သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုနိုင်ငံတွင်း မဲခေါင်မြစ်ပေါ်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးဖို့ တောင်းဆို


လာအိုနိုင်ငံ၊ Luang Prabang ဒေသကို ဖြတ်စီးနေသည့် မဲခေါင်မြစ်မြင်ကွင်း တစိတ်တပိုင်း။ မတ် ၄၊ ၂၀၁၁။
လာအိုနိုင်ငံ၊ Luang Prabang ဒေသကို ဖြတ်စီးနေသည့် မဲခေါင်မြစ်မြင်ကွင်း တစိတ်တပိုင်း။ မတ် ၄၊ ၂၀၁၁။

လာအိုနိုင်ငံမှာ မဲခေါင်မြစ်ကြောင်းကိုဖြတ်ပြီး ရေအားလျှပ်စစ်ထုတ်မယ့် Luang Prabang ရေကာတာ တည်ဆောက်ဖို့ အာဏာပိုင်တွေ အတည်ပြုပေးထားတာကို ဖျက်သိမ်းပေးဖို့ သဘာဝဝန်းကျင်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။

ဒီရေကာတာ တည်ဆောက်မယ်ဆိုရင် ဒီမြစ်ကြောင်းကို မှီခိုနေရတဲ့ မြစ်ကြောင်းအောက်ပိုင်းနေ သန်းနဲ့ချီတဲ့ ဒေသခံတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးကြပါတယ်။

ဒီရေကာတာတည်ဆောက်မှု စီမံကိန်းကို ပြန်လှန်သုံးသပ်ပြီး စိုးရိမ်မှုတွေရှိမရှိ တင်ပြဖို့ လာအိုနဲ့အတူ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် မဲခေါင်မြစ်ကြောင်းကော်မရှင် (MRC) ကို အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ၆ လကြာ အချိန်ပေးထားပါတယ်။

ဒါပေမယ့် ဒီလိုရေကာတာမျိုး ဆောက်လုပ်တဲ့ အရင်စီမံကိန်းတွေတုန်းက လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေနဲ့ အသက်မွေးကြတဲ့ ဒေသခံတွေအတွက် အထူးထိခိုက်မှုတွေ ကြုံခဲ့ကြရတာဖြစ်ပြီး အခုတခါမှာလည်း ထူးခြားမှုရှိလာမှာ မဟုတ်ဘူးလို့ သဘာဝဝန်းကျင်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

Luang Prabang ရေကာတာဟာ လာအိုနိုင်ငံရဲ့ ပင်မမြစ်ကြီးဖြစ်တဲ့ မဲခေါင်မှာ တည်ဆောက်မယ့် ပဉ္စမမြောက် ရေကာတာဖြစ်ပြီး အကြီးဆုံး ရေကာတာကြီး ဖြစ်ပါတယ်။ ဒီရေကာတာကနေ ရေအားလျှပ်စစ် မီဂါဝပ် ၁,၄၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။ ပထမဆုံး တည်ဆောက်ခဲ့တဲ့ Xayaburi ရေကာတာကနေ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ဒီလကုန်မှာ စတင်ရမှာ ဖြစ်ပါတယ်။

အရင်တည်ဆောက်ခဲ့တဲ့ ရေကာတာ ၄ ခု စလုံးအတွက် ဆန်းစစ်တဲ့ လုပ်ငန်းစဉ်တွေမှာ ကြီးမားတဲ့ဟာကွက်တွေ ရှိနေသလို ဒီလိုလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေအတွင်း ဒေသခံတွေအပေါ် သက်ရောက်မှုကို ထည့်မတွက်ခဲ့ကြဘူးလို့ ထိုင်းနိုင်ငံက နိုင်ငံတကာ မြစ်ကြောင်းများဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ Pianporn Deetes က ပြောပါတယ်။

MRC အဖွဲ့ဝင်တွေအနေနဲ့ ဒီစီမံကိန်းတိုင်းအတွက် သူတို့ရဲ့ မကျေနပ်ချက်ကို တင်ပြရုံပဲ တင်ပြခွင့်ရှိပြီး လုံးဝပယ်ဖျက်ခိုင်းခွင့် မရှိတဲ့အတွက် ဒီလို အကြံပေး သုံးသပ်မှုတွေဟာ ဘာမှ မအောင်မြင်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

--------------------------------

(Unicode)










XS
SM
MD
LG