သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆယ္စုႏွစ္ ၄ ခုအတြင္း ထိုင္းမွာ အဆိုးရြားဆံုး မိုးေခါင္ေရရွားမႈနဲ႔ ႀကံဳေတြ႔ေနရ


ထုိင္းတြင္ ပ်က္စီးေနသည့္ ဆည္ေျမာင္းတခုကုိ ျပင္ဆင္ေနသည့္ အလုပ္သမားမ်ား။ (မတ္ ၂၈၊ ၂၀၁၆)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံဟာ စံခ်ိန္တင္ မုိးေခါင္ေရရွား ျပႆနာကို ရင္ဆိုင္ေနရတာေၾကာင့္ လယ္သမားေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ေရေခၽြတာသုံးစြဲေရး နည္းလမ္း ရွာေနၾကပါတယ္။

ထိုင္းႏိုင္ငံသားတခ်ဳိ႕ ဘုံဘိုင္ကေန ေရထုတ္ယူခ်ိန္မွာ ေရငံေတြ ထြက္လာတာေၾကာင့္ ေရမ်က္ႏွာျပင္ နိမ့္ေနတဲ့ ထုိင္းႏိုင္ငံ ျမစ္ေခ်ာင္းေတြနဲ႔ ေရေလွာင္ကန္ေတြထဲကို ပင္လယ္ဆားငံေရေတြ စိမ့္ဝင္ေနတာကို သတိျပဳမိတဲ့အတြက္ မုိးေခါင္ေရရွားမႈေၾကာင့္ အေရွ႕ေတာင္အာရွရဲ႕ ႏိုင္ငံတခုအေနနဲ႔ ႏွစ္ေပါင္း ၄၀ အတြင္း အဆိုးရြားဆုံး အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

ေမလကေန ေအာက္တိုဘာထိ ၾကာတတ္တဲ့ မုတ္သုန္မိုးရာသီဟာ ၂၀၁၉ တုန္းက ထုိင္းႏိုင္ငံကို ၂ ပတ္ေနာက္က်ၿပီးမွ ဝင္ေရာက္ခဲ့ၿပီး ရာသီကာလ မကုန္ဆုံးခင္ ၃ ပတ္ေစာၿပီး အဆုံးသတ္သြားခဲ့တာေၾကာင့္ ထုိင္းႏိုင္ငံဟာ ခါတိုင္းလို မုိးေရ အလုံအေလာက္ မရခဲ့ဘူးလို႔ မဲေခါင္ျမစ္ ေကာ္မရွင္က ေျပာပါတယ္။

မိုးေခါင္တာေၾကာင့္ လယ္ယာ ေရခန္းေျခာက္တာ၊ ေရအား ဓာတ္အားေပးစက္႐ုံေတြ ေရနည္းၿပီး လွ်ပ္စစ္မီးထုတ္ဖို႔ ခက္ခဲလာမွာ စတဲ့ ၿခိမ္းေျခာက္မႈေတြ ရွိေနခ်ိန္မွာပဲ ကို႐ုိနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ ထုိင္းႏိုင္ငံ စီးပြားေရး ထိခိုက္က်ဆင္းမႈကလည္း ျဖစ္ေနပါတယ္။

ေရရွားမႈျပႆနာ ေျဖရွင္းေရးအတြက္ ထုိင္းအစိုးရက ေရစီမံခန္႔ခြဲေရးစင္တာတခု တည္ေထာင္လိုက္ၿပီး အဲဒီအတြက္ အေမရိကန္ေဒၚလာ သန္း ၁၉၀ သုံးစြဲဖို႔ ျပင္ဆင္ထားပါတယ္။ မုိးေခါင္ေရရွားတဲ့ ေရျပႆနာကို ေျဖရွင္းဖို႔ ၂၀၁၆ ခုႏွစ္ထဲမွာ ေဒၚလာ ၁ ဘီလ်ံေက်ာ္ ကုန္က်ခဲ့တာေၾကာင့္ ထုိင္းအစိုးရဟာ ခုလို ေရအတြက္ ရင္းႏွီးျမႇဳပ္ႏွံေနတာပါ။

တိဘက္ကုန္းေျမျမင့္ကေန စတင္စီးဆင္းလာတဲ့ မဲေခါင္ျမစ္ဟာ အထက္ပိုင္း တ႐ုတ္၊ လာအို စတဲ့ႏိုင္ငံေတြ ျဖတ္ၿပီး ေအာက္ဘက္ ထိုင္းႏိုင္ငံထဲကုိ ျဖတ္သန္း စီးဆင္းေနတာပါ။ ဒါေပမယ့္ ျမစ္ညႇာအပုိင္းကိုပိတ္ၿပီး တ႐ုတ္ႏိုင္ငံက ေရကာတာေတြ တည္ေဆာက္ထားတာေၾကာင့္ ထိုင္းႏိုင္ငံထဲ ေရာက္ခ်ိန္မွာ မဲေခါင္ျမစ္ေရက အေတာ္ေလး နိမ့္က်ေနတဲ့ အေျခအေနမွာ ရွိတာကို ထုိင္းႏိုင္ငံက တ႐ုတ္အစိုးရနဲ႔ ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ဆယ်စုနှစ် ၄ ခုအတွင်း ထိုင်းမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့နေရ

ထိုင်းနိုင်ငံဟာ စံချိန်တင် မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတာကြောင့် လယ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရေချွေတာသုံးစွဲရေး နည်းလမ်း ရှာနေကြပါတယ်။

ထိုင်းနိုင်ငံသားတချို့ ဘုံဘိုင်ကနေ ရေထုတ်ယူချိန်မှာ ရေငံတွေ ထွက်လာတာကြောင့် ရေမျက်နှာပြင် နိမ့်နေတဲ့ ထိုင်းနိုင်ငံ မြစ်ချောင်းတွေနဲ့ ရေလှောင်ကန်တွေထဲကိုပင်လယ်ဆားငံရေတွေ စိမ့်ဝင်နေတာကို သတိပြုမိတဲ့အတွက် မိုးခေါင်ရေရှားမှုကြောင့် အရှေ့တောင်အာရှရဲ့ နိုင်ငံတခုအနေနဲ့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မေလကနေ အောက်တိုဘာထိ ကြာတတ်တဲ့ မုတ်သုန်မိုးရာသီဟာ ၂၀၁၉ တုန်းက ထိုင်းနိုင်ငံကို ၂ ပတ်နောက်ကျပြီးမှ ဝင်ရောက်ခဲ့ပြီး ရာသီကာလ မကုန်ဆုံးခင် ၃ ပတ်စောပြီး အဆုံးသတ်သွားခဲ့တာကြောင့် ထိုင်းနိုင်ငံဟာ ခါတိုင်းလို မိုးရေ အလုံအလောက် မရခဲ့ဘူးလို့ မဲခေါင်မြစ် ကော်မရှင်က ပြောပါတယ်။

မိုးခေါင်တာကြောင့် လယ်ယာ ရေခန်းခြောက်တာ၊ ရေအား ဓာတ်အားပေးစက်ရုံတွေ ရေနည်းပြီး လျှပ်စစ်မီးထုတ်ဖို့ ခက်ခဲလာမှာ စတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ထိုင်းနိုင်ငံ စီးပွားရေး ထိခိုက်ကျဆင်းမှုကလည်း ဖြစ်နေပါတယ်။

ရေရှားမှုပြဿနာ ဖြေရှင်းရေးအတွက် ထိုင်းအစိုးရက ရေစီမံခန့်ခွဲရေးစင်တာတခု တည်ထောင်လိုက်ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၉၀ သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။ မိုးခေါင်ရေရှားတဲ့ ရေပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ခုနှစ်ထဲမှာ ဒေါ်လာ ၁ ဘီလျံကျော် ကုန်ကျခဲ့တာကြောင့် ထိုင်းအစိုးရဟာ ခုလို ရေအတွက်ရင်းနှီးမြှုပ်နှံနေတာပါ။

တိဘက်ကုန်းမြေမြင့်ကနေ စတင်စီးဆင်းလာတဲ့ မဲခေါင်မြစ်ဟာ အထက်ပိုင်း တရုတ်၊ လာအို စတဲ့နိုင်ငံတွေ ဖြတ်ပြီး အောက်ဘက် ထိုင်းနိုင်ငံထဲကို ဖြတ်သန်း စီးဆင်းနေတာပါ။ ဒါပေမယ့် မြစ်ညှာအပိုင်းကိုပိတ်ပြီး တရုတ်နိုင်ငံကရေကာတာတွေ တည်ဆောက်ထားတာကြောင့် ထိုင်းနိုင်ငံထဲ ရောက်ချိန်မှာမဲခေါင်မြစ်ရေက အတော်လေး နိမ့်ကျနေတဲ့ အခြေအနေမှာ ရှိတာကို ထိုင်းနိုင်ငံက တရုတ်အစိုးရနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG