သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နိုင္ငံေတာ္အတိုင္ပင္ခံ တ႐ုတ္ထိပ္တန္းသံတမန္နဲ႔ ေတြ႕ဆံု


Mr Yang Jiechi နဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

တရား၀င္အလည္အပတ္ခရီးစဥ္နဲ႔ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ တရုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ ႏုိင္ငံေရးဗ်ဴ႐ိုဖြဲ႔၀င္လည္းျဖစ္၊ တရုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ျပည္ပေရးရာလုပ္ငန္းေကာ္မရွင္႐ုံးဥကၠ႒ Mr Yang Jiechi ဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္မွာ ဒီကေန႔ ေတြ႔ဆုံပါတယ္။

ႏုိင္ငံတကာခရီးစဥ္္ တစိတ္တပိုင္းအျဖစ္နဲ႔ ျမန္မာႏုိင္ငံကို ေရာက္ရွိေနတဲ့ မစၥတာ Jiechi ရဲ ႔ အစီအစဥ္အေသးစိတ္ကိုေတာ့ တရား၀င္ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ျမန္မာ၊ စပိန္ နဲ႔ ဂရိႏုိင္ငံေတြကို စက္တင္ဘာလ ၁ ရက္ေန႔ကေန ၄ ရက္ေန႔ထိ မစၥတာ Jiechi သြားေရာက္မယ္လု႔ိေတာ့ ျမန္မာႏုိင္ငံဆုိင္ရာ တရုတ္သံရုံးက ၾသဂုတ္လ ၃၁ ရက္ေန႔က သတင္းထုတ္ျပန္ထားတာပါ။

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားေနသလုိ၊ ေရြးေကာက္ပဲြ က်င္းပဖုိ႔ လပုိင္းေလာက္သာ လုိေတာ့တဲ့အခ်ိန္မွာ လာေရာက္မယ့္ တ႐ုတ္ထိပ္တန္းသံတမန္ရဲ႕ ခရီးစဥ္မွာေတာ့ ကပ္ေဘးဒဏ္ ျပန္လည္ထူေထာင္ေရးနဲ႔ ေဒသတြင္းကိစၥေတြ အဓိကအာ႐ုံစုိက္ ေဆြးေႏြးႏုိင္ေျခ ရွိတယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ထိပ်တန်းသံတမန်နဲ့ တွေ့ဆုံ

တရားဝင်အလည်အပတ်ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုဖွဲ့ဝင်လည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ Mr Yang Jiechi ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။

နိုင်ငံတကာခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ Jiechi ရဲ့ အစီအစဉ်အသေးစိတ်ကိုတော့ တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မြန်မာ၊ စပိန် နဲ့ ဂရိနိုင်ငံတွေကို စက်တင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ မစ္စတာ Jiechi သွားရောက်မယ်လု့ိတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားနေသလို၊ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ လာရောက်မယ့် တရုတ်ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ်မှာတော့ ကပ်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်းကိစ္စတွေ အဓိကအာရုံစိုက် ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG