သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအ၀င္ မဲေခါင္ျမစ္၀ွမ္းႏုိင္ငံေတြမွာ မုိးရြာသြန္းမႈေလ်ာ့က်


မဲေခါင္ျမစ္၀ွမ္းႏုိင္ငံ တခုျဖစ္တဲ့ ဗီယက္နမ္ ႏိုင္ငံ Soc Trang ေဒသမွာ ေရရွားပါးမႈျဖစ္။

(Zawgyi/Unicode)

အင္ဒိုခ်ိဳင္းနား ကၽြန္းဆြယ္ကို မုတ္သုံမိုး စတင္ဝင္ေရာက္ခ်ိန္မွာပဲ မဲေခါင္ျမစ္ေၾကာင္းတစ္ေလၽွာက္က လယ္သမားေတြနဲ႔ ငါးဖမ္း တံငါ ေတြ မိုးကို ေမၽွာ္ေနၾကရၿပီ ျဖစ္ပါတယ္။ မဲေခါင္ျမစ္ႀကီးဟာ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ျမစ္တေလၽွာက္ ဆည္တမံေတြ တည္ေဆာက္ တာေၾကာင့္ ဒီႏွစ္ ျမစ္ေရမ်က္ႏွာျပင္က ႏွစ္ ၆၀ အတြင္း အနိမ့္ဆုံးအဆင့္ကို ေရာက္လို႔ သြားခဲ့ပါတယ္။

ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္နိုင္ငံေတြထဲ ျဖတ္ေက်ာ္စီးဆင္းတဲ့ မဲေခါင္ျမစ္ ေျမနိမ့္ ျမစ္ဝွမ္းေဒသမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလနဲ႔ ႏွိုင္းစာရင္ ဒီႏွစ္ ေမလ မိုးရြာသြန္းမႈက ၆၈ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတယ္လို႔ မဲေခါင္ျမစ္ ေကာ္မရွင္က ေျပာပါတယ္။ ဇြန္လ မွာေတာ့ မႏွစ္ကထက္ ၇၃ ရာခိုင္ႏႈန္း ပိုနည္းသြားလို႔ အေျခအေန ပိုဆိုးသြားခဲ့ရပါတယ္။ ဒါေၾကာင့္ မိုးေခါင္မႈ တာရွည္တာ၊ ေရႀကီးတာနဲ႔ ရာသီဥတု ျပင္းထန္လြန္းတာေတြဟာ မဲေခါင္ ေျမနိမ့္ ျမစ္ဝွမ္းနိုင္ငံေတြ အဓိက ၾကဳံေတြ႕ေနရတဲ့ ျပႆနာေတြ ျဖစ္တယ္ လို႔လည္းေကာ္မရွင္ ႏွစ္စဥ္ အစီရင္ခံစာမွာ ပါရွိပါတယ္။ ဒါ့အျပင္၊ စားဝတ္ေနေရးအတြက္ ​မဲေခါင္ျမစ္ႀကီးကို မွီခိုအားထားေနရတဲ့ လူ သန္း ၇၀ အတြက္လည္း စားနပ္ရိကၡာဖူလုံေရး ျပႆနာ ထြက္ေပၚ လာခဲ့တယ္လို႔လည္း ဆိုပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ပစိဖိတ္ သမုဒၵရာထဲက EL NINO ေရစီးေၾကာင္းလိုပဲ အိႏၵိယ သမုဒၵရာထဲ DIPOLE လို႔ေခၚတဲ့ ဥတုအေျခအေနက မိုးေခါင္တာနဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာပါတယ္။ ကမၻာႀကီး ပူေႏြးလာတက လည္း အဲဒီ DIPOLE က အေျခအေနကို ပိုၿပီး ဆိုးရြား ေစတာေၾကာင့္ အရင္က အိႏၵိယ သမုဒၵရာထဲက DIPOLE က ၁၇ ေက်ာ္မွာ တခါေပၚတာ ျဖစ္ေပမဲ့ အခုေတာ့ ၆ ႏွစ္ေက်ာ္မွာ တခါ ျဖစ္လာလိမ့္မယ္လို႔ သိပၸံ ပညာရွင္ေတြက ခန္႔မွန္း တြက္ခ်က္ေနပါတယ္။

ဥတုရာသီ ေျပာင္းလဲတာနဲ႔ မဲေခါင္ျမစ္ေပၚ ဆည္တမံ တည္ေဆာက္တာႏွစ္ခုကို ဒြန္တြဲလိုက္တဲ့အခါမွာေတာ့ သိပ္ကို အင္မတန္မ်ားတဲ့ အေျခအေန ေရာက္ရွိသြားခဲ့ပါတယ္။

မဲေခါင္ျမစ္ေၾကာင္းတစ္ေလၽွာက္ တည္ေဆာက္ဖို႔ စီစဥ္ထားတဲ့ ဆည္တမံ စုစုေပါင္း ၁၄၀ ေလာက္ရွိၿပီး အမ်ားစုက တ႐ုတ္နိုင္ငံထဲမွာ ျဖစ္ပါတယ္။ ျမစ္ေၾကတစ္ေလၽွာက္ ေရနည္းရတာက ဆည္ေတြ တည္ေဆာက္လို႔ဆိုတဲ့ အခ်က္ကို တ႐ုတ္နိုင္ငံက ျငင္းဆိုထားပါတယ္။

Eyes On Earth INC သုေတသန ကုမၸဏီကလည္း ဧၿပီလတုန္းက တ႐ုတ္နိုင္ငံဟာ မဲေခါင္ျမစ္ သဘာဝအတိုင္း စီးဆင္းမႈကို ကန္႔သတ္ၿပီး တာတမံေတြနဲ႔ ျမစ္ေရကို သိုေလွာင္ခဲ့ တယ္လို႔ အစီရင္ခံထားပါတယ္။ အဲဒီ အစီရင္ခံစာကို တ႐ုတ္တို႔ လက္မခံပဲ ျငင္းဆို ထားေပမဲ့ မႏွစ္က မုတ္သုန္ရာသီမွာ မဲေခါင္ျမစ္ ေရမ်က္ႏွာ ျပင္က ၂. ၅ မီတာ သာရွိတာမို႔ ပုံမွန္ ၇.၅ မီတာရဲ့ ၃ ပုံ ၁ ပုံသာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာအပါအဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေမှာ မိုးရွာသွန်းမှုလျော့ကျ

(Unicode)

အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို မုတ်သုန်မိုး စတင်ဝင်ရောက်ချိန်မှာပဲ မဲခေါင်မြစ်ကြောင်းတစ်လျှောက်က လယ်သမားတွေနဲ့ ငါးဖမ်း တံငါ တွေ မိုးကို မျှော်နေကြရပြီ ဖြစ်ပါတယ်။ မဲခေါင်မြစ်ကြီးဟာ ဥတုရာသီ ပြောင်းလဲမှုနဲ့ မြစ်တလျှောက် ဆည်တမံတွေ တည်ဆောက် တာကြောင့် ဒီနှစ် မြစ်ရေမျက်နှာပြင်က နှစ် ၆၀ အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်လို့ သွားခဲ့ပါတယ်။

မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေထဲ ဖြတ်ကျော်စီးဆင်းတဲ့ မဲခေါင်မြစ် မြေနိမ့် မြစ်ဝှမ်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလနဲ့ နှိုင်းစာရင် ဒီနှစ် မေလ မိုးရွာသွန်းမှုက ၆၈ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ မဲခေါင်မြစ် ကော်မရှင်က ပြောပါတယ်။ ဇွန်လ မှာတော့ မနှစ်ကထက် ၇၃ ရာခိုင်နှုန်း ပိုနည်းသွားလို့ အခြေအနေ ပိုဆိုးသွားခဲ့ရပါတယ်။ ဒါကြောင့် မိုးခေါင်မှု တာရှည်တာ၊ ရေကြီးတာနဲ့ ရာသီဥတု ပြင်းထန်လွန်းတာတွေဟာ မဲခေါင် မြေနိမ့် မြစ်ဝှမ်းနိုင်ငံတွေ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာတွေ ဖြစ်တယ် လို့လည်းကော်မရှင် နှစ်စဉ် အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒါ့အပြင်၊ စားဝတ်နေရေးအတွက် မဲခေါင်မြစ်ကြီးကို မှီခိုအားထားနေရတဲ့ လူ သန်း ၇၀ အတွက်လည်း စားနပ်ရိက္ခာဖူလုံရေး ပြဿနာ ထွက်ပေါ် လာခဲ့တယ်လို့လည်း ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ပစိဖိတ် သမုဒ္ဒရာထဲက EL NINO ရေစီးကြောင်းလိုပဲ အိန္ဒိယ သမုဒ္ဒရာထဲ DIPOLE လို့ခေါ်တဲ့ ဥတုအခြေအနေက မိုးခေါင်တာနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ ကမ္ဘာကြီး ပူနွေးလာတက လည်း အဲဒီ DIPOLE က အခြေအနေကို ပိုပြီး ဆိုးရွား စေတာကြောင့် အရင်က အိန္ဒိယ သမုဒ္ဒရာထဲက DIPOLE က ၁၇ ကျော်မှာ တခါပေါ်တာ ဖြစ်ပေမဲ့ အခုတော့ ၆ နှစ်ကျော်မှာ တခါ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံ ပညာရှင်တွေက ခန့်မှန်း တွက်ချက်နေပါတယ်။

ဥတုရာသီ ပြောင်းလဲတာနဲ့ မဲခေါင်မြစ်ပေါ် ဆည်တမံ တည်ဆောက်တာနှစ်ခုကို ဒွန်တွဲလိုက်တဲ့အခါမှာတော့ သိပ်ကို အင်မတန်များတဲ့ အခြေအနေ ရောက်ရှိသွားခဲ့ပါတယ်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဆည်တမံ စုစုပေါင်း ၁၄၀ လောက်ရှိပြီး အများစုက တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။ မြစ်ကြေတစ်လျှောက် ရေနည်းရတာက ဆည်တွေ တည်ဆောက်လို့ဆိုတဲ့ အချက်ကို တရုတ်နိုင်ငံက ငြင်းဆိုထားပါတယ်။

Eyes On Earth INC သုတေသန ကုမ္ပဏီကလည်း ဧပြီလတုန်းက တရုတ်နိုင်ငံဟာ မဲခေါင်မြစ် သဘာဝအတိုင်း စီးဆင်းမှုကို ကန့်သတ်ပြီး တာတမံတွေနဲ့ မြစ်ရေကို သိုလှောင်ခဲ့ တယ်လို့ အစီရင်ခံထားပါတယ်။ အဲဒီ အစီရင်ခံစာကို တရုတ်တို့ လက်မခံပဲ ငြင်းဆို ထားပေမဲ့ မနှစ်က မုတ်သုန်ရာသီမှာ မဲခေါင်မြစ် ရေမျက်နှာ ပြင်က ၂. ၅ မီတာ သာရှိတာမို့ ပုံမှန် ၇.၅ မီတာရဲ့ ၃ ပုံ ၁ ပုံသာ ရှိပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG