(Zawgyi/Unicode)
မဲေခါင္ျမစ္ေၾကာင္း တေလၽွာက္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးနဲ႔ လုံျခဳံေရး အင္အား တိုးျမႇင့္ဖို႔ ရည္ရြယ္ၿပီး တ႐ုတ္၊ လာအို၊ ျမန္မာနဲ႔ ထိုင္း ၄ နိုင္ငံစစ္သေဘၤာေတြ ပူးတြဲကင္းလွည့္ အစီအစဥ္ကို ဆက္လက္ေဆာင္ရြက္ေနပါတယ္။
မဲေခါင္ျမစ္တေလၽွာက္ အခုလို ေလးနိုင္ငံ ပူးေပါင္း စစ္ဆင္ေရးက ၂၀၁၁ ခုႏွစ္ကစခဲ့တာျဖစ္ၿပီး အခုအခါ ၉၆ ႀကိမ္ေျမာက္ ရွိသြားၿပီျဖစ္ပါတယ္။ ကင္းလွည့္ေရယာဥ္ေတြ ဟာ တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း Yunnan ျပည္နယ္ Guanlei ဆိပ္ကမ္းက စၿပီး ထြက္ခြာခဲ့တာပါ။
စစ္ဆင္ေရး မစတင္မီ နိုင္ငံအသီးသီးက သက္ဆိုင္ရာ အာဏာပိုင္ေတြက မဲေခါင္ျမစ္ေၾကာင္း တေလၽွာက္က လုံျခဳံေရးဆိုင္ရာ ကိစၥေတြကို ဗြီဒီယိုက တဆင့္ေဆြးေႏြးခဲ့ၾကၿပီး တရားမဝင္ လႈပ္ရွားမႈေတြကို တိုက္ဖ်က္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ အဲဒီအထဲ ျမစ္ေၾကာင္းတလၽွာက္ အေထာက္အထား စာရြက္စာတမ္း မရွိဘဲ လူေတြကို တရားမဝင္ ကူးလူး ပို႔ေဆာင္ေနတာ၊ မူးယစ္ ေဆးဝါး တရားမဝင္ သယ္ယူေရာင္းဝယ္ေနတာနဲ႔ ဆက္သြယ္ေရးဆိုင္ရာ ရာဇဝတ္မႈ က်ဴးလြန္တာေတြ ပါဝင္ပါတယ္။
ဒါေၾကာင့္ လာအို၊ ထိုင္းနဲ႔ ျမန္မာ ေပါင္းဆုံရာ Golden Triangle လို႔ေခၚတဲ့ ေရႊႀတိဂံေဒသကို ျဖတ္သန္းတဲ့ သေဘၤာေတြကို အလ်ဥ္း သင့္သလို ရွာေဖြစစ္ေဆးသြားၾကဖို႔လည္း ေရတပ္တပ္ဖြဲ႕ေတြ သေဘာတူညီခဲ့ၾကပါတယ္။ တ႐ုတ္နိုင္ငံတြင္းကို ခိုးသြင္းေနတဲ့ မူးယစ္ ေဆးဝါးတခ်ိဳ႕ကအဲဒီ ေရႊႀတိဂံေဒသနဲ႔ တျခားျပည္ပနိုင္ငံေတြကေနတဆင့္လာတာျဖစ္တယ္လို႔ အစိုးရ မွတ္တမ္းေတြမွာ ေဖာ္ၿပ ထားေၾကာင္းလည္း Xinhua သတင္းက ေျပာပါတယ္။
................
မဲခေါင်မြစ်ကြောင်းတလျှောက် မြန်မာ၊ တရုတ်၊ လာအိုနဲ့ ထိုင်းတို့ ပူးတွဲကင်းလှည့်
(Unicode)
မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လုံခြုံရေး အင်အား တိုးမြှင့်ဖို့ ရည်ရွယ်ပြီး တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံစစ်သင်္ဘောတွေ ပူးတွဲကင်းလှည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။
မဲခေါင်မြစ်တလျှောက် အခုလို လေးနိုင်ငံ ပူးပေါင်း စစ်ဆင်ရေးက ၂၀၁၁ ခုနှစ်ကစခဲ့တာဖြစ်ပြီး အခုအခါ ၉၆ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။ ကင်းလှည့်ရေယာဉ်တွေ ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan ပြည်နယ် Guanlei ဆိပ်ကမ်းက စပြီး ထွက်ခွာခဲ့တာပါ။
စစ်ဆင်ရေး မစတင်မီ နိုင်ငံအသီးသီးက သက်ဆိုင်ရာ အာဏာပိုင်တွေက မဲခေါင်မြစ်ကြောင်း တလျှောက်က လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဗွီဒီယိုက တဆင့်ဆွေးနွေးခဲ့ကြပြီး တရားမဝင် လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အဲဒီအထဲ မြစ်ကြောင်းတလျှာက် အထောက်အထား စာရွက်စာတမ်း မရှိဘဲ လူတွေကို တရားမဝင် ကူးလူး ပို့ဆောင်နေတာ၊ မူးယစ် ဆေးဝါး တရားမဝင် သယ်ယူရောင်းဝယ်နေတာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာတွေ ပါဝင်ပါတယ်။
ဒါကြောင့် လာအို၊ ထိုင်းနဲ့ မြန်မာ ပေါင်းဆုံရာ Golden Triangle လို့ခေါ်တဲ့ ရွှေတြိဂံဒေသကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အလျဉ်း သင့်သလို ရှာဖွေစစ်ဆေးသွားကြဖို့လည်း ရေတပ်တပ်ဖွဲ့တွေ သဘောတူညီခဲ့ကြပါတယ်။ တရုတ်နိုင်ငံတွင်းကို ခိုးသွင်းနေတဲ့ မူးယစ် ဆေးဝါးတချို့ကအဲဒီ ရွှေတြိဂံဒေသနဲ့ တခြားပြည်ပနိုင်ငံတွေကနေတဆင့်လာတာဖြစ်တယ်လို့ အစိုးရ မှတ်တမ်းတွေမှာ ဖော်ပြ ထားကြောင်းလည်း Xinhua သတင်းက ပြောပါတယ်။