သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 ကူးစက္ပ်ံ႕ႏွံ႔မႈ အေရး လူထုၾကားက စိုးရိမ္ခ်က္


စစ္ေတြၿမိဳ႕တြင္ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသည့္ ျမင္ကြင္းတခု။ (၂၃ ၾသဂုတ္ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာ လူထုၾကားက COVID 19 အေရး စိုးရိမ္ပူပန္မႈေတြ ေ၀ဖန္ခ်က္ေတြကို စုစည္း တင္ျပေပးပါမယ္။ သတင္းအျပည့္အစံုကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

COVID 19 ကူးစက္မႈမ်ားလာလို႔ ႏုိင္ငံတ၀န္း စာသင္ေက်ာင္းေတြ ပိတ္လိုက္သလို အသြားအလာ တားျမစ္ ကန္႔သတ္ခ်က္ တခ်ိဳ႕လည္း ျပန္လည္ ခ်မွတ္လာရတာနဲ႔ အတူ ျပည္သူေတြၾကားမွာေတာ့ COVID 19 ထိန္းခ်ဳပ္ ကန္႔သတ္ႏုိင္ေရး စိုးရိမ္ပူပန္ေနၾကသလို COVID 19 ေၾကာင့္ ရိုက္ခတ္လာမယ့္ အက်ိဳးဆက္ေတြ အေပၚမွာလည္း ပူပန္ေနၾကပါတယ္။

ဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ေရး ျပည္သူေတြဘက္က မေပါ့ဆဖုိ႔ လိုတယ္လို႔ ေျပာလာသူကေတာ့ ရန္ကုန္တိုင္း ေတာင္ဥကၠလာပ ၿမိဳ႕နယ္က ဦးေရႊဇင္လိႈင္ပါ။

“အခု ဒုတိယ အေနနဲ႔ စစ္ေတြမွာ စၿပီးေတာ့ေပါ့ေနာ္ COVID ပိုး တႏုိင္ငံလံုး မထင္ထားတာေပါ့။ အေယာက္ ၇၀ ေတြ႔တယ္ဆိုတဲ႔ အတိုင္းအတာ တခုက ဒါ စိုးရိမ္စရာ အေကာင္းဆံုးဘဲ။ ဒီ စိုးရိမ္စရာ အေကာင္းဆံုး အေပၚ မူတည္ၿပီး အကိုတို႔ ဒီ ျမန္မာ တျပည္လံုး ေပါ့ဆတာလည္း ပါတယ္။ သတိလက္လြတ္ျဖစ္တာ။ ဘာမွ မျဖစ္ေလာက္ ပါဘူးဆိုၿပီး။ ဒါမ်ိဳးေပါ့။ ဒါမ်ိဳးက မျဖစ္သင့္ဘူး။ မျဖစ္သင့္တဲ႔ အတြက္ေၾကာင့္ အကုန္လံုး မေပါ့ဆဘဲနဲ႔ သတိထားၿပီးေတာ့ အကုန္လံုး ေဆာင္ရြက္သင့္တယ္ေပါ့ေနာ္။ တျပည္လံုး အတိုင္းအတာနဲ႔ အမ်ိဳးသားေရး ပံုစံနဲ႔ ေဆာင္ရြက္သင့္တယ္လို႔ အကိုက ထင္တယ္ေပါ့ေနာ္။ ဒါမွမဟုတ္ရင္ ဘယ္လိုမွ ထိန္းမရ သိမ္းမရ အေျခအေန ျဖစ္ကုန္မွာကို စိုးရိမ္တာေပါ့ေနာ္။ ”

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈက စိုးရိမ္စရာ ျဖစ္ေပမယ့္ ဒီသတင္း အခ်က္အလက္ေတြ အေပၚမွာ လက္လွမ္းမမီသူေတြ သိရွိဖို႔ ခက္ခဲသူေတြ ရွိေနပါတယ္။ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳကခံ ဦးသာစိန္ ေျပာျပထားပါတယ္။

“ ရခိုင္ျပည္မွာ ဆိုရင္ ေျမာက္ပိုင္းမွာက အင္တာနက္ မရတာ ေတာ္ေတာ္ၾကာၿပီ။ အစိုးရက ထုတ္ျပန္ထားတာကို သူတို႔ ၾကည့္ခ်င္ေပမယ္လို႔ ၾကည့္လို႔ မရဘူး၊ နားေထာင္လို႔ မရဘူး။ ဒီ အစိုးရ အေနနဲ႔ကလည္း တၿမိဳ႕၀င္ တၿမိဳ႕ထြက္ တစခန္း၀င္ တစခန္း ထြက္လည္း ပညာ မေပးႏုိင္ဘူး။ ဆိုေတာ့ အကုန္လံုးကို စိုးရိမ္ရတဲ႔ သေဘာ ရွိတယ္။ ဥပမာ-ေျမာက္ဦးဆိုရင္ ဘုတ္ကို သြားၾကည့္ရတဲ႔ သေဘာရွိတယ္။ ”

ရခုိင္မွာ တိုက္ပြဲေတြေၾကာင့္ အင္တာနက္ ျဖတ္ေတာက္ခံရတာဟာဆိုရင္ ကမၻာမွာ အင္တာနက္ ျဖတ္ေတာက္ခံရမႈ အၾကာဆံုးအျဖစ္ေတာင္ ေျပာဆိုၾကတာပါ။ အခုအထိလည္း အင္တာနက္ အျပည့္အ၀ မရေသးပါဘူး။ အင္တာနက္ဟာ ေန႔စဥ္ဘ၀နဲ႔ ဆက္စပ္ေနတယ္လို႔ စစ္ေတြၿမိဳ႕ခံ ေဒၚေႏြးေႏြးဟန္က ေျပာလာပါတယ္။

“ အလုပ္ေတြကလည္း ပိတ္လာတဲ႔ အခ်ိန္အခါမွာ က်မတို႔က အင္တာနက္ကလည္း ဘယ္ရြာက ဘာျဖစ္တယ္ ဟုတ္လား၊ ဘယ္ၿမိဳ႕က ဘာျဖစ္တယ္ဆိုတာ က်မတို႔ မသိဘူး။ အဲဒါေၾကာင့္မို႔လို႔ ဘယ္အဖြဲ႔အစည္းက ဘယ္လိုမ်ိဳး ေထာက္ပံ႔တယ္ ဆိုတာကိုလည္း က်မတို႔ မသိဘူး။ မသိတဲ႔ အခ်ိန္မွာ က်မတို႔က အခု ျဖစ္ေနတဲ႔ လတ္တေလာ ေရာဂါေၾကာင့္မို႔ က်မတို႔ တေတြ ေနာက္ထပ္ အမ်ားႀကီးကို ျဖစ္သြားမွာကိုလည္း စိုးရိမ္တယ္။ စား၀တ္ေနေရး ငတ္မြတ္ ေခါင္းပါးသြားမွာကိုလည္း စိုးရိမ္တယ္။ ”

ႏုိင္ငံတ၀န္း COVID 19 ကူးစက္ ပံ်႔ႏွံ႔မႈ မ်ားလာတာနဲ႔ အတူ စာသင္ေက်ာင္းေတြ ျပန္ပိတ္လုိက္ပါတယ္။ ဒီမွာလည္း ပညာေရးက အေရးႀကီးေပမယ့္ ေရာဂါ တားဆီးႏုိင္ဖို႔က အေရးႀကီးတယ္လို႔ ယူဆသူေတြ ရွိပါတယ္။

“ဒီေရာဂါကို ခုခံ ကာကြယ္ႏုိင္ေပမယ့္ လူငယ္ေလးေတြ အတြက္က်ေတာ့ အဆင္မေျပတဲ႔ အတြက္ အခု ေက်ာင္းပိတ္လိုက္တာကို အန္တီကေတာ့ ၀မ္းသာပါတယ္။ က်န္တဲ႔သူေတြ တမ်ိဳး ျမင္တယ္ ဆိုေပမယ့္လည္း အန္တီ႔ အေနနဲ႔ကေတာ့ ႀကိဳတင္ ကာကြယ္တဲ႔ အတြက္ ၀မ္းသာပါတယ္။ တႏွစ္ထဲ ေအာက္သြားတဲ႔ အတြက္ပါ။ ေနာက္ႏွစ္ေတြ ပညာေတြ ဆက္လက္ သင္လို႔ ရပါတယ္။ ဒီေရာဂါႀကီးကို ႀကိဳၿပီး ကာကြယ္လိုက္ႏုိင္ဖို႔ အေရးႀကီးပါတယ္။ ”

ဒါက ေက်ာင္းသား မိခင္ ေဒၚသင္းသင္း ေျပာသြားတာပါ။ ေက်ာင္းသား မိခင္ တဦး ျဖစ္တဲ႔ ေဒၚေအးေအးေထြးကလည္း

“ေက်ာင္းသားေတြ အတြက္က မိဘ တေယာက္ အေနနဲ႔ ျပန္ၾကည့္မယ္ ဆိုေတာ့လည္း သားသမီးေတြက ေက်ာင္းစာကို ေက်ာင္းတက္ေနမွသာ သူတို႔ေတြ ေက်ာင္းစာနဲ႔ ထိေတြ႔မႈ ရွိမွာေလ။ ေက်ာင္းပိတ္ သြားလို႔ ရွိရင္ ထိေတြ႔မႈ မရွိေတာ့ သူတို႔ေတြ ေနာင္တခ်ိန္ ေရာက္လို႔ ရွိရင္ ဒီ ေက်ာင္းစာေပၚမွာ မေလ႔လာ မလိုက္စားေတာ့မွာေတာ့ စိုးရိမ္မိတယ္ေပါ့ေနာ္။ ဒီ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္လည္း ဒီ ေက်ာင္းပိတ္ထားတာေၾကာင့္ေတာ့ ေကာင္းတယ္လို႔ဘဲ ေျပာရမွာေပါ့။ ဒီေရာဂါေတြ မကူးစက္ေတာ့ဘူးေပါ့။”

တနလာၤေန႔ အထိ ျမန္မာႏုိင္ငံမွာ COVID 19 ကူးစက္ခံ အတည္ျပဳထားသူ ၈၈၂ ေယာက္ ရွိေၾကာင္း အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

(Unicode)

မြန်မာ လူထုကြားက COVID 19 အရေး စိုးရိမ်ပူပန်မှုတွေ ဝေဖန်ချက်တွေကို စုစည်း တင်ပြပေးပါမယ်။ သတင်းအပြည့်အစုံကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

COVID 19 ကူးစက်မှုများလာလို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်လိုက်သလို အသွားအလာ တားမြစ် ကန့်သတ်ချက် တချို့လည်း ပြန်လည် ချမှတ်လာရတာနဲ့ အတူ ပြည်သူတွေကြားမှာတော့ COVID 19 ထိန်းချုပ် ကန့်သတ်နိုင်ရေး စိုးရိမ်ပူပန်နေကြသလို COVID 19 ကြောင့် ရိုက်ခတ်လာမယ့် အကျိုးဆက်တွေ အပေါ်မှာလည်း ပူပန်နေကြပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ပြည်သူတွေဘက်က မပေါ့ဆဖို့ လိုတယ်လို့ ပြောလာသူကတော့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်က ဦးရွှေဇင်လှိုင်ပါ။

“အခု ဒုတိယ အနေနဲ့ စစ်တွေမှာ စပြီးတော့ပေါ့နော် COVID ပိုး တနိုင်ငံလုံး မထင်ထားတာပေါ့။ အယောက် ၇၀ တွေ့တယ်ဆိုတဲ့ အတိုင်းအတာ တခုက ဒါ စိုးရိမ်စရာ အကောင်းဆုံးဘဲ။ ဒီ စိုးရိမ်စရာ အကောင်းဆုံး အပေါ် မူတည်ပြီး အကိုတို့ ဒီ မြန်မာ တပြည်လုံး ပေါ့ဆတာလည်း ပါတယ်။ သတိလက်လွတ်ဖြစ်တာ။ ဘာမှ မဖြစ်လောက် ပါဘူးဆိုပြီး။ ဒါမျိုးပေါ့။ ဒါမျိုးက မဖြစ်သင့်ဘူး။ မဖြစ်သင့်တဲ့ အတွက်ကြောင့် အကုန်လုံး မပေါ့ဆဘဲနဲ့ သတိထားပြီးတော့ အကုန်လုံး ဆောင်ရွက်သင့်တယ်ပေါ့နော်။ တပြည်လုံး အတိုင်းအတာနဲ့ အမျိုးသားရေး ပုံစံနဲ့ ဆောင်ရွက်သင့်တယ်လို့ အကိုက ထင်တယ်ပေါ့နော်။ ဒါမှမဟုတ်ရင် ဘယ်လိုမှ ထိန်းမရ သိမ်းမရ အခြေအနေ ဖြစ်ကုန်မှာကို စိုးရိမ်တာပေါ့နော်။ ”


ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုက စိုးရိမ်စရာ ဖြစ်ပေမယ့် ဒီသတင်း အချက်အလက်တွေ အပေါ်မှာ လက်လှမ်းမမီသူတွေ သိရှိဖို့ ခက်ခဲသူတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြိုကခံ ဦးသာစိန် ပြောပြထားပါတယ်။

“ ရခိုင်ပြည်မှာ ဆိုရင် မြောက်ပိုင်းမှာက အင်တာနက် မရတာ တော်တော်ကြာပြီ။ အစိုးရက ထုတ်ပြန်ထားတာကို သူတို့ ကြည့်ချင်ပေမယ်လို့ ကြည့်လို့ မရဘူး၊ နားထောင်လို့ မရဘူး။ ဒီ အစိုးရ အနေနဲ့ကလည်း တမြို့ဝင် တမြို့ထွက် တစခန်းဝင် တစခန်း ထွက်လည်း ပညာ မပေးနိုင်ဘူး။ ဆိုတော့ အကုန်လုံးကို စိုးရိမ်ရတဲ့ သဘော ရှိတယ်။ ဥပမာ-မြောက်ဦးဆိုရင် ဘုတ်ကို သွားကြည့်ရတဲ့ သဘောရှိတယ်။ ”

ရခိုင်မှာ တိုက်ပွဲတွေကြောင့် အင်တာနက် ဖြတ်တောက်ခံရတာဟာဆိုရင် ကမ္ဘာမှာ အင်တာနက် ဖြတ်တောက်ခံရမှု အကြာဆုံးအဖြစ်တောင် ပြောဆိုကြတာပါ။ အခုအထိလည်း အင်တာနက် အပြည့်အ၀ မရသေးပါဘူး။ အင်တာနက်ဟာ နေ့စဉ်ဘဝနဲ့ ဆက်စပ်နေတယ်လို့ စစ်တွေမြို့ခံ ဒေါ်နွေးနွေးဟန်က ပြောလာပါတယ်။

“ အလုပ်တွေကလည်း ပိတ်လာတဲ့ အချိန်အခါမှာ ကျမတို့က အင်တာနက်ကလည်း ဘယ်ရွာက ဘာဖြစ်တယ် ဟုတ်လား၊ ဘယ်မြို့က ဘာဖြစ်တယ်ဆိုတာ ကျမတို့ မသိဘူး။ အဲဒါကြောင့်မို့လို့ ဘယ်အဖွဲ့အစည်းက ဘယ်လိုမျိုး ထောက်ပံ့တယ် ဆိုတာကိုလည်း ကျမတို့ မသိဘူး။ မသိတဲ့ အချိန်မှာ ကျမတို့က အခု ဖြစ်နေတဲ့ လတ်တလော ရောဂါကြောင့်မို့ ကျမတို့ တတွေ နောက်ထပ် အများကြီးကို ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ စားဝတ်နေရေး ငတ်မွတ် ခေါင်းပါးသွားမှာကိုလည်း စိုးရိမ်တယ်။ ”

နိုင်ငံတဝန်း COVID 19 ကူးစက် ပံျ့နှံ့မှု များလာတာနဲ့ အတူ စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ပါတယ်။ ဒီမှာလည်း ပညာရေးက အရေးကြီးပေမယ့် ရောဂါ တားဆီးနိုင်ဖို့က အရေးကြီးတယ်လို့ ယူဆသူတွေ ရှိပါတယ်။

“ဒီရောဂါကို ခုခံ ကာကွယ်နိုင်ပေမယ့် လူငယ်လေးတွေ အတွက်ကျတော့ အဆင်မပြေတဲ့ အတွက် အခု ကျောင်းပိတ်လိုက်တာကို အန်တီကတော့ ဝမ်းသာပါတယ်။ ကျန်တဲ့သူတွေ တမျိုး မြင်တယ် ဆိုပေမယ့်လည်း အန်တီ့ အနေနဲ့ကတော့ ကြိုတင် ကာကွယ်တဲ့ အတွက် ဝမ်းသာပါတယ်။ တနှစ်ထဲ အောက်သွားတဲ့ အတွက်ပါ။ နောက်နှစ်တွေ ပညာတွေ ဆက်လက် သင်လို့ ရပါတယ်။ ဒီရောဂါကြီးကို ကြိုပြီး ကာကွယ်လိုက်နိုင်ဖို့ အရေးကြီးပါတယ်။ ”

ဒါက ကျောင်းသား မိခင် ဒေါ်သင်းသင်း ပြောသွားတာပါ။ ကျောင်းသား မိခင် တဦး ဖြစ်တဲ့ ဒေါ်အေးအေးထွေးကလည်း

“ကျောင်းသားတွေ အတွက်က မိဘ တယောက် အနေနဲ့ ပြန်ကြည့်မယ် ဆိုတော့လည်း သားသမီးတွေက ကျောင်းစာကို ကျောင်းတက်နေမှသာ သူတို့တွေ ကျောင်းစာနဲ့ ထိတွေ့မှု ရှိမှာလေ။ ကျောင်းပိတ် သွားလို့ ရှိရင် ထိတွေ့မှု မရှိတော့ သူတို့တွေ နောင်တချိန် ရောက်လို့ ရှိရင် ဒီ ကျောင်းစာပေါ်မှာ မလေ့လာ မလိုက်စားတော့မှာတော့ စိုးရိမ်မိတယ်ပေါ့နော်။ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ဒီ ကျောင်းပိတ်ထားတာကြောင့်တော့ ကောင်းတယ်လို့ဘဲ ပြောရမှာပေါ့။ ဒီရောဂါတွေ မကူးစက်တော့ဘူးပေါ့။”

တနလာၤနေ့ အထိ မြန်မာနိုင်ငံမှာ COVID 19 ကူးစက်ခံ အတည်ပြုထားသူ ၈၈၂ ယောက် ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG