သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တႏုိင္ငံလုံး ေက်ာင္းေတြပိတ္လုိက္ရလုိ႔ ပညာေရးမွာ စိန္ေခၚမႈေတြရွိလာႏုိင္မလား


ရန္ကုန္ၿမိဳ႕ရွိ အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျပည္နယ္နဲ႔တိုင္း ေဒသႀကီးတခ်ဳိ႕မွာ ကုိဗစ္ကူးစက္မႈ အလွ်င္အျမန္ တိုးလာတာေၾကာင့္ ျမန္မာတႏိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ပိတ္ထားလိုက္ၿပီး အနာဂတ္ ပညာသင္ၾကားေရးက႑မွာ စိန္ေခၚမႈေတြ ရွိလာႏိုင္ေၾကာင္း ေက်ာင္းသားမိဘေတြနဲ႔ ဆရာတခ်ဳိ႕က သုံးသပ္ေျပာဆိုတာကို တင္ျပခ်င္ပါတယ္။ဒီသတင္းကို ကိုဉာဏ္ဝင္းေအာင္ က ေျပာျပမွာပါ။

ရခိုင္ျပည္နယ္ထဲမွာ ျပည္တြင္းကူးစက္မႈလို႔ သုံးသပ္ရတဲ့ ကုိဗစ္ကူးစက္ လူနာေတြကတဆင့္ တျခား ဆင့္ပ ြား ကူးစက္ခံရသူေတြထဲမွာ ပညာေရးဌာနဝန္ထမ္း၊ ေက်ာင္းဆရာ/ဆရာမေတြ၊ ေက်ာင္းသား/သူေတြပါ ပါဝင္လာတဲ့ အေျခအေနေတြေၾကာင့္ ၾသဂုတ္လ(၂၇) ၾကာသပေတးေန႔ကစၿပီး အေျခခံပညာ အထက္တန္းအဆင့္ရွိ ေက်ာင္းေတြ၊ ပုဂၢလိကနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြကိုပါ ရက္အကန္႔အသတ္မရွိ ယာယီပိတ္ထားလိုက္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ေၾကညာထားတာပါ။

အခုလို ေက်ာင္းေတြ ျပန္ပိတ္လိုက္တဲ့အတြက္ ေက်ာင္းသားေတြရဲ႕ပညာေရးမွာ နစ္နာမႈ ရွိလာႏိုင္တာမွန္ေပမယ့္ က်န္းမာေရးက ပိုအဓိက က်ပါတယ္လို႔ ရန္ကုန္တုိင္း ရန္းကင္း အထက(၂)က ဆရာမ ေဒၚခ်ဳိခ်ဳိေဝက သုံးသပ္ပါတယ္။

“ ကိုဗစ္က စိုးရိမ္ရတယ္ေလ၊ စိုးရိမ္ရတဲ့အေျခအေန ေရာက္မယ္ဆိုရင္ ေက်ာင္းေတြ ျပန္ပိတ္မယ္လို႔ နဂိုကတည္းက ေျပာထားၿပီးသားဆိုေတာ့ အခုဟာက အရမ္းႀကီးစိုးရိမ္ရတဲ့ အေျခအေန မေရာက္ခင္မွာ ပိတ္လိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ ကေလးေတြ က်န္းမာေရးအတြက္ အႏၱရာယ္ကင္းတယ္လို႔ ဆရာမတေယာက္အေနနဲ႔ ေျပာခ်င္ပါတယ္။ တခ်ဳိ႕ ေက်ာင္းသားက်ျပန္ေတာ့ စာအရမ္းလိုခ်င္တဲ့ ကေလးေတြ ရွိတယ္ေလ။ ေက်ာင္း တႏွစ္နားရမွာလည္း သူတို႔မွာ ဝန္ေလး ၾကတယ္ေလ။ အဲလိုမ်ဳိးေတြက်ေတာ့လည္း ဒါက ဆုံး႐ႈံးမႈ တစ္ခုေပါ့ေလ။

”ျမန္မာႏိုင္ငံမွာ မတ္လထဲက စလာခဲ့တဲ့ ကိုဗစ္ကူးစက္မႈအရွိန္ေၾကာင့္ ဇြန္လမွာ ပုံမွန္အတုိင္း ေက်ာင္းေတြ ျပန္မဖြင့္ႏိုင္ပဲ ဇူလိုင္လ (၂၁)ရက္ေန႔က်မွ ေနာက္က်ၿပီး ဖြင့္ခဲ့ရတာပါ။

ေက်ာင္းျပန္ဖြင့္ၿပီး တလေက်ာ္အၾကာမွာ အခုလို ေက်ာင္းျပန္ပိတ္သြားတာေၾကာင့္ စာက်က္ဖုိ႔ ကိုယ္ပိုင္အခ်ိန္ ပိုရသြားတယ္လို႔ အထက(၁) ဒဂုံၿမဳိ့သစ္ ေျမာက္ပုိင္း ရန္ကုန္မွာ တက္ေနတဲ့ (၁၀) တန္းေက်ာင္းသား ေမာင္ေဝလင္းထက္က ေျပာပါတယ္။

“ က်ေနာ္ကက်ေတာ့ ေက်ာင္းသားတေယာက္အေနနဲ႔ အမွန္အတုိင္း ေျပာရရင္ေတာ့ ေပ်ာ္တယ္။ ဒါေပမဲ့ စာက်က္ခ်ိန္ပိုရတယ္ေပါ့ ။ သာမန္ဆိုရင္ စာက်က္ခ်ိန္က ၈ လေလာက္ပဲရတာေပါ့။ အခုဆိုလို႔ရွိရင္ ဘယ္လိုပဲျဖစ္ျဖစ္ စာက်က္ခ်ိန္က အရမ္းမ်ားသြားၿပီ။ အဲဒါ တေန႔ကို အနည္းဆုံး ၄- ၅ နာရီေတာင္ လုပ္စရာမလိုဘူး။ ၃ နာရီေလာက္ပဲ လုပ္ဦးေတာ့ စာေတြဘာေတြ ေမ့မွာတို႔ ဘာတို႔က ျဖစ္စရာမရွိေတာ့ဘူး။ က်ေနာ္ကေတာ့ တေန႔ကို ၃ နာရီေလာက္ပဲ လုပ္ၿပီးေတာ့ ဒီတကၠသိုလ္ဝင္တန္းကို ေျဖဆိုသြားမယ္လို႔ ေတြးထားပါတယ္။”

ရန္ကုန္ၿမဳိ့က ေက်ာင္းသားမိဘတဦးျဖစ္တဲ့ ဦးသန္႔ဇင္ဦးကေတာ့ ပညာေရးဝန္ထမ္းေလာကမွာ ကိုဗစ္ကူးစက္မႈေတြ စေတြ႔လာခ်ိန္ကတည္းက ေက်ာင္းေတြ ပိတ္ထားသင့္တယ္လို႔ အျမင္ရွိသူပါ။

“အခုလို ေစာေစာစီးစီး ပိတ္လုိက္တာက ေက်ာင္းသားမိဘေတြ အတြက္ေကာ၊ ေက်ာင္းသားေတြ အတြက္ေကာ ေကာင္းတယ္လို႔ပဲ ယူဆပါတယ္။ ဘာလို႔လဲဆိုေတာ့ ကူးၿပီးမွ ဆိုလို႔ရွိရင္ ဒီထက္ဆိုးသြားလိမ့္မယ္။ ေရာဂါကူးတာထက္ ယွဥ္လိုက္လို႔ရွိရင္ေတာ့ ပညာေရးကို ေနာက္တလွမ္း ဆုတ္သင့္ရင္ ဆုတ္ရမွာပဲေလ။”

လက္ရွိနဲ႔ ျပီးခဲ့တဲ့ သီတင္းပတ္ေတြထဲမွာ ရခုိင္ျပည္နယ္နဲ႔ ရန္ကုန္တုိင္းအတြင္း ကူးစက္မႈေတြ ျမင့္တက္လာတာပါ။ အစိုးရအမိန္႔နဲ႔ တႏိုင္ငံလုံးအတုိင္းအတာအရ ေက်ာင္းေတြ ပိတ္ထားလိုက္ရတာကို လက္ခံေပမယ့္ ကူးစက္မႈ သိပ္မရွိေသးတဲ့ စစ္ကိုင္းတိုင္းလို ေနရာမ်ဳိးမွာပါ ေက်ာင္းေတြ ပိတ္လုိက္ရတာမို႔ နစ္နာမႈတစုံတရာ ရွိလာႏိုင္တယ္လို႔ ေမာ္လုိက္ၿမဳိ့က ေတာင္သူဦးႀကီး ဦးမ်ဳိးျမင့္က ေျပာပါတယ္။

“စိုးရိမ္မႈေတာ့ ရွိတာေပါ့ဗ်ာ။ ေက်ာင္းသားေတြ တႏွစ္ဆို .. ႏွစ္အလိုက္ ေနာက္က်သ ြားတာဆိုေတာ့ ပညာေရး ေနာက္က် သြားတာပါပဲ။ ေရာဂါက က်ေရာက္လာရင္ မလြယ္ဘူးေလ။ ေပါ့ေလ်ာ့ လိုက္လို႔ရွိရင္ ကူးစက္မႈ မ်ားလာႏိုင္တယ္ေပါ့ေလ။ ဒါေၾကာင့္မို႔ အစိုးရကလည္း အစိုးရိမ္ႀကီးလို႔ ပိတ္တာဆိုေတာ့ .. ဒါ နစ္နာတာေတာ့ နစ္နာတာပဲ။”

ေက်ာင္းသားေတြအတြက္ အဲဒီလို အရမ္းႀကီး နစ္နစ္မႈ မျဖစ္ရေအာင္ လတ္တေလာ ယာယီေက်ာင္းပိတ္ထားခ်ိန္မွာ ေက်ာင္းသားေတြအတြက္ အိမ္စာေတြ ေပးထားတဲ့အျပင္ အစိုးရ ပညာေရး႐ုပ္သံ လိုင္းကေနလည္း ပို႔ခ်မႈေတြ ရွိေနတယ္လို႔ ရန္းကင္းက ဆရာမ ေဒၚခ်ဳိခ်ဳိေဝက ေျပာပါတယ္။

“ သူတို႔ သင္ၿပီးသား စာေတြကုိ ျပန္ၿပီးေတာ့ ေလ့လာဖို႔အတြက္ကုိ Home Study ေပးတယ္ေလ။ အဲဒီ အိမ္စာေတြကို သူတို႔ အိမ္မွာလုပ္ၾကေပါ့။ ၿပီးတဲ့အခါက်ေတာ့ ေက်ာင္းျပန္တက္တဲ့အခါက်ရင္ နားမလည္တာရွိရင္ ဆရာမေတြကို ျပန္ေျပာေပါ့။ ဆရာမေတြက ျပန္ၿပီး ရွင္းျပေပးမယ္ေပါ့။ အခုေတာ့ အြန္လုိင္းေတြဘာေတြနဲ႔ စမ္းသပ္ေနတာရွိတယ္။ စမ္းသပ္ေနတဲ့အခါက်ေတာ့ တကယ့္တကယ္ အေရးအေၾကာင္း ျဖစ္လာမယ္ဆိုလို႔ရွိရင္ေတာ့ အဲလိုပုံစံမ်ဳိး သင္ၾကားရမယ္ ထင္တာပဲေလ။”

ဒါေပမဲ့ ျမန္မာႏုိင္ငံမွာ အ ြန္လိုင္းပညာေရး သင္ၾကားမႈအတြက္ အဆင္သင့္ မျဖစ္ေသးဘူးလို႔ မိဘတဦးျဖစ္တဲ့ ဦးသန္႔ဇင္ဦးက ျမင္ပါတယ္။

“ အင္တာနက္ကေန သင္တာမ်ဳိး ဘာမ်ဳိး က်ေတာ့လည္း ဒီမွာက ျပည့္စုံမႈက မရွိၾကဘူးေလ၊ အမ်ားစုကလည္း မလုပ္ႏိုင္ၾကဘူး။ အင္တာနက္နဲ႔ သင္ၾကားတဲ့ဟာမ်ဳိးက်ေတာ့ ဒီမွာ ပစၥည္းကိရိယာ မလုံေလာက္တဲ့အခါမ်ဳိးက်ေတာ့ မလြယ္ဘူးေပါ့ေနာ္။ အခု လက္ရွိဒီမွာ တခ်ဳိ႕ ပုဂၢလိက ေက်ာင္းေတြကေတာ့ အဲဒီကိစၥကို စၿပီးေတာ့ လုပ္ေနၾကၿပီ။ အဲဒါနဲ႔ မိဘေတြကလည္း မတတ္ႏုိင္ေသာ္လည္း တတ္ႏိုင္ေအာင္လုပ္ၿပီးေတာ့ တခ်ဳိ႕ေတြ သင္ေနတာေတာ့ ရွိပါတယ္။ အမ်ားစုကေတာ့ သင္ႏိုင္မယ္ မထင္ဘူးခင္ဗ်။”

အစိုးရက အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ဖို႔ ႀကဳိးပမ္းခဲ့ခ်ိန္မွာ အေျခခံပညာ အထက္တန္းအဆင့္ ေက်ာင္းေပါင္း (၇၁၀၀)ေက်ာ္ကို စစ္ေဆးခဲ့ၿပီး ၊ ခ်မွတ္ထားတဲ့ က်န္းမာေရးလမ္းညႊန္ခ်က္ေတြ ျပည့္မီတဲ့ A အဆင့္ရွိ ေက်ာင္းေပါင္း (၄၆၇၅) ကို ျပန္ဖြင့္ခြင့္ ေပးထားခ်ိန္မွာ ကပ္ေရာဂါေၾကာင့္ တႏိုင္ငံလုံးက ေက်ာင္းေတြ ပိတ္လိုက္ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

တနိုင်ငံလုံး ကျောင်းတွေပိတ်လိုက်ရလို့ ပညာရေးမှာ စိန်ခေါ်မှုတွေရှိလာနိုင်မလား

(Unicode)

ပြည်နယ်နဲ့တိုင်း ဒေသကြီးတချို့မှာ ကိုဗစ်ကူးစက်မှု အလျှင်အမြန် တိုးလာတာကြောင့် မြန်မာတနိုင်ငံလုံးက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ပြီး အနာဂတ် ပညာသင်ကြားရေးကဏ္ဍမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်ကြောင်း ကျောင်းသားမိဘတွေနဲ့ ဆရာတချို့က သုံးသပ်ပြောဆိုတာကို တင်ပြချင်ပါတယ်။ဒီသတင်းကို ကိုဉာဏ်ဝင်းအောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ်ထဲမှာ ပြည်တွင်းကူးစက်မှုလို့ သုံးသပ်ရတဲ့ ကိုဗစ်ကူးစက် လူနာတွေကတဆင့် တခြား ဆင့်ပ ွား ကူးစက်ခံရသူတွေထဲမှာ ပညာရေးဌာနဝန်ထမ်း၊ ကျောင်းဆရာ/ဆရာမတွေ၊ ကျောင်းသား/သူတွေပါ ပါဝင်လာတဲ့ အခြေအနေတွေကြောင့် သြဂုတ်လ(၂၇) ကြာသပတေးနေ့ကစပြီး အခြေခံပညာ အထက်တန်းအဆင့်ရှိ ကျောင်းတွေ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုပါ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားတာပါ။

အခုလို ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့အတွက် ကျောင်းသားတွေရဲ့ပညာရေးမှာ နစ်နာမှု ရှိလာနိုင်တာမှန်ပေမယ့် ကျန်းမာရေးက ပိုအဓိက ကျပါတယ်လို့ ရန်ကုန်တိုင်း ရန်းကင်း အထက(၂)က ဆရာမ ဒေါ်ချိုချိုဝေက သုံးသပ်ပါတယ်။

“ ကိုဗစ်က စိုးရိမ်ရတယ်လေ၊ စိုးရိမ်ရတဲ့အခြေအနေ ရောက်မယ်ဆိုရင် ကျောင်းတွေ ပြန်ပိတ်မယ်လို့ နဂိုကတည်းက ပြောထားပြီးသားဆိုတော့ အခုဟာက အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေ မရောက်ခင်မှာ ပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ကလေးတွေ ကျန်းမာရေးအတွက် အန္တရာယ်ကင်းတယ်လို့ ဆရာမတယောက်အနေနဲ့ ပြောချင်ပါတယ်။ တချို့ ကျောင်းသားကျပြန်တော့ စာအရမ်းလိုချင်တဲ့ ကလေးတွေ ရှိတယ်လေ။ ကျောင်း တနှစ်နားရမှာလည်း သူတို့မှာ ဝန်လေး ကြတယ်လေ။ အဲလိုမျိုးတွေကျတော့လည်း ဒါက ဆုံးရှုံးမှု တစ်ခုပေါ့လေ။

”မြန်မာနိုင်ငံမှာ မတ်လထဲက စလာခဲ့တဲ့ ကိုဗစ်ကူးစက်မှုအရှိန်ကြောင့် ဇွန်လမှာ ပုံမှန်အတိုင်း ကျောင်းတွေ ပြန်မဖွင့်နိုင်ပဲ ဇူလိုင်လ (၂၁)ရက်နေ့ကျမှ နောက်ကျပြီး ဖွင့်ခဲ့ရတာပါ။

ကျောင်းပြန်ဖွင့်ပြီး တလကျော်အကြာမှာ အခုလို ကျောင်းပြန်ပိတ်သွားတာကြောင့် စာကျက်ဖို့ ကိုယ်ပိုင်အချိန် ပိုရသွားတယ်လို့ အထက(၁) ဒဂုံမြို့သစ် မြောက်ပိုင်း ရန်ကုန်မှာ တက်နေတဲ့ (၁၀) တန်းကျောင်းသား မောင်ဝေလင်းထက်က ပြောပါတယ်။

“ ကျနော်ကကျတော့ ကျောင်းသားတယောက်အနေနဲ့ အမှန်အတိုင်း ပြောရရင်တော့ ပျော်တယ်။ ဒါပေမဲ့ စာကျက်ချိန်ပိုရတယ်ပေါ့ ။ သာမန်ဆိုရင် စာကျက်ချိန်က ၈ လလောက်ပဲရတာပေါ့။ အခုဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် စာကျက်ချိန်က အရမ်းများသွားပြီ။ အဲဒါ တနေ့ကို အနည်းဆုံး ၄- ၅ နာရီတောင် လုပ်စရာမလိုဘူး။ ၃ နာရီလောက်ပဲ လုပ်ဦးတော့ စာတွေဘာတွေ မေ့မှာတို့ ဘာတို့က ဖြစ်စရာမရှိတော့ဘူး။ ကျနော်ကတော့ တနေ့ကို ၃ နာရီလောက်ပဲ လုပ်ပြီးတော့ ဒီတက္ကသိုလ်ဝင်တန်းကို ဖြေဆိုသွားမယ်လို့ တွေးထားပါတယ်။”

ရန်ကုန်မြို့က ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးသန့်ဇင်ဦးကတော့ ပညာရေးဝန်ထမ်းလောကမှာ ကိုဗစ်ကူးစက်မှုတွေ စတွေ့လာချိန်ကတည်းက ကျောင်းတွေ ပိတ်ထားသင့်တယ်လို့ အမြင်ရှိသူပါ။

“အခုလို စောစောစီးစီး ပိတ်လိုက်တာက ကျောင်းသားမိဘတွေ အတွက်ကော၊ ကျောင်းသားတွေ အတွက်ကော ကောင်းတယ်လို့ပဲ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကူးပြီးမှ ဆိုလို့ရှိရင် ဒီထက်ဆိုးသွားလိမ့်မယ်။ ရောဂါကူးတာထက် ယှဉ်လိုက်လို့ရှိရင်တော့ ပညာရေးကို နောက်တလှမ်း ဆုတ်သင့်ရင် ဆုတ်ရမှာပဲလေ။”

လက်ရှိနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုတွေ မြင့်တက်လာတာပါ။ အစိုးရအမိန့်နဲ့ တနိုင်ငံလုံးအတိုင်းအတာအရ ကျောင်းတွေ ပိတ်ထားလိုက်ရတာကို လက်ခံပေမယ့် ကူးစက်မှု သိပ်မရှိသေးတဲ့ စစ်ကိုင်းတိုင်းလို နေရာမျိုးမှာပါ ကျောင်းတွေ ပိတ်လိုက်ရတာမို့ နစ်နာမှုတစုံတရာ ရှိလာနိုင်တယ်လို့ မော်လိုက်မြို့က တောင်သူဦးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

“စိုးရိမ်မှုတော့ ရှိတာပေါ့ဗျာ။ ကျောင်းသားတွေ တနှစ်ဆို .. နှစ်အလိုက် နောက်ကျသ ွားတာဆိုတော့ ပညာရေး နောက်ကျ သွားတာပါပဲ။ ရောဂါက ကျရောက်လာရင် မလွယ်ဘူးလေ။ ပေါ့လျော့ လိုက်လို့ရှိရင် ကူးစက်မှု များလာနိုင်တယ်ပေါ့လေ။ ဒါကြောင့်မို့ အစိုးရကလည်း အစိုးရိမ်ကြီးလို့ ပိတ်တာဆိုတော့ .. ဒါ နစ်နာတာတော့ နစ်နာတာပဲ။”

ကျောင်းသားတွေအတွက် အဲဒီလို အရမ်းကြီး နစ်နစ်မှု မဖြစ်ရအောင် လတ်တလော ယာယီကျောင်းပိတ်ထားချိန်မှာ ကျောင်းသားတွေအတွက် အိမ်စာတွေ ပေးထားတဲ့အပြင် အစိုးရ ပညာရေးရုပ်သံ လိုင်းကနေလည်း ပို့ချမှုတွေ ရှိနေတယ်လို့ ရန်းကင်းက ဆရာမ ဒေါ်ချိုချိုဝေက ပြောပါတယ်။

“ သူတို့ သင်ပြီးသား စာတွေကို ပြန်ပြီးတော့ လေ့လာဖို့အတွက်ကို Home Study ပေးတယ်လေ။ အဲဒီ အိမ်စာတွေကို သူတို့ အိမ်မှာလုပ်ကြပေါ့။ ပြီးတဲ့အခါကျတော့ ကျောင်းပြန်တက်တဲ့အခါကျရင် နားမလည်တာရှိရင် ဆရာမတွေကို ပြန်ပြောပေါ့။ ဆရာမတွေက ပြန်ပြီး ရှင်းပြပေးမယ်ပေါ့။ အခုတော့ အွန်လိုင်းတွေဘာတွေနဲ့ စမ်းသပ်နေတာရှိတယ်။ စမ်းသပ်နေတဲ့အခါကျတော့ တကယ့်တကယ် အရေးအကြောင်း ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ အဲလိုပုံစံမျိုး သင်ကြားရမယ် ထင်တာပဲလေ။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အ ွန်လိုင်းပညာရေး သင်ကြားမှုအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ မိဘတဦးဖြစ်တဲ့ ဦးသန့်ဇင်ဦးက မြင်ပါတယ်။

“ အင်တာနက်ကနေ သင်တာမျိုး ဘာမျိုး ကျတော့လည်း ဒီမှာက ပြည့်စုံမှုက မရှိကြဘူးလေ၊ အများစုကလည်း မလုပ်နိုင်ကြဘူး။ အင်တာနက်နဲ့ သင်ကြားတဲ့ဟာမျိုးကျတော့ ဒီမှာ ပစ္စည်းကိရိယာ မလုံလောက်တဲ့အခါမျိုးကျတော့ မလွယ်ဘူးပေါ့နော်။ အခု လက်ရှိဒီမှာ တချို့ ပုဂ္ဂလိက ကျောင်းတွေကတော့ အဲဒီကိစ္စကို စပြီးတော့ လုပ်နေကြပြီ။ အဲဒါနဲ့ မိဘတွေကလည်း မတတ်နိုင်သော်လည်း တတ်နိုင်အောင်လုပ်ပြီးတော့ တချို့တွေ သင်နေတာတော့ ရှိပါတယ်။ အများစုကတော့ သင်နိုင်မယ် မထင်ဘူးခင်ဗျ။”

အစိုးရက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း (၇၁၀၀)ကျော်ကို စစ်ဆေးခဲ့ပြီး ၊ ချမှတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ ပြည့်မီတဲ့ A အဆင့်ရှိ ကျောင်းပေါင်း (၄၆၇၅) ကို ပြန်ဖွင့်ခွင့် ပေးထားချိန်မှာ ကပ်ရောဂါကြောင့် တနိုင်ငံလုံးက ကျောင်းတွေ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG