သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID 19 ဒဏ္သင့္ ရခိုင္က ပညာေရး ၀န္ထမ္းေတြကို ေငြသံုးေသာင္းစီ ေထာက္ပံ႔


မွတ္တမ္းဓါတ္ပံု -ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္တစ္ေက်ာ့ျပန္ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ အမႈထမ္းေနၾကတဲ့ ပညာေရးဝန္ထမ္းေတြကို အေရးေပၚကာလ ေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးကို ‌ေငြက်ပ္ ၃၀၀၀၀ စီ ေထာက္ပံ့ေနပါတယ္။ ရန္ကုန္အေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မအိမ့္သႏၲာထြန္း က အျပည့္အစံု တင္ျပေပးမွာပါ။

ကပ္ေရာဂါနဲ႔ စစ္ေရးပဋိပကၡေတြ ႀကဳံေနရတဲ့ ရခိုင္ျပည္နယ္မွာ ပညာေရးဝန္ထမ္းေတြ အေျခခံ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ေထာက္ပံ့ေၾကးအျဖစ္ ေငြက်ပ္ ၃၀,၀၀၀ စီ စေပးေနၿပီလို႔ ပညာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ကပ္ေရာဂါကူးစက္မႈေတြ တိုးလာရာက ျပည္နယ္တခုလုံး မလိုအပ္ရင္အျပင္မထြက္ဖို႔ အမိန႔္ထုတ္ျပန္ထားသလို စာသင္ေက်ာင္းေတြ အားလုံးကိုလည္း ပိတ္ထားရခ်ိန္မွာ အခက္အခဲ ႀကဳံေနရတဲ့ ဝန္ထမ္းေတြအတြက္ ေထာက္ပံ့ေနတာလို႔လည္း အေျခခံပညာ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ‌ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ဆရာ၊ဆရာမေတြ ေနာက္ ပညာေရးဝန္ထမ္းေတြကို ဆန္၊ ဆီ၊ ၾကက္သြန္၊ ပဲေပါ့ အဲ့ဒါေတြ ဝယ္ဖို႔အတြက္ ၃၀၀၀၀ စီ ေထာက္ပံ့ဖို႔ ဆိုၿပီးေတာ့ စစ္ေတြမွာ အုံလိုက္က်င္းလိုက္ေတြ႕တဲ့ ေနာက္ေန႔မွာပဲ ဆရာတို႔ ဝန္ႀကီးဌာနက ေနၿပီးေတာ့ ဆုံးျဖတ္လိုက္တာေပါ့ေနာ္။ အဲ့လို ဆုံးျဖတ္လိုက္တဲ့ အတြက္ေၾကာင့္မို႔လို႔ အေျခခံပညာ ဦးစီးဌာန အေနနဲ႔ ခ်က္ခ်င္းပဲ အဲ့ေန ေန႔ခ်င္းပဲ ဘ႑ာေငြခြဲေဝတာေတြ ကြၽန္ေတာ္တို႔သိပါတယ္။ အခက္အခဲကို ထိုက္သင့္သေလာက္ေျပလည္ႏိုင္ေအာင္ဆိုၿပီးေတာ့ ပညာေရးဝန္ႀကီးဌာန အေနနဲ႔ ေထာက္ပံ့တာျဖစ္တယ္။ ရခိုင္ေဒသက်ေတာ့ ကိုဗစ္ကူးစက္မႈအျပင္ နယ္ေျမ မေအးခ်မ္းတဲ့ အတြက္ေၾကာင့္လည္း ပါမယ္လို႔ ယူဆပါတယ္။ အထူးေဒသအျဖစ္သတ္မွတ္ၿပီးေတာ့ ေပးတဲ့ သေဘာမ်ိဳးျဖစ္မယ္လို႔ ယူဆပါတယ္။”

ရခိုင္ျပည္နယ္မွာ ပညာေရးဝန္ထမ္းေတြ ေထာက္ပံ့ေၾကးေပးမယ့္ ကိစၥနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕နယ္က အလယ္တန္းျပ ဆရာမ ေဒၚခင္သႏၲာက ခုလို ေျပာပါတယ္။

“ပိုက္ဆံ ၃၀,၀၀၀ ေပးမယ့္ ကိစၥက ဒီေန႔ လကုန္ရက္မွာေတာ့ မရေသးဘူး။ မရေသးဘဲ မနက္ျဖန္က်ရင္ ေက်ာင္းအုပ္စုေလ ေက်ာင္းအုပ္စုေတြဖြဲ႕ထားတာက ေခါင္းေဆာင္ေက်ာင္းက ေက်ာင္းအုပ္ႀကီးေတြ ဆရာမႀကီးေတြ ဆီမွာ ထုတ္ရမယ္လို႔ ေျပာတယ္။ ဒီေန႔ကေတာ့ လက္မွတ္ေတြထိုးၿပီးေတာ့ ဆရာမကို အပ္ခဲ့ရတယ္။ အဲ့ဒီလက္မွတ္အတိုင္း မနက္ျဖန္က်ရင္ ထုတ္ေပးမယ္လို႔ ေျပာတယ္။”

အေျခခံပညာ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ‌ေဒါက္တာတင္ေမာင္ဝင္းကေတာ့ ရခိုင္ျပည္နယ္ထဲက လက္လွမ္းမမီႏိုင္တဲ့ ေဒသေတြမွာ ဆရာဆရာမ လိုအပ္ခ်က္အရ ခန႔္ထားတဲ့ သင္ၾကားေရး လက္ေထာက္ေတြနဲ႔ တိုင္းရင္းသားဘာသာစကားသင္ ဆရာေတြကိုလည္း စိစစ္ၿပီး ေထာက္ပံ့ဖို႔ စီစဥ္ထားတယ္လို႔လည္း ေျပာပါတယ္။

“လူမရွိဘဲေပးတာမ်ိဳးမျဖစ္ေအာင္ေတာ့ စိစစ္ဖို႔လိုအပ္တာေပါ့။ လူမရွိဘဲေပးလိုက္တဲ့ ဟာမ်ိဳးေတြရွိတယ္။ ဥပမာအားျဖင့္ ေက်ာင္းမွာ စာသင္ေက်ာင္းသားက ၅ ေယာက္ပဲရွိေပမယ့္လို႔ Language Teacher ကို ၆ ေယာက္ေလာက္ခန႔္ထားတာမ်ိဳး စာ႐ြက္ေပၚခန႔္ထားတဲ့ဟာေတြလည္း တစ္ခ်ိန္တုန္းက ရွိခဲ႔တာေပါ့ေနာ္။ ဒါေၾကာင့္မို႔ အဲ့ဒါေတြလည္း မျဖစ္ေအာင္ ေသခ်ာ ၾကပ္မတ္မွ ရမွာေပါ့ေနာ္။ ”

ရခိုင္ျပည္နယ္မွာ တနလာၤေန႔ မနက္ ၈ နာရီအထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာ စုစုေပါင္းက ၃၆၁ ဦး ရွိေနပါတယ္။ ျမန္မာတႏိုင္ငံလုံး အေနနဲ႔ကေတာ့ ေသဆုံးသူ ၆ ဦး အပါအဝင္ ကူးစက္သူ ၇၈၇ ေယာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID 19 ဒဏ်သင့် ရခိုင်က ပညာရေး ဝန်ထမ်းတွေကို ငွေသုံးသောင်းစီ ထောက်ပံ့

(Unicode)

ကိုဗစ်တစ်ကျော့ပြန်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်မှာ အမှုထမ်းနေကြတဲ့ ပညာရေးဝန်ထမ်းတွေကို အရေးပေါ်ကာလ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ‌ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့နေပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မအိမ့်သန္တာထွန်း က အပြည့်အစုံ တင်ပြပေးမှာပါ။

ကပ်ရောဂါနဲ့ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀,၀၀၀ စီ စပေးနေပြီလို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက ပြည်နယ်တခုလုံး မလိုအပ်ရင်အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားသလို စာသင်ကျောင်းတွေ အားလုံးကိုလည်း ပိတ်ထားရချိန်မှာ အခက်အခဲ ကြုံနေရတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့နေတာလို့လည်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ‌ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ဆရာ၊ဆရာမတွေ နောက် ပညာရေးဝန်ထမ်းတွေကို ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲပေါ့ အဲ့ဒါတွေ ဝယ်ဖို့အတွက် ၃၀၀၀၀ စီ ထောက်ပံ့ဖို့ ဆိုပြီးတော့ စစ်တွေမှာ အုံလိုက်ကျင်းလိုက်တွေ့တဲ့ နောက်နေ့မှာပဲ ဆရာတို့ ဝန်ကြီးဌာနက နေပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့နော်။ အဲ့လို ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အခြေခံပညာ ဦးစီးဌာန အနေနဲ့ ချက်ချင်းပဲ အဲ့နေ နေ့ချင်းပဲ ဘဏ္ဍာငွေခွဲဝေတာတွေ ကျွန်တော်တို့သိပါတယ်။ အခက်အခဲကို ထိုက်သင့်သလောက်ပြေလည်နိုင်အောင်ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ထောက်ပံ့တာဖြစ်တယ်။ ရခိုင်ဒေသကျတော့ ကိုဗစ်ကူးစက်မှုအပြင် နယ်မြေ မအေးချမ်းတဲ့ အတွက်ကြောင့်လည်း ပါမယ်လို့ ယူဆပါတယ်။ အထူးဒေသအဖြစ်သတ်မှတ်ပြီးတော့ ပေးတဲ့ သဘောမျိုးဖြစ်မယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ ထောက်ပံ့ကြေးပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က အလယ်တန်းပြ ဆရာမ ဒေါ်ခင်သန္တာက ခုလို ပြောပါတယ်။

“ပိုက်ဆံ ၃၀,၀၀၀ ပေးမယ့် ကိစ္စက ဒီနေ့ လကုန်ရက်မှာတော့ မရသေးဘူး။ မရသေးဘဲ မနက်ဖြန်ကျရင် ကျောင်းအုပ်စုလေ ကျောင်းအုပ်စုတွေဖွဲ့ထားတာက ခေါင်းဆောင်ကျောင်းက ကျောင်းအုပ်ကြီးတွေ ဆရာမကြီးတွေ ဆီမှာ ထုတ်ရမယ်လို့ ပြောတယ်။ ဒီနေ့ကတော့ လက်မှတ်တွေထိုးပြီးတော့ ဆရာမကို အပ်ခဲ့ရတယ်။ အဲ့ဒီလက်မှတ်အတိုင်း မနက်ဖြန်ကျရင် ထုတ်ပေးမယ်လို့ ပြောတယ်။”

အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ‌ဒေါက်တာတင်မောင်ဝင်းကတော့ ရခိုင်ပြည်နယ်ထဲက လက်လှမ်းမမီနိုင်တဲ့ ဒေသတွေမှာ ဆရာဆရာမ လိုအပ်ချက်အရ ခန့်ထားတဲ့ သင်ကြားရေး လက်ထောက်တွေနဲ့ တိုင်းရင်းသားဘာသာစကားသင် ဆရာတွေကိုလည်း စိစစ်ပြီး ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

“လူမရှိဘဲပေးတာမျိုးမဖြစ်အောင်တော့ စိစစ်ဖို့လိုအပ်တာပေါ့။ လူမရှိဘဲပေးလိုက်တဲ့ ဟာမျိုးတွေရှိတယ်။ ဥပမာအားဖြင့် ကျောင်းမှာ စာသင်ကျောင်းသားက ၅ ယောက်ပဲရှိပေမယ့်လို့ Language Teacher ကို ၆ ယောက်လောက်ခန့်ထားတာမျိုး စာရွက်ပေါ်ခန့်ထားတဲ့ဟာတွေလည်း တစ်ချိန်တုန်းက ရှိခဲ့တာပေါ့နော်။ ဒါကြောင့်မို့ အဲ့ဒါတွေလည်း မဖြစ်အောင် သေချာ ကြပ်မတ်မှ ရမှာပေါ့နော်။ ”

ရခိုင်ပြည်နယ်မှာ တနလာၤနေ့ မနက် ၈ နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စုစုပေါင်းက ၃၆၁ ဦး ရှိနေပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၇၈၇ ယောက် ရှိပါတယ်။

XS
SM
MD
LG