သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈ ရန္ကုန္မွာတိုးလာ


ရန္ကုန္ လႈိင္ၿမိဳ႕နယ္ရွိ Quarantine စင္တာတခုမွာ COVID-19 စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 ျပည္တြင္းကူးစက္မႈ ရခုိင္မွာ စိုးရိမ္စရာ အေျခအေန ရွိလာခ်ိန္္မွာပဲ ရန္ကုန္မွာလည္း ကူးစက္မႈေတြ ပိုတိုးလာတဲ့အတြက္ လူထုအေနနဲ႔ မျဖစ္မေန လိုက္နာ ကာကြယ္သင့္တဲ့ ဆရာဝန္ ေဆးပညာရွင္ေတြရဲ႕ က်န္းမာေရး ပညာေပး အႀကံေပးခ်က္ေတြကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကမာၻ႔ကပ္ေရာဂါ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈႏႈန္း ျမင့္တက္လာၿပီး ရခိုင္ျပည္နယ္တြင္း ဒီသီတင္းပတ္ထဲမွာပဲ လူအစုလိုက္ အၿပံဳလုိက္မွာ ေရာဂါပိုး ေတြ႔ရွိေနတာမို႔ ရခိုင္ခရီးသြားရာဇဝင္ရွိမရွိ၊ ရခုိင္ခရီးသြားခဲ့သူေတြမွာ ပိုးရွိမရွိ တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနခ်ိန္မွာပဲ ရန္ကုန္တိုင္းအတြင္းမွာ ရခိုင္ျပည္နယ္တြင္း ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႔ရွိသူေတြနဲ႔ ထိေတြ႔ဆက္စပ္မႈမရွိဘဲ ကူးစက္သူေတြ တစစ မ်ားျပားလာတဲ့အေပၚ ျပည္သူအမ်ား စိုးရိမ္လာေနၾကတာပါ။

ေနအိမ္မ်ားသို႔သြားေရာက္ၿပီး ကိုယ္ပူခ်ိန္တိုင္း၊ က်န္းမာေရးစစ္တမ္းေကာက္ယူေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ရန္ကုန္၊ ေမ ၁၆၊ ၂၀၂၀)
ေနအိမ္မ်ားသို႔သြားေရာက္ၿပီး ကိုယ္ပူခ်ိန္တိုင္း၊ က်န္းမာေရးစစ္တမ္းေကာက္ယူေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ရန္ကုန္၊ ေမ ၁၆၊ ၂၀၂၀)

တနဂၤေႏြ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ COVID-19 ကူးစက္သူ ေနာက္ထပ္လူနာ ၂၆ ဦး ထပ္မံေတြ႔ရွိတာေၾကာင့္ အခုဆိုရင္ေတာ့ တႏိုင္ငံလံုး အတုိင္းအတာနဲ႔ ၇၇၅ ဦးအထိ ရွိသြားၿပီျဖစ္ပါတယ္။ ဒီေတြ႔ရွိတဲ့အထဲ ရန္ကုန္တိုင္းတြင္း ခရီးသြားရာဇဝင္မရွိဘဲ ျပည္တြင္းကူးစက္မႈေတြလည္း ပိုတိုးလာေနတဲ့ အေျခအေနကို ေတြ႔ျမင္ရတယ္လို႔ ေဆးပညာရွင္ေတြက သံုးသပ္ပါတယ္။

ေရာဂါပိုး သယ္ေဆာင္ေနသူေတြဟာ ရန္ကုန္မွာ ရွိေနၿပီလုိ႔ ယူဆလို႔ရတဲ့အတြက္ ေရာဂါပိုး မကူးစက္ရေအာင္ ရန္ကုန္ၿမိဳ႕ခံေတြ အထူးသတိထား ေနထိုင္ၾကဖို႔ လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြအထူးကုဆရာဝန္ႀကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္က တိုက္တြန္းပါတယ္။

“အရင္တုန္းက ဒီ Column မွာ ရခိုင္ျပည္နယ္တြင္း ခရီးသြားရာဇဝင္ဆိုၿပီး ေရးထားတယ္။ ဒီေန႔မနက္ေတြ႔တဲ့ ေက့စ္မွာေတာ့ ရခိုင္ Column မွာေတာ့ ဒါက ရခိုင္ျပည္မွ ျပန္လာတဲ့ ခရီးသြားရာဇဝင္ ဆိုတာေလး မေတြ႔ဘူးေပါ့ေနာ္။ မေတြ႔ေတာ့ ရန္ကုန္မွာ အခုေတြ႔တဲ့သူေတြက စစ္ေတြက ျပန္လာတဲ့သူေတြနဲ႔ တနည္းနည္းနဲ႔ ဆက္စပ္မယ္၊ ဘယ္လိုဆက္စပ္မလဲ ဆိုတာသာ ရွာလို႔မရတာေပါ့ေနာ္။ ဆိုလိုတဲ့အဓိပၸာယ္ကေတာ့ ဒီ Asymptomatic (COVID-19 Carriers) ဒီေရာဂါပိုး သယ္ေဆာင္သူေတြဟာ ရန္ကုန္တိုင္းထဲ ရန္ကုန္ၿမိဳ႕ထဲမွာ ရွိေနၿပီလို႔ ယူဆလို႔ရတယ္။ ဒါေၾကာင့္ ဆရာတို႔ ဟိုးအရင္ကလည္း ေျပာခဲ့ဖူးသလိုပဲ ကိုယ့္ရဲ႕ပတ္ဝန္းက်င္မွာ အနီးစပ္ဆံုး ပိုးေတြရွိေနႏိုင္တယ္ဆိုတဲ့ အသိကို ေခါင္းထဲထည့္ထားၿပီးေတာ့ ကာကြယ္ေရးကို စနစ္တက် ပုိၿပီးေတာ့ လုပ္သင့္တယ္ေပါ့။ ဒီေန႔မနက္ အေျဖထြက္လာၿပီးတဲ့ ေနာက္မွာေတာ့ ဆရာေတာ့ အဲ့လိုပဲ ခံယူလိုက္တယ္။ ရန္ကုန္ၿမိဳ႕မွာ ေနတဲ့သူတေယာက္အေနနဲ႔။

“ပိုးေတြ တျဖည္းျဖည္းနဲ႔ ကိုယ့္ရဲ႕ အနီးနားပတ္ဝန္းက်င္မွာ ဒီ Asymptomatic ေတြ ေရာက္ရွိလာၿပီ။ အဲ့ေတာ့ သူတို႔ဆီကေန မကူးေအာင္ ကိုယ္ကေန ပိုၿပီးေတာ့ ကာကြယ္ေရး နည္းစနစ္ေတြ ေဆာင္ရြက္သင့္တယ္ ဆုိတဲ့အသိ ရွိရမယ္။ လတ္တေလာ အေနအထားမွာေတာ့ ထိန္းခ်ဳပ္ထားႏုိင္ေသးတယ္လို႔ ဆရာတို႔ ေျပာခ်င္ေသးတယ္။ တခ်ိန္ခ်ိန္မွာ ထိန္းခ်ဳပ္ႏုိင္မႈ လြန္သြားၿပီး လူေတြအမ်ားႀကီး ေပါ့စတစ္ေတြ႔တယ္၊ ေဆး႐ံုေတြမွာ လက္ခံကုသႏုိင္တဲ့ အေနအထားထက္ကို ေက်ာ္လြန္သြားၿပီဆိုရင္ေတာ့ တျခားႏုိင္ငံေတြမွာ လုပ္သလို Home Quarantine နဲ႔ ဂ႐ုစိုက္ရမယ္။ အဲ့လိုအေျခအေန မေရာက္လာပါေစနဲ႔လို႔ပဲ ဆုေတာင္းေနရမယ္လို႔ ဒီေန႔ ေန႔ခင္းမွာ ပါေမာကၡ ဆရာႀကီးတေယာက္က ေဆြးေႏြးပြဲမွာ ေျပာသြားတာ ရွိပါတယ္။ အခုကေတာ့ ထိန္းခ်ဳပ္ႏိုင္ေနဆဲ အေနအထားလို႔ပဲ ဆရာ့အေနနဲ႔ ေျပာခ်င္ပါတယ္။”

အခုလို ျပည္တြင္းကူးစက္မႈ မ်ားလာတဲ့ ဒီအေျခအေနဟာ လူဦးေရထူထပ္ၿပီး ခရီးအသြားအလာမ်ားတဲ့ ရန္ကုန္အတြက္ အထူးသတိထား ဂ႐ုစိုက္ရမယ့္ အေနအထား ျဖစ္လာေနတာပါ။ ဒါေၾကာင့္ ပိုးေတြ႔ရွိသူ ပိုးေတြ႔ႏိုင္တယ္လို႔ သံသယရွိသူေတြကို အသြားအလာ ကန္႔သတ္မႈေတြနဲ႔ ထိန္းခ်ဳပ္ထားခ်ိန္မွာ ဒီလို ျပည္သူေတြအတြက္လည္း စိတ္ဓာတ္ခြန္အားနဲ႔ အားေပးၾကပါလို႔ လူထုကို ေစတနာ့ဝန္ထမ္း ေဆးကုသ ပညာေပးေနတဲ့ ေဒါက္တာေက်ာ္စြာဦးက အႀကံေပးပါတယ္။

“က်ေနာ္တို႔ အခုအခ်ိန္အထိေပါ့ေနာ္ ရခုိင္ျပည္နယ္ဘက္ကို ခရီးသြားလာျခင္း မရွိဘဲနဲ႔ ေနာက္ၿပီးေတာ့ လူနာနဲ႔ ထိေတြ႔မႈမရွိဘူး၊ ေနာက္ ျပည္ေတာ္ျပန္ မဟုတ္ဘဲနဲ႔ေပါ့ေနာ္ ရန္ကုန္မွာ ေတြ႔ရတာ ၈ ေယာက္ ရွိသြားၿပီလို႔ ထင္ပါတယ္။ ဒါက က်ေနာ္တို႔ ရန္ကုန္အတြက္ေတာ့ သတိထားရမယ့္ အေျခအေနတခုေပါ့ေနာ္။ က်ေနာ္တို႔ ေရာဂါလကၡဏာ မျပဘဲနဲ႔ ေရာဂါကူးစက္သူေတြ လူထုၾကားထဲမွာ ရွိေနၿပီလို႔ တြက္လို႔ရပါတယ္။ အဲ့ဒီ့အတြက္ေၾကာင့္မို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြကို လိုက္နာဖို႔ေတာ့ လိုမယ္ဗ်။ အဲ့ဒါေၾကာင့္ ခပ္ခြာခြာေနဖို႔နဲ႔ လူစုလူေဝးကို မေရွာင္ႏိုင္တဲ့ အခါမွာဆိုရင္ လူတုိင္း Mask ကို တပ္ထားမယ္ဆိုရင္ ဒီေရာဂါပ်ံ႕ႏွံ႔ႏႈန္းကို တတ္ႏုိင္သေလာက္ ေလွ်ာ့ခ်ႏုိင္မယ္ေပါ့ေနာ္။

“ေနာက္တခုက ဒီေရာဂါက တေယာက္တည္းျဖစ္တာ မဟုတ္ဘူးေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ တေယာက္ျဖစ္ရင္ အတြဲလုိက္ပါတယ္ဆိုတဲ့ အသိတရား သိထားဖို႔ လိုတာေပါ့ေနာ္။ ေနာက္ Lockdown ခ်တဲ့အထဲမွာ ပါသြားတဲ့ မိသားစုဝင္ေတြ အေနနဲ႔ကလည္း တတ္ႏုိင္သေလာက္ ဒီကာလမွာ စည္းကမ္းတက်ေနဖို႔နဲ႔ က်န္းမာေအာင္ေနဖို႔ေပါ့ေနာ္၊ မိမိက်န္းမာေရး စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေနဖို႔ေတာ့ အေတာ္အေရးႀကီးပါတယ္။ သူတို႔ကို စိတ္ပုိင္းဆုိင္ရာ အားေပးၾကဖို႔လည္း အေရးႀကီးပါတယ္။”

ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ မိမိကိုယ္တုိင္ ဒါမွမဟုတ္ မိသားစုနဲ႔ မိတ္ေဆြေတြထဲ ဖ်ားနာ မက်န္းမမာျဖစ္လာရင္ ခ်က္ခ်င္း လူထုအေျချပဳ အခမဲ့ေဆးခန္းေတြဆီ လာျပၾကဖို႔နဲ႔ ေဆး႐ံုေဆးခန္းေတြကို အျမန္ဆံုးသြားၾကဖို႔ကိုလည္း COVID ကာလ ဖ်ားနာ အခမဲ့ေဆးကုသမႈ ေပးေနတဲ့ Fever Clinic ရန္ကုန္ကြန္ရက္ရဲ႕ တာဝန္ခံ ဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္းက တုိက္တြန္းပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ခံ ျပည္သူေတြ အေနနဲ႔လည္း အလြန္အမင္း စိုးရိမ္ထိတ္လန္႔ လြန္ေနတာမ်ိဳးေတြလည္း မျဖစ္ၾကဘဲ ကာကြယ္မႈေတြ ပိုတိုးလုပ္ၾကဖို႔ သတိေပးပါတယ္။

“ဒီေန႔ဆိုရင္လည္း က်ေနာ္တို႔ဆီမွာ ဒီေန႔တရက္တည္းမွာကို အနည္းဆံုး ၈ ေယာက္ကေန ၁၀ ေယာက္ၾကားမွာ ေတြ႔ရွိတာေပါ့ေနာ္။ အဲ့ေတာ့ အဓိက ကိုယ့္ကိုယ္ကိုယ္ COVID-19 ျဖစ္ေနတယ္လို႔ ထင္တယ္ ယူဆတယ္။ ေနာက္ ကိုယ္တိုင္လည္း ဖ်ားနာ ေခ်ာင္းဆိုး အနံ႔မရေတာ့ဘူးလို႔ ယူဆရင္ က်ေနာ္တို႔ Fever Clinic ကို လာျပပါ၊ အခ်ိန္မေရြးေပါ့ေနာ္ လာျပပါ။ ဘာပဲျဖစ္ျဖစ္ တခုခုဆိုလို႔ရွိရင္ က်ေနာ္တို႔ Fever Clinic တာဝန္ခံဆရာဝန္ေတြရဲ႕ ဖုန္းနံပါတ္ေတြလည္း ေပးထားပါတယ္။ ဆရာဝန္ေတြကို ဖုန္းဆက္ၿပီးေတာ့ ေမးျမန္းတိုင္ပင္လို႔ ရပါတယ္။ အဓိက Panic ေပါ့ေနာ္ လူထုၾကားမွာ စိုးရိမ္ခ်က္ေတြက ေတာ္ေတာ္မ်ားမ်ား ျမင့္တက္လာေနတယ္ေပါ့ေနာ္။

“ဒါေပမယ့္ အရမ္းႀကီးေတြလည္း မစိုးရိမ္ၾကပါနဲ႔။ အဓိက ကိုယ္လုပ္သင့္လုပ္ထိုက္တာ လုပ္ၾကပါ။ ႏွာေခါင္းစည္း မ်က္ႏွာဖံုးအကာ တပ္တာတို႔ Social Distancing တေယာက္နဲ႔တေယာက္ ၆ ေပအကြာေပါ့ ေနတာတို႔၊ မလိုအပ္ဘဲနဲ႔ အျပင္မသြားၾကပါနဲ႔။ ဒီရက္ပိုင္းအတြင္း ျဖစ္ႏုိင္ရင္ အျပင္မထြက္ဘဲ အိမ္ေတြထဲမွာပဲ ေနၾကေစခ်င္တယ္ေပါ့ေနာ္။ ၿပီးရင္ က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ လမ္းညႊန္ခ်က္ေတြကို လိုက္နာပါ။ စိုးရိမ္စိတ္ေတြ လြန္ကဲေနတာထက္စာရင္ ကိုယ့္ကိုယ္ကိုယ္ကာကြယ္မွ ထိေရာက္မႈ ရွိမယ္ေပါ့ေနာ္။ လုိအပ္မွသာ အျပင္သြား၊ အျပင္သြားရင္လည္း ႏွာေခါင္းစည္းတပ္၊ လက္ကို ခဏခဏေဆး၊ အျပင္ကျပန္လာတာနဲ႔ အဲ့ဝတ္စံုကို တခါတည္း လဲ ေလွ်ာ္ဖြပ္ စတဲ့ တကိုယ္ေရသန္႔ရွင္းမႈကို ေသခ်ာလုပ္လိုက္မယ္ဆိုရင္ ထိေရာက္မႈရွိမယ္လို႔ က်ေနာ့္ဘက္က အႀကံေပးခ်င္ပါတယ္။”

လတ္တေလာ အေျခအေနမွာေတာ့ ျမန္မာႏုိင္ငံတဝန္း COVID-19 ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးအသြားအလာေတြ ကန္႔သတ္လိုက္တာ၊ ပိုးေတြ႔ရွိမႈ သံသယရွိတဲ့ ၿမိဳ႕နယ္ေတြကို အဝင္အထြက္ ကန္႔သတ္ထိန္းခ်ဳပ္တာ၊ ခရီးသြားရာဇဝင္ ရွိသူေတြကို စံုစမ္းေမးျမန္း ဆက္သြယ္ေနသလို ျပည္တြင္းကူးစက္မႈေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္နဲ႔ ဆက္စပ္ ခရီးသြားလာ ထိေတြ႔မႈရွိခဲ့ရင္ မိမိအသိနဲ႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အုပ္ခ်ဳပ္ေရး အဖြဲ႔အစည္းေတြကို ခ်က္ခ်င္းသတင္းပို႔ၿပီး ေဆးစစ္ေဆးမႈ ခံယူၾကဖို႔ သက္ဆုိင္ရာ ေဒသအာဏာပိုင္ေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ျပည္သူေတြကို တိုက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ရန်ကုန်မှာတိုးလာ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ပြည်တွင်းကူးစက်မှု ရခိုင်မှာ စိုးရိမ်စရာ အခြေအနေ ရှိလာချိန်မှာပဲ ရန်ကုန်မှာလည်း ကူးစက်မှုတွေ ပိုတိုးလာတဲ့အတွက် လူထုအနေနဲ့ မဖြစ်မနေ လိုက်နာ ကာကွယ်သင့်တဲ့ ဆရာဝန် ဆေးပညာရှင်တွေရဲ့ ကျန်းမာရေး ပညာပေး အကြံပေးချက်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီး ရခိုင်ပြည်နယ်တွင်း ဒီသီတင်းပတ်ထဲမှာပဲ လူအစုလိုက် အပြုံလိုက်မှာ ရောဂါပိုး တွေ့ရှိနေတာမို့ ရခိုင်ခရီးသွားရာဇဝင်ရှိမရှိ၊ ရခိုင်ခရီးသွားခဲ့သူတွေမှာ ပိုးရှိမရှိ တင်းတင်းကျပ်ကျပ် စစ်ဆေးနေချိန်မှာပဲရန်ကုန်တိုင်းအတွင်းမှာ ရခိုင်ပြည်နယ်တွင်း ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်စပ်မှုမရှိဘဲ ကူးစက်သူတွေ တစစ များပြားလာတဲ့အပေါ် ပြည်သူအများ စိုးရိမ်လာနေကြတာပါ။

တနင်္ဂနွေ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ကူးစက်သူ နောက်ထပ်လူနာ ၂၆ ဦး ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၇၇၅ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ဒီတွေ့ရှိတဲ့အထဲ ရန်ကုန်တိုင်းတွင်း ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုတွေလည်းပိုတိုးလာနေတဲ့ အခြေအနေကို တွေ့မြင်ရတယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ပါတယ်။

ရောဂါပိုး သယ်ဆောင်နေသူတွေဟာ ရန်ကုန်မှာ ရှိနေပြီလို့ ယူဆလို့ရတဲ့အတွက် ရောဂါပိုး မကူးစက်ရအောင် ရန်ကုန်မြို့ခံတွေ အထူးသတိထား နေထိုင်ကြဖို့ လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က တိုက်တွန်းပါတယ်။

“အရင်တုန်းက ဒီ Column မှာ ရခိုင်ပြည်နယ်တွင်း ခရီးသွားရာဇဝင်ဆိုပြီး ရေးထားတယ်။ ဒီနေ့မနက်တွေ့တဲ့ ကေ့စ်မှာတော့ ရခိုင် Column မှာတော့ ဒါက ရခိုင်ပြည်မှ ပြန်လာတဲ့ ခရီးသွားရာဇဝင် ဆိုတာလေး မတွေ့ဘူးပေါ့နော်။ မတွေ့တော့ ရန်ကုန်မှာ အခုတွေ့တဲ့သူတွေက စစ်တွေက ပြန်လာတဲ့သူတွေနဲ့ တနည်းနည်းနဲ့ ဆက်စပ်မယ်၊ ဘယ်လိုဆက်စပ်မလဲ ဆိုတာသာ ရှာလို့မရတာပေါ့နော်။ ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ ဒီ Asymptomatic (COVID-19 Carriers) ဒီရောဂါပိုး သယ်ဆောင်သူတွေဟာ ရန်ကုန်တိုင်းထဲ ရန်ကုန်မြို့ထဲမှာ ရှိနေပြီလို့ ယူဆလို့ရတယ်။ ဒါကြောင့် ဆရာတို့ ဟိုးအရင်ကလည်း ပြောခဲ့ဖူးသလိုပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အနီးစပ်ဆုံး ပိုးတွေရှိနေနိုင်တယ်ဆိုတဲ့ အသိကို ခေါင်းထဲထည့်ထားပြီးတော့ ကာကွယ်ရေးကို စနစ်တကျ ပိုပြီးတော့ လုပ်သင့်တယ်ပေါ့။ ဒီနေ့မနက် အဖြေထွက်လာပြီးတဲ့ နောက်မှာတော့ ဆရာတော့ အဲ့လိုပဲ ခံယူလိုက်တယ်။ ရန်ကုန်မြို့မှာ နေတဲ့သူတယောက်အနေနဲ့။

“ပိုးတွေ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ အနီးနားပတ်ဝန်းကျင်မှာ ဒီ Asymptomatic တွေ ရောက်ရှိလာပြီ။ အဲ့တော့ သူတို့ဆီကနေ မကူးအောင် ကိုယ်ကနေ ပိုပြီးတော့ ကာကွယ်ရေး နည်းစနစ်တွေ ဆောင်ရွက်သင့်တယ် ဆိုတဲ့အသိ ရှိရမယ်။ လတ်တလော အနေအထားမှာတော့ ထိန်းချုပ်ထားနိုင်သေးတယ်လို့ ဆရာတို့ ပြောချင်သေးတယ်။ တချိန်ချိန်မှာ ထိန်းချုပ်နိုင်မှု လွန်သွားပြီး လူတွေအများကြီး ပေါ့စတစ်တွေ့တယ်၊ ဆေးရုံတွေမှာ လက်ခံကုသနိုင်တဲ့ အနေအထားထက်ကို ကျော်လွန်သွားပြီဆိုရင်တော့ တခြားနိုင်ငံတွေမှာ လုပ်သလို Home Quarantine နဲ့ ဂရုစိုက်ရမယ်။ အဲ့လိုအခြေအနေ မရောက်လာပါစေနဲ့လို့ပဲ ဆုတောင်းနေရမယ်လို့ ဒီနေ့ နေ့ခင်းမှာ ပါမောက္ခ ဆရာကြီးတယောက်က ဆွေးနွေးပွဲမှာ ပြောသွားတာ ရှိပါတယ်။ အခုကတော့ ထိန်းချုပ်နိုင်နေဆဲ အနေအထားလို့ပဲ ဆရာ့အနေနဲ့ ပြောချင်ပါတယ်။”

စစ္ေတြၿမိဳ႕တြင္ ရဲလံုျခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (၂၃ ၾသဂုတ္ ၂၀၂၀)
စစ္ေတြၿမိဳ႕တြင္ ရဲလံုျခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (၂၃ ၾသဂုတ္ ၂၀၂၀)

အခုလို ပြည်တွင်းကူးစက်မှု များလာတဲ့ ဒီအခြေအနေဟာ လူဦးရေထူထပ်ပြီး ခရီးအသွားအလာများတဲ့ ရန်ကုန်အတွက် အထူးသတိထား ဂရုစိုက်ရမယ့် အနေအထား ဖြစ်လာနေတာပါ။ ဒါကြောင့် ပိုးတွေ့ရှိသူ ပိုးတွေ့နိုင်တယ်လို့ သံသယရှိသူတွေကို အသွားအလာ ကန့်သတ်မှုတွေနဲ့ ထိန်းချုပ်ထားချိန်မှာ ဒီလို ပြည်သူတွေအတွက်လည်း စိတ်ဓာတ်ခွန်အားနဲ့ အားပေးကြပါလို့ လူထုကို စေတနာ့ဝန်ထမ်း ဆေးကုသ ပညာပေးနေတဲ့ ဒေါက်တာကျော်စွာဦးက အကြံပေးပါတယ်။

“ကျနော်တို့ အခုအချိန်အထိပေါ့နော် ရခိုင်ပြည်နယ်ဘက်ကို ခရီးသွားလာခြင်း မရှိဘဲနဲ့ နောက်ပြီးတော့ လူနာနဲ့ ထိတွေ့မှုမရှိဘူး၊ နောက် ပြည်တော်ပြန် မဟုတ်ဘဲနဲ့ပေါ့နော် ရန်ကုန်မှာ တွေ့ရတာ ၈ ယောက် ရှိသွားပြီလို့ ထင်ပါတယ်။ ဒါက ကျနော်တို့ ရန်ကုန်အတွက်တော့ သတိထားရမယ့် အခြေအနေတခုပေါ့နော်။ ကျနော်တို့ ရောဂါလက္ခဏာ မပြဘဲနဲ့ ရောဂါကူးစက်သူတွေ လူထုကြားထဲမှာ ရှိနေပြီလို့ တွက်လို့ရပါတယ်။ အဲ့ဒီ့အတွက်ကြောင့်မို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို လိုက်နာဖို့တော့ လိုမယ်ဗျ။ အဲ့ဒါကြောင့် ခပ်ခွာခွာနေဖို့နဲ့ လူစုလူဝေးကို မရှောင်နိုင်တဲ့ အခါမှာဆိုရင် လူတိုင်း Mask ကို တပ်ထားမယ်ဆိုရင် ဒီရောဂါပျံ့နှံ့နှုန်းကို တတ်နိုင်သလောက် လျှော့ချနိုင်မယ်ပေါ့နော်။

“နောက်တခုက ဒီရောဂါက တယောက်တည်းဖြစ်တာ မဟုတ်ဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် တယောက်ဖြစ်ရင် အတွဲလိုက်ပါတယ်ဆိုတဲ့ အသိတရား သိထားဖို့ လိုတာပေါ့နော်။ နောက် Lockdown ချတဲ့အထဲမှာ ပါသွားတဲ့ မိသားစုဝင်တွေ အနေနဲ့ကလည်း တတ်နိုင်သလောက် ဒီကာလမှာ စည်းကမ်းတကျနေဖို့နဲ့ ကျန်းမာအောင်နေဖို့ပေါ့နော်၊ မိမိကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့တော့ အတော်အရေးကြီးပါတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ အားပေးကြဖို့လည်း အရေးကြီးပါတယ်။”

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိကိုယ်တိုင် ဒါမှမဟုတ် မိသားစုနဲ့ မိတ်ဆွေတွေထဲ ဖျားနာ မကျန်းမမာဖြစ်လာရင် ချက်ချင်း လူထုအခြေပြု အခမဲ့ဆေးခန်းတွေဆီ လာပြကြဖို့နဲ့ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးသွားကြဖို့ကိုလည်း COVID ကာလ ဖျားနာ အခမဲ့ဆေးကုသမှု ပေးနေတဲ့ Fever Clinic ရန်ကုန်ကွန်ရက်ရဲ့ တာဝန်ခံ ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ခံ ပြည်သူတွေ အနေနဲ့လည်း အလွန်အမင်း စိုးရိမ်ထိတ်လန့် လွန်နေတာမျိုးတွေလည်း မဖြစ်ကြဘဲ ကာကွယ်မှုတွေ ပိုတိုးလုပ်ကြဖို့ သတိပေးပါတယ်။

“ဒီနေ့ဆိုရင်လည်း ကျနော်တို့ဆီမှာ ဒီနေ့တရက်တည်းမှာကို အနည်းဆုံး ၈ ယောက်ကနေ ၁၀ ယောက်ကြားမှာ တွေ့ရှိတာပေါ့နော်။ အဲ့တော့ အဓိက ကိုယ့်ကိုယ်ကိုယ် COVID-19 ဖြစ်နေတယ်လို့ ထင်တယ် ယူဆတယ်။ နောက် ကိုယ်တိုင်လည်း ဖျားနာ ချောင်းဆိုး အနံ့မရတော့ဘူးလို့ ယူဆရင် ကျနော်တို့ Fever Clinic ကို လာပြပါ၊ အချိန်မရွေးပေါ့နော် လာပြပါ။ ဘာပဲဖြစ်ဖြစ် တခုခုဆိုလို့ရှိရင် ကျနော်တို့ Fever Clinic တာဝန်ခံဆရာဝန်တွေရဲ့ ဖုန်းနံပါတ်တွေလည်း ပေးထားပါတယ်။ ဆရာဝန်တွေကို ဖုန်းဆက်ပြီးတော့ မေးမြန်းတိုင်ပင်လို့ ရပါတယ်။ အဓိက Panic ပေါ့နော် လူထုကြားမှာ စိုးရိမ်ချက်တွေက တော်တော်များများ မြင့်တက်လာနေတယ်ပေါ့နော်။

“ဒါပေမယ့် အရမ်းကြီးတွေလည်း မစိုးရိမ်ကြပါနဲ့။ အဓိက ကိုယ်လုပ်သင့်လုပ်ထိုက်တာ လုပ်ကြပါ။ နှာခေါင်းစည်း မျက်နှာဖုံးအကာ တပ်တာတို့ Social Distancing တယောက်နဲ့တယောက် ၆ ပေအကွာပေါ့ နေတာတို့၊ မလိုအပ်ဘဲနဲ့ အပြင်မသွားကြပါနဲ့။ ဒီရက်ပိုင်းအတွင်း ဖြစ်နိုင်ရင် အပြင်မထွက်ဘဲ အိမ်တွေထဲမှာပဲ နေကြစေချင်တယ်ပေါ့နော်။ ပြီးရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ။စိုးရိမ်စိတ်တွေ လွန်ကဲနေတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှ ထိရောက်မှု ရှိမယ်ပေါ့နော်။ လိုအပ်မှသာ အပြင်သွား၊ အပြင်သွားရင်လည်း နှာခေါင်းစည်းတပ်၊ လက်ကို ခဏခဏဆေး၊ အပြင်ကပြန်လာတာနဲ့ အဲ့ဝတ်စုံကို တခါတည်း လဲ လျှော်ဖွပ် စတဲ့ တကိုယ်ရေသန့်ရှင်းမှုကို သေချာလုပ်လိုက်မယ်ဆိုရင် ထိရောက်မှုရှိမယ်လို့ ကျနော့်ဘက်က အကြံပေးချင်ပါတယ်။”

လတ်တလော အခြေအနေမှာတော့ မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးအသွားအလာတွေ ကန့်သတ်လိုက်တာ၊ ပိုးတွေ့ရှိမှု သံသယရှိတဲ့ မြို့နယ်တွေကို အဝင်အထွက် ကန့်သတ်ထိန်းချုပ်တာ၊ ခရီးသွားရာဇဝင် ရှိသူတွေကို စုံစမ်းမေးမြန်း ဆက်သွယ်နေသလို ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ဆက်စပ် ခရီးသွားလာ ထိတွေ့မှုရှိခဲ့ရင် မိမိအသိနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့ပြီး ဆေးစစ်ဆေးမှု ခံယူကြဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG