သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ထိပ္တန္းသံတမန္ ယန္ေဂ်ခ်ီ ျမန္မာႏိုင္ငံလာေရာက္မည္


တရုတ္ထိပ္တန္းသံတမန္ ယန္ေဂ်ခ်ီ

[Zawgyi/Unicode]

ဒီသတင္းပတ္ထဲ ျမန္မာႏုိင္ငံကုိ လာေရာက္မယ့္ တ႐ုတ္ထိပ္တန္းသံတမန္ရဲ႕ ခရီးစဥ္မွာ ေဒသတြင္းနဲ႔ ႏုိင္ငံတကာ ေရးရာေတြ အဓိက လႊမ္းမုိးေနႏုိင္တယ္လုိ႔ တ႐ုတ္ျမန္မာအေရး ေလ့လာသူေတြ ခန္႔မွန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏုိင္ငံေရးဗ်ဴ႐ိုအဖဲြ႔ဝင္လည္းျဖစ္၊ ျပည္ပေရးရာလုပ္ငန္းေကာ္မရွင္႐ံုး ဥကၠ႒လည္းျဖစ္တဲ့ ယန္ေဂ်ခ်ီဟာ ႏုိင္ငံတကာ ခရီးစဥ္ တစိတ္တပုိင္းအျဖစ္ ဒီတပတ္ထဲမွာပဲ ျမန္မာႏုိင္ငံကုိလည္း ေရာက္ရွိလာမွာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံအေျခစုိက္ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားေနသလုိ၊ ေရြးေကာက္ပဲြ က်င္းပဖုိ႔ လပုိင္းေလာက္သာ လုိေတာ့တဲ့အခ်ိန္မွာ လာေရာက္မယ့္ တ႐ုတ္ထိပ္တန္းသံတမန္ရဲ႕ ခရီးစဥ္မွာေတာ့ ကပ္ေဘးဒဏ္ ျပန္လည္ထူေထာင္ေရးနဲ႔ ေဒသတြင္းကိစၥေတြ အဓိကအာ႐ုံစုိက္ ေဆြးေႏြးႏုိင္ေျခ ရွိတယ္လုိ႔ တ႐ုတ္ႏိုင္ငံအေျခစိုက္ ႏိုင္ငံေရး သံုးသပ္သူ ေဒါက္တာလွေက်ာ္ေဇာက အခုလို ေျပာပါတယ္။

“တ႐ုတ္ျပည္က အခု COVID 19 ကပ္ေရာဂါအလြန္ စီးပြားေရးလုပ္ငန္းေတြကို ျပန္ၿပီး သြက္သြက္လက္လက္ လုပ္ဖို႔ ရည္ရြယ္ေနတာပါမယ္ ... တစ္အခ်က္။ ႏွစ္အခ်က္ကေတာ့ တ႐ုတ္နဲ႔ အေမရိကန္နဲ႔ ဆက္ဆံေရး အႀကီးအက်ယ္ ျပႆနာတက္ေနတာ အထူးသျဖင့္ ေတာင္တ႐ုတ္ပင္လယ္ထဲက ျပႆနာေတြလည္း ရွိတယ္ေလ။”

ကပ္ေရာဂါကူးစက္မႈနဲ႔ ႀကံဳေနရခ်ိန္ ေဒသတြင္းက အဆင့္ျမင့္သံတမန္ေတြ ျမန္မာႏုိင္ငံကုိ လာေရာက္တာ ဒါဟာဒုတိယအႀကိမ္ပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္မွာလည္း ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီး Toshimitsu Motegi ျမန္မာႏုိင္ငံကုိ လာေရာက္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ အေျခစိုက္ ႏိ္ုင္ငံေရးသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ယန္ေဂ်ခ်ီရဲ႕ ခရီးစဥ္ဟာ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ ခရီးစဥ္နဲ႔ ဆက္စပ္ႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

“ဂ်ပန္ႏိုင္ငံျခားေရး ၀န္ႀကီး လာသြားတဲ့အေပၚမွာ တ႐ုတ္ဘက္က ျပန္တံု႔ျပန္တယ္လို႔ပဲ ယူဆရတာေပါ့။ ဂ်ပန္နဲ႔ အေမရိကန္ကို Balance ျပန္လုပ္ဖို႔ စဥ္းစားတာနဲ႔ တူတယ္။ ဘာျဖစ္လို႔လဲဆို ေတာင္တ႐ုတ္ပင္လယ္ထဲမွာ အေတာ္တင္းမာေနတာကိုး။ တ႐ုတ္အဖို႔ ေျပာမယ္ဆိုလည္း ဒီ အိႏိၵယ သမုဒၵရာ လမ္းေၾကာင္း ေဖာက္ဖို႔ အတြက္ဆိုရင္ ဗမာက ေတာ္ေတာ္ အေရးပါတာကိုး။ ဘာလို႔လဲဆို ဟိုတစ္ေလာက အေမရိကန္နဲ႔ အိႏိၵယက ပူးတဲြေလ့က်င့္ ဘာညာ လုပ္ထားတဲ့အခါက်ေတာ့ အဲဒါကို ရင္ဆိုင္ႏိုင္ေလာက္တဲ့အင္အား သူ႔မွာ မရွိဘူး။ သူ႔ရွိတဲ့အင္အားက ေတာင္တ႐ုတ္ပင္လယ္မွာပဲ သံုးလို႔ ရအံုးမယ့္အင္အားပဲ ရွိေသးတယ္။ အိႏိၵယ သမုဒၵရာထြက္ေပါက္မွာ ဗမာကို အခိုင္အမာ ေျခကုတ္လိုခ်င္တာပဲ။”

အေမရိကန္နဲ႔ သံတမန္ေရး၊ ကုန္သြယ္ေရးအရ တင္းမာမႈေတြ ႀကံဳေနရသလုိ ေဒသတြင္း ႏုိင္ငံတခ်ဳိ႕နဲ႔လည္း ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္း နယ္ေျမပုိင္ဆုိင္မႈအတြက္ အေျခအတင္ ျဖစ္ေနခ်ိန္မွာ တ႐ုတ္ထိပ္တန္းသံတမန္ဟာ ျမန္မာႏုိင္ငံ အပါအ၀င္ ေဒသတြင္းႏုိင္ငံေတြကုိ လာေရာက္မွာပါ။

ႏုိင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာလွေက်ာ္ေဇာကေတာ့ တ႐ုတ္ႏိုင္ငံဟာ အာဆီယံ ၁၀ႏိ္ုင္ငံနဲ႔ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ၾသစေတလ်နဲ႔ နယူးဇီလန္တို႔ ပါ၀င္တဲ့ အာရွပစိဖိတ္ ေဒသ လြတ္လပ္တဲ့ ကုန္သြယ္ေရး စာခ်ဳပ္အေကာင္အထည္ေဖာ္ဖို႔နဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ Code of Conduct ေခၚ လိုက္နာရမယ့္ စည္းမ်ဥ္းေတြ လက္မွတ္ထိုးေရးကိစၥေတြလည္း ပါ၀င္ႏုိင္ဖြယ္ရွိတယ္လုိ႔ သံုးသပ္ပါတယ္။

“အဲဒီ ၂ခုလံုးနဲ႔ ပတ္သက္ၿပီးေတာ့ ယန္ေဂ်ခ်ီကေတာ့ ႏိုင္ငံေတာ္ ေကာင္စီ၀င္လည္းျဖစ္တယ္။ အရင္တံုးက ႏိုင္ငံျခားေရး၀န္ႀကီးလည္း ျဖစ္တယ္။ သူက တိုင္းျပည္ေတြ လွည့္လည္ၿပီး သူတို႔ႏိုင္ငံရဲ႕ ဟိုဒင္းေတြကို ရွင္းျပေနတာ။ အဲေတာ့ ဒီစာခ်ဳပ္ေတြ မခ်ဳပ္ခင္ အာဆီယံႏိုင္ငံေတြကို လွည္ၿ့ပီးေတာ့ ရွင္းျပေနပံုရတယ္။ အဲဒီအတြက္လာဟန္ရွိပါတယ္။”

ကမာၻ႔အင္အားႀကီး ၂ ႏုိင္ငံျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား သံတမန္ေရး တင္းမာမႈေတြဟာ မၾကာေသးခင္ကစလုိ႔ ျမန္မာႏုိင္ငံ အပါအ၀င္ ေဒသတြင္း ႏုိင္ငံေတြမွာပါ ႐ုိက္ခတ္လာေနတာပါ။

ၿပီးခဲ့တဲ့ ဇူလုိင္လထဲမွာတုန္းကလည္း ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္သံ႐ုံး ယာယီတာ၀န္ခံက တ႐ုတ္ႏုိင္ငံရဲ႕ ျမန္မာႏုိင္ငံအေပၚ ထားရွိတဲ့ မူ၀ါဒအေပၚ ေ၀ဖန္တဲ့ ေဆာင္းပါးတေစာင္ ေရးသားခဲ့တဲ့အတြက္ တ႐ုတ္ႏုိင္ငံဘက္ကလည္း ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ဘူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ထိပ်တန်းသံတမန် ယန်ဂျေချီ မြန်မာနိုင်ငံလာရောက်မည်

ဒီသတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မယ့် တရုတ်ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ်မှာ ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာတွေ အဓိက လွှမ်းမိုးနေနိုင်တယ်လို့ တရုတ်မြန်မာအရေး လေ့လာသူတွေ ခန့်မှန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ယန်ဂျေချီဟာ နိုင်ငံတကာ ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီတပတ်ထဲမှာပဲ မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာမှာဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားနေသလို၊ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ လာရောက်မယ့် တရုတ်ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ်မှာတော့ ကပ်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်းကိစ္စတွေ အဓိကအာရုံစိုက် ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက အခုလို ပြောပါတယ်။

“တရုတ်ပြည်က အခု COVID 19 ကပ်ရောဂါအလွန် စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီး သွက်သွက်လက်လက် လုပ်ဖို့ ရည်ရွယ်နေတာပါမယ် ... တစ်အချက်။ နှစ်အချက်ကတော့ တရုတ်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး အကြီးအကျယ် ပြဿနာတက်နေတာ အထူးသဖြင့် တောင်တရုတ်ပင်လယ်ထဲက ပြဿနာတွေလည်း ရှိတယ်လေ။”

ကပ်ရောဂါကူးစက်မှုနဲ့ ကြုံနေရချိန် ဒေသတွင်းက အဆင့်မြင့်သံတမန်တွေ မြန်မာနိုင်ငံကို လာရောက်တာ ဒါဟာဒုတိယအကြိမ်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ယန်ဂျေချီရဲ့ ခရီးစဉ်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ဂျပန်နိုင်ငံခြားရေး ဝန်ကြီး လာသွားတဲ့အပေါ်မှာ တရုတ်ဘက်က ပြန်တုံ့ပြန်တယ်လို့ပဲ ယူဆရတာပေါ့။ ဂျပန်နဲ့ အမေရိကန်ကို Balance ပြန်လုပ်ဖို့ စဉ်းစားတာနဲ့ တူတယ်။ ဘာဖြစ်လို့လဲဆို တောင်တရုတ်ပင်လယ်ထဲမှာ အတော်တင်းမာနေတာကိုး။ တရုတ်အဖို့ ပြောမယ်ဆိုလည်း ဒီ အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်း ဖောက်ဖို့ အတွက်ဆိုရင် ဗမာက တော်တော် အရေးပါတာကိုး။ ဘာလို့လဲဆို ဟိုတစ်လောက အမေရိကန်နဲ့ အိန္ဒိယက ပူးတွဲလေ့ကျင့် ဘာညာ လုပ်ထားတဲ့အခါကျတော့ အဲဒါကို ရင်ဆိုင်နိုင်လောက်တဲ့အင်အား သူ့မှာ မရှိဘူး။ သူ့ရှိတဲ့အင်အားက တောင်တရုတ်ပင်လယ်မှာပဲ သုံးလို့ ရအုံးမယ့်အင်အားပဲ ရှိသေးတယ်။ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်မှာ ဗမာကို အခိုင်အမာ ခြေကုတ်လိုချင်တာပဲ။”

အမေရိကန်နဲ့ သံတမန်ရေး၊ ကုန်သွယ်ရေးအရ တင်းမာမှုတွေ ကြုံနေရသလို ဒေသတွင်း နိုင်ငံတချို့နဲ့လည်း တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် အခြေအတင် ဖြစ်နေချိန်မှာ တရုတ်ထိပ်တန်းသံတမန်ဟာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေကို လာရောက်မှာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံဟာ အာဆီယံ၁၀နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေလျနဲ့ နယူးဇီလန်တို့ ပါဝင်တဲ့ အာရှပစိဖိတ် ဒေသ လွတ်လပ်တဲ့ ကုန်သွယ်ရေး စာချုပ်အကောင်အထည်ဖော်ဖို့နဲ့ တောင်တရုတ်ပင်လယ်မှာ Code of Conduct ခေါ် လိုက်နာရမယ့် စည်းမျဉ်းတွေ လက်မှတ်ထိုးရေးကိစ္စတွေလည်း ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒီ ၂ခုလုံးနဲ့ ပတ်သက်ပြီးတော့ ယန်ဂျေချီကတော့ နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်တယ်။ အရင်တုံးက နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တယ်။ သူက တိုင်းပြည်တွေ လှည့်လည်ပြီး သူတို့နိုင်ငံရဲ့ ဟိုဒင်းတွေကို ရှင်းပြနေတာ။ အဲတော့ ဒီစာချုပ်တွေ မချုပ်ခင် အာဆီယံနိုင်ငံတွေကို လှည်ြ့ပီးတော့ ရှင်းပြနေပုံရတယ်။ အဲဒီအတွက်လာဟန်ရှိပါတယ်။”

ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေဟာ မကြာသေးခင်ကစလို့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာပါ ရိုက်ခတ်လာနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတုန်းကလည်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒအပေါ် ဝေဖန်တဲ့ ဆောင်းပါးတစောင် ရေးသားခဲ့တဲ့အတွက် တရုတ်နိုင်ငံဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဘူးပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG