သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ၾကားကပဲ ဘာသာေရးဆိုင္ရာေတြ လုပ္ေဆာင္ေနၾကရ


မႏၱေလးၿမိဳ႕ အထင္ကရ မဟာဂႏၶာရံု ေက်ာင္းတိုက္ႀကီးရဲ႕ ကိုဗစ္ကာလျမင္ကြင္း။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

COVID -19 ကပ္ေရာဂါေၾကာင့္ အခက္အခဲ ႀကံဳရတဲ့အထဲမွာ ဘာသာေရး အသုိင္းအ၀န္းလည္း ပါ၀င္လာေနသလုိ သက္ဆုိင္ရာ ဘာသာအလုိက္ ၀တ္ျပဳဆုေတာင္းရာမွာလည္း အကန္႔အသတ္နဲ႔ လုပ္ေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ မ်ားလာတာနဲ႔အမွ် ဘာသာေရးဆိုင္ရာ ကိစၥေတြမွာလည္း အကန္႔အသတ္ေတြ၊ အခက္အခဲေတြ ႀကံဳလာပါတယ္။ ဗုဒၶဘာသာ ရဟန္းေတာ္ေတြ အမ်ားဆံုးရွိတဲ့ မႏၱေလးၿမိဳ႕မွာေတာ့ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ဖို႔ အတြက္ သံဃာေတာ္ အမ်ားစုဟာ အျပင္ထြက္ ဆြမ္းမခံႏုိင္ၾကေတာ့တဲ့အတြက္ တေန႔တျခား အခက္အခဲေတြ ရွိလာေနတာပါ။ မနၱေလးၿမိဳ႕ အထင္ကရ မဟာဂႏၶာရံု စာသင္တိုက္ႀကီးဆိုရင္လည္း ကိုဗစ္စတင္ျဖစ္ပြားတဲ့အခ်ိန္ကစၿပီး လူ၀င္လူထြက္ ေလွ်ာ့ခ်လိုက္ၿပီး ႏိုင္ငံျခားကေနလာတဲ့ စာသင္သံဃာေတာ္ေတြကို လက္မခံေတာ့ဘဲ ေက်ာင္းမွာရွိတဲ့ စာသင္သံဃာေတာ္ေတြကို အျပင္ထြက္ခြင့္မေပးေတာ့ပါဘူး။ အ၀င္အထြက္ ကန္႔သတ္လိုက္ေပမဲ့ စာသင္စာခ်ျပဳလုပ္ရာမွာေတာ့ အခက္အခဲေတြ ရွိလာပါတယ္။ ဒီအခက္အခဲေတြနဲ႔ ပတ္သက္လို႔ မဟာဂႏၶာရံုေက်ာင္းတိုက္ရဲ႕ စာခ်ကထိကျဖစ္သူ အရွင္၀ရုဏာ လကၤာရာဘိ၀ံသက အခုလို မိန္႔ပါတယ္။

“ဦးဇင္းတို႔စာ၀ါေတြကက်ေတာ့ ဒီႏွစ္ေတာ္ေတာ္ေနာက္က်သြားၿပီ။ ပံုမွန္အတိုင္းဆို သႀကၤန္ၿပီးရင္ စခ်တာ သာမေဏေက်ာ္ေတြကေပါ့။ ဒီႏွစ္လည္းက်ေတာ့ သႀကၤန္ၿပီးလည္း မခ်ျဖစ္ေသးဘူး။ ေနာက္ပိတ္ဆံုး နယုန္ မခ်ျဖစ္ေသးဘူး။ အဓိက ကေတာ့ စုၿပီးေတာ့ လိုက္ရတာဆိုေတာ့ေလ။ အဲ့ဒါလည္း နည္းနည္း အဆင္မေျပလို႔ေပါ့။ စာ၀ါကို ေစာင္ရင္းေစာင့္ရင္းနဲ႔ ေနာက္ဆံုး ၀ါဆိုၿပီးေတာ့မွ ခ်ျဖစ္တယ္။ သာမေဏေက်ာ္ေတြက စာ၀ါကို ၀ါဆိုၿပီးတဲ့ရက္ ေနာက္ရက္ကိုခ်တယ္။ ပထမံျပန္နဲ႔ ဓမာစရိယက်ေတာ့ အစိုးရကိုက စာေမးပြဲ က်င္းပျဖစ္မလား မက်င္းပျဖစ္မလားနဲ႔ ခ်ိတံုခ်တံုျဖစ္ေနတာ။ အဲ့ေတာ့ ၀ါဆိုကာနီးမွ ကပ္ၿပီး အစိုးရက က်င္းပလိုက္တယ္။ က်င္းပၿပီးေတာ့မွ သူတို႔ Result ထြက္ၿပီးမွ ဓမၼာစရိယက ျပန္စမွာ။ ေလာေလာဆယ္ေတာ့ မခ်ေသးဘူး။ ေလာေလာဆယ္ ခ်ေနတာက သာမေဏေက်ာ္တန္းေတြေပါ့။ ၀ါဆိုၿပီးကတည္းက စခ်တာ။ စာ၀ါေတြက ေနာက္က်သြားတယ္။ ေနာက္က်သြားေတာ့ ဦးဇင္းတို႔ ေလ့က်င့္ခန္းစာေမးပြဲ အႀကိမ္ေရ နည္းသြားမွာေပါ့။ နည္းသြားေတာ့ စာ၀ါေတြကို ပို႔ခ်တဲ့အခါက်ေတာ့ ရတဲ့ရက္ရယ္အခ်ိန္ရယ္။ ပို႔ခ်ပံုစနစ္လည္း ေျပာင္းရတာေပါ့။"

ျမန္မာႏုိင္ငံမွာ အေစာပုိင္းတုန္းက ေရာဂါကူးစက္မႈေတြ ေလ်ာ့ပါးလာရာက ဗုဒၶဘာသာ၀င္ေတြ သာမက တျခားဘာသာ၀င္ေတြ အေနနဲ႔လည္း ဘာသာေရးလုပ္ငန္းေတြ လုပ္ခြင့္ရလာခဲ့ၾကတာပါ။ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း ဒီလလည္ကစၿပီး လူ ၃၀ ဦးထက္မပိုဘဲ ၁ နာရီျခားၿပီး တေန႔ ၅ ႀကိမ္တပတ္မွာ တႀကိမ္ ဗုဒၶဘာသာ၀င္ေတြအေနနဲ႔ ဥပုဒ္ေဆာက္တည္တာေတြ အျခားဘာသာ၀င္ေတြအေနနဲ႔ ၀တ္ျပဳဆုေတာင္းဖို႔ ခြင့္ျပဳထားပါတယ္။ အစၥလာမ္ဘာသာ၀င္ေတြ ၀တ္ျပဳဆုေတာင္းရာမွာ ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ေအာင္ ႀကိဳတင္ကာကြယ္တဲ့ အစီအမံေတြ ျပင္ဆင္ထားတယ္လုိ႔လည္း မႏၱေလးၿမိဳ႕ ေက်ာက္ဗလီ နာယကျဖစ္သူ ေဒါက္တာ သန္းျမင့္က...

“က်ေနာ္တို႔ကေတာ့ ႏိုင္ငံေတာ္က ခြင့္ျပဳလုိက္တဲ့အရေပါ့ေလ။ ဘာသာေပါင္းစံုအားလံုး ခရစ္ယာန္၊ မြတ္စလင္၊ ဗုဒၶဘာသာ၊ ဟိႏၵဴ တႀကိမ္ ၀တ္ျပဳလို႔ရွိရင္ လူ ၃၀ ၀တ္ျပဳဖို႔ ဒါလူဦးေရ သတ္မွတ္ခ်က္ေပါ့။ က်န္တဲ့ဟာေတြက်ေတာ့ ကိုဗစ္စျဖစ္ကတည္းက သတ္မွတ္လိုက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ ဥပမာ က်ေနာ္တို႔ လက္ေဆးျခင္း Mask တပ္ျခင္း၊ Shield တပ္ျခင္း အဲ့ဒါေတြကုိ ဒီကိုလာကတည္းက အ၀င္မွာ နံပတ္ ၁ လက္ကိုသန္႔စင္ေအာင္ေဆးရမယ္။ နံပါတ္ ၂ အခ်က္က က်ေနာ္တို႔ အဖ်ားတိုင္းတယ္။ နံပါတ္ ၃ အခ်က္က Mask ပါသူကို တခါတည္း ထည့္လာဖို႔ေျပာတယ္။ တကယ္လို႔ Mask မပါရင္လည္း က်ေနာ္တို႔ ဗလီကေနမွ Mask ေပးတဲ့ အစီအစဥ္ေတြ က်ေနာ္တို႔ စီစဥ္ထားပါတယ္ခင္ဗ်။ ေနာက္ဒီထဲကို ေရာက္လာၿပီဆုိရင္ က်ေနာ္တို႔ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ အတုိင္းပဲ လူတဦး တေနရာနဲ႔ တေနရာ ၆ ေပကြာရမယ္။ ဒီခန္းမမွာ လူ ၃၀ စာ အတိအက် စီစဥ္ထားပါတယ္။”

အေစာပုိင္း သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ လူမႈကြန္ယက္ေတြကေန ဆုေတာင္းတာ အပါအ၀င္ ဘာသာေရးလုပ္ငန္းေတြ လုပ္ခဲ့ၾကရတဲ့ ခရစ္ယာန္ေတြလည္း အခုအခါ ဘုရားေက်ာင္းသြားေနၾကပါၿပီ။ ဒါေပမဲ့လည္း ေရာဂါကာကြယ္ေရး လမ္းညႊန္ခ်က္ေတြအတုိင္း ေဆာင္ရြက္ေနတယ္လုိ႔လည္း မႏၱေလးၿမိဳ႕က အထင္ကရ Cathedral စိတ္နွလံုးေတာ္ ဘုရားေက်ာင္းရဲ႕ ဒုတိယဥကၠ႒ ျဖစ္သူ ဦးၾကင္စိန္က ေျပာပါတယ္။

“အခက္အခဲတခုကေတာ့ က်ေနာ္တို႔ ပံုမွန္တက္ေနၾက ဘာသာ၀င္ေတြကေတာ့ နည္းနည္းေတာ့ အကုန္လံုး ပါ၀င္မတက္ေရာက္ႏိုင္တာ တခုေတာ့ ရွိတာေပါ့ဗ်ာ။ ဘာပဲေျပာေျပာ ဒီလိုအေျခအေနမွာ ကြ်န္ေတာ္တို႔က လိုက္နာရမယ္ေလ။ လိုက္နာရမယ္ဆိုေတာ့ ဒီလို ၃၀ ဆိုလည္း ၃၀ ေပါ့။ တက္ခြင့္ရတာကိုပဲ အမ်ားႀကီး ၀မ္းသာရပါတယ္။”

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြ ၾကားမွာပဲ ဘာသာေရးအရ ၀တ္ျပဳဆုေတာင္းတာ ဘုရားေက်ာင္းေတြ သြားခြင့္ရလာတာေတြအတြက္ ၀မ္းသာပီတိ ျဖစ္ေနသူေတြထဲမွာ ဦးမ်ိဳးလြင္လည္း တဦးအပါအ၀င္ပါ။

“ဒီလိုမ်ိဳး Live ၾကည့္ေနရတဲ့ဟာကေန ဟိုးအရင္တုန္းကလို ဘုရားေက်ာင္းကို ပံုမွန္ျပန္တက္ဖို႔ရာအတြက္ ကိုယ္ယံုၾကည္ကိုးကြယ္တဲ့ ဘုရားေပါ့ ဘုရားမွာ ဆုေတာင္းၿပီးေတာ့ ကိုယ္ကိုယ္တိုင္ကလည္း ကိုဗစ္ေရာဂါ မျပန္႔ပြားေအာင္ ႏိုင္ငံေတာ္က ခ်မွတ္ထားတာေတြကို လိုက္နာၿပီးေတာ့ ကာကြယ္ၿပီးေတာ့ ျမန္ျမန္ ဒီကိုဗစ္ေရာဂါႀကီး ကမၻာေပၚကေနၿပီးေတာ့ ေပ်ာက္ကြယ္သြားေအာင္ ကိုယ္တတ္ႏိုင္တဲ့ေနရာကေန ပါ၀င္ဖုိ႔။ ေနာက္ဆံုး က်ေနာ္ လိုခ်င္တာ ခုခံကာကြယ္တာ မလုပ္ႏိုင္ရင္ေတာင္ ခုခံတာ မလုပ္ႏိုင္ရင္ေတာင္ ကာကြယ္တာေတာ့ လုပ္ႏိုင္တယ္။ ဥပမာ Mask တပ္တာ လက္ေဆးတာ အိမ္ထဲမွာေနတာ တတ္ႏိုင္ရင္ အျပင္မထြက္တာမ်ိဳးေတြ ကာကြယ္မယ္ဆိုရင္ ကူးစက္မႈေတြက်သြားရင္ ဒီထက္ျမန္ျမန္ ဘုရားေက်ာင္း တက္ခ်င္တယ္။ ဗလီတက္ခ်င္တယ္။ ဘုရားသြားခ်င္တယ္။ တရားနာခ်င္တဲ့ ဥစၥာေတြကို အျမန္ဆံုး ျပန္လုပ္ႏိုင္မယ္လို႔ ယူဆပါတယ္။ အဲ့ဒါေလးကို လိုက္နာၾကဖို႔ေတာ့ က်ေနာ္ အႀကံျပဳခ်င္ပါတယ္။”

ကမာၻတ၀န္း ကပ္ေရာဂါေၾကာင့္ လူေပါင္းသန္းခ်ီ ကူးစက္တာ ေသဆုံးတာေတြ ႀကံဳေနရေပမဲ့ ျမန္မာႏုိင္ငံမွာေတာ့ မၾကာေသးခင္လေတြအထိ ကူးစက္မႈေတြ နည္းပါးခဲ့တဲ့အတြက္ ခ်ီးက်ဳးခံခဲ့ရတာေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း မၾကာခင္ ရက္ပုိင္းမွာပဲ ရခုိင္ျပည္နယ္ကေနစၿပီး ေရာဂါကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာတာေၾကာင့္ ျပည္တြင္းျပည္ပ စုိးရိမ္မႈေတြလည္း တုိးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်ကြားကပဲ ဘာသာရေးဆိုင်ရာတွေ လုပ်ဆောင်နေကြရ

COVID -19 ကပ်ရောဂါကြောင့် အခက်အခဲ ကြုံရတဲ့အထဲမှာ ဘာသာရေး အသိုင်းအဝန်းလည်း ပါဝင်လာနေသလို သက်ဆိုင်ရာ ဘာသာအလိုက် ဝတ်ပြုဆုတောင်းရာမှာလည်း အကန့်အသတ်နဲ့ လုပ်နေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ များလာတာနဲ့အမျှ ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာလည်း အကန့်အသတ်တွေ၊ အခက်အခဲတွေ ကြုံလာပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အများဆုံးရှိတဲ့ မန္တလေးမြို့မှာတော့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ အတွက် သံဃာတော် အများစုဟာ အပြင်ထွက် ဆွမ်းမခံနိုင်ကြတော့တဲ့အတွက် တနေ့တခြား အခက်အခဲတွေ ရှိလာနေတာပါ။ မန္တလေးမြို့ အထင်ကရ မဟာဂန္ဓာရုံ စာသင်တိုက်ကြီးဆိုရင်လည်း ကိုဗစ်စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး လူဝင်လူထွက် လျှော့ချလိုက်ပြီး နိုင်ငံခြားကနေလာတဲ့ စာသင်သံဃာတော်တွေကို လက်မခံတော့ဘဲ ကျောင်းမှာရှိတဲ့ စာသင်သံဃာတော်တွေကို အပြင်ထွက်ခွင့်မပေးတော့ပါဘူး။ အဝင်အထွက် ကန့်သတ်လိုက်ပေမဲ့ စာသင်စာချပြုလုပ်ရာမှာတော့ အခက်အခဲတွေ ရှိလာပါတယ်။ ဒီအခက်အခဲတွေနဲ့ ပတ်သက်လို့ မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ စာချကထိကဖြစ်သူ အရှင်ဝရုဏာ လင်္ကာရာဘိဝံသက အခုလို မိန့်ပါတယ်။

“ဦးဇင်းတို့စာဝါတွေကကျတော့ ဒီနှစ်တော်တော်နောက်ကျသွားပြီ။ ပုံမှန်အတိုင်းဆို သင်္ကြန်ပြီးရင် စချတာ သာမဏေကျော်တွေကပေါ့။ ဒီနှစ်လည်းကျတော့ သင်္ကြန်ပြီးလည်း မချဖြစ်သေးဘူး။ နောက်ပိတ်ဆုံး နယုန် မချဖြစ်သေးဘူး။ အဓိက ကတော့ စုပြီးတော့ လိုက်ရတာဆိုတော့လေ။ အဲ့ဒါလည်း နည်းနည်း အဆင်မပြေလို့ပေါ့။ စာဝါကို စောင်ရင်းစောင့်ရင်းနဲ့ နောက်ဆုံး ဝါဆိုပြီးတော့မှ ချဖြစ်တယ်။ သာမဏေကျော်တွေက စာဝါကို ဝါဆိုပြီးတဲ့ရက် နောက်ရက်ကိုချတယ်။ ပထမံပြန်နဲ့ ဓမာစရိယကျတော့ အစိုးရကိုက စာမေးပွဲ ကျင်းပဖြစ်မလား မကျင်းပဖြစ်မလားနဲ့ ချိတုံချတုံဖြစ်နေတာ။ အဲ့တော့ ဝါဆိုကာနီးမှ ကပ်ပြီး အစိုးရက ကျင်းပလိုက်တယ်။ ကျင်းပပြီးတော့မှ သူတို့ Result ထွက်ပြီးမှ ဓမ္မာစရိယက ပြန်စမှာ။ လောလောဆယ်တော့ မချသေးဘူး။ လောလောဆယ် ချနေတာက သာမဏေကျော်တန်းတွေပေါ့။ ဝါဆိုပြီးကတည်းက စချတာ။ စာဝါတွေက နောက်ကျသွားတယ်။ နောက်ကျသွားတော့ ဦးဇင်းတို့ လေ့ကျင့်ခန်းစာမေးပွဲ အကြိမ်ရေ နည်းသွားမှာပေါ့။ နည်းသွားတော့ စာဝါတွေကို ပို့ချတဲ့အခါကျတော့ ရတဲ့ရက်ရယ်အချိန်ရယ်။ ပို့ချပုံစနစ်လည်း ပြောင်းရတာပေါ့။"

မြန်မာနိုင်ငံမှာ အစောပိုင်းတုန်းက ရောဂါကူးစက်မှုတွေ လျော့ပါးလာရာက ဗုဒ္ဓဘာသာဝင်တွေ သာမက တခြားဘာသာဝင်တွေ အနေနဲ့လည်း ဘာသာရေးလုပ်ငန်းတွေ လုပ်ခွင့်ရလာခဲ့ကြတာပါ။ မန္တလေးမြို့မှာဆိုရင်လည်း ဒီလလည်ကစပြီး လူ ၃၀ ဦးထက်မပိုဘဲ ၁ နာရီခြားပြီး တနေ့ ၅ ကြိမ်တပတ်မှာ တကြိမ် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဥပုဒ်ဆောက်တည်တာတွေ အခြားဘာသာဝင်တွေအနေနဲ့ ဝတ်ပြုဆုတောင်းဖို့ ခွင့်ပြုထားပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းရာမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုတင်ကာကွယ်တဲ့ အစီအမံတွေ ပြင်ဆင်ထားတယ်လို့လည်း မန္တလေးမြို့ ကျောက်ဗလီ နာယကဖြစ်သူ ဒေါက်တာ သန်းမြင့်က...

“ကျနော်တို့ကတော့ နိုင်ငံတော်က ခွင့်ပြုလိုက်တဲ့အရပေါ့လေ။ ဘာသာပေါင်းစုံအားလုံး ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ တကြိမ် ဝတ်ပြုလို့ရှိရင် လူ ၃၀ ဝတ်ပြုဖို့ ဒါလူဦးရေ သတ်မှတ်ချက်ပေါ့။ ကျန်တဲ့ဟာတွေကျတော့ ကိုဗစ်စဖြစ်ကတည်းက သတ်မှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဥပမာ ကျနော်တို့ လက်ဆေးခြင်း Mask တပ်ခြင်း၊ Shield တပ်ခြင်း အဲ့ဒါတွေကို ဒီကိုလာကတည်းက အဝင်မှာ နံပတ် ၁ လက်ကိုသန့်စင်အောင်ဆေးရမယ်။ နံပါတ် ၂ အချက်က ကျနော်တို့ အဖျားတိုင်းတယ်။ နံပါတ် ၃ အချက်က Mask ပါသူကို တခါတည်း ထည့်လာဖို့ပြောတယ်။ တကယ်လို့ Mask မပါရင်လည်း ကျနော်တို့ ဗလီကနေမှ Mask ပေးတဲ့ အစီအစဉ်တွေ ကျနော်တို့ စီစဉ်ထားပါတယ်ခင်ဗျ။ နောက်ဒီထဲကို ရောက်လာပြီဆိုရင် ကျနော်တို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အတိုင်းပဲ လူတဦး တနေရာနဲ့ တနေရာ ၆ ပေကွာရမယ်။ ဒီခန်းမမှာ လူ ၃၀ စာ အတိအကျ စီစဉ်ထားပါတယ်။”

အစောပိုင်း သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ လူမှုကွန်ယက်တွေကနေ ဆုတောင်းတာ အပါအဝင် ဘာသာရေးလုပ်ငန်းတွေ လုပ်ခဲ့ကြရတဲ့ ခရစ်ယာန်တွေလည်း အခုအခါ ဘုရားကျောင်းသွားနေကြပါပြီ။ ဒါပေမဲ့လည်း ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေတယ်လို့လည်း မန္တလေးမြို့က အထင်ကရ Cathedral စိတ်နှလုံးတော် ဘုရားကျောင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးကြင်စိန်က ပြောပါတယ်။

“အခက်အခဲတခုကတော့ ကျနော်တို့ ပုံမှန်တက်နေကြ ဘာသာဝင်တွေကတော့ နည်းနည်းတော့ အကုန်လုံး ပါဝင်မတက်ရောက်နိုင်တာ တခုတော့ ရှိတာပေါ့ဗျာ။ ဘာပဲပြောပြော ဒီလိုအခြေအနေမှာ ကျွန်တော်တို့က လိုက်နာရမယ်လေ။ လိုက်နာရမယ်ဆိုတော့ ဒီလို ၃၀ ဆိုလည်း ၃၀ ပေါ့။ တက်ခွင့်ရတာကိုပဲ အများကြီး ဝမ်းသာရပါတယ်။”

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ ကြားမှာပဲ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ ဘုရားကျောင်းတွေ သွားခွင့်ရလာတာတွေအတွက် ဝမ်းသာပီတိ ဖြစ်နေသူတွေထဲမှာ ဦးမျိုးလွင်လည်း တဦးအပါအဝင်ပါ။

“ဒီလိုမျိုး Live ကြည့်နေရတဲ့ဟာကနေ ဟိုးအရင်တုန်းကလို ဘုရားကျောင်းကို ပုံမှန်ပြန်တက်ဖို့ရာအတွက် ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘုရားပေါ့ ဘုရားမှာ ဆုတောင်းပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါ မပြန့်ပွားအောင် နိုင်ငံတော်က ချမှတ်ထားတာတွေကို လိုက်နာပြီးတော့ ကာကွယ်ပြီးတော့ မြန်မြန် ဒီကိုဗစ်ရောဂါကြီး ကမ္ဘာပေါ်ကနေပြီးတော့ ပျောက်ကွယ်သွားအောင် ကိုယ်တတ်နိုင်တဲ့နေရာကနေ ပါဝင်ဖို့။ နောက်ဆုံး ကျနော် လိုချင်တာ ခုခံကာကွယ်တာ မလုပ်နိုင်ရင်တောင် ခုခံတာ မလုပ်နိုင်ရင်တောင် ကာကွယ်တာတော့ လုပ်နိုင်တယ်။ ဥပမာ Mask တပ်တာ လက်ဆေးတာ အိမ်ထဲမှာနေတာ တတ်နိုင်ရင် အပြင်မထွက်တာမျိုးတွေ ကာကွယ်မယ်ဆိုရင် ကူးစက်မှုတွေကျသွားရင် ဒီထက်မြန်မြန် ဘုရားကျောင်း တက်ချင်တယ်။ ဗလီတက်ချင်တယ်။ ဘုရားသွားချင်တယ်။ တရားနာချင်တဲ့ ဥစ္စာတွေကို အမြန်ဆုံး ပြန်လုပ်နိုင်မယ်လို့ ယူဆပါတယ်။ အဲ့ဒါလေးကို လိုက်နာကြဖို့တော့ ကျနော် အကြံပြုချင်ပါတယ်။”

ကမ္ဘာတဝန်း ကပ်ရောဂါကြောင့် လူပေါင်းသန်းချီ ကူးစက်တာ သေဆုံးတာတွေ ကြုံနေရပေမဲ့ မြန်မာနိုင်ငံမှာတော့ မကြာသေးခင်လတွေအထိ ကူးစက်မှုတွေ နည်းပါးခဲ့တဲ့အတွက် ချီးကျုးခံခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း မကြာခင် ရက်ပိုင်းမှာပဲ ရခိုင်ပြည်နယ်ကနေစပြီး ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာတာကြောင့် ပြည်တွင်းပြည်ပ စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။

XS
SM
MD
LG