ာတို႔ Categories (လူနာအုပ္စုေတြ) ခြဲလိုက္ပါတယ္ A ၊ B ၊C ၊ D ေပါ့။ A ကေတာ့ Positive (ပိုးရွိတာ) ျဖစ္တယ္ ဘာလကၡဏာမွမရွိဘူး။ B ကေတာ့ ႏွာေစးေခ်ာင္းဆိုးတို႔ လည္ေခ်ာင္းနာတာရွိမယ္ အနံမရတာ၊ အဲလိုက်ေတာ့ A နဲ႔ B ကိုေတာ့ ျပႆနာမရွိဘူး ေဆးရံုႀကီးမွာ မထားပဲနဲ႔ သူနာျပဳသင္တန္းအေဆာင္မွာ ေရြးၿပီးထားပါတယ္။ C ကေတာ့ ေသြးတိုးဆီးခ်ိဳရွိမယ္ ၊ တျခားေရာဂါနဲ႔ တြဲေနရင္ သူတို႔ကိုေတာ့ ေဆးရံုႀကီးမွာထားမယ္။ D ကေတာ့ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာရွိမယ္ ဥပမာ- Ventilator (အသက္ရူစက္) တင္ဖို႔ လိုတယ္ ေအာက္ဆီဂ်င္ေပးဖုိ႔လိုတယ္ ဒါေတြကိုေတာ့ C နဲ႔ D ကိုေတာ့ ေဆးရံုႀကီးမွာ ထားဖို႔ လုပ္ထားပါတယ္ဆရာ။ ဆိုေတာ့ ေလာေလာဆည္က စစ္ေတြက ကုတင္ ၅၀၀ ေလာက္ရွိတဲ့အတြက္ေၾကာင့္ တခ်ိဳ႕ Ward (လူနာေဆာင္) ေတြကို လူနာနည္းသြားတဲ့အတြက္ေၾကာင့္ ေပါင္းလိုက္ေတာ့ ward ေတြထြက္လာတယ္။ အခု ward တခု Child Ward (ကေလးေဆာင္) ကို Medical Ward (ရိုးရိုးေဆာင္) နဲ႔ ေပါင္းလိုက္တဲ့အတြက္ေၾကာင့္ လူနာ ေနာက္ထပ္ ၁၀၀ ေက်ာ္ေလာက္ထားႏိုင္တယ္ အဲဒီအတြက္ စစ္ေတြေဆးရံု၀န္းထဲမွာ လူနာ ၂၀၀ ေလာက္က်ေနာ္တို႔ ထားႏိုင္မွာ ျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ဒီေနရာမွာ အရင္ပိုးေတြ႔ထားတဲ့ ေရာဂါအခံရွိသူေပါ့ေနာ္ ။ ၉ ေယာက္ေလာက္ရွိတာေရာ ထပ္တိုးလာေသးလား။

ေဒါက္တာခ်မ္းသာ။ ။ ဟုတ္တယ္ ၉ ေယာက္ ေကာင္းပါတယ္ သူတို႔အေျခအေန ။ အသက္ ၉၀ အရြယ္ ဆရာေတာ္လည္း ရွိပါတယ္ သူလည္း ေကာင္းပါတယ္။ ေနာက္တပါးကလည္း အသက္ ၈၀ ေက်ာ္ပါ သူလည္း ေကာင္းပါတယ္။ သူတို႔ကေတာ့ ေရာဂါအခံမရွိဘူး အသက္ႀကီးတာပါပဲ။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေနာက္စစ္ေဘးေရွာင္စခန္းထဲမွာေရာ။

ေဒါက္တာခ်မ္းသာ။ ။ စစ္ေဘးေရွာင္စခန္းထဲမွာ မေတြ႔ေသးဘူး။ ဥပမာ ေျမာက္ဦးဆိုရင္ က်ေနာ္တို႔ ေတာ္ေတာ္ မ်ားမ်ား စစ္ထားၿပီးၿပီ၊ ၃၀၊ ၄၀ ၊ ၅၀ ေလာက္အထိ စစ္ထားတာ မေတြ႔ပါဘူး။

ကို၀င္းမင္း။ ။ ျပည္သူေတြကိုေရာ အဓိက ဘာမွာခ်င္ေသးလဲဆရာ။

ေဒါက္တာခ်မ္းသာ။ ။ Vaccination ( ကာကြယ္ေဆး) မရခင္ေတာ့ ေရာဂါ ကူးစက္မႈေတြကေတာ့ ရွိဦးမွာပဲ အနည္းနဲ႔ အမ်ားေတာ့။ သို႔ေသာ္ လူေတြကို သိပ္ၿပီးမေၾကာက္ဖို႔နဲ႔ စိုးရိမ္မလြန္ဖို႔ ၊ မေပါ့ဖို႔ေပါ့ေနာ္။ အထူးသျဖင့္ေတာ့ Prevention (ကာကြယ္) တဲ့အပိုင္းက ပိုအေရးႀကီးပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနက ညြန္ၾကားတဲ့အတိုင္းပဲ Social distancing ေတြ ခပ္ခြာခြာေနဖို႔ ၊ က်ေနာ္တို႔ Mask (ႏွာေခါင္းစည္း) ေတြတပ္ၾကမယ္ ေနာက္တတ္ႏိုင္သေလာက္ အိမ္မွာ ေနၾကမယ္ဆိုရင္ေတာ့ ေရာဂါကို ေတာ္ေတာ္ေလး ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အစကေတာ့ ေပါ့ေပါ့ဆဆေနတယ္ အခု Case (ပိုးေတြ႔သူ) ေတြတက္လာေတာ့ လူေတြကလည္း စိုးရိမ္ၿပီးေတာ့ လုပ္ပါတယ္။ အိမ္ထဲမွာေနတာမ်ားတယ္ စစ္ေတြၿမိဳ႕ဆိုရင္ အခုလမ္းမွာအသြားအလာေတြ အင္မတန္မွ နည္းသြားပါၿပီ။ မျဖစ္မေန ကိစၥေတြပဲ သြားပါေတာ့တယ္ မနက္ဆိုရင္ ေစ်းသြားတာေပါ့။ ေစ်းကိုလည္း က်ေနာ္တို႔ တတ္ႏိုင္သေလာက္ Social Distancing (ခပ္ခြာခြာေနတာ) ရေအာင္ေတာ့ လုပ္ေပးေနတယ္။ အဓိကေတာ့ ျပည္သူေတြပါမွပါ။ ျပည္သူေတြကိုယ္တိုင္က ကိုယ့္ဟာကိုလိုက္နာသြားရင္ေတာ့ ဒီေရာဂါထိန္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာေမွ်ာ္လင့္တဲ့အတိုင္း ျဖစ္လာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ဆရာ။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်ကိုဗစ် အစိုးရိမ်မလွန်ဖို့ ပြည်နယ်ကျန်းမာရေးတာဝန်ခံပြော

(Unicode)

စစ်တွေမှာ ကိုဗစ်ပိုးတွေ့သူအရေအတွက်က၊ ပြင်ထားတဲ့ ဆေးရုံကုတင်ထက် များသွားတာမို့၊ ဘာတွေ ဆက်ပြင်ထားတာကို၊ ရခိုင်ပြည်နယ် ကျန်းမာရေးကိုပါ ဦးဆာင်ရသူ၊ ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာ ချမ်းသာကို ကိုဝင်းမင်း မေးထားပါတယ်။

ကိုဝင်းမင်း။ ။ ဒေါက်တာချမ်းသာခင်ဗျ ဒီစစ်တွေမှာ ပိုးတွေ့လူနာက တဖြေးဖြေးများလာတာပေါ့နော်။ ဆရာတို့ဆေးရုံသတ်မှတ်ထားတဲ့အရေအတွက်ထက် စကျာ်လာပြီလို့ ပြောလို့ရတာပေါ့နော်။ နောက်ထပ်များလာနိုင်တဲ့အတွက်ရော ဆရာတို့ဒီ ဆေးရုံတွေ ပြင်ဆင်ထားမှုအနေအထား ၊ ဆောက်လုပ်ဖို့အနေအထားတွေရောရှိလား။

ဒေါက်တာချမ်းသာ။ ။ အခုရက်ပိုင်းမှာ ဒီနေ့မှာတော့ နည်းနည်းတော့ နည်းသွားတယ်။ သို့သော်လည်း ကျနော်တို့ကတော့ များလာမယ်လို့တော့ မျှော်လင့်ထားတာပေါ့နော်။ စစ်တွေဆေးရုံအရေအတွက် ကျော်သွားပြီဆရာ။ ဆေးရုံတရုံဆောက်ဖို့ဆိုတာကတော့ လွယ်တော့မလွယ်ဘူး သို့သော်လည်း ကျနော် ဆေးရုံဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီးတော့ လုပ်ထားပါတယ်။ ဥပမာ စစ်တွေသက္ကသိုလ်မှာ ကျောင်းပိတ်ထားတော့ အဆောင်တွေရှိတာပေါ့ ၊ လောလောဆည်တော့ ကျနော် ကွာရန်တင်းစင်တာလုပ်ထားတယ်။ ဆိုတော့ အဲဒီအဆောင်တွေက နောက်ထပ် ၄ ၊၅ ၊ ၆ ဆောင် ၇ ဆောင်ရှိတော့ လူနာ ၂၀၀ လောက်ထားနိုင်တဲ့ ယာယီဆေးရုံလုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါလည်း ကျနော်တို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကနေတဆင့် ပညာရေးဝန်ကြီးဌာနကို တင်ထားတယ်။

နောက်တခုက ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆောက်အဦးတွေ အများကြီးရှိတယ်။ လွှတ်တော်ကလည်း တချို့ဟာလေးတွေပြင်ဆင်ပြီး သုံးလို့ရတယ်ဆိုတော့ အဲဒါတွေကို လုပ်လိုက်ရင် ကျနော်ထင်တယ် လူနာ ၅၀၀ နဲ့ ၁၀၀၀ ကြားတော့ ထားနိုင်လောက်တဲ့ဆေးရုံတော့ ကျနော်တို့ရသွားမယ်။ နောက်တခုကတော့ ပြည်ထောင်စုမှာရှိတဲ့ ဆရာဝန်ကြီးတွေနဲ့ ညှိနှိုင်းတာတော့ သူတို့ကတော့ tent (ရွက်ဖျင်တဲ) တွေနဲ့ ဆေးရုံဆောက်မယ်ဆိုရင်လည်း ဖြစ်နိုင်တယ်ပေါ့၊ သယ်လာပြီး ဘောလုံးကွင်းလိုနေရာမျိုး ဒါလေးတွေလည်း ကျနော်တို့ စဉ်းစားထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဆေးရုံယာယီပြင်ဆင်တဲ့အနေအထားက အချိန်ဘယ်လောက်လောက်စောင့်ရမယ်လို့ထင်လဲ၊ ဆရာတင်ပြတဲ့အနေအထားမှာလေ။

ဒေါက်တာချမ်းသာ။ ။ ဆေးရုံက သိပ်မကြာဘူး ကျနော်တို့က အဆောက်အဦးတွေက ရှိပြီးသားဆိုတော့ ။ ရန်ကုန်ကလည်း ကုတင်၊ မွှေ့ရာတွေ နောက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အခုကျနော်တို့ သယ်လာပါပြီ။ တခါတည်းလုပ်ရင် တပတ်အတွင်းမှာ လူနာ ၃၀၀-၄၀၀ လောက်ကို ထားနိုင်တဲ့အနေအထားမျိုးရပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီနေရာမှာ တပ်မတော်ဘက်ကရော သူတို့ဆီမှာကလည်း ဆေးရုံအပြင် ယာယီဆောက်မယ့် ယန္တရားတွေ၊ ပစ္စည်းတွေလည်း အသင့်ရှိနိုင်တာပေါ့နော်။

ဒေါက်တာချမ်းသာ။ ။ ရှိပါတယ် တပ်မတော်ဘက်ကလည်း အသင့်ပြင်ထားပါတယ်။ တပ်မတော်မှာ ကုတင် ၁၀၀ ဆေးရုံလည်းရှိပါတယ်။ ကျနော်တို့ လိုအပ်ရင် တပ်မတော်ဆေးရုံကို အသုံးပြုဖို့အတွက် တပ်မတော်ကနေ ကျနော်တို့ကို ပြောထားပါတယ်။ ကျနော်တို့ကလည်း ပြောပါတယ် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုအပ်ရင် အကူအညီတောင်းပါမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ အဲဒီတော့ လက်ရှိမှာ စစ်တွေလူနာအရေအတွက်က စစ်တွေဆေးရုံမှာ မှန်းထားတဲ့ အရေအတွက်ထက် ကျော်သွားပြီဆိုတော့ အခုလောလောဆယ်မှာ ဆရာတို့ ဘယ်လို စီစဉ်ပေးထားသလဲ။

ဒေါက်တာချမ်းသာ။ ။ ၁၀၀ မကဘူး ကျနော်တို့ အားလုံး ၁၅၀ လောက်ရှိပါတယ်။ စစ်တွေဆေးရုံမှာ ၁၂၀ လောက်ထားနိုင်တယ် အဲဒီတော့ ပိုတဲ့လူတွေကို ကျနော်တို့ ဘယ်ပို့သလဲဆိုတော့ သူနာပြုသင်တန်းကျောင်းမှာ လုပ်ထားပါတယ် ယာယီဆေးရုံ လူ ၅၀ လောက်ထည့်လို့ရတယ်။ လောလောဆည်တော့ ၃၀ ကျော်လောက်အဲဒီကို ပို့ထားပါတယ်။ တိုင်းရင်းဆေးရုံမှာလည်း ကျနော်တို့ လုပ်ထားပါတယ် ပြင်ထားပါပြီ ဆိုတော့ လူနာ ၅၀ လောက်ပဲ ဆန့်နိုင်မယ် ။

ဆိုတော့ ကျနေ်ာတို့ Categories (လူနာအုပ်စုတွေ) ခွဲလိုက်ပါတယ် A ၊ B ၊C ၊ D ပေါ့။ A ကတော့ Positive (ပိုးရှိတာ) ဖြစ်တယ် ဘာလက္ခဏာမှမရှိဘူး။ B ကတော့ နှာစေးချောင်းဆိုးတို့ လည်ချောင်းနာတာရှိမယ် အနံမရတာ၊ အဲလိုကျတော့ A နဲ့ B ကိုတော့ ပြဿနာမရှိဘူး ဆေးရုံကြီးမှာ မထားပဲနဲ့ သူနာပြုသင်တန်းအဆောင်မှာ ရွေးပြီးထားပါတယ်။ C ကတော့ သွေးတိုးဆီးချိုရှိမယ် ၊ တခြားရောဂါနဲ့ တွဲနေရင် သူတို့ကိုတော့ ဆေးရုံကြီးမှာထားမယ်။ D ကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာရှိမယ် ဥပမာ- Ventilator (အသက်ရူစက်) တင်ဖို့ လိုတယ် အောက်ဆီဂျင်ပေးဖို့လိုတယ် ဒါတွေကိုတော့ C နဲ့ D ကိုတော့ ဆေးရုံကြီးမှာ ထားဖို့ လုပ်ထားပါတယ်ဆရာ။ ဆိုတော့ လောလောဆည်က စစ်တွေက ကုတင် ၅၀၀ လောက်ရှိတဲ့အတွက်ကြောင့် တချို့ Ward (လူနာဆောင်) တွေကို လူနာနည်းသွားတဲ့အတွက်ကြောင့် ပေါင်းလိုက်တော့ ward တွေထွက်လာတယ်။ အခု ward တခု Child Ward (ကလေးဆောင်) ကို Medical Ward (ရိုးရိုးဆောင်) နဲ့ ပေါင်းလိုက်တဲ့အတွက်ကြောင့် လူနာ နောက်ထပ် ၁၀၀ ကျော်လောက်ထားနိုင်တယ် အဲဒီအတွက် စစ်တွေဆေးရုံဝန်းထဲမှာ လူနာ ၂၀၀ လောက်ကျနော်တို့ ထားနိုင်မှာ ဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဒီနေရာမှာ အရင်ပိုးတွေ့ထားတဲ့ ရောဂါအခံရှိသူပေါ့နော် ။ ၉ ယောက်လောက်ရှိတာရော ထပ်တိုးလာသေးလား။

ဒေါက်တာချမ်းသာ။ ။ ဟုတ်တယ် ၉ ယောက် ကောင်းပါတယ် သူတို့အခြေအနေ ။ အသက် ၉၀ အရွယ် ဆရာတော်လည်း ရှိပါတယ် သူလည်း ကောင်းပါတယ်။ နောက်တပါးကလည်း အသက် ၈၀ ကျော်ပါ သူလည်း ကောင်းပါတယ်။ သူတို့ကတော့ ရောဂါအခံမရှိဘူး အသက်ကြီးတာပါပဲ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်စစ်ဘေးရှောင်စခန်းထဲမှာရော။

ဒေါက်တာချမ်းသာ။ ။ စစ်ဘေးရှောင်စခန်းထဲမှာ မတွေ့သေးဘူး။ ဥပမာ မြောက်ဦးဆိုရင် ကျနော်တို့ တော်တော် များများ စစ်ထားပြီးပြီ၊ ၃၀၊ ၄၀ ၊ ၅၀ လောက်အထိ စစ်ထားတာ မတွေ့ပါဘူး။

ကိုဝင်းမင်း။ ။ ပြည်သူတွေကိုရော အဓိက ဘာမှာချင်သေးလဲဆရာ။

ဒေါက်တာချမ်းသာ။ ။ Vaccination ( ကာကွယ်ဆေး) မရခင်တော့ ရောဂါ ကူးစက်မှုတွေကတော့ ရှိဦးမှာပဲ အနည်းနဲ့ အများတော့။ သို့သော် လူတွေကို သိပ်ပြီးမကြောက်ဖို့နဲ့ စိုးရိမ်မလွန်ဖို့ ၊ မပေါ့ဖို့ပေါ့နော်။ အထူးသဖြင့်တော့ Prevention (ကာကွယ်) တဲ့အပိုင်းက ပိုအရေးကြီးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားတဲ့အတိုင်းပဲ Social distancing တွေ ခပ်ခွာခွာနေဖို့ ၊ ကျနော်တို့ Mask (နှာခေါင်းစည်း) တွေတပ်ကြမယ် နောက်တတ်နိုင်သလောက် အိမ်မှာ နေကြမယ်ဆိုရင်တော့ ရောဂါကို တော်တော်လေး ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစကတော့ ပေါ့ပေါ့ဆဆနေတယ် အခု Case (ပိုးတွေ့သူ) တွေတက်လာတော့ လူတွေကလည်း စိုးရိမ်ပြီးတော့ လုပ်ပါတယ်။ အိမ်ထဲမှာနေတာများတယ် စစ်တွေမြို့ဆိုရင် အခုလမ်းမှာအသွားအလာတွေ အင်မတန်မှ နည်းသွားပါပြီ။ မဖြစ်မနေ ကိစ္စတွေပဲ သွားပါတော့တယ် မနက်ဆိုရင် ဈေးသွားတာပေါ့။ ဈေးကိုလည်း ကျနော်တို့ တတ်နိုင်သလောက် Social Distancing (ခပ်ခွာခွာနေတာ) ရအောင်တော့ လုပ်ပေးနေတယ်။ အဓိကတော့ ပြည်သူတွေပါမှပါ။ ပြည်သူတွေကိုယ်တိုင်က ကိုယ့်ဟာကိုလိုက်နာသွားရင်တော့ ဒီရောဂါထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာမျှော်လင့်တဲ့အတိုင်း ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဆရာ။

XS
SM
MD
LG