သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ေၾကာင့္ မဲေခါင္ျမစ္ေအာက္ပိုင္းမွာ မိုးေခါင္ေရရွား ျဖစ္ရေၾကာင္း အစီရင္ခံစာ ေထာက္ျပ


တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္အတြင္း တည္ရွိသည့္ မဲေခါင္ျမစ္အေပၚမွ ဆည္တခု။

(Zawgyi / Unicode)

မဲေခါင္ျမစ္ေၾကာင္း အေပၚပိုင္းမွာ တ႐ုတ္ဘက္က အလြန္အကြ်ံ ေရသိုေလွာင္မႈေၾကာင့္ မဲေခါင္ျမစ္ေၾကာင္း ေအာက္ပိုင္းႏုိင္ငံေတြမွာ မိုးေခါင္ေရရွားမႈ ျဖစ္ရတယ္ဆုိတဲ့ ေလ့လာခ်က္အေၾကာင္း Reuters ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံက ေရကာတာေတြမွာ ေရသိုေလွာင္မႈ မ်ားခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ အတြင္း မဲေခါင္ျမစ္ေအာက္ပိုင္း ႏုိင္ငံေတြမွာ မိုးေခါင္ေရရွား ျဖစ္ခဲ့ေပမယ့္ တ႐ုတ္မွာေတာ့ ပံုမွန္ထက္ စိုစြတ္ခဲ့တယ္လို႔ အေမရိကန္ သုေတသနလုပ္ငန္း တခုက ဧၿပီလ ၁၃ ရက္ေန႔မွာ ေလ့လာခ်က္ကို ထုတ္ျပန္လုိက္တာပါ။

မဲေခါင္ျမစ္ ေရွ႕ေရး ဆုေတာင္းပြဲ
please wait

No media source currently available

0:00 0:02:24 0:00
တိုက္႐ိုက္ လင့္ခ္

အေမရိကန္အေျခစိုက္ Stimson Center အေရွ႕ေတာင္အာရွ အစီအစဥ္ ညႊန္ၾကားေရးမွဴး Brian Eyler က အခုလုိ ေျပာပါတယ္။

"မုတ္သံုရာသီအတြင္း တ႐ုတ္ရဲ႕ အလြန္အကြ်ံ ေရသိုေလွာင္မႈေၾကာင့္ တ႐ုတ္ႏုိင္ငံတြင္း မဲေခါင္ျမစ္ အထက္ပိုင္းမွာ ေရစီးဆင္းမႈ ေလ်ာ့နည္းခဲ့ၿပီး မဲေခါင္ျမစ္ ေအာက္ပိုင္းကလည္း ေရခန္းေျခာက္သြားတာ ျဖစ္တယ္။”

သုေတသနလုပ္ငန္း Eyes on Earth Inc., ရဲ႕ ေလ့လာေတြ႔ရွိခ်က္ဟာဆိုရင္ တ႐ုတ္နဲ႔ တျခား မဲေခါင္ျမစ္ေၾကာင္းတေလွ်ာက္ ႏုိင္ငံေတြၾကား မဲေခါင္ျမစ္ခြဲေ၀မႈ အေပၚ ေဆြးေႏြးမႈေတြမွာ ပိုၿပီး ခက္ခဲသြားေစႏုိင္ပါတယ္။ တ႐ုတ္အစိုးရဘက္ကေတာ့ ဒီ သုေတသန ေတြ႔ရွိခ်က္ကို ပယ္ခ်လိုက္ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း မိုးရြာသြန္းမႈ နည္းတာေၾကာင့္သာ တ႐ုတ္ျပည္တြင္း မဲေခါင္ျမစ္ အထက္ပိုင္းကေန ေရစီးဆင္းမႈ နည္းတာလို႔ တုံ႔ျပန္ပါတယ္။ Stimson Center အေရွ႕ေတာင္အာရွ အစီအစဥ္ ညႊန္ၾကားေရးမွဴး Brian Eyler ကေတာ့

“ေျခာက္ေသြ႔ရာသီဥတုအတြင္း တ႐ုတ္ေၾကာင့္ ျဖစ္ရတာက ၄၀ ရာခုိင္ႏႈန္း ပါတယ္လို႔ ေလ႔လာခ်က္ေတြက ေတြ႔ရပါတယ္။ အလြန္အမင္း ေျခာက္ေသြ႔တဲ့ ရာသီ ဒါမွမဟုတ္လည္း မိုးေခါင္ေရရွားမႈ ျဖစ္ရတာရဲ႕ ၄၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ေၾကာင့္ ျဖစ္ရတယ္ဆိုတာ ေတြ႔ႏုိင္ပါတယ္။ ျမစ္ေရစီးဆင္းမႈ ထက္၀က္ေက်ာ္ေလာက္ထိ ေလ်ာ့က်ေစခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္” လုိ႔ ေျပာပါတယ္။

မဲေခါင္ျမစ္ေၾကာင္းေအာက္ပိုင္း ႏုိင္ငံေတြထဲမွာ လာအို၊ ျမန္မာ၊ ထိုင္း၊ ကေမၻာဒီးယားနဲ႔ ဗီီယက္နမ္ႏုိင္ငံတို႔ ပါ၀င္ၿပီး ျမစ္ေၾကာင္းတေလွ်ာက္ မွီခိုေနထိုင္သူေပါင္း သန္း ၆၀ ေလာက္ ရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက မဲေခါင္ျမစ္ ေအာက္ပိုင္းေဒသ မိုးေခါင္ေရရွားမႈဟာဆိုရင္ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း အဆိုးရြားဆံုး ျဖစ္ခဲ့ၿပီး လယ္သမားေတြနဲ႔ ငါးဖမ္းသမားေတြ ဒုကၡေတြ႔ခဲ့ၾကၿပီး ျမစ္ေၾကာင္းတေလွ်ာက္မွာလည္း သဲေသာင္ေတြ ျဖစ္ေပၚခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ထဲက စိုစြတ္မႈႏႈန္းက ပံုမွန္ထက္ ပိုမ်ားခဲ့ေပမယ့္လည္း တ႐ုတ္နဲ႔ နယ္ခ်င္းဆက္ေနတဲ့ ထိုင္း၊ လာအို နယ္စပ္က မဲေခါင္ျမစ္ေရကေတာ့ ပံုမွန္ရွိရမယ့္ ျမစ္ေရထက္ ၁၀ ေပေက်ာ္ နိမ့္က်ခဲ့တယ္လို႔ ေလ႔လာမႈက ေတြ႔ရွိထားတာပါ။ တ႐ုတ္ႏုိင္ငံတြင္း ေရကာတာေတြက မိုးရာသီမွာ ေရသိုေလွာင္ၿပီး ေျခာက္ေသြ႔ရာသီေရာက္ရင္ ႏုိင္ငံတြင္းမွာ ျပန္ၿပီး ေရျဖန္႔ေ၀ေပးတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

တရုတ်ကြောင့် မဲခေါင်မြစ်အောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်ရကြောင်း အစီရင်ခံစာ ထောက်ပြ

မဲခေါင်မြစ်ကြောင်း အပေါ်ပိုင်းမှာ တရုတ်ဘက်က အလွန်အကျွံ ရေသိုလှောင်မှုကြောင့် မဲခေါင်မြစ်ကြောင်း အောက်ပိုင်းနိုင်ငံတွေမှာ မိုးခေါင်ရေရှားမှု ဖြစ်ရတယ်ဆိုတဲ့ လေ့လာချက်အကြောင်း Reuters ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက ရေကာတာတွေမှာ ရေသိုလှောင်မှု များခဲ့တာကြောင့် ၂၀၁၉ ခုနှစ် အတွင်း မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံတွေမှာ မိုးခေါင်ရေရှား ဖြစ်ခဲ့ပေမယ့် တရုတ်မှာတော့ ပုံမှန်ထက် စိုစွတ်ခဲ့တယ်လို့ အမေရိကန် သုတေသနလုပ်ငန်း တခုက ဧပြီလ ၁၃ ရက်နေ့မှာ လေ့လာချက်ကို ထုတ်ပြန်လိုက်တာပါ။

အမေရိကန်အခြေစိုက် Stimson Center အရှေ့တောင်အာရှ အစီအစဉ် ညွှန်ကြားရေးမှူး Brian Eyler က အခုလို ပြောပါတယ်။

"မုတ်သုံရာသီအတွင်း တရုတ်ရဲ့ အလွန်အကျွံ ရေသိုလှောင်မှုကြောင့် တရုတ်နိုင်ငံတွင်း မဲခေါင်မြစ် အထက်ပိုင်းမှာ ရေစီးဆင်းမှု လျော့နည်းခဲ့ပြီး မဲခေါင်မြစ် အောက်ပိုင်းကလည်း ရေခန်းခြောက်သွားတာ ဖြစ်တယ်။”

သုတေသနလုပ်ငန်း Eyes on Earth Inc., ရဲ့ လေ့လာတွေ့ရှိချက်ဟာဆိုရင် တရုတ်နဲ့ တခြား မဲခေါင်မြစ်ကြောင်းတလျှောက် နိုင်ငံတွေကြား မဲခေါင်မြစ်ခွဲဝေမှု အပေါ် ဆွေးနွေးမှုတွေမှာ ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်။ တရုတ်အစိုးရဘက်ကတော့ ဒီ သုတေသန တွေ့ရှိချက်ကို ပယ်ချလိုက်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း မိုးရွာသွန်းမှု နည်းတာကြောင့်သာ တရုတ်ပြည်တွင်း မဲခေါင်မြစ် အထက်ပိုင်းကနေ ရေစီးဆင်းမှု နည်းတာလို့ တုံ့ပြန်ပါတယ်။ Stimson Center အရှေ့တောင်အာရှ အစီအစဉ် ညွှန်ကြားရေးမှူး Brian Eyler ကတော့

“ခြောက်သွေ့ရာသီဥတုအတွင်း တရုတ်ကြောင့် ဖြစ်ရတာက ၄၀ ရာခိုင်နှုန်း ပါတယ်လို့ လေ့လာချက်တွေက တွေ့ရပါတယ်။ အလွန်အမင်း ခြောက်သွေ့တဲ့ ရာသီ ဒါမှမဟုတ်လည်း မိုးခေါင်ရေရှားမှု ဖြစ်ရတာရဲ့ ၄၀ ရာခိုင်နှုန်းဟာ တရုတ်ကြောင့် ဖြစ်ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မြစ်ရေစီးဆင်းမှု ထက်ဝက်ကျော်လောက်ထိ လျော့ကျစေခဲ့တာလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

မဲခေါင်မြစ်ကြောင်းအောက်ပိုင်း နိုင်ငံတွေထဲမှာ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး မြစ်ကြောင်းတလျှောက် မှီခိုနေထိုင်သူပေါင်း သန်း ၆၀ လောက် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက မဲခေါင်မြစ် အောက်ပိုင်းဒေသ မိုးခေါင်ရေရှားမှုဟာဆိုရင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ ဒုက္ခတွေ့ခဲ့ကြပြီး မြစ်ကြောင်းတလျှောက်မှာလည်း သဲသောင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက စိုစွတ်မှုနှုန်းက ပုံမှန်ထက် ပိုများခဲ့ပေမယ့်လည်း တရုတ်နဲ့ နယ်ချင်းဆက်နေတဲ့ ထိုင်း၊ လာအို နယ်စပ်က မဲခေါင်မြစ်ရေကတော့ ပုံမှန်ရှိရမယ့် မြစ်ရေထက် ၁၀ ပေကျော် နိမ့်ကျခဲ့တယ်လို့ လေ့လာမှုက တွေ့ရှိထားတာပါ။ တရုတ်နိုင်ငံတွင်း ရေကာတာတွေက မိုးရာသီမှာ ရေသိုလှောင်ပြီး ခြောက်သွေ့ရာသီရောက်ရင် နိုင်ငံတွင်းမှာ ပြန်ပြီး ရေဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG