သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကုိဗစ္ကူးစက္မႈ အဆုိးဆုံးကုိမွန္းၿပီး ေဆာင္ရြက္ေန (က်န္းမာေရး၀န္ႀကီး) 


ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြး (Ministry of Health and Sports, Myanmar)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ကိုဗစ္ကူးစက္မူ အခ်ိန္တိုတြင္း လွ်င္ျမန္စြာကူးစက္ပ်ံ.ႏွံ႔ေနတာေၾကာင့္ အဆိုးဆံုး အေျခအေနအထိ မွန္းၿပီး အတတ္ႏိုင္ဆံုးေဆာင္ရြက္ေနတယ္လို႔ ပထမဆံုးအႀကိမ္ အစိုးရိမ္အႀကီးဆံုးအျဖစ္ ထုတ္ေျပာလိုက္ပါတယ္။

ေဒါက္တာျမင့္ေထြး မေန႔က ကိုဗစ္ အစည္းအေဝးမွာ ခုလို ေျပာလိုက္ခ်ိန္မွာ ၊ျမန္မာႏိုင္ငံထဲ ကိုဗစ္ပိုးထပ္ေတြ႔သူကလည္း၊ အခုေနာက္ဆံုး မေန႔က (၁၄၀) နီးပါးထိ စံခ်ိန္တင္ ထိုးတက္သြားတာပါ။

ေနာက္ဆံုးအႀကိမ္ မေန႔ည ထုတ္ျပန္ခ်က္တစ္ခုထဲမွာ ပိုးသစ္ေတြ႔သူ (၃၂) ဦးရွိၿပီး၊ အမ်ားစုက ရန္ကုန္က (၁၅) ဦးနဲ႔၊ ေနာက္ ဒုတိယ မြန္က (၈) ဦး၊ ေနာက္ ပဲခူး (၅) ဦးနဲ႔ ရခိုင္က (၄) ဦးတို႔ျဖစ္ပါတယ္။

သံသယရွိသူူေပါင္း (၁၇၅၃) ဦးကို စစ္ေဆးရာက ခုလိုေတြ႔လိုက္တာေၾကာင့္ စုစုေပါင္း ပိုးရွိသူ (၉၁၉) ဦးအျဖစ္ တစ္ေထာင္နားကပ္လာခ်ိန္မွာ၊ ျပန္ေကာင္းသူအသစ္ (၃) ဦးပဲရွိတာေၾကာင့္ စုစုေပါင္း ျပန္ေကာင္းလာသူက (၃၅၇) ေယာက္ပါ။

မေန႔ေန႔လည္ (၁) နာရီ ရွားရွားပါးပါး ထုတ္ျပန္ခ်က္အရလည္း၊ ပိုးေတြ႔သူေပါင္း ၁၀၀ ထပ္စံခ်ိန္တင္လိုက္ျပန္တာမို႔၊ မေန႔ မနက္ထုတ္ျပန္ခ်က္က (၅) ဦးနဲ႔ပါေပါင္းလိုက္ရင္၊ မေန႔ အဂၤါ စက္တင္ဘာလဆန္းေန႔ တစ္ရက္ထဲ စုစုေပါင္း ပိုးေတြ႔သူသစ္ (၁၃၇) မႀကံဳစဖူး ေထာင္တက္လာေနပါတယ္။ မေန႔ မနက္နဲ႔ေန႔လည္တုန္းကေတာ့ စုစုေပါင္း စစ္ေဆးသူေပါင္း (၂၅၀၈) ဦးကို စစ္ေဆးခဲ့တာပါ။

ဒီမေန႔ေန႔လည္ စံခ်ိန္တင္ (၁၀၀) ေတြ႔ခဲ့ရာမွာလည္း အမ်ားစုက လက္ရွိကူးစက္မူ အမ်ားဆံုးနဲ႔ အျမန္ဆံုးျဖစ္ေနတဲ့ ရခိုင္ျပည္နယ္က (၅၀) နီးပါးရွိၿပီး ရန္ကုန္္တိုင္းကလည္း (၄၅) ဦးအထိ ဒုတိယကပ္လိုက္ခဲ့ကာ၊ ေနျပည္ေတာ္၊ ပဲခူးနဲ႔ မေကြးတို႔ကလည္းတစ္ဦးစီပါခဲ့ပါတယ္။

ရန္ကုန္မွာ မေန႔ကေန႔လည္ (၄၅) ဦးထဲမွာ (၁၀) ေယာက္ေက်ာ္က ႏုိင္ငံျခားေရာ၊ အျဖစ္မ်ားတဲ့ ရခိုင္ကိုပါ ခရီးသြားရာဇဝင္မရွိဘဲ ဘယ္ကကူးလာမွန္းမသိျဖစ္ေနတာေၾကာင့္ အရင္ခုလို ကြင္းဆက္ျပတ္ေနသူေတြနဲ႔ေပါင္းလိုက္ရင္ (၂၀) ခန္႔ရွိလာတာမို႔၊ ရန္္ကုန္မွာ အခ်င္းခ်င္းစကူးစက္မွာကို စိုးရိမ္လာရပါတယ္။

ဒါေၾကာင့္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ရန္ကုန္ (၇) ၿမိဳ.နယ္မွာ အိမ္မွာေနဖို႔ (Home Stay) အမိန္႕ထုတ္လိုက္ၿပီး၊ ဒီေန႔မနက္ကစ သကၤန္းကၽြန္း၊ အင္းစိန္၊ ေျမာက္ဥကၠလာ၊ သာေကတ၊ လိႈင္၊ ပုဇြန္ေတာင္နဲ႔ မဂၤလာဒံုၿမိဳ.နယ္ေတြမွာ လိုက္နာရေတာ့မွာပါ။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့ကိုဗစ်ကူးစက်မှု အဆိုးဆုံးကိုမှန်းပြီး ဆောင်ရွက်နေ (ကျန်းမာရေးဝန်ကြီး)

(Unicode)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကူးစက်မူ အချိန်တိုတွင်း လျှင်မြန်စွာကူးစက်ပျံ.နှံ့နေတာကြောင့် အဆိုးဆုံး အခြေအနေအထိ မှန်းပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ ပထမဆုံးအကြိမ် အစိုးရိမ်အကြီးဆုံးအဖြစ် ထုတ်ပြောလိုက်ပါတယ်။

ဒေါက်တာမြင့်ထွေး မနေ့က ကိုဗစ် အစည်းအဝေးမှာ ခုလို ပြောလိုက်ချိန်မှာ ၊မြန်မာနိုင်ငံထဲ ကိုဗစ်ပိုးထပ်တွေ့သူကလည်း၊ အခုနောက်ဆုံး မနေ့က (၁၄၀) နီးပါးထိ စံချိန်တင် ထိုးတက်သွားတာပါ။

နောက်ဆုံးအကြိမ် မနေ့ည ထုတ်ပြန်ချက်တစ်ခုထဲမှာ ပိုးသစ်တွေ့သူ (၃၂) ဦးရှိပြီး၊ အများစုက ရန်ကုန်က (၁၅) ဦးနဲ့၊ နောက် ဒုတိယ မွန်က (၈) ဦး၊ နောက် ပဲခူး (၅) ဦးနဲ့ ရခိုင်က (၄) ဦးတို့ဖြစ်ပါတယ်။

သံသယရှိသူူပေါင်း (၁၇၅၃) ဦးကို စစ်ဆေးရာက ခုလိုတွေ့လိုက်တာကြောင့် စုစုပေါင်း ပိုးရှိသူ (၉၁၉) ဦးအဖြစ် တစ်ထောင်နားကပ်လာချိန်မှာ၊ ပြန်ကောင်းသူအသစ် (၃) ဦးပဲရှိတာကြောင့် စုစုပေါင်း ပြန်ကောင်းလာသူက (၃၅၇) ယောက်ပါ။

မနေ့နေ့လည် (၁) နာရီ ရှားရှားပါးပါး ထုတ်ပြန်ချက်အရလည်း၊ ပိုးတွေ့သူပေါင်း ၁၀၀ ထပ်စံချိန်တင်လိုက်ပြန်တာမို့၊ မနေ့ မနက်ထုတ်ပြန်ချက်က (၅) ဦးနဲ့ပါပေါင်းလိုက်ရင်၊ မနေ့ အင်္ဂါ စက်တင်ဘာလဆန်းနေ့ တစ်ရက်ထဲ စုစုပေါင်း ပိုးတွေ့သူသစ် (၁၃၇) မကြုံစဖူး ထောင်တက်လာနေပါတယ်။ မနေ့ မနက်နဲ့နေ့လည်တုန်းကတော့ စုစုပေါင်း စစ်ဆေးသူပေါင်း (၂၅၀၈) ဦးကို စစ်ဆေးခဲ့တာပါ။

ဒီမနေ့နေ့လည် စံချိန်တင် (၁၀၀) တွေ့ခဲ့ရာမှာလည်း အများစုက လက်ရှိကူးစက်မူ အများဆုံးနဲ့ အမြန်ဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က (၅၀) နီးပါးရှိပြီး ရန်ကုန်တိုင်းကလည်း (၄၅) ဦးအထိ ဒုတိယကပ်လိုက်ခဲ့ကာ၊ နေပြည်တော်၊ ပဲခူးနဲ့ မကွေးတို့ကလည်းတစ်ဦးစီပါခဲ့ပါတယ်။

ရန်ကုန်မှာ မနေ့ကနေ့လည် (၄၅) ဦးထဲမှာ (၁၀) ယောက်ကျော်က နိုင်ငံခြားရော၊ အဖြစ်များတဲ့ ရခိုင်ကိုပါ ခရီးသွားရာဇဝင်မရှိဘဲ ဘယ်ကကူးလာမှန်းမသိဖြစ်နေတာကြောင့် အရင်ခုလို ကွင်းဆက်ပြတ်နေသူတွေနဲ့ပေါင်းလိုက်ရင် (၂၀) ခန့်ရှိလာတာမို့၊ ရန်ကုန်မှာ အချင်းချင်းစကူးစက်မှာကို စိုးရိမ်လာရပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ရန်ကုန် (၇) မြို.နယ်မှာ အိမ်မှာနေဖို့ (Home Stay) အမိန့်ထုတ်လိုက်ပြီး၊ ဒီနေ့မနက်ကစ သင်္ကန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံမြို.နယ်တွေမှာ လိုက်နာရတော့မှာပါ။

XS
SM
MD
LG