သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အေရွ႕ပိုင္းမွာ တရားမဝင္ ျမန္မာလုပ္သား ၉၀၀ နီးပါး ဖမ္းဆီးခံရ


ျမန္မာႏုိင္ငံကုိျပန္ဝင္ဖို႔ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွာ ေစာင့္ေနၾကတဲ့ ျမန္မာအလုပ္သမားမ်ား။ (ေမ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံ Shandong ျပည္နယ္က ျမန္မာလုပ္သားရာခ်ီ လုပ္ကိုင္ေနတဲ့ စက္႐ုံ ၂ ခုကို ဒီကေန႔မနက္ အေစာပိုင္းမွာ ရဲအင္အား အမ်ားအျပားနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ အျပည့္အစုံကုိ ကိုေဇာ္ထက္ တင္ျပေပးထားပါတယ္။

တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းျပည္နယ္တခုျဖစ္တဲ့ Shandong ျပည္နယ္၊ ဖူခ်ဳံၿမိဳ႕က စက္႐ုံ ၂ ခုကို ဒီကေန႔မနက္ ၁ နာရီမွာ တ႐ုတ္ရဲေတြက ဝင္ေရာက္စစ္ေဆးခဲ့တာ ျဖစ္ၿပီး စက္႐ုံ ၂ ခုေပါင္း အလုပ္သမား ၉၀၀ ပတ္ဝန္းက်င္ေလာက္ကို ထိန္းသိမ္းထားပါတယ္။ ျမန္မာအလုပ္သမား ေခါင္းေဆာင္ကိုလည္း ဖမ္းဆီးထားတယ္လို႔ ဝင္ေရာက္စစ္ေဆးခံရတဲ့ Shandong Delicate စက္႐ုံက မသက္စုက ဗြီအိုေအကို ေျပာပါတယ္။

“ရဲေတြကေတာ့ အျပင္မွာ ေစာင့္ေနတာေပါ့။ အထပ္တိုင္းမွာ ရဲေတြက ေစာင့္ေနတာ။ က်ေနာ္တို႔ကေတာ့ ကိုယ္ထင္တာ ကိုယ့္မွာ ဘာမွ အေထာက္အထားလည္း မရွိတဲ့အခါက်ေတာ့ ျမန္မာေတြမို႔လို႔ အဲလိုမ်ိဳး အေထာက္အထား မရွိလို႔ ဖမ္းတာလို႔ထင္တယ္။ ႏွစ္႐ုံေပါင္း ၉၀၀ ေလာက္ရွိမယ္၊ က်ေနာ္တို႔က ၄၀၀ ေက်ာ္ေလာက္။ ျပန္ပို႔မွာလား မပို႔မွာလား မသိပါဘူး။ ေခါင္းေဆာင္ကိုေတာ့ သူတို႔က ရဲက ဖမ္းသြားတယ္လို႔ ေျပာၾကတယ္။”

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေဘဂ်င္းၿမိဳ႕က ျမန္မာသံ႐ုံးကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ တနလၤာေန႔မွ ျပန္ဆက္သြယ္ဖို႔ ဗြီအိုေအကို ေျပာပါတယ္။

ျမန္မာနဲ႔ တ႐ုတ္ အစိုးရခ်င္း လုပ္သားသေဘာတူစာခ်ဳပ္ မရွိလို႔ တ႐ုတ္ျပည္နယ္တဝန္း အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားအားလုံးက တရားမဝင္ လာေရာက္ လုပ္ကိုင္ေနၾကတာပါ။ စက္႐ုံပိုင္ရွင္ေတြကေတာ့ သူတို႔ေဒသ အစိုးရနဲ႔ နားလည္မႈယူၿပီး ျမန္မာလုပ္သားေတြကို အလုပ္ခန႔္ၾကတာပါ။ အေျခအေန တည္ၿငိမ္ဖို႔ စက္႐ုံပိုင္ရွင္ရဲ႕ ေငြေၾကးေပးႏိုင္တဲ့အေပၚ မူတည္ေၾကာင္း Shandong ျပည္နယ္က ျမန္မာအလုပ္သမား ကိုေဇာ္ကိုကိုက ေျပာပါတယ္။

“စက္႐ုံတ႐ုံလုံး အဖမ္းခံရတယ္ဆိုရင္ေတာ့ ျမန္မာျပည္ ျပန္ေရာက္မွာ ေသခ်ာတယ္၊ မထားဘူး၊ လူေတြအကုန္လုံးကို ျပန္ပို႔တာ။ သူတို႔ႏိုင္ငံရဲ႕ ဥပေဒအရ ေထာင္ခ်ခ်င္လည္း ခ်တာေပါ့။ မခ်ရင္လည္း ျမန္မာႏိုင္ငံနဲ႔ ခ်ိတ္ဆက္ၿပီး ျပန္ပို႔တာ။ ဒီစက္႐ုံက ပိုက္ဆံဘယ္ေလာက္ေပးထားတယ္၊ က်ေနာ္လည္း မသိဘူးေလ။ ရဲဆိုတာ တရားမဝင္ အလုပ္သမားေတြ႔ ဖမ္းရတာပဲေလ။”

ျမန္မာလုပ္သားေတြက ႏွစ္ခ်ဳပ္ကတိနဲ႔ လုပ္ရတာျဖစ္ၿပီး လစာကေတာ့ တလကို တ႐ုတ္ယြမ္ေငြ ၃,၀၀၀၊ ျမန္မာေငြနဲ႔ဆို က်ပ္ ၆ သိန္းနီးပါးေလာက္ပဲ ရေပမယ့္ အခုလို အဖမ္းအဆီးေတြ ရွိလာရင္ ဒဏ္ေငြအေနနဲ႔ စက္႐ုံပိုင္ရွင္က လစာထဲက အေျမာက္အျမား ျပန္ျဖတ္ယူတယ္လို႔ သူက ဆက္ေျပာပါတယ္။

ဖိႏွိပ္မႈေတြၾကားထဲက လုပ္ကိုင္ေနရတာျဖစ္ၿပီး အမ်ားစုဟာ အျပင္ထြက္ခြင့္ မရသလို စက္႐ုံကေကြၽးေမြးတဲ့ အစားအေသာက္ကလည္း ဆိုးရြားလြန္းတယ္လို႔ ကိုေဇာ္ကိုကုိက ေျပာပါတယ္။

“အရမ္းဆိုးတယ္၊ မသြားေစခ်င္ဘူး အဲဒီကို။ မနက္ဆို ဆားမပါတဲ့ ဆန္ျပဳတ္နဲ႔ ေကၽြးတာဗ်ာ စဥ္းစားၾကည့္ပါဦး၊ ဟင္းေတြကလည္း ဝက္စာေလာက္သာသာ ေကြၽးတာ။ တေန႔လုံးနီးပါးဆို လုပ္ရတာ ၁၂ နာရီေက်ာ္တယ္။ ႏွစ္ခ်ဳပ္ဆိုတာ သူတို႔ေပးမွ ရတာေလ၊ ဘယ္ေလာက္ရတယ္ဆိုတာ မသိဘူး။ အဲဒါေၾကာင့္မို႔ မသြားေစခ်င္ဘူး။”

တရားမဝင္ အလုပ္သမားေတြကို အရင္တုန္းကလည္း တ႐ုတ္ရဲတပ္ဖြဲ႔က ဝင္ဖမ္းတာေတြ ရွိခဲ့ဖူးေပမယ့္ အခုတႀကိမ္ အဖမ္းခံရတာ အမ်ားဆံုးျဖစ္တယ္လုိ႔ ျမန္မာလုပ္သားေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

တရုတ်အရှေ့ပိုင်းမှာ တရားမဝင် မြန်မာလုပ်သား ၉၀၀ နီးပါး ဖမ်းဆီးခံရ

တရုတ်နိုင်ငံ Shandong ပြည်နယ်က မြန်မာလုပ်သားရာချီ လုပ်ကိုင်နေတဲ့ စက်ရုံ ၂ ခုကို ဒီကနေ့မနက် အစောပိုင်းမှာ ရဲအင်အား အများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အပြည့်အစုံကို ကိုဇော်ထက် တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တခုဖြစ်တဲ့ Shandong ပြည်နယ်၊ ဖူချုံမြို့က စက်ရုံ ၂ ခုကို ဒီကနေ့မနက် ၁ နာရီမှာ တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပြီး စက်ရုံ ၂ ခုပေါင်း အလုပ်သမား ၉၀၀ ပတ်ဝန်းကျင်လောက်ကို ထိန်းသိမ်းထားပါတယ်။ မြန်မာအလုပ်သမား ခေါင်းဆောင်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဝင်ရောက်စစ်ဆေးခံရတဲ့ Shandong Delicate စက်ရုံက မသက်စုက ဗွီအိုအေကို ပြောပါတယ်။

“ရဲတွေကတော့ အပြင်မှာ စောင့်နေတာပေါ့။ အထပ်တိုင်းမှာ ရဲတွေက စောင့်နေတာ။ ကျနော်တို့ကတော့ ကိုယ်ထင်တာ ကိုယ့်မှာ ဘာမှ အထောက်အထားလည်း မရှိတဲ့အခါကျတော့ မြန်မာတွေမို့လို့ အဲလိုမျိုး အထောက်အထား မရှိလို့ ဖမ်းတာလို့ထင်တယ်။ နှစ်ရုံပေါင်း ၉၀၀ လောက်ရှိမယ်၊ ကျနော်တို့က ၄၀၀ ကျော်လောက်။ ပြန်ပို့မှာလား မပို့မှာလား မသိပါဘူး။ ခေါင်းဆောင်ကိုတော့ သူတို့က ရဲက ဖမ်းသွားတယ်လို့ ပြောကြတယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘေဂျင်းမြို့က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်တာကြောင့် တနင်္လာနေ့မှ ပြန်ဆက်သွယ်ဖို့ ဗွီအိုအေကို ပြောပါတယ်။

မြန်မာနဲ့ တရုတ် အစိုးရချင်း လုပ်သားသဘောတူစာချုပ် မရှိလို့ တရုတ်ပြည်နယ်တဝန်း အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားအားလုံးက တရားမဝင် လာရောက် လုပ်ကိုင်နေကြတာပါ။ စက်ရုံပိုင်ရှင်တွေကတော့ သူတို့ဒေသ အစိုးရနဲ့ နားလည်မှုယူပြီး မြန်မာလုပ်သားတွေကို အလုပ်ခန့်ကြတာပါ။ အခြေအနေ တည်ငြိမ်ဖို့ စက်ရုံပိုင်ရှင်ရဲ့ ငွေကြေးပေးနိုင်တဲ့အပေါ် မူတည်ကြောင်း Shandong ပြည်နယ်က မြန်မာအလုပ်သမား ကိုဇော်ကိုကိုက ပြောပါတယ်။

“စက်ရုံတရုံလုံး အဖမ်းခံရတယ်ဆိုရင်တော့ မြန်မာပြည် ပြန်ရောက်မှာ သေချာတယ်၊ မထားဘူး၊ လူတွေအကုန်လုံးကို ပြန်ပို့တာ။ သူတို့နိုင်ငံရဲ့ ဥပဒေအရ ထောင်ချချင်လည်း ချတာပေါ့။ မချရင်လည်း မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ပြီး ပြန်ပို့တာ။ ဒီစက်ရုံက ပိုက်ဆံဘယ်လောက်ပေးထားတယ်၊ ကျနော်လည်း မသိဘူးလေ။ ရဲဆိုတာ တရားမဝင် အလုပ်သမားတွေ့ ဖမ်းရတာပဲလေ။”

မြန်မာလုပ်သားတွေက နှစ်ချုပ်ကတိနဲ့ လုပ်ရတာဖြစ်ပြီး လစာကတော့ တလကို တရုတ်ယွမ်ငွေ ၃,၀၀၀၊ မြန်မာငွေနဲ့ဆို ကျပ် ၆ သိန်းနီးပါးလောက်ပဲ ရပေမယ့် အခုလို အဖမ်းအဆီးတွေ ရှိလာရင် ဒဏ်ငွေအနေနဲ့ စက်ရုံပိုင်ရှင်က လစာထဲက အမြောက်အမြား ပြန်ဖြတ်ယူတယ်လို့ သူက ဆက်ပြောပါတယ်။

ဖိနှိပ်မှုတွေကြားထဲက လုပ်ကိုင်နေရတာဖြစ်ပြီး အများစုဟာ အပြင်ထွက်ခွင့် မရသလို စက်ရုံကကျွေးမွေးတဲ့ အစားအသောက်ကလည်း ဆိုးရွားလွန်းတယ်လို့ ကိုဇော်ကိုကိုက ပြောပါတယ်။

“အရမ်းဆိုးတယ်၊ မသွားစေချင်ဘူး အဲဒီကို။ မနက်ဆို ဆားမပါတဲ့ ဆန်ပြုတ်နဲ့ ကျွေးတာဗျာ စဉ်းစားကြည့်ပါဦး၊ ဟင်းတွေကလည်း ဝက်စာလောက်သာသာ ကျွေးတာ။ တနေ့လုံးနီးပါးဆို လုပ်ရတာ ၁၂ နာရီကျော်တယ်။ နှစ်ချုပ်ဆိုတာ သူတို့ပေးမှ ရတာလေ၊ ဘယ်လောက်ရတယ်ဆိုတာ မသိဘူး။ အဲဒါကြောင့်မို့ မသွားစေချင်ဘူး။”

တရားမဝင် အလုပ်သမားတွေကို အရင်တုန်းကလည်း တရုတ်ရဲတပ်ဖွဲ့က ဝင်ဖမ်းတာတွေ ရှိခဲ့ဖူးပေမယ့် အခုတကြိမ် အဖမ်းခံရတာ အများဆုံးဖြစ်တယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG