သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ရေကာတာစီမံကိန်း တရုတ်ကာကွယ်


တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang
တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang

တရုတ်နိုင်ငံဟာ သူရဲ့ Lancang မဲခေါင် စီမံကိန်းနဲ့ ပတ်သက်လို့ သောကြာနေ့က ကာကွယ်ပြောဆိုလိုက် ပါတယ်။ မဲခေါင်မြစ်ကြောင်း တလျောက် တရုတ်ရဲ့ ကြီးမားတဲ့ ရေကာတာတည်ဆောက်ရေး စီမံကိန်း တွေ ကြောင့် မြစ်ရေ နဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို ဒေသခံတွေဘက်က စိုးရိမ်မကင်းဖြစ်မှုတွေ မြင့်မားနေပါတယ်။

Lancang မဲခေါင်မြစ်စီမံကိန်းတွေမှာ တရုတ်အပါအဝင် သူရဲ့ဒေသတွင်း မိတ်ဖက်နိုင်ငံတွေအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုတွေကို အမြဲပဲ အလေးပေး အာရုံစိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Geng Shuang က စက်တင်ဘာလ ၁၄ ရက်နေ့က ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်းပြောကြားခဲ့ပါတယ်။

မြစ်ရေကို ဖောက်ခွဲတာ၊ နောက် ဒီစီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ ကမ္ဘာ့စီးပွားရေးကိုထိန်းချုပ်ဖို့ မဟာဗျူဟာ အစိတ်အပိုင်းတခုဖြစ်တဲ့ One Belt, One Road တရုတ် ပိုးလမ်းမ စီမံကိန်းနဲ့ ဆက်စက်နေတယ် ဆိုတဲ့ အချက်တွေအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ စိုးရိမ်မကင်း ဖြစ်နေတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့တဲ့အပေါ်မှာ Geng Shuang က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်လို Lancang မဲခေါင် မြစ်အထက်ပိုင်းလို့ ခေါ်တဲ့ မိုင် ၂,၇၀၀ ရှည်လျားတဲ့ မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံ ကနေ စတင်စီးဆင်းပြီး မြန်မာ၊ လာအို၊ ထိုင်းနယ်စပ်တွေကို ဖြတ်သန်းပြီးနောက် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေထဲ စီးဆင်းတာဖြစ်ပါတယ်။ မြစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ တလျှောက် နေထိုင်တဲ့ ဒေသခံတွေအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို မဲခေါင်မြစ်ကြီးအနေနဲ့ နှစ်ပေါင်း ထောင်နဲ့ချီ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်း အရင်ကတခါမှမရှိဘူးတဲ့ သြဇာကြီးမားမှုကို ပိုပြီးရလာတဲ့တရုတ်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ကြောင်း တလျောက် ရေကာတာ၊ ဆည်မြောင်းနဲ့ ရေကြောင်းသွားလာရေး စတဲ့ စီမံကိန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG