သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ အင္တာနက္အျပည့္အဝျပန္ဖြင့္ဖို႔ ကုလတိုက္တြန္း


ရခိုင္ျပည္နယ္ရွိ ေရွးေဟာင္းေစတီပုထိုးမ်ား။

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈဒဏ္ အဆိုးဆံုးခံေနရတဲ့ ရခိုင္ျပည္နယ္မွာ သတင္းအခ်က္အလက္ေတြ ရရွိႏိုင္ေအာင္ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ရေရး ေဆာင္ရြက္ေပးဖို႔နဲ႔ အကူအညီလုိအပ္ေနသူေတြကုိ ေထာက္ပံ့ႏုိင္ေအာင္ တုိက္ပဲြေတြ ရပ္စဲဖုိ႔ ကုလသမဂၢက တုိက္တြန္းလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပေပးပါမယ္။

ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနခ်ိန္မွာ ရခိုင္လူထုအတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြရရွိဖို႔ လုိအပ္တာေၾကာင့္ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ရေအာင္ ေဆာင္ရြက္ေပးဖို႔ ကုလသမဂၢက ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ သတင္းအခ်က္အလက္ေတြကုိ မိုဘိုင္းအင္တာနက္ကေန တဆင့္ အဓိက ရရွိတာ ျဖစ္တဲ့အတြက္ ကပ္ေရာဂါ အႏၱရာယ္နဲ႔ ပတ္သက္လုိ႔ သတင္းအခ်က္အလက္ေတြ အခ်ိန္မွီရရွိေရးမွာ အေရးႀကီးတဲ့အတြက္ အခုလုိ တုိက္တြန္းရတာ ျဖစ္ေၾကာင္းလည္း ျမန္မာႏုိင္ငံ အေျခစုိက္ ကုလသမဂၢ႐ုံး ျပန္ၾကားေရးအရာရွိ ဦးေအး၀င္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အဓိကက ဘာလည္းဆိုေတာ့ က်ေနာ္တို႔ ရခိုင္မွာ လူသားခ်င္းစာနာမႈဆိုင္ရာေတြ က်ေနာ္တို႔ အမ်ားႀကီး ပါ၀င္ေဆာင္ရြက္တာရွိတယ္။ ဒါလည္းတိုးျမွင့္ေဆာင္ရြက္တာေတြလည္းရွိတယ္။ ေနာက္တခုက ရခိုင္ျပည္မွာ ေရာဂါျပန္႔ပြားမႈကလည္း ျမင့္တယ္ေလ။ အခုခ်ိန္မွာ က်ေနာ္တို႔က အတတ္ႏိုင္ဆံုး ပံ့ပိုးမႈေတြလုပ္ဖို႔ ႀကိဳးစားေနတာေပါ့။ အမ်ားႀကီးလည္း ပံ့ပိုးကူညီထားတာေတြလည္း ရွိပါတယ္။ ေနာက္ၿပီးေတာ့ ကိုဗစ္ျဖစ္ေနတဲ့ အခ်ိန္မွာ ကိုဗစ္နဲ႔ ပတ္သက္တဲ့ အသိပညာေပးေတြဟာ အျမန္ဆံုး ရရွိႏိုင္ဖို႔ဆိုတာကလည္း အင္တာနက္ ဖြင့္ေပး ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့ဗ်ာ။ အဲ့ဒီကေဒသခံေတြလည္း Information ေတြ ပညာေပးေတြ သူတို႔အျမန္ဆံုး အခ်ိန္နဲ႔ တေျပးညီရႏိုင္ေအာင္ အေရးႀကီးပါတယ္။ ဒါကလည္း အင္တာနက္လိုင္း အဆင္ေျပမွသာလွ်င္ ရႏိုင္တာေပါ့ေနာ္။”

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ရခိုင္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ဳိ႕မွာ အင္တာနက္ ဆက္သြယ္မႈေတြကုိ တႏွစ္ေက်ာ္ၾကာ ျဖတ္ထားခဲ့ၿပီးေနာက္ မၾကာေသးခင္ကမွ ျပန္ဖြင့္ေပးလုိက္ေပမဲ့ ျမန္ႏႈန္းျမင့္ 4G အစား 2G သာ ရႏုိင္တဲ့အတြက္ အခက္အခဲ ႀကံဳေနရတာပါ။ ရခုိင္တုိင္းရင္းသား မ်ဳိးႏြယ္စုမ်ားအုပ္စု အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း ကေတာ့ အင္တာနက္ ဆက္သြယ္မႈေတြ အားနည္းမႈေၾကာင့္ သတင္းအခ်က္အလက္ေတြ မရတဲ့အတြက္ က်န္းမာေရးအတြက္ လုိက္နာမႈေတြမွာ အားနည္းေနတယ္လုိ႔ ေျပာပါတယ္။

“ျပည္တြင္းကူးစက္မႈက အင္တာနက္မရွိတဲ့အခါမွာ ပိုၿပီးေတာ့ လူေတြက ေသေသခ်ာခ်ာ တိတိက်က်လိုက္နာမႈေတြ မရွိၾကဘူး။ လိုက္နာရေအာင္လည္း သူတို႔က မသိေနတဲ့အခါက်ေတာ့ ကူးစက္မႈေတြက ပိုျမန္ေနတာေပါ့။ အခုလူေတြက ဘယ္လိုထင္လည္းဆိုေတာ့ လူတေယာက္က လကၡဏာ မျပတဲ့အခါက်ေတာ့ ေဆးရံုတက္ေနတဲ့ လူေတြေတာင္မွလည္း ငါတို႔ဘာမွမျဖစ္ဘူး အလကားေျပာေနၾကတာပါဆိုတဲ့ အေနအထားမ်ိဳးေတြျဖစ္ေန တယ္။”

COVID-19 ေရာဂါ အႏၱရာယ္အေၾကာင္း တိက်တဲ့ အခ်က္အလက္ေတြ အခ်ိန္မီရေရးနဲ႔ ႀကိဳတင္ကာကြယ္ေရး ေဆာင္ရြက္ခ်က္ေတြဟာ ျပည္သူလူထု ေဘးကင္းလုံၿခံဳေရးအတြက္ အေရးႀကီးေၾကာင္းလည္း ကုလသမဂၢ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနညွိႏႈိင္းေရးမွဴးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး Mr. Ola Almgren က ထုတ္ျပန္ခ်က္မွာ ေျပာဆုိထားပါတယ္။

တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြက လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အကူအညီေပးေရး လုပ္ငန္းေတြမွာ ထိခုိက္ေနတဲ့အေပၚမွာလည္း ကုလသမဂၢက စုိးရိမ္တဲ့ သေဘာထား ေျပာဆုိခဲ့တဲ့အေၾကာင္း ျပန္ၾကားေရးအရာရွိ ဦးေအး၀င္းက ေျပာပါတယ္။

“အဲ့ဒီမွာလည္း တိုက္ပြဲျဖစ္ေနတဲ့အခါက်ေတာ့ ဒီကိစၥေတြ ျဖစ္ေနတဲ့အခါက်ေတာ့ ပို႔ရတဲ့အခါ စားနပ္ရိကၡာေတြ သူတို႔အခက္အခဲရွိတာေတြ ပံ့ပိုးေဆာင္ရြက္ဖို႔အတြက္ စိမ္ေခၚမႈေတြ ေတာ္ေတာ္ေလးကို မ်ားလာတာေပါ့ဗ်ာ။ အဲ့ဒါပဲ က်ေနာ္တို႔ ထည့္ေရးထားတာပါ။”

ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ ကမာၻတ၀န္း လက္နက္ကုိင္တုိက္ပဲြေတြရပ္စဲထားဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းထားသလုိ ျမန္မာႏုိင္ငံ အေျခစုိက္ သံတမန္ေတြကလည္း တုိက္ခုိက္မႈေတြရပ္ဖုိ႔ တုိက္တြန္းထားပါတယ္။ လတ္တေလာ တုိက္ပဲြေတြ အဓိကျဖစ္ေနတဲ့ AA အဖဲြ႔နဲ႔ ေျမာက္ပုိင္းမဟာမိတ္ ၄ ဖဲြ႔ကေတာ့ တဘက္သတ္အပစ္ရပ္ေၾကညာခ်က္ကုိ ထပ္မံသက္တမ္းတုိးေၾကာင္း ဒီကေန႔ပဲ ေၾကညာထားသလုိ တပ္မေတာ္ကလည္း အေစာပုိင္းမွာ ေၾကညာထားပါတယ္။ တဘက္သတ္အပစ္ရပ္ေရး လက္နက္ကုိင္ အဖဲြ႔ေတြ အျပန္အလွန္ ေၾကညာထားေပမဲ့လည္း ကပ္ေရာဂါ အဓိကျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္အပါအ၀င္ တုိင္းရင္းသား နယ္ေျမတခ်ဳိ႕မွာေတာ့ စစ္ေရးပဋိပကၡေတြ ရွိေနဆဲျဖစ္ပါတယ္ခင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ အင်တာနက်အပြည့်အဝပြန်ဖွင့်ဖို့ ကုလတိုက်တွန်း

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုဒဏ် အဆိုးဆုံးခံနေရတဲ့ ရခိုင်ပြည်နယ်မှာ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရရေး ဆောင်ရွက်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့နိုင်အောင် တိုက်ပွဲတွေ ရပ်စဲဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပေးပါမယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာ ရခိုင်လူထုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေရရှိဖို့ လိုအပ်တာကြောင့် အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းအချက်အလက်တွေကို မိုဘိုင်းအင်တာနက်ကနေ တဆင့် အဓိက ရရှိတာ ဖြစ်တဲ့အတွက် ကပ်ရောဂါ အန္တရာယ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ အချိန်မှီရရှိရေးမှာ အရေးကြီးတဲ့အတွက် အခုလို တိုက်တွန်းရတာ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကက ဘာလည်းဆိုတော့ ကျနော်တို့ ရခိုင်မှာ လူသားချင်းစာနာမှုဆိုင်ရာတွေ ကျနော်တို့ အများကြီး ပါဝင်ဆောင်ရွက်တာရှိတယ်။ ဒါလည်းတိုးမြှင့်ဆောင်ရွက်တာတွေလည်းရှိတယ်။ နောက်တခုက ရခိုင်ပြည်မှာ ရောဂါပြန့်ပွားမှုကလည်း မြင့်တယ်လေ။ အခုချိန်မှာ ကျနော်တို့က အတတ်နိုင်ဆုံး ပံ့ပိုးမှုတွေလုပ်ဖို့ ကြိုးစားနေတာပေါ့။ အများကြီးလည်း ပံ့ပိုးကူညီထားတာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ အသိပညာပေးတွေဟာ အမြန်ဆုံးရရှိနိုင်ဖို့ဆိုတာကလည်း အင်တာနက် ဖွင့်ပေး နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အဲ့ဒီကဒေသခံတွေလည်း Information တွေ ပညာပေးတွေ သူတို့အမြန်ဆုံး အချိန်နဲ့ တပြေးညီရနိုင်အောင် အရေးကြီးပါတယ်။ ဒါကလည်း အင်တာနက်လိုင်း အဆင်ပြေမှသာလျှင် ရနိုင်တာပေါ့နော်။”

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက် ဆက်သွယ်မှုတွေကို တနှစ်ကျော်ကြာ ဖြတ်ထားခဲ့ပြီးနောက် မကြာသေးခင်ကမှ ပြန်ဖွင့်ပေးလိုက်ပေမဲ့ မြန်နှုန်းမြင့် 4G အစား 2G သာ ရနိုင်တဲ့အတွက် အခက်အခဲ ကြုံနေရတာပါ။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအုပ်စု အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကတော့ အင်တာနက် ဆက်သွယ်မှုတွေ အားနည်းမှုကြောင့် သတင်းအချက်အလက်တွေ မရတဲ့အတွက် ကျန်းမာရေးအတွက် လိုက်နာမှုတွေမှာ အားနည်းနေတယ်လို့ ပြောပါတယ်။

“ပြည်တွင်းကူးစက်မှုက အင်တာနက်မရှိတဲ့အခါမှာ ပိုပြီးတော့ လူတွေက သေသေချာချာ တိတိကျကျလိုက်နာမှုတွေ မရှိကြဘူး။ လိုက်နာရအောင်လည်း သူတို့က မသိနေတဲ့အခါကျတော့ ကူးစက်မှုတွေက ပိုမြန်နေတာပေါ့။ အခုလူတွေက ဘယ်လိုထင်လည်းဆိုတော့ လူတယောက်က လက္ခဏာ မပြတဲ့အခါကျတော့ ဆေးရုံတက်နေတဲ့ လူတွေတောင်မှလည်း ငါတို့ဘာမှမဖြစ်ဘူး အလကားပြောနေကြတာပါဆိုတဲ့ အနေအထားမျိုးတွေဖြစ်နေ တယ်။”

COVID-19 ရောဂါ အန္တရာယ်အကြောင်း တိကျတဲ့ အချက်အလက်တွေ အချိန်မီရရေးနဲ့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေဟာ ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးကြောင်းလည်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အကူအညီပေးရေး လုပ်ငန်းတွေမှာ ထိခိုက်နေတဲ့အပေါ်မှာလည်း ကုလသမဂ္ဂက စိုးရိမ်တဲ့ သဘောထား ပြောဆိုခဲ့တဲ့အကြောင်း ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“အဲ့ဒီမှာလည်း တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ ဒီကိစ္စတွေ ဖြစ်နေတဲ့အခါကျတော့ ပို့ရတဲ့အခါ စားနပ်ရိက္ခာတွေ သူတို့အခက်အခဲရှိတာတွေ ပံ့ပိုးဆောင်ရွက်ဖို့အတွက် စိမ်ခေါ်မှုတွေ တော်တော်လေးကို များလာတာပေါ့ဗျာ။ အဲ့ဒါပဲ ကျနော်တို့ ထည့်ရေးထားတာပါ။”

ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ကမ္ဘာတဝန်း လက်နက်ကိုင်တိုက်ပွဲတွေရပ်စဲထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေကလည်း တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းထားပါတယ်။ လတ်တလော တိုက်ပွဲတွေ အဓိကဖြစ်နေတဲ့ AA အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကတော့ တဘက်သတ်အပစ်ရပ်ကြေညာချက်ကို ထပ်မံသက်တမ်းတိုးကြောင်း ဒီကနေ့ပဲ ကြေညာထားသလို တပ်မတော်ကလည်း အစောပိုင်းမှာ ကြေညာထားပါတယ်။ တဘက်သတ်အပစ်ရပ်ရေး လက်နက်ကိုင် အဖွဲ့တွေ အပြန်အလှန် ကြေညာထားပေမဲ့လည်း ကပ်ရောဂါ အဓိကဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသား နယ်မြေတချို့မှာတော့ စစ်ရေးပဋိပက္ခတွေ ရှိနေဆဲဖြစ်ပါတယ်ခင်။

XS
SM
MD
LG