သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းျမန္မာနယ္စပ္ ထိုင္းလံုျခံဳေရးတင္းၾကပ္


ကမ္ခ်နဘူရီခရိုင္မွာ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မူေတြ တုိးလာေနတာေၾကာင့္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ထုိင္းႏုိင္ငံနယ္စပ္ေတြမွာ လုံၿခံဳေရးတုိးျမွင့္ ေစာင့္ၾကည့္ေနခ်ိန္မွာ တရားမ၀င္ ၀င္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသားေတြလည္း ဆက္တုိက္ဆုိသလို ဖမ္းဆီးမိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာ နယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

မၾကာေသးခင္ကစလုိ႔ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံကေန တရားမ၀င္ ၀င္ေရာက္လာသူေတြထံက ေရာဂါပုိးပ်ံ႕ႏွံ႔မွာကုိ စုိးရိမ္တာေၾကာင့္ ထုိင္းအစုိးရ၇ နယ္စပ္ေတြမွာ ပိတ္ဆုိ႔တားျမစ္တာ အပါအ၀င္ လုံၿခံဳေရးေတြ တင္းၾကပ္ထားေပမဲ့ နည္းမ်ဳိးစုံနဲ႔ ၀င္ဖုိ႔ႀကိဳးစားတဲ့ ျမန္မာႏုိင္ငံသားေတြ ရွိေနဆဲ ျဖစ္ပါတယ္။ မေန႔တုန္းကလည္း ၂ ႏုိင္ငံၾကားက ေသာင္ရင္းျမစ္ကုိ ျဖတ္ကူးၿပီး တရားမ၀င္ ၀င္ေရာက္ဖုိ႔ ႀကိဳးစားၾကတဲ့ ျမန္မာႏုိင္ငံသား တခ်ဳိ႕ကုိ ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးမိခဲ့ၿပီး၊ ဒီအထဲမွာ ကုိယ္ပူခ်ိန္ျမင့္တဲ့သူ ၂ ဦး ပါေနတာ စစ္ေဆးေတြ႔ရွိတဲ့အတြက္ ေဆး႐ုံပုိ႔ေပးခဲ့ေၾကာင္းလည္း ျမန္မာအလုပ္သမားကူညီေရးအဖဲြ ့ျဖစ္တဲ့ AAC မဟာမိတ္အဖဲြ ့ရဲ ့ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက ေျပာပါတယ္။

"ဒီရက္ပုိင္းမွာက်ေနာ္တို႔ ျမန္မာျပည္ဘက္မွာ ကိုဗစ္ ကူးစက္မႈေတြက ျမင့္တက္ေနတယ္။ ထုိင္းဘက္ကလည္း ဒီသတင္းေတြကို သိေနၾကတယ္။ အခု တာ့ခရုိင္မဲေဆာက္တေႀကာမွာလည္း နယ္စပ္လမ္းေတြကို ပိတ္ဆို႔ထားတယ္။ မေန႔ကပဲ ေသာင္ရင္းျမစ္အနီး ထဆုိင္လြတ္ကမ္းနား မဲေဆာက္ျမ၀တီ ထိစပ္ေနတဲ့ ေသာင္ရင္းျမစ္ကမ္းနားမွာ ျမန္မာႏို္င္ငံသား ၈ ေယာက္ ခိုး၀င္တယ္။ ထုိင္းဘက္က ေစာင့္ႀကည့္ေနေတာ့ ဖမ္းမိတယ္။ ထူးျခားတာက အဲဒီထဲက ၂ ဦးက ကုိယ္အပူခ်ိန္ျမွင့္တက္ေနလို႔ မဲေဆာက္ေဆးရံုႀကီးကုိ ပိုျပီးကုသေနတယ္လို႔ သိရပါတယ္။"

ေနာက္ဆက္တဲြသတင္းအရ ေသာင္ရင္းျမစ္ကုိ လက္ပစ္ကူးသူေတြေရာ၊ ေလွငယ္ေလးေတြနဲ႔ လာသူပါ ဆုိရင္ ၁၁ ဦးထိ ရွိတယ္လို႔ ဆုိပါတယ္။

ရခုိင္ျပည္နယ္မွာ အမ်ားစုအပါအ၀င္ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာရာက ထုိင္းႏုိင္ငံက နယ္စပ္ခ်င္း ထိစပ္ေနတဲ့ ေဒသေတြမွာ အသြားအလာေတြကုိ ကန္႔သတ္တားျမစ္လုိက္သလုိ လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္သူေတြကုိ တားဆီးဖုိ႔ ထုိင္းတပ္ဖဲြ႔ေတြ လုံၿခံဳေရးတုိးျမွင့္ထားေပမဲ့ ပစ္ခတ္ဖမ္းဆီးတဲ့အထိ ရွိေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚေနတကေတာ့ မမွန္ဘူးလုိ႔လည္း ကိုရဲမင္းကေျပာပါတယ္။

ကမ္ခ်နဘူရီခရိုင္မွာ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား။
ကမ္ခ်နဘူရီခရိုင္မွာ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား။

"ထိုင္းဘက္က နယ္ေျမလံုျခံဳေရးအတြက္ပဲ ေစာင့္ၾကပ္ဖို႔ပဲေျပာတဲ့အတိုင္းမွာ ပစ္မိန္႔ေပးတယ္တုိ႔ ဘာတို႔ ေကာလဟာလေတြ၊ သတင္းေတြ ထြက္တာေၾကာင့္ ျမန္မာအလုပ္သမားေတြနဲ႔ ထုိင္းအာဏာပုိင္ေတြၾကားမွာ မုန္းတီးမႈေတြ ျဖစ္ေစႏုိင္တယ္။ ထိုင္းနဲ႔ ျမန္မာၾကားမွာလည္း အဖုအထစ္ေတြျဖစ္လာႏိုင္တယ္။ မဟုတ္မမွန္သတင္းေတြကုိ ဆင္ျခင္သင့္တယ္။ ဒါေတြကို ျပည္သူေတြအေနနဲ႔ မရွယ္သင့္ဘူး၊ ဒါမ်ိဳးေတြမလုပ္ဖို႔ ထုိင္းေရာက္ျမန္မာအလုပ္သမားေတြကိုလည္း ဦးစားေပးေျပာခ်င္ပါတယ္။"

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ ဆက္လက္ျမင့္တက္ေနခ်ိန္မွာပဲ ထုိင္း၀န္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာကလည္း ကမ္ခ်နဘူရီခရိုင္ဘက္က နယ္စပ္ေတြကုိပါ ပိတ္ထားဖို႔ ညြန္ၾကားလုိက္ပါတယ္။ ခြင့္ျပဳထားတဲ့ ကုန္ပစၥည္းေတြကုိ နယ္စပ္ေတြကေန အျပန္အလွန္ တင္ပုိ႔ခြင့္ရွိမွာ ျဖစ္ေပမဲ့ လူကုိယ္တုိင္ ၀င္ထြက္ၿပီး ပုိ႔ေဆာင္ခြင့္ျပဳမွာ မဟုတ္ေၾကာင္းလည္း ထုိင္းႏုိင္ငံက သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတင်းကြပ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေ တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံနယ်စပ်တွေမှာ လုံခြုံရေးတိုးမြှင့် စောင့်ကြည့်နေချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးမိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကစလို့ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေထံက ရောဂါပိုးပျံ့နှံ့မှာကို စိုးရိမ်တာကြောင့် ထိုင်းအစိုးရ၇ နယ်စပ်တွေမှာ ပိတ်ဆို့တားမြစ်တာ အပါအဝင် လုံခြုံရေးတွေ တင်းကြပ်ထားပေမဲ့ နည်းမျိုးစုံနဲ့ ဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့တုန်းကလည်း ၂ နိုင်ငံကြားက သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ မြန်မာနိုင်ငံသား တချို့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး၊ ဒီအထဲမှာ ကိုယ်ပူချိန်မြင့်တဲ့သူ ၂ ဦး ပါနေတာ စစ်ဆေးတွေ့ရှိတဲ့အတွက် ဆေးရုံပို့ပေးခဲ့ကြောင်းလည်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့ဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ဒီရက်ပိုင်းမှာကျနော်တို့ မြန်မာပြည်ဘက်မှာ ကိုဗစ် ကူးစက်မှုတွေက မြင့်တက်နေတယ်။ ထိုင်းဘက်ကလည်း ဒီသတင်းတွေကို သိနေကြတယ်။ အခု တာ့ခရိုင်မဲဆောက်တကြောမှာလည်း နယ်စပ်လမ်းတွေကို ပိတ်ဆို့ထားတယ်။ မနေ့ကပဲ သောင်ရင်းမြစ်အနီး ထဆိုင်လွတ်ကမ်းနား မဲဆောက်မြဝတီ ထိစပ်နေတဲ့ သောင်ရင်းမြစ်ကမ်းနားမှာ မြန်မာနိုင်ငံသား ၈ ယောက် ခိုးဝင်တယ်။ ထိုင်းဘက်က စောင့်ကြည့်နေတော့ ဖမ်းမိတယ်။ ထူးခြားတာက အဲဒီထဲက ၂ ဦးက ကိုယ်အပူချိန်မြှင့်တက်နေလို့ မဲဆောက်ဆေးရုံကြီးကို ပိုပြီးကုသနေတယ်လို့ သိရပါတယ်။"

နောက်ဆက်တွဲသတင်းအရ သောင်ရင်းမြစ်ကို လက်ပစ်ကူးသူတွေရော၊ လှေငယ်လေးတွေနဲ့ လာသူပါ ဆိုရင် ၁၁ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက ထိုင်းနိုင်ငံက နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ အသွားအလာတွေကို ကန့်သတ်တားမြစ်လိုက်သလို လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို တားဆီးဖို့ ထိုင်းတပ်ဖွဲ့တွေ လုံခြုံရေးတိုးမြှင့်ထားပေမဲ့ ပစ်ခတ်ဖမ်းဆီးတဲ့အထိ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတကတော့ မမှန်ဘူးလို့လည်း ကိုရဲမင်းကပြောပါတယ်။

"ထိုင်းဘက်က နယ်မြေလုံခြုံရေးအတွက်ပဲ စောင့်ကြပ်ဖို့ပဲပြောတဲ့အတိုင်းမှာ ပစ်မိန့်ပေးတယ်တို့ ဘာတို့ ကောလဟာလတွေ၊ သတင်းတွေ ထွက်တာကြောင့် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းအာဏာပိုင်တွေကြားမှာ မုန်းတီးမှုတွေ ဖြစ်စေနိုင်တယ်။ ထိုင်းနဲ့ မြန်မာကြားမှာလည်း အဖုအထစ်တွေဖြစ်လာနိုင်တယ်။ မဟုတ်မမှန်သတင်းတွေကို ဆင်ခြင်သင့်တယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့ မရှယ်သင့်ဘူး၊ ဒါမျိုးတွေမလုပ်ဖို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုလည်း ဦးစားပေးပြောချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်မြင့်တက်နေချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကလည်း ကမ်ချနဘူရီခရိုင်ဘက်က နယ်စပ်တွေကိုပါ ပိတ်ထားဖို့ ညွန်ကြားလိုက်ပါတယ်။ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်တွေကနေ အပြန်အလှန် တင်ပို့ခွင့်ရှိမှာ ဖြစ်ပေမဲ့ လူကိုယ်တိုင် ဝင်ထွက်ပြီး ပို့ဆောင်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG