သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြေခၚယူေရး ထုိင္းလုပ္ငန္းရွင္ေတြ ရက္ေရြ႕ဆုိင္းမည္


ဘန္ေကာက္ၿမိဳ႕မွာေတြ႔ရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ား

(Zawgyi/Unicode)

ျမန္မာနိုင္ငံတြင္း COVID-19 ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အတြက္ ျမန္မာအလုပ္သမားေတြ ေခၚယူတာကို ေရႊ႕ဆိုင္းထားဖို႔ ထိုင္း စီးပြါးေရး လုပ္ငန္းရွင္ေတြကို ထိုင္းက်န္းမာေရး အာဏာပိုင္ေတြက ေတာင္းဆိုေတာ့မွာ ျဖစ္ပါတယ္။

ျမန္မာအပါအဝင္ နိုင္ငံ အေတာ္မ်ားမ်ားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းျမင့္တက္ေနေၾကာင္း၊ ျမန္မာနိုင္ငံတြင္းအေစာပိုင္းကျပည္ပကျပန္လာသူေတြမွာပဲ ေရာဂါကူးစက္မႈ ေတြ႕ရေပမယ့္ အခု သီတင္း ၂ ပတ္ထဲ ျပည္တြင္းကူးစက္မႈႏႈန္းတိုးလာေနေၾကာင္း ထိုင္း ကူးစက္ေရာဂါ ဌာန အႀကီးအကဲ Sophon Iamsirithavorn ကေျပာပါတယ္။ ထိုင္းနိုင္ငံတြင္း ေရာဂါကူးစက္ပ်ံ႕ႏွံ့မႈ ထိန္းခ်ဳပ္ ကာကြယ္ေရးဖို႔ ေလာေလာဆယ္ ျမန္မာ အလုပ္သမားေတြ ေခၚယူတာကို ေရႊ႕ဆိုင္းထားဖို႔အေရး စီးပြါးေရးလုပ္ငန္းရွင္ေတြရဲ့ ပူးေပါင္းေဆာင္ရြက္မႈကို ရယူ သြားမယ္လို႔ လည္း Dr Sophon က ေျပာပါတယ္။

ျမန္မာနဲ႔ နယ္စပ္ခ်င္း မိုင္ ၁၄၀၀ ေက်ာ္ထိစပ္ေနတာျဖစ္တဲ့အတြက္ ျမန္မာနိုင္ငံဘက္ကေန တရားမဝင္ ေရႊ႕ေျပာင္းလုပ္သားေတြ ခိုးဝင္မလာနိုင္ေအာင္ နယ္စပ္ လုံျခဳံေရးကို တိုးျမႇင့္ထားတယ္လို႔လည္း Bangkok Post သတင္းစာက ေျပာပါတယ္။ နယ္စပ္ လုံျခဳံ ေရးတိုးျမႇင့္ဖို႔နဲ႔ နယ္စပ္က တရားဝင္ ဝင္ေရာက္လာသူေတြကို လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ထိုင္း၊ ျမန္မာ နယ္စပ္ ျပည္နယ္ခရိုင္ေတြ ျဖစ္တဲ့ Chiang Mai ၊ Chiang Rai ၊ Mae Hong Son၊ Ranong အပါအဝင္ ျပည္နယ္ခရိုင္ ၁၀ ခုက အုပ္ခ်ဳပ္ ေရးမႈး ေတြကို အမိန္႔ေပးထားတယ္လို႔လည္း ျပည္ထဲေရး ဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ Chatchai Phromlert က ေျပာပါ တယ္။

ထိုင္းနိုင္ငံမွာ COVID-19 ကူးစက္သူ စုစုေပါင္း ၃၄၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၈ ေယာက္ ရွိပါတယ္။ ျပည္တြင္းကူးစက္မႈ ၂၄၀၀ ေက်ာ္ရွိၿပီး က်န္ ၄၇၀ ေက်ာ္က ျပည္ပကေန ေရာဂါကူးစက္လာသူေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာအလုပ်သမားတွေခေါ်ယူရေး ထိုင်းလုပ်ငန်းရှင်တွေ ရက်ရွေ့ဆိုင်းမည်

(Unicode)

မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားဖို့ ထိုင်း စီးပွါးရေး လုပ်ငန်းရှင်တွေကို ထိုင်းကျန်းမာရေး အာဏာပိုင်တွေက တောင်းဆိုတော့မှာ ဖြစ်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင်းအစောပိုင်းကပြည်ပကပြန်လာသူတွေမှာပဲ ရောဂါကူးစက်မှု တွေ့ရပေမယ့် အခု သီတင်း ၂ ပတ်ထဲ ပြည်တွင်းကူးစက်မှုနှုန်းတိုးလာနေကြောင်း ထိုင်း ကူးစက်ရောဂါ ဌာန အကြီးအကဲ Sophon Iamsirithavorn ကပြောပါတယ်။ ထိုင်းနိုင်ငံတွင်း ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ် ကာကွယ်ရေးဖို့ လောလောဆယ် မြန်မာ အလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားဖို့အရေး စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူ သွားမယ်လို့ လည်း Dr Sophon က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်း မိုင် ၁၄၀၀ ကျော်ထိစပ်နေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ ခိုးဝင်မလာနိုင်အောင် နယ်စပ် လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့လည်း Bangkok Post သတင်းစာက ပြောပါတယ်။ နယ်စပ် လုံခြုံ ရေးတိုးမြှင့်ဖို့နဲ့ နယ်စပ်က တရားဝင် ဝင်ရောက်လာသူတွေကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိုင်း၊ မြန်မာ နယ်စပ် ပြည်နယ်ခရိုင်တွေ ဖြစ်တဲ့ Chiang Mai ၊ Chiang Rai ၊ Mae Hong Son၊ Ranong အပါအဝင် ပြည်နယ်ခရိုင် ၁၀ ခုက အုပ်ချုပ် ရေးမှုး တွေကို အမိန့်ပေးထားတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Chatchai Phromlert က ပြောပါ တယ်။

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၃၄၀၀ ကျော်နဲ့ သေဆုံးသူ ၅၈ ယောက် ရှိပါတယ်။ ပြည်တွင်းကူးစက်မှု ၂၄၀၀ ကျော်ရှိပြီး ကျန် ၄၇၀ ကျော်က ပြည်ပကနေ ရောဂါကူးစက်လာသူတွေ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG