သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘာ္ဒါေဆာင္ေတြ ဖြင့္ခြင့္မေပးေသးလုိ႔ နယ္ေက်ာင္းသားေတြ ပညာေရးထိခုိက္မွာစုိးရိမ္


၂၀၁၆ ေဖေဖာ္၀ါရီတုန္းက ၁၀ တန္းေျဖမယ့္ ေက်ာင္းသူမ်ား ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ေက်ာင္းေဘာ္ဒါေဆာင္ေတြကို ဆက္ပိတ္ထားဖုိ႔ ညႊန္ၾကားခ်က္ထုတ္ျပန္လုိက္တဲ့ သတင္းေၾကာင့္ ေ၀းလံတဲ့ေဒသေတြက ေက်ာင္းသားေတြ ပညာေရးထိခုိက္မွာ စုိးရိမ္ေနတဲ့အေၾကာင္း ကိုမိုးေဇာ္ ေျပာျပေပးမွာပါ။

ကပ္ေရာဂါအႏၱရာယ္ ကာကြယ္တဲ့အေနနဲ႔ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး ဒါမွမဟုတ္ျပည္နယ္မွာရွိတဲ့ ေဘာ္ဒါေဆာင္ထားရွိ ဖြင့္လွစ္ထားတဲ့ ပုဂၢလိကကိုယ္ပိုင္အထက္တန္းေက်ာင္းေတြ၊ ေဘာ္ဒါေဆာင္ေတြနဲ႔ ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေက်ာင္းေတြကို ျပန္ဖြင့္ခြင့္ မေပးဖုိ႔ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက မေန႔တုန္းက ရက္စဲြနဲ႔ ပညာေရး၀န္ႀကီးဌာနကို ေပးပို႔တဲ့စာဟာ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ပ်႕ံႏွံခဲ့တာျဖစ္ပါတယ္။

အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးကိုေလး၀င္းက ေဘာ္ဒါေဆာင္ေတြ မဖြင့္ဖို႔ ဆိုတဲ့ ၫႊန္ၾကားစာ သူတို႔ဆီ မရေသးေၾကာင္း၊ ပညာေရး၀န္ႀကီးဌာနက သူတို႔ဌာနကို ၫႊန္ၾကားလာမွသာ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြကို ဆက္လက္ စာထုတ္ျပန္ေပးမွာျဖစ္ေၾကာင္း ေျပာပါတယ္။

COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ဒီလို ၫႊန္ၾကားလာတယ္ဆိုရင္ေတာ့ လိုက္နာဖို႔လိုအပ္ေၾကာင္း ဦးကိုေလး၀င္းက ဆက္ေျပာပါတယ္။

“COVID Central ေကာ္မတီက ေျပာထားတာ။ က်န္းမာေရး COVID-19 အတြက္ တကယ္လိုအပ္ခ်က္ရွိလို႔ ဒီလိုမလုပ္ရင္ မျဖစ္လို႔ ဆိုတဲ့ အေနအထားမ်ိဳးနဲ႔ ဆံုးျဖတ္ထားတာျဖစ္တဲ့အတြက္ အဲဒါကိုေတာ့ က်ေနာ္တို႔က ခ်ိဳးေဖာက္လို႔ မရဘူး။ ”

ေဘာ္ဒါေဆာင္ ေက်ာင္းေတြကုိ ဆက္ပိတ္ထားမယ္ဆုိရင္ ေ၀းလံတဲ့ေဒသေတြက ေက်ာင္းသားေတြအတြက္ နစ္နာမွာကုိလည္း ပညာေရး အသုိင္းအ၀န္းက စုိးရိမ္ေနပါတယ္။ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖဲြ႕ခ်ဳပ္က ပုဂၢလိက ပညာေရးက႑အတြင္းေရးမွဴး ဦးေက်ာ္မင္းခန္႔ကေတာ့ ေက်ာင္းထြက္တဲ့သူ တုိးလာမွာ စုိးရိမ္တယ္လုိ႔ ေျပာပါတယ္။

“ ပညာေရးက ဒီတစ္ခုတည္း ခ်န္ထားျခင္းအားျဖင့္ ေက်ာင္းသားေတြက Drop Out အမ်ားႀကီး ျဖစ္သြားႏိုင္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ နယ္ေတြမွာက ကိုယ္ပိုင္ေက်ာင္းပဲတက္တက္ အစိုးရေက်ာင္းပဲ တက္တက္ ၿမိဳ႔ကို တက္ၿပီး ေဘာ္ဒါေဆာင္ေနၿပီး တက္ၾကရတဲ့ ကေလးေတြက အမ်ားႀကီးကို။ ၿမိဳ႔ေပၚမွာေနတဲ့ ေက်ာင္းသားေတြ သိပ္ၿပီး ျပႆနာမရွိေပမဲ့ ေတာနယ္ေတြကေန တက္ၿပီးေတာ့ ၿမိဳ႔ေပၚကို ပညာေရး ေကာင္းေကာင္းလိုခ်င္တဲ့ ကေလးေတြအတြက္ အခက္အခဲအမ်ားႀကီး ၾကံဳႏိုင္တယ္ဒီၫႊန္ၾကားခ်က္ႀကီးကေလ။ ဘယ္ေလာက္ေတာင္ ျဖစ္သြားမလဲဆိုရင္ အစိုးရ အထက္တန္းအဆင့္ကို စဖြင့္တဲ့အခါမွာ ၇၀ရာခိုင္ႏႈန္းေလာက္အထိ ေက်ာင္းထဲကို ေက်ာင္းသားေရာက္မွာ မဟုတ္ဘူး။ ”

ေက်ာင္းထြက္ႏႈန္း တုိးလာႏုိင္တဲ့ အႏၱရာယ္နဲ႔ ပတ္သက္ၿပီး ပုဂၢလိက ပညာေရးကြန္ရက္အေနနဲ႔ အစိုးရကို စာေပးဖို႔ျပင္ဆင္ေနသလို သတင္းစာရွင္းလင္းပဲြျပဳလုပ္သြားဖို႔လည္း ရွိေနေၾကာင္း ဦးေက်ာ္မင္းခန္႔က ေျပာပါတယ္။

လားရိႈးၿမိဳ႔က တအန္းပညာေရးေဘာ္ဒါေဆာင္က ေဘာ္ဒါအုပ္ မိုင္းတင္ေအာင္က အထူးသျဖင့္ ေ၀းလံတဲ့ ေတာင္တန္းေဒသက ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ အခက္အခဲျဖစ္ေစေၾကာင္း အခုလို ေျပာပါတယ္။

“အခုဆိုရင္ ေတာင္ေပၚေဒသမွာဆို လားရိႈးေရာက္လာဖို႔ေတာင္ ခရီးစရိတ္က မလြယ္ဘူးေပါ့။ လာရတဲ့ ခရီးစရိတ္က တခ်ိဳ႔ ေက်ာင္းသူ ေက်ာင္းသားေတြဆိုရင္ က်ေနာ္တို႔ဘက္ အကူအညီေတာင္းၿပီးမွာ ကူညီေပးလိုက္ရတာေတြ ရွိတယ္။ တကယ္လို႔သာ ေဘာ္ဒါေဆာင္ေတြ မဖြင့္ရဘူးဆိုရင္ က်ေနာ္တို႔ဆီမွာ ၁၀၀ေက်ာ္ေပ့ါ၊ ပိတ္မယ္ ျပန္ခိုင္းမယ္ဆိုရင္ေတာ့ ျပႆနာရွိတာေပါ့။ ကေလးေတြရဲ႕ ပညာေရးအတြက္လည္း ျပႆနာရွိမယ္။ ၿပီးေတာ့ ခရီးစရိတ္ သြားဖို႔ လာဖို႔အတြက္လည္း အခုမိုးတြင္းလည္းျဖစ္တယ္၊ ေတာင္ေပၚေဒသျပန္ရမယ္ဆိုရင္ သူတို႔အတြက္လည္း အခက္အခဲျဖစ္တာေပါ့။ ”

လက္ရွိမွာ ေဘာ္ဒါေဆာင္က ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ေက်ာင္းအပ္ထားၿပီး ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

က်ိဳင္းတံုၿမိဳ႔က ပညာေရးလုပ္ငန္းေတြကိုေဆာင္ရြက္ေနတဲ့ ကိုအားမြန္ကလည္း ေဘာ္ဒါေဆာင္ေတြ ပိတ္လိုက္ရင္ ေတြ႕ရမယ့္ အခက္အခဲကို အခုလို ေျပာပါတယ္။

“ ေက်ာင္းတက္ဖို႔ ေနစရာမရွိေတာ့ဘူးေလ။ ေဘာ္ဒါေဆာင္ပိတ္လိုက္လို႔ရွိရင္။ ေနရာတိုင္းမွာ ေက်းရြာတိုင္းမွာက အလယ္တန္းဖြင့္ႏိုင္တဲ့ ေက်းရြာရွိသလို မဖြင့္ႏိုင္တဲ့ ေက်းရြာရွိတယ္ေလ။ ေနာက္တစ္ခုက အထက္တန္းဖြင့္ႏိုင္တဲ့ ေက်းရြာရွိသလို အထက္တန္းမဖြင့္ႏိုင္တဲ့ ေက်းရြာအမ်ားႀကီးရွိတယ္။ ေလးတန္းေအာင္ၿပီးမွ ေက်ာင္းၿမိဳ႔မွာလာတက္မယ့္သူေတြက ေဘာ္ဒါပဲ အားကိုးၿပီးေနရတာကိုး။ ေနာက္တစ္ခု အလယ္တန္းေအာင္ၿပီး အထက္တန္းမွာလည္း က်ိဳင္းတံုမွာပဲ လာလာတက္ရတာကိုး။ သူတို႔က ေဘာ္ဒါ အားကိုးၿပီးမွ ေနတာကိုး။ အထူးသျဖင့္ ေတာင္ေပၚသားအတြက္ ရည္စူးၿပီးဖြင့္ထားတဲ့ ေဘာ္ဒါေဆာင္ကိစၥက်ေတာ့ ေတာ္ေတာ္မ်ားမ်ား အခက္အခဲၾကံဳရမွာေပါ့ ကေလးေတြက။”

ေက်ာင္းသားေတြအေနနဲ႔ အျပင္မွာ အိမ္ငွားထားရမယ့္ အေျခအေနနဲ႔ပတ္သက္လို႔လည္း သူက အခုလို ဆက္ေျပာပါတယ္။

“ မိဘေတြက အဲေလာက္ထိ တတ္ႏိုင္မယ္မထင္ဘူး။ ေနာက္တစ္ခု အုပ္ထိန္းမႈလိုတယ္ေလ။ ကေလးေတြ အုပ္ထိန္းမႈမရွိဘဲ အျပင္မွာ ငွားေနလို႔ရွိရင္ ေက်ာင္းမေရာက္ဘဲနဲ႔ အျပင္ေရာက္သြားမွာေပါ့။”

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦး အပါအ၀င္ ကူးစက္သူ ၃၀၀ ေက်ာ္ရွိၿပီး ျပည္တြင္းမွာ ကူးစက္မႈ မရွိသေလာက္ နည္းပါးေပမဲ့ ဆက္လက္ သတိထားၾကဖုိ႔လည္း က်န္းမာေရးပညာရွင္ေတြက သတိေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္



.................

ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပေးသေးလို့ နယ်ကျောင်းသားတွေ ပညာရေးထိခိုက်မှာစိုးရိမ်

(Unicode)

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ကျောင်းဘော်ဒါဆောင်တွေကို ဆက်ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့် ဝေးလံတဲ့ဒေသတွေက ကျောင်းသားတွေ ပညာရေးထိခိုက်မှာ စိုးရိမ်နေတဲ့အကြောင်း ကိုမိုးဇော် ပြောပြပေးမှာပါ။

ကပ်ရောဂါအန္တရာယ် ကာကွယ်တဲ့အနေနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ်မှာရှိတဲ့ ဘော်ဒါဆောင်ထားရှိ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းတွေကို ပြန်ဖွင့်ခွင့် မပေးဖို့ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မနေ့တုန်းက ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာနကို ပေးပို့တဲ့စာဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံခဲ့တာဖြစ်ပါတယ်။

အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ဘော်ဒါဆောင်တွေ မဖွင့်ဖို့ ဆိုတဲ့ ညွှန်ကြားစာ သူတို့ဆီ မရသေးကြောင်း၊ ပညာရေးဝန်ကြီးဌာနက သူတို့ဌာနကို ညွှန်ကြားလာမှသာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဆက်လက် စာထုတ်ပြန်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဒီလို ညွှန်ကြားလာတယ်ဆိုရင်တော့ လိုက်နာဖို့လိုအပ်ကြောင်း ဦးကိုလေးဝင်းက ဆက်ပြောပါတယ်။

“COVID Central ကော်မတီက ပြောထားတာ။ ကျန်းမာရေး COVID-19 အတွက် တကယ်လိုအပ်ချက်ရှိလို့ ဒီလိုမလုပ်ရင် မဖြစ်လို့ ဆိုတဲ့ အနေအထားမျိုးနဲ့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် အဲဒါကိုတော့ ကျနော်တို့က ချိုးဖောက်လို့ မရဘူး။ ”

ဘော်ဒါဆောင် ကျောင်းတွေကို ဆက်ပိတ်ထားမယ်ဆိုရင် ဝေးလံတဲ့ဒေသတွေက ကျောင်းသားတွေအတွက် နစ်နာမှာကိုလည်း ပညာရေး အသိုင်းအဝန်းက စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပုဂ္ဂလိက ပညာရေးကဏ္ဍအတွင်းရေးမှူး ဦးကျော်မင်းခန့်ကတော့ ကျောင်းထွက်တဲ့သူ တိုးလာမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ ပညာရေးက ဒီတစ်ခုတည်း ချန်ထားခြင်းအားဖြင့် ကျောင်းသားတွေက Drop Out အများကြီး ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နယ်တွေမှာက ကိုယ်ပိုင်ကျောင်းပဲတက်တက် အစိုးရကျောင်းပဲ တက်တက် မြို့ကို တက်ပြီး ဘော်ဒါဆောင်နေပြီး တက်ကြရတဲ့ ကလေးတွေက အများကြီးကို။ မြို့ပေါ်မှာနေတဲ့ ကျောင်းသားတွေ သိပ်ပြီး ပြဿနာမရှိပေမဲ့ တောနယ်တွေကနေ တက်ပြီးတော့ မြို့ပေါ်ကို ပညာရေး ကောင်းကောင်းလိုချင်တဲ့ ကလေးတွေအတွက် အခက်အခဲအများကြီး ကြုံနိုင်တယ်ဒီညွှန်ကြားချက်ကြီးကလေ။ ဘယ်လောက်တောင် ဖြစ်သွားမလဲဆိုရင် အစိုးရ အထက်တန်းအဆင့်ကို စဖွင့်တဲ့အခါမှာ ၇၀ရာခိုင်နှုန်းလောက်အထိ ကျောင်းထဲကို ကျောင်းသားရောက်မှာ မဟုတ်ဘူး။ ”

ကျောင်းထွက်နှုန်း တိုးလာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ပညာရေးကွန်ရက်အနေနဲ့ အစိုးရကို စာပေးဖို့ပြင်ဆင်နေသလို သတင်းစာရှင်းလင်းပွဲပြုလုပ်သွားဖို့လည်း ရှိနေကြောင်း ဦးကျော်မင်းခန့်က ပြောပါတယ်။

လားရှိုးမြို့က တအန်းပညာရေးဘော်ဒါဆောင်က ဘော်ဒါအုပ် မိုင်းတင်အောင်က အထူးသဖြင့် ဝေးလံတဲ့ တောင်တန်းဒေသက ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်စေကြောင်း အခုလို ပြောပါတယ်။

“အခုဆိုရင် တောင်ပေါ်ဒေသမှာဆို လားရှိုးရောက်လာဖို့တောင် ခရီးစရိတ်က မလွယ်ဘူးပေါ့။ လာရတဲ့ ခရီးစရိတ်က တချို့ ကျောင်းသူ ကျောင်းသားတွေဆိုရင် ကျနော်တို့ဘက် အကူအညီတောင်းပြီးမှာ ကူညီပေးလိုက်ရတာတွေ ရှိတယ်။ တကယ်လို့သာ ဘော်ဒါဆောင်တွေ မဖွင့်ရဘူးဆိုရင် ကျနော်တို့ဆီမှာ ၁၀၀ကျော်ပေ့ါ၊ ပိတ်မယ် ပြန်ခိုင်းမယ်ဆိုရင်တော့ ပြဿနာရှိတာပေါ့။ ကလေးတွေရဲ့ ပညာရေးအတွက်လည်း ပြဿနာရှိမယ်။ ပြီးတော့ ခရီးစရိတ် သွားဖို့ လာဖို့အတွက်လည်း အခုမိုးတွင်းလည်းဖြစ်တယ်၊ တောင်ပေါ်ဒေသပြန်ရမယ်ဆိုရင် သူတို့အတွက်လည်း အခက်အခဲဖြစ်တာပေါ့။ ”

လက်ရှိမှာ ဘော်ဒါဆောင်က ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းအပ်ထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျိုင်းတုံမြို့က ပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ ကိုအားမွန်ကလည်း ဘော်ဒါဆောင်တွေ ပိတ်လိုက်ရင် တွေ့ရမယ့် အခက်အခဲကို အခုလို ပြောပါတယ်။

“ ကျောင်းတက်ဖို့ နေစရာမရှိတော့ဘူးလေ။ ဘော်ဒါဆောင်ပိတ်လိုက်လို့ရှိရင်။ နေရာတိုင်းမှာ ကျေးရွာတိုင်းမှာက အလယ်တန်းဖွင့်နိုင်တဲ့ ကျေးရွာရှိသလို မဖွင့်နိုင်တဲ့ ကျေးရွာရှိတယ်လေ။ နောက်တစ်ခုက အထက်တန်းဖွင့်နိုင်တဲ့ ကျေးရွာရှိသလို အထက်တန်းမဖွင့်နိုင်တဲ့ ကျေးရွာအများကြီးရှိတယ်။ လေးတန်းအောင်ပြီးမှ ကျောင်းမြို့မှာလာတက်မယ့်သူတွေက ဘော်ဒါပဲ အားကိုးပြီးနေရတာကိုး။ နောက်တစ်ခု အလယ်တန်းအောင်ပြီး အထက်တန်းမှာလည်း ကျိုင်းတုံမှာပဲ လာလာတက်ရတာကိုး။ သူတို့က ဘော်ဒါ အားကိုးပြီးမှ နေတာကိုး။ အထူးသဖြင့် တောင်ပေါ်သားအတွက် ရည်စူးပြီးဖွင့်ထားတဲ့ ဘော်ဒါဆောင်ကိစ္စကျတော့ တော်တော်များများ အခက်အခဲကြုံရမှာပေါ့ ကလေးတွေက။”

ကျောင်းသားတွေအနေနဲ့ အပြင်မှာ အိမ်ငှားထားရမယ့် အခြေအနေနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“ မိဘတွေက အဲလောက်ထိ တတ်နိုင်မယ်မထင်ဘူး။ နောက်တစ်ခု အုပ်ထိန်းမှုလိုတယ်လေ။ ကလေးတွေ အုပ်ထိန်းမှုမရှိဘဲ အပြင်မှာ ငှားနေလို့ရှိရင် ကျောင်းမရောက်ဘဲနဲ့ အပြင်ရောက်သွားမှာပေါ့။”

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၃၀၀ ကျော်ရှိပြီး ပြည်တွင်းမှာ ကူးစက်မှု မရှိသလောက် နည်းပါးပေမဲ့ ဆက်လက် သတိထားကြဖို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

XS
SM
MD
LG