သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ ရန္ကုန္မွာ ကိုဗစ္ကူးစက္သူ ၂၆ ဦး ထပ္မံအတည္ျပဳ ေတြ႔ရွိ


လႈိင္သာယာ စက္မႈဇုန္က စက္႐ုံတခုမွာ အလုပ္သမားေတြကို ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနတဲ့ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္နဲ႔ ရန္ကုန္တုိင္းမွာ COVID-19 ေနာက္ထပ္ ကူးစက္သူခံရသူ ၂၆ ေယာက္ ထပ္ေတြ႔တာေၾကာင့္ တႏုိင္ငံလုံးမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၇၇၅ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ည ၈ နာရီမွာ ထုတ္ျပန္လိုက္ပါတယ္။

ဓာတ္ခဲြနမူနာ ၁,၂၅၃ ခုကို ဒီကေန႔ စစ္ေဆးခဲ့တာမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၆ ေယာက္ ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ သူတုိ႔အားလုံးဟာ ျပည္ပခရီးသြားရာဇ၀င္ မရွိၾကသူေတြျဖစ္ၾကၿပီး အဲဒီထဲက ၁၇ ေယာက္က ေရာဂါအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈရွိၿပီး က်န္တဲ့ ၉ ေယာက္ကေတာ့ ျပည္တြင္းမွာ ထိေတြ႔မႈမရွိဘဲ ကူးစက္တာ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾသဂုတ္ ၃၀၊ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ၾသဂုတ္ ၃၀၊ ၂၀၂၀၊ ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾသဂုတ္ ၃၀၊ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ၾသဂုတ္ ၃၀၊ ၂၀၂၀၊ ဓာတ္ပုံ - MOHS)

ဒီေန႔ကူးစက္ခံရသူေတြထဲက ၂၁ ေယာက္က ရခုိင္ျပည္နယ္ကျဖစ္ၿပီး ၅ ေယာက္က ရန္ကုန္တုိင္းက ျဖစ္ပါတယ္။ ရခုိင္ျပည္နယ္က ၂၁ ေယာက္ထဲမွာ စစ္ေတြက ၈ ေယာက္၊ ေပါက္ေတာက ၆ ေယာက္၊ မင္းျပားက ၄ ေယာက္၊ ပုဏၰားကၽြန္းက ၂ ေယာက္နဲ႔ ေက်ာက္ေတာ္က ၁ ေယာက္ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းကေတာ့ လႈိင္ၿမိဳ႕နယ္က ၂ ေယာက္၊ ပုဇြန္ေတာင္၊ မဂၤလာဒုံနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္ေတြက ၁ ေယာက္စီျဖစ္ပါတယ္။

ဒီေန႔ကူးစက္ခံရသူေတြထဲမွာ စစ္ေတြၿမိဳ႕က အသက္ ၁ ႏွစ္အရြယ္ ကေလးငယ္တဦးလည္း ပါ၀င္ၿပီး အခုဆုိရင္ ရခုိင္ျပည္နယ္မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၃၃၇ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီေန႔မွာ ဓာတ္ခဲြအတည္ျပဳ လူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္ ပိုးမေတြ႔သူ ၁ ဦး ေတြ႔တာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းသူ ၃၅၂ ေယာက္ရွိသြားၿပီျဖစ္ၿပီး ၃၄၇ ေယာက္က ေဆး႐ုံက ဆင္းသြားၿပီျဖစ္ပါတယ္။

ဒါ့အျပင္ မေန႔က ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္အထိ ေနာက္ထပ္ေစာင့္ၾကည့္လူနာသစ္ ၅၃ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရခိုင်နဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်သူ ၂၆ ဦး ထပ်မံအတည်ပြု တွေ့ရှိ

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ COVID-19 ကူးစက်သူ နောက်ထပ်ခံရသူ ၂၆ ယောက် ထပ်တွေ့တာကြောင့် တနိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ခွဲနမူနာ ၁၂၅၃ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆ ယောက် ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ပြည်ပခရီးသွားရာဇဝင် မရှိကြသူတွေဖြစ်ကြပြီး အဲဒီထဲက ၁၇ ယောက်က ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိပြီး ကျန်တဲ့ ၉ ယောက်ကတော့ ပြည်တွင်းမှာ ထိတွေ့မှုမရှိဘဲ ကူးစက်တာ ဖြစ်ပါတယ်။

ဒီနေ့ကူးစက်ခံရသူတွေထဲက ၂၁ ယောက်က ရခိုင်ပြည်နယ်ကဖြစ်ပြီး ၅ ယောက်က ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ၂၁ ယောက်ထဲမှာ စစ်တွေက ၈ ယောက်၊ ပေါက်တောက ၆ ယောက်၊ မင်းပြားက ၄ ယောက်၊ ပုဏ္ဏားကျွန်းက ၂ ယောက်နဲ့ ကျောက်တော်က ၁ ယောက် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းကတော့ လှိုင်မြို့နယ်က ၂ ယောက်၊ ပုဇွန်တောင်၊ မင်္ဂလာဒုံနဲ့ မြောက်ဒဂုံမြို့နယ်တွေက ၁ ယောက်စီဖြစ်ပါတယ်။

ဒီနေ့ကူးစက်ခံရသူတွေထဲမှာ စစ်တွေမြို့က အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၃၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနေ့မှာ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၁ ဦး တွေ့တာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ၃၅၂ ယောက်ရှိသွားပြီဖြစ်ပြီး ၃၄၇ ယောက်က ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ်အထိ နောက်ထပ်စောင့်ကြည့်လူနာသစ် ၅၃ ယောက်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

XS
SM
MD
LG