သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ယ္ေဂါင္က ျမန္မာပုိင္ ကုန္စည္ပုိ႔ေဆာင္ေရးဂိတ္ေတြ တရုတ္ပိတ္မည္


တရုတ္-ျမန္မာ နယ္စပ္ မူဆယ္ဂိတ္ တေနရာ

(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္၊ က်ယ္ေခါင္ၿမိဳ႕ ထဲက ျမန္မာလူမ်ိဳးပိုင္ ကုန္စည္ပို႔ေဆာင္ေရး ဂိတ္ေတြကို တ႐ုတ္ႏိုင္ငံသားနဲ႔ အစုစပ္လုပ္မွသာ လုပ္ငန္းလုပ္ခြင့္ျပဳေတာ့မယ္လို႔ တ႐ုတ္ဘက္က ညႊန္ၾကားခ်က္ထုတ္လုိက္တဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ တင္ျပထားပါတယ္။

တ႐ုတ္ က်ယ္ေခါင္ၿမိဳ႕ထဲက ျမန္မာလူမ်ိဳးပိုင္တဲ့ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းေတြ ပိတ္သိမ္းေပးဖို႔နဲ႔ လုပ္ငန္းဆက္လည္ပတ္မယ္ဆိုရင္ တ႐ုတ္လူမ်ိဳးတေယာက္ကို အစုစပ္ထည့္ၿပီးမွ ျပန္လုပ္ခြင့္ျပဳမယ္လို႔ တ႐ုတ္တာဝန္ရွိသူေတြက ေျပာလိုက္ပါတယ္။ မလိုက္နာရင္ အေရးယူမယ္လို႔လည္း တ႐ုတ္- ျမန္မာ ႏွစ္ဘာသာနဲ႔ ေရးသားထားတဲ့ စာမ်က္ႏွာ ၇ မ်က္ႏွာပါ ညႊန္ၾကားခ်က္ကို ျမန္မာလုပ္ငန္းရွင္ေတြထံ ယူနန္အာဏာပိုင္ေတြက ေပးပို႔ခဲ့တာျဖစ္ပါတယ္။

မူဆယ္ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဝင္းေအာင္ခန႔္ကေတာ့ တ႐ုတ္အာဏာပုိင္ေတြရဲ႕ အဂၤါေန႔က ထုတျ္ပန္လုိက္တဲ့ ညႊန္ၾကားခ်က္ကုိ လက္မခံႏုိင္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ ဟုတ္တယ္ဗ်၊ သူက ျမန္မာႏိုင္ငံသားကို လက္မခံေတာ့တာ။ သူတို႔တ႐ုတ္ႏိုင္ငံသားပါမွ လိုင္စင္ေလွ်ာက္လို႔ရမယ္၊ ၿပီးရင္ သူတို႔တ႐ုတ္ႏိုင္ငံသားကိုလည္း အစုရွယ္ယာအေနနဲ႔ ၅၀ ရာခိုင္ႏႈန္း အထက္ေပါ့ တဝက္ေက်ာ္ေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ လုပ္ခိုင္းတာဗ်။ Free Trade Zone မွာ က်ေနာ္တို႔ေတြ ႏွစ္ႏိုင္ငံ အလုပ္လုပ္ၾကတာ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ လက္ခံလို႔ မရဘူးေပါ့ဗ်ာ။ အဲဒါေတြကို လက္ခံလိုက္ရင္ က်ေနာ္တို႔လည္း အလုပ္လုပ္လို႔ မရေတာ့ဘူး။ “

ညႊန္ၾကားခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာကုန္စည္ပို႔ေဆာင္ေရးအသင္းေတြက တ႐ုတ္အာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းဖို႔ ျပင္ဆင္ေနၾကပါတယ္။ တ႐ုတ္ႏုိင္ငံက တာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ အခါ ကုန္ဂိတ္လုပ္ငန္းလိုင္စင္ကို ျမန္မာႏိုင္ငံသားမွတ္ပုံတင္နဲ႔ လုပ္ငန္းေလွ်ာက္ခြင့္ျပဳဖို႔၊ ကုန္ဂိတ္တာဝန္ရွိသူ အာမခံနဲ႔ ျမန္မာလုပ္သားေတြ ထားရွိခြင့္ျပဳေပးဖို႔၊ တ႐ုတ္ႏိုင္ငံရဲ႕ စည္းကမ္းခ်က္ေတြအတိုင္း စစ္ေဆးၿပီး လူဝင္၊ လူထြက္ခြင့္ ျပဳေပးႏိုင္ဖို႔အပါအဝင္ အခ်က္ငါးခ်က္ကို တင္ျပဖုိ႔ ရွိတယ္လုိ႔လည္း မူဆယ္ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဝင္းေအာင္ခန႔္က ေျပာပါတယ္။

တ႐ုတ္ျပည္ထဲက အိမ္ေဆာက္ပစၥည္း၊ လွ်ပ္စစ္ပစၥည္း၊ အထည္လိပ္၊ စားေသာက္ကုန္နဲ႔ တျခားအေထြေထြ ပစၥည္းေတြကို ဒီျမန္မာပိုင္တဲ့ ကုန္ကားဂိတ္ေတြက တဆင့္ ျမန္မာျပည္တြင္းကို ပို႔ေပးေနတာပါ။

တ႐ုတ္ျပည္ က်ယ္ေဂါင္ၿမိဳ႕ထဲမွာ ျမန္မာနာမည္နဲ႔ ကုန္စည္ပို႔ေဆာင္ေရးဂိတ္ ၁၀၀ ေက်ာ္ရွိၿပီး ဒါကို ယူနန္အစိုးရက လုပ္ငန္းလိုင္စင္ ခ်ေပးထားသလို က်သင့္တဲ့ အခြန္လည္းေပးရပါတယ္။ တ႐ုတ္ႏိုင္ငံတြင္းမွာရွိေပမဲ့လည္း ျမန္မာပိုင္ဂိတ္ေတြျဖစ္လို႔ ျပည္တြင္းကို တ႐ုတ္ကုန္ေတြ ပို႔တဲ့အခါ အဆင္ေျပေနတာျဖစ္ၿပီး အခုလို ျမန္မာတဦးတည္း ပိုင္ဆိုင္မႈကို လက္မခံေတာ့ေၾကာင္း ေျပာလုိက္တဲ့အတြက္ အခက္အခဲေတြ ႀကဳံလာႏိုင္ေၾကာင္း မူဆယ္ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ေဝဖန္လိုက္ပါတယ္။

“တ႐ုတ္ႏိုင္ငံသားတေယာက္ကို ရွယ္ယာထည့္မွ ဒီဂိတ္ေတြကို ဆက္လက္ဖြင့္ခြင့္ေပးမယ္ဆိုၿပီး တ႐ုတ္အစိုးရက အမိန႔္ထြက္လိုက္တယ္၊ အဲဒါကို ၁၀ ရက္အတြင္းမွာ ေလွ်ာက္လႊာတင္ရမယ္၊ နာမည္ေျပာင္းရမယ္၊ တ႐ုတ္ႏိုင္ငံသားနဲ႔ ဖက္စပ္လုပ္ရမယ္ဆိုတာ ဒါသက္သက္ ကိုယ့္ေဝစုထဲက ထက္ဝက္ေပးလိုက္တဲ့ ပုံစံေပါ့။ အဲဒီအတြက္ကေတာ့ မေကာင္းပါဘူး၊ မလုပ္သင့္ဘူး။”

တ႐ုတ္တာဝန္ရွိသူေတြ ထုတ္ျပန္တဲ့ေၾကညာစာထဲမွာ ျမန္မာကုန္စည္ပို႔ေဆာင္ေရးဂိတ္ေတြ ပါဝင္သလို၊ တ႐ုတ္လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ျမန္မာလုပ္သားကိုေပါက္ေဖာ္ကဒ္လို႔ေခၚတဲ့ ယာယီေနထိုင္ အလုပ္လုပ္ခြင့္လက္မွတ္ မရွိဘဲ ထိန္းသိမ္းထားရင္ ဒဏ္ေငြအေျမာက္အမ်ား ေပးေဆာင္ရမယ္လို႔လည္းေရးသားထားပါတယ္။ ဩဂုတ္လ ၁၁ရက္ ကလည္း တ႐ုတ္အေရွ႕ပိုင္း Shandong ျပည္နယ္က အသားထုတ္လုပ္တဲ့စက္႐ုံ ၂ခုက ျမန္မာလုပ္သား ၉၀၀ ေလာက္ကို တ႐ုတ္ရဲ အမ်ားအျပားက ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး စစ္ေဆးေမးျမန္းခဲ့ပါတယ္။

ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံဟာ အိမ္နီးခ်င္း ႏိုင္ငံေတြျဖစ္တဲ့အတြက္ ကုန္သြယ္ေရးနဲ႔ လုပ္သားေစလႊတ္မႈေတြ အဆင္ေျပေအာင္ ႏွစ္ဘက္ညႇိႏိုင္းၿပီး ေဆာင္႐ြက္သင့္ၿပီလို႔ ကုန္သည္အသိုင္းအဝန္းကေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကျယ်ဂေါင်က မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ တရုတ်ပိတ်မည်

(Unicode)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ခေါင်မြို့ ထဲက မြန်မာလူမျိုးပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားနဲ့ အစုစပ်လုပ်မှသာ လုပ်ငန်းလုပ်ခွင့်ပြုတော့မယ်လို့ တရုတ်ဘက်က ညွှန်ကြားချက်ထုတ်လိုက်တဲ့ အကြောင်းပြောပြပါမယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။

တရုတ် ကျယ်ခေါင်မြို့ထဲက မြန်မာလူမျိုးပိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်သိမ်းပေးဖို့နဲ့ လုပ်ငန်းဆက်လည်ပတ်မယ်ဆိုရင် တရုတ်လူမျိုးတယောက်ကို အစုစပ်ထည့်ပြီးမှ ပြန်လုပ်ခွင့်ပြုမယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ မလိုက်နာရင် အရေးယူမယ်လို့လည်း တရုတ်- မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ စာမျက်နှာ ၇ မျက်နှာပါ ညွှန်ကြားချက်ကို မြန်မာလုပ်ငန်းရှင်တွေထံ ယူနန်အာဏာပိုင်တွေက ပေးပို့ခဲ့တာဖြစ်ပါတယ်။

မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်ကတော့ တရုတ်အာဏာပိုင်တွေရဲ့ အင်္ဂါနေ့က ထုြတ်ပန်လိုက်တဲ့ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ဟုတ်တယ်ဗျ၊ သူက မြန်မာနိုင်ငံသားကို လက်မခံတော့တာ။ သူတို့တရုတ်နိုင်ငံသားပါမှ လိုင်စင်လျှောက်လို့ရမယ်၊ ပြီးရင် သူတို့တရုတ်နိုင်ငံသားကိုလည်း အစုရှယ်ယာအနေနဲ့ ၅၀ ရာခိုင်နှုန်း အထက်ပေါ့ တဝက်ကျော်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ခိုင်းတာဗျ။ Free Trade Zone မှာ ကျနော်တို့တွေ နှစ်နိုင်ငံ အလုပ်လုပ်ကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ လက်ခံလို့ မရဘူးပေါ့ဗျာ။ အဲဒါတွေကို လက်ခံလိုက်ရင် ကျနော်တို့လည်း အလုပ်လုပ်လို့ မရတော့ဘူး။ “

ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာကုန်စည်ပို့ဆောင်ရေးအသင်းတွေက တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေကြပါတယ်။ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့ အခါ ကုန်ဂိတ်လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ လုပ်ငန်းလျှောက်ခွင့်ပြုဖို့၊ ကုန်ဂိတ်တာဝန်ရှိသူ အာမခံနဲ့ မြန်မာလုပ်သားတွေ ထားရှိခွင့်ပြုပေးဖို့၊ တရုတ်နိုင်ငံရဲ့ စည်းကမ်းချက်တွေအတိုင်း စစ်ဆေးပြီး လူဝင်၊ လူထွက်ခွင့် ပြုပေးနိုင်ဖို့အပါအဝင် အချက်ငါးချက်ကို တင်ပြဖို့ ရှိတယ်လို့လည်း မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

တရုတ်ပြည်ထဲက အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်လိပ်၊ စားသောက်ကုန်နဲ့ တခြားအထွေထွေ ပစ္စည်းတွေကို ဒီမြန်မာပိုင်တဲ့ ကုန်ကားဂိတ်တွေက တဆင့် မြန်မာပြည်တွင်းကို ပို့ပေးနေတာပါ။

တရုတ်ပြည် ကျယ်ဂေါင်မြို့ထဲမှာ မြန်မာနာမည်နဲ့ ကုန်စည်ပို့ဆောင်ရေးဂိတ် ၁၀၀ ကျော်ရှိပြီး ဒါကို ယူနန်အစိုးရက လုပ်ငန်းလိုင်စင် ချပေးထားသလို ကျသင့်တဲ့ အခွန်လည်းပေးရပါတယ်။ တရုတ်နိုင်ငံတွင်းမှာရှိပေမဲ့လည်း မြန်မာပိုင်ဂိတ်တွေဖြစ်လို့ ပြည်တွင်းကို တရုတ်ကုန်တွေ ပို့တဲ့အခါ အဆင်ပြေနေတာဖြစ်ပြီး အခုလို မြန်မာတဦးတည်း ပိုင်ဆိုင်မှုကို လက်မခံတော့ကြောင်း ပြောလိုက်တဲ့အတွက် အခက်အခဲတွေ ကြုံလာနိုင်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဝေဖန်လိုက်ပါတယ်။

“တရုတ်နိုင်ငံသားတယောက်ကို ရှယ်ယာထည့်မှ ဒီဂိတ်တွေကို ဆက်လက်ဖွင့်ခွင့်ပေးမယ်ဆိုပြီး တရုတ်အစိုးရက အမိန့်ထွက်လိုက်တယ်၊ အဲဒါကို ၁၀ ရက်အတွင်းမှာ လျှောက်လွှာတင်ရမယ်၊ နာမည်ပြောင်းရမယ်၊ တရုတ်နိုင်ငံသားနဲ့ ဖက်စပ်လုပ်ရမယ်ဆိုတာ ဒါသက်သက် ကိုယ့်ဝေစုထဲက ထက်ဝက်ပေးလိုက်တဲ့ ပုံစံပေါ့။ အဲဒီအတွက်ကတော့ မကောင်းပါဘူး၊ မလုပ်သင့်ဘူး။”

တရုတ်တာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ကြေညာစာထဲမှာ မြန်မာကုန်စည်ပို့ဆောင်ရေးဂိတ်တွေ ပါဝင်သလို၊ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့လည်း မြန်မာလုပ်သားကိုပေါက်ဖော်ကဒ်လို့ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ ထိန်းသိမ်းထားရင် ဒဏ်ငွေအမြောက်အများ ပေးဆောင်ရမယ်လို့လည်းရေးသားထားပါတယ်။ ဩဂုတ်လ ၁၁ရက် ကလည်း တရုတ်အရှေ့ပိုင်း Shandong ပြည်နယ်က အသားထုတ်လုပ်တဲ့စက်ရုံ ၂ခုက မြန်မာလုပ်သား ၉၀၀ လောက်ကို တရုတ်ရဲ အများအပြားက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့အတွက် ကုန်သွယ်ရေးနဲ့ လုပ်သားစေလွှတ်မှုတွေ အဆင်ပြေအောင် နှစ်ဘက်ညှိနိုင်းပြီး ဆောင်ရွက်သင့်ပြီလို့ ကုန်သည်အသိုင်းအဝန်းကပြောကြပါတယ်။

XS
SM
MD
LG