သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္မွာ ကုိဗစ္ေရာဂါကင္းစင္တဲ့ ျမန္မာယာဥ္ေမာင္း ၂၀၀ ထားေပးဖုိ႔ တရုတ္ေတာင္းဆုိ


တရုတ္- ျမန္မာနယ္စပ္ ကုန္ကားမ်ား

(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံနဲ႔ အဓိက နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းတခုျဖစ္တဲ့ မူဆယ္ကုန္သြယ္ေရးဇုံမွာ COVID-19 ကပ္ေရာဂါ ကင္းရွင္းတဲ့ ျမန္မာယာဥ္ေမာင္း ၂၀၀ ေလာက္ သီးသန္႔စီစဥ္ထားေပးဖုိ႔ တ႐ုတ္ႏုိင္ငံရဲ႕ ေတာင္းဆုိမႈကုိ ညွိႏႈိင္းေနတဲ့အေၾကာင္း ကိုေဇာ္ထက္ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့ ၂ ႏုိင္ငံ နယ္စပ္မွာ ျမန္မာႏုိင္ငံဘက္က ကုန္တင္ကားေတြ တ႐ုတ္ႏုိင္ငံထဲ ၀င္ခြင့္ရေရး ယူနန္ျပည္နယ္ အာဏာပုိင္ေတြနဲ႔ ညွိႏႈိင္းရာမွာ ျမန္မာယာဥ္ေမာင္း ၂၀၀ သီးသန္႔ထားဖုိ႔ တ႐ုတ္ႏုိင္ငံဘက္က ေျပာဆုိလုိက္တာပါ။

လတ္တေလာ အခ်ိန္အထိကေတာ့ ယူနန္ျပည္နယ္ထဲ ကုန္တင္ပုိ႔ရာမွာ ျမန္မာယာဥ္ေမာင္းေတြ ကုိယ္တုိင္ေမာင္းၿပီး ၀င္ခြင့္မရတဲ့အတြက္ ကုန္စည္စီးဆင္းမႈေတြမွာ ၾကန္႔ၾကာမႈေတြ ႀကံဳေနရပါတယ္။ ကန္႔သတ္ခ်က္ေတြေၾကာင့္ တ႐ုတ္ႏုိင္ငံထဲ ကုန္တင္ပုိ႔ေနတဲ့ ကားစင္းေရ ထက္၀က္ေလာက္ ေလ်ာ့သြားတယ္ လုိ႔လည္း ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသူက ဗြီအိုေအကို ေျပာပါတယ္။

“ ဒီဘက္က ကားအစီး ၅၀၀ ေက်ာ္၊ ၆၀၀ ေက်ာ္တက္တဲ့အခါက်ေတာ့ က်န္တဲ့ ၃၀၀ ေလာက္က ေန႔တိုင္း ပိုလာတာေပါ့။ အဲဒါက်ေနာ္တို႔က နယ္စပ္မွာ ညႇိတယ္ဗ်။ ဆက္တိုက္ညႇိေနတာေပါ့ေနာ္။ အခုထိေတာ့ အဆင္မေျပေသးဘူး၊ အဓိကေတာ့ ဘာလဲဆိုေတာ့ သူတို႔က က်ေနာ္တို႔ဘက္က ေရာဂါပိုး ကင္းစင္တဲ့ driver ၂၀၀ ေလာက္ရွာေပးေပါ့၊ ရွာေပးၿပီးေတာ့ အဲဒီလူေတြနဲ႔ အဝင္အထြက္ လုပ္လို႔ေျပာတယ္။ က်ေနာ္တို႔ဘက္က အဲဒီ ေဒသခံ ၂၀၀ ေလာက္ရွာဖို႔ဆိုတာ အေတာ္ခက္တယ္။ သူတို႔ စားဝတ္ေနေရး စရိတ္၊ ဘယ္နားထားမွာလဲ၊ က်န္းမာေရးအရ ဘယ္ေလာက္စစ္ေပးမွာလဲ၊ ဘယ္လိုစစ္မွာလဲ အမ်ားႀကီးေပါ့ေနာ္၊ ညႇိေနၾကတာေပါ့။ အဲဒီဟာ ေျပလည္သြားရင္ေတာ့ ကုန္က ဒီထက္ တိုးလာမွာ။”

ျမန္မာႏုိင္ငံနဲ႔ ထိစပ္ေနတဲ့ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္သူ ထပ္မေတြ႔ေတာ့ေပမဲ့ ႀကိဳတင္သတိထားတဲ့ အေနနဲ႔ ဆက္လက္ ကန္႔သတ္ထားတာ လုိ႔လည္း ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသူကေျပာပါတယ္။

၂ ႏုိင္ငံ အဓိကနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ မူဆယ္မွာ အသြားအလာ အ၀င္အထြက္ေတြကုိ ၿပီးခဲ့တဲ့ ဧၿပီလဆန္းကတည္းက ကန႔္သတ္ထားတာ ျဖစ္ပါတယ္။ မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးစိုင္းခင္ေမာင္ကေတာ့ ကုန္စည္ စီးဆင္းမႈေတြကုိ လုိအပ္တာထက္ ပုိၿပီးကန္႔သတ္တာမ်ဳိး မျဖစ္ေစခ်င္ဘူးလုိ႔ ေျပာပါတယ္။

“တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးမွာက်ေတာ့ သိပ္ၿပီးလိုက္ေလ်ာလို႔ေတာ့မရဘူး သူတို႔က နည္းနည္း တဖက္သတ္ ဆန္တယ္ေလေနာ္၊ အေရာင္းအဝယ္ ကုန္သြယ္မႈဆိုတာ ႏွစ္ဘက္လုံးမွ်ၿပီးေတာ့ ညီမွ် ေနမွရမွာ။ တဖက္တည္းနဲ႔ပဲ ဒါဒီလိုေတာင္းဆိုတယ္၊ ေနာက္ၿပီးေတာ့ ယာဥ္ေမာင္းအစားထိုးစနစ္ကို နည္းနည္းသက္ဆိုးရွည္ေစခ်င္တယ္၊ ေနာက္ COVID ကာလ ကုန္သြယ္မႈကိုလည္း မလိုအပ္ဘဲနဲ႔ အက်ယ္ခ်ဲ႕ခ်င္တယ္၊ အဲလိုမ်ိဳး ပုံစံမ်ိဳးက်ေတာ့ မေကာင္းဘူးေပါ့။ အခုက ပုံမွန္ကုန္သြယ္ေရးစနစ္ကိုပဲ အျမန္ဆုံး ေရာက္တာ အေကာင္းဆုံးေပါ့ ႏွစ္ႏိုင္ငံ။”

ျမန္မာတႏိုင္ငံလုံးက နယ္စပ္ကုန္သြယ္ေရးစခန္း ၁၈ ခုမွာ မူဆယ္ကုန္သြယ္ေရးစခန္းက ကုန္သြယ္မႈ အမ်ားဆုံးျဖစ္ၿပီး ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္းေပါင္း ၄၉၀၀ ေက်ာ္ရွိခဲ့ေပမဲ့ ကပ္ေရာဂါကာလမွာ သန္း ၃၀ ေက်ာ္ေလာက္ က်ဆင္းသြားတယ္ လုိ႔လည္း ကုန္သြယ္ေရး ဝန္ႀကီးဌာနက ခန္႔မွန္းထားပါတယ္။ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါေၾကာင့္ စစ္ကိုင္းတိုင္း တမူးခ႐ိုင္ ျမန္မာ- အိႏၵိယနယ္စပ္ကို အိႏၵိယဘက္က မတ္လ ၁၀ရက္ကတည္းက ပိတ္ထားၿပီး တ႐ုတ္နဲ႔ ထိုင္းနယ္စပ္ကုန္သြယ္ေရးမွာလည္း ကန္႔သတ္ခ်က္ေတြနဲ႔ ေလွ်ာ့ခ်ထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

နယ်စပ်မှာ ကိုဗစ်ရောဂါကင်းစင်တဲ့ မြန်မာယာဉ်မောင်း ၂၀၀ ထားပေးဖို့ တရုတ်တောင်းဆို
(Unicode)

တရုတ်နိုင်ငံနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုံမှာ COVID-19 ကပ်ရောဂါ ကင်းရှင်းတဲ့ မြန်မာယာဉ်မောင်း ၂၀၀ လောက် သီးသန့်စီစဉ်ထားပေးဖို့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကို ညှိနှိုင်းနေတဲ့အကြောင်း ကိုဇော်ထက်ပြောပြပါမယ်။

ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့ ၂ နိုင်ငံ နယ်စပ်မှာ မြန်မာနိုင်ငံဘက်က ကုန်တင်ကားတွေ တရုတ်နိုင်ငံထဲ ဝင်ခွင့်ရရေး ယူနန်ပြည်နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ မြန်မာယာဉ်မောင်း ၂၀၀ သီးသန့်ထားဖို့ တရုတ်နိုင်ငံဘက်က ပြောဆိုလိုက်တာပါ။

လတ်တလော အချိန်အထိကတော့ ယူနန်ပြည်နယ်ထဲ ကုန်တင်ပို့ရာမှာ မြန်မာယာဉ်မောင်းတွေ ကိုယ်တိုင်မောင်းပြီး ဝင်ခွင့်မရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ ကြန့်ကြာမှုတွေ ကြုံနေရပါတယ်။ ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံထဲ ကုန်တင်ပို့နေတဲ့ ကားစင်းရေ ထက်ဝက်လောက် လျော့သွားတယ် လို့လည်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဗွီအိုအေကို ပြောပါတယ်။

“ ဒီဘက်က ကားအစီး ၅၀၀ ကျော်၊ ၆၀၀ ကျော်တက်တဲ့အခါကျတော့ ကျန်တဲ့ ၃၀၀ လောက်က နေ့တိုင်း ပိုလာတာပေါ့။ အဲဒါကျနော်တို့က နယ်စပ်မှာ ညှိတယ်ဗျ။ ဆက်တိုက်ညှိနေတာပေါ့နော်။ အခုထိတော့ အဆင်မပြေသေးဘူး၊ အဓိကတော့ ဘာလဲဆိုတော့ သူတို့က ကျနော်တို့ဘက်က ရောဂါပိုး ကင်းစင်တဲ့ driver ၂၀၀ လောက်ရှာပေးပေါ့၊ ရှာပေးပြီးတော့ အဲဒီလူတွေနဲ့ အဝင်အထွက် လုပ်လို့ပြောတယ်။ ကျနော်တို့ဘက်က အဲဒီ ဒေသခံ ၂၀၀ လောက်ရှာဖို့ဆိုတာ အတော်ခက်တယ်။ သူတို့ စားဝတ်နေရေး စရိတ်၊ ဘယ်နားထားမှာလဲ၊ ကျန်းမာရေးအရ ဘယ်လောက်စစ်ပေးမှာလဲ၊ ဘယ်လိုစစ်မှာလဲ အများကြီးပေါ့နော်၊ ညှိနေကြတာပေါ့။ အဲဒီဟာ ပြေလည်သွားရင်တော့ ကုန်က ဒီထက် တိုးလာမှာ။”

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ထပ်မတွေ့တော့ပေမဲ့ ကြိုတင်သတိထားတဲ့ အနေနဲ့ ဆက်လက် ကန့်သတ်ထားတာ လို့လည်း ညွှန်ကြားရေးမှူး ဦးမျိုးသူကပြောပါတယ်။

၂ နိုင်ငံ အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်မှာ အသွားအလာ အဝင်အထွက်တွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ကန့်သတ်ထားတာ ဖြစ်ပါတယ်။ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ကတော့ ကုန်စည် စီးဆင်းမှုတွေကို လိုအပ်တာထက် ပိုပြီးကန့်သတ်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

“တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာကျတော့ သိပ်ပြီးလိုက်လျောလို့တော့မရဘူး သူတို့က နည်းနည်း တဖက်သတ် ဆန်တယ်လေနော်၊ အရောင်းအဝယ် ကုန်သွယ်မှုဆိုတာ နှစ်ဘက်လုံးမျှပြီးတော့ ညီမျှ နေမှရမှာ။ တဖက်တည်းနဲ့ပဲ ဒါဒီလိုတောင်းဆိုတယ်၊ နောက်ပြီးတော့ ယာဉ်မောင်းအစားထိုးစနစ်ကို နည်းနည်းသက်ဆိုးရှည်စေချင်တယ်၊ နောက် COVID ကာလ ကုန်သွယ်မှုကိုလည်း မလိုအပ်ဘဲနဲ့ အကျယ်ချဲ့ချင်တယ်၊ အဲလိုမျိုး ပုံစံမျိုးကျတော့ မကောင်းဘူးပေါ့။ အခုက ပုံမှန်ကုန်သွယ်ရေးစနစ်ကိုပဲ အမြန်ဆုံး ရောက်တာ အကောင်းဆုံးပေါ့ နှစ်နိုင်ငံ။”

မြန်မာတနိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုမှာ မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှု အများဆုံးဖြစ်ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၀၀ ကျော်ရှိခဲ့ပေမဲ့ ကပ်ရောဂါကာလမှာ သန်း ၃၀ ကျော်လောက် ကျဆင်းသွားတယ် လို့လည်း ကုန်သွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း တမူးခရိုင် မြန်မာ- အိန္ဒိယနယ်စပ်ကို အိန္ဒိယဘက်က မတ်လ ၁၀ရက်ကတည်းက ပိတ်ထားပြီး တရုတ်နဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာလည်း ကန့်သတ်ချက်တွေနဲ့ လျှော့ချထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG