သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကီးထြားလာတဲ့ ကန္-တ႐ုတ္ တင္းမာမႈအေပၚ အျမင္တခ်ဳိ႕ 


(Zawgyi/Unicode)

ကမာၻ႔အင္အားႀကီး ၂ ႏုိင္ငံျဖစ္တဲ့ တ႐ုတ္နဲ႔ အေမရိကန္ၾကား သံတမန္ေရး တင္းမာမႈေတြဟာ ျမန္မာႏုိင္ငံကုိပါ ႐ုိက္ခတ္လာေနတဲ့အေၾကာင္း ဒီတပတ္ သတင္းေထာက္မွတ္စု အစီအစဥ္မွာ ကုိမုိးေဇာ္ တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံလည္း အပါအ၀င္ျဖစ္တဲ့ အင္ဒို-ပစိဖိတ္ေဒသမွာ ၾသဇာအရွိန္အ၀ါ လြန္ဆဲြေနၾကတဲ့ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား မၾကာေသးခင္ သီတင္းပတ္ေတြ အတြင္းမွာပဲ သံတမန္ေရးအရ အားၿပိဳင္မႈေတြကုိ ထင္ထင္ရွားရွား ေတြ႔ခဲ့ရတာပါ။ ျမန္မာႏုိင္ငံအေပၚ တ႐ုတ္အစုိးရရဲ႕ ခ်ဥ္းကပ္ပုံဟာ အခြင့္အေရးရဖုိ႔သက္သက္ ျဖစ္တယ္ဆုိၿပီး ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္သံ႐ုံး တာ၀န္ခံက ေဆာင္းပါးတေစာင္ ေရးခဲ့တာကုိ တ႐ုတ္သံအမတ္က ခ်က္ခ်င္းဆုိသလုိ အျပင္းအထန္ တုံ႔ျပန္ခဲ့သလုိ ဒီတပတ္တည္းမွာပဲ တ႐ုတ္ကြန္ျမဴနစ္ပါတီအာေဘာ္ Global Times သတင္းစာမွာလည္း တ႐ုတ္-ျမန္မာ ဆက္ဆံေရးဟာ ပုိၿပီးေတာ့ေတာင္ ခုိင္မာလာေနတယ္ဆုိၿပီး တ႐ုတ္သံအမတ္ႀကီးက ေဆာင္းပါးတေစာင္ ထပ္ေရးခဲ့ပါတယ္။

ဒီလုိ သံတမန္ေရး တင္းမာမႈေတြဟာ ျမန္မာႏုိင္ငံမွာသာမက ေဒသတြင္း ႏုိင္ငံတခ်ဳိ႕မွာပါ သိသိသာသာ ေတြ႔လာရေပမယ့္ စစ္ေရးအရ ထိပ္တုိက္ အေျခအေနမ်ဳိး အထိေတာ့ မျဖစ္ႏုိင္ဘူးလုိ႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

“စစ္ေရးအရ ပဋိပကၡျဖစ္တဲ့အထိေတာ့ ဦးတည္မသြားႏိုင္ဘူးလုိ႔ က်ေနာ္ျမင္တယ္။ အေမရိကန္ေရာ၊ တ႐ုတ္ေရာ ႏွစ္ႏိုင္ငံစလံုးဟာ သူတုိ႔ရဲ႕ အက်ိဳးစီးပြားကို ေရွ႕တန္းတင္ၿပီးေတာ့ ဗ်ဴဟာေတြကို ေဖာ္ေဆာင္ေနတဲ့ အခါက်ေတာ့ ႏွစ္ႏိုင္ငံလံုးနစ္နာမယ့္ လမ္းေၾကာင္းကို တတ္ႏိုင္သမွ် ေရွာင္ၿပီးေတာ့ ေဒသတြင္းမွာ သူတုိ႔ရဲ႕ မဟာဗ်ဴဟာ ရပ္တည္မႈနဲ႔ သူတို႔ရဲ႕ အက်ိဳးစီးပြားအတြက္ကို အေကာင္းဆံုး ေဖာ္ေဆာင္မယ့္ အေနအထား ရိွတဲ့အခါက်ေတာ့ စစ္ေအးကာလ ၿပိဳင္ဆုိင္မႈရဲ႕ ပံုစံသစ္တခု ျဖစ္လာေကာင္း ျဖစ္လာႏိုင္တယ္လို႔ေတာ့ သံုးသပ္ပါတယ္။”

ေတာင္တ႐ုတ္ပင္လယ္မွာ နယ္ေျမပုိင္ဆုိင္မႈအတြက္ ေဒသတြင္းႏုိင္ငံတခ်ဳိ႕နဲ႔ အျငင္းပြားေနခ်ိန္မွာ ၂ ႏုိင္ငံစလုံးက စစ္အင္အားျပတဲ့ လုပ္ရပ္ေတြကုိပါ ေတြ႔လာေနရတာပါ။ ဒီလုိအခ်ိန္မ်ဳိးမွာ အင္အားႀကီး ၂ ႏုိင္ငံၾကား အားၿပိဳင္မႈေတြဟာ ျမန္မာႏုိင္ငံ အပါအ၀င္ ေဒသတြင္း ႏုိင္ငံေတြက ပဋိပကၡေတြကုိ ႀကီးထြားေအာင္ အားေပးတဲ့ အေျခအေနမ်ဳိးကုိ ဦးတည္ႏုိင္တဲ့အႏၱရာယ္ ရွိတယ္လုိ႔လည္း ႏုိင္ငံေရး၊ စစ္ေရး အကဲခတ္ ဦးေမာင္ေမာင္စိုးက ေထာက္ျပပါတယ္။

“တ႐ုတ္နဲ႔ အေမရိကန္ စစ္ေရးတင္းမာမႈက က်ေနာ္ထင္တယ္ ျပင္းျပင္းထန္ထန္ ျဖစ္လာဖို႔က ခုနက က်ေနာ္ေျပာသလို ေလးငါးဆယ္ႏွစ္ေတာ့ လုိပါေသးတယ္။ သို႔ေသာ္ ဒီၾကားထဲမွာ စစ္ေရးအရိွန္ျမင့္လာရင္ ဘာျဖစ္တတ္သလဲဆုိေတာ့ ႏိုင္ငံႀကီးေတြရဲ႕ စစ္ေအးတုိက္ပဲြမွာ ေဒသတြင္းမွာ Proxy war ေလးေတြ ျဖစ္တတ္တယ္။ Proxy war ေလးေတြ ျဖစ္မယ္ဆုိရင္ က်ေနာ္တို႔ သတိထားဖို႔ လုိတာက က်ေနာ္တုိ႔တုိင္းျပည္ဟာ လက္နက္ကိုင္အဖဲြ႔ ၂၀ ေလာက္ ရိွတဲ့အခါက်ေတာ့ Proxy war ျဖစ္ဖို႔ အေရွ႕ေတာင္အာရွ ၁၀ ႏိုင္ငံထဲမွာ ေရခံေျမခံ အေကာင္းဆံုးႏိုင္ငံ ျဖစ္ေနတာကို။ အဲေတာ့ ဒီအခ်က္ကိုေတာ့ က်ေနာ္တုိ႔က အထူးဂ႐ုျပဳၿပီးေတာ့ ဒီ Proxy war ေတြ ေပၚမလာေအာင္၊ ေပၚလာရင္လည္း ေျဖရွင္းႏိုင္ေအာင္ ျပင္ဖုိ႔ေတာ့လုိမယ္။”

တ႐ုတ္ႏုိင္ငံဟာ ျမန္မာႏုိင္ငံမွာ အရင္ စစ္အာဏာရွင္ေတြ လက္ထက္ကစ ႏုိင္ငံေရး၊ စီးပြားေရးအရ ၾသဇာေညာင္းတယ္လုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ယူဆထားၾကပါတယ္။ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ ဦးေဆာင္တဲ့ အရပ္သားအစုိးရ တက္လာၿပီးေနာက္မွာလည္း တ႐ုတ္ႏုိင္ငံက ဆက္ဆံေရးေတြ ဆက္လက္ တည္ေဆာက္ေနရာမွာ ဒီႏွစ္ဆန္းတုန္းက တ႐ုတ္သမၼတ Xi Jinping ကုိယ္တုိင္ ျမန္မာႏုိင္ငံကုိ လာခဲ့တဲ့အထိပါ။ ျမန္မာႏုိင္ငံမွာ စစ္ေခါင္းေဆာင္ေတြ အုပ္ခ်ဳပ္မႈေအာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ ပိတ္ဆုိ႔ဒဏ္ခတ္ ဖိအားေပးခဲ့တဲ့ အေမရိကန္ အပါအ၀င္ အေနာက္ႏုိင္ငံေတြကေတာ့ အရပ္သားအစုိးရလက္ထက္ ဆက္ဆံေရးေတြ ခုိင္မာေအာင္ စတင္ တည္ေဆာက္လာၾကပါတယ္။ ဒါေပမယ့္လည္း အင္အားႀကီး ၂ ႏုိင္ငံၾကား အားၿပိဳင္မႈေတြ ႀကီးထြားလာေနတာနဲ႔အမွ် ပထ၀ီ၀င္ႏုိင္ငံေရးအရ အခ်က္အခ်ာက်တဲ့ ႏုိင္ငံတခုျဖစ္တဲ့ ျမန္မာႏုိင္ငံအေနနဲ႔ ႀကိဳတင္တြက္ခ်က္ ျပင္ဆင္ထားဖုိ႔ လုိမယ္လုိ႔ ဦးေမာင္ေမာင္စုိးက ယူဆပါတယ္။

“တ႐ုတ္ျပည္နဲ႔ပတ္သက္ၿပီး ပင္လယ္လမ္းေၾကာင္း ထိန္းခ်ဳပ္ဖို႔ဆုိရင္ ၂ ခုျဖစ္တာကိုး။ တစ္က ေတာင္တ႐ုတ္ပင္လယ္ ျဖစ္တယ္။ တခုက အိႏိၵယသမုဒၵရာ ျဖစ္တယ္။ ဒီ အိႏိၵယသမုဒၵရာဘက္ျခမ္းနဲ႔ ပတ္သက္လာရင္ ျမန္မာျပည္က အေရးႀကီးတဲ့ အေနအထားမွာ ေရာက္ေနပါတယ္။ ဒီအေျခအေနမွာ က်ေနာ္တို႔က မဟာဗ်ဴဟာအရ ဘယ္လုိတံု႔ျပန္မလဲဆုိတာ စနစ္တက် ေရးဆဲြၿပီးေတာ့ တံု႔ျပန္ဖို႔ လုိအပ္မယ္ေတာ့ ထင္ပါတယ္။”

အေမရိကန္ျပည္ေထာင္စုမွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနခ်ိန္မွာပဲ တ႐ုတ္နဲ႔ အေမရိကန္ႏုိင္ငံၾကား အားၿပိဳင္မႈေတြ အရွိန္ျမင့္လာေနတာပါ။ အေမရိကန္သမၼတ Donald Trump လက္ထက္မွာ တ႐ုတ္ႏုိင္ငံနဲ႔ ႏုိင္ငံေရး၊ စီးပြားေရးအရ အျငင္းပြားစရာေတြ ဆက္တုိက္ႀကံဳခဲ့ရတာေၾကာင့္ ဒီလုိအားၿပိဳင္မႈေတြဟာ ေရြးေကာက္ပဲြလြန္ ကာလအထိ ဆက္လက္ေတြ႔ျမင္ရဦးမယ့္ အလားအလာေတြ ရွိေနတယ္လုိ႔လည္း ႏုိင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ျမင္ပါတယ္။

“လတ္တေလာ အေမရိကန္နဲ႔ တ႐ုတ္အၾကား ျဖစ္လာတဲ့ ေဒသတြင္း တင္းမာမႈေတြဟာ ေရရွည္ဆက္ၿပီးေတာ့ ျဖစ္မယ့္ အေနအထားလုိ႔ သံုးသပ္ပါတယ္။ ဒါဟာ အေမရိကန္ႏိုင္ငံရဲ႕ သမၼတေရြးေကာက္ပဲြအႀကိဳ မီး႐ွဴးမီးပန္း ေဖာက္႐ုံသက္သက္ မဟုတ္ဘူးလုိ႔ က်ေနာ္က ျမင္ပါတယ္။ ေနာက္ၿပီးေတာ့ အေမရိကန္ႏိုင္ငံထဲမွာလည္းပဲ တ႐ုတ္ရဲ႕အႏၱရာယ္၊ တ႐ုတ္ရဲ႕ လႊမ္းမုိးမႈအေပၚမွာ စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ သတိႀကီးႀကီးထားမႈေတြဟာ အစိုးရထဲမွာေရာ၊ လႊတ္ေတာ္ထဲမွာေရာ၊ ပညာတတ္ အသိုင္းအ၀ိုင္းမွာေရာ၊ ေနာက္ လူမႈအဖဲြ႔အစည္းထဲမွာေရာ ျမင့္တက္လာတဲ့ အေနအထားကေတာ့ သိသာျမင္သာပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ အေမရိကန္ရဲ႕ တ႐ုတ္အေပၚ ခ်ဥ္းကပ္မႈအသစ္ဟာ ေရရွည္သြားမယ့္ မဟာဗ်ဴဟာေျမာက္ ေျခလွမ္းတခုျဖစ္တယ္လုိ႔ ျမင္ပါတယ္။”

တ႐ုတ္နဲ႔ အေမရိကန္ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံအၾကားက ျဖစ္ေပၚလာတဲ့ ၿပိဳင္ဆုိင္မႈကို အင္အားခ်ိန္ခြင္လွ်ာ ညႇိႏိႈင္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံက သူ႔ရဲ႕ လက္ရိွ ႏိုင္ငံတကာ ဆက္ဆံေရးမူ၀ါဒ၊ နည္းနာနဲ႔ ဗ်ဴဟာေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ျပန္ၿပီး သံုးသပ္ဖုိ႔ လုိအပ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား မၾကာေသးခင္က သံတမန္ေရးအရ အေခ်အတင္ ျဖစ္စရာေတြ ႀကံဳခဲ့ရၿပီး ေနာက္မွာေတာ့ ျမန္မာအစုိးရက ဘက္မလုိက္တဲ့ မူ၀ါဒကုိ ဆက္လက္ကုိင္ဆဲြထားမွာျဖစ္ေၾကာင္း ေျပာဆုိထားတာပါ။ ဒါေပမယ့္လည္း အင္အားႀကီး ၂ ႏုိင္ငံၾကား အားၿပိဳင္မႈေတြဟာ တ႐ုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္း ျမန္မာႏုိင္ငံ အေပၚမွာလည္း မလဲြမေသြ ႐ုိက္ခတ္လာႏုိင္တာေၾကာင့္ သက္သာရာရေအာင္ တိက်တဲ့ ျပင္ဆင္မႈေတြ လုိေနၿပီလုိ႔လည္း အကဲခတ္ေတြက ယူဆေနၾကတာကို ဒီတပတ္ သတင္းေထာက္မွတ္စု အစီအစဥ္ကေန တင္ျပလုိက္ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................

ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့
(Unicode)

ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး တင်းမာမှုတွေဟာ မြန်မာနိုင်ငံကိုပါ ရိုက်ခတ်လာနေတဲ့အကြောင်း ဒီတပတ် သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုမိုးဇော် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ သြဇာအရှိန်အဝါ လွန်ဆွဲနေကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာပဲ သံတမန်ရေးအရ အားပြိုင်မှုတွေကို ထင်ထင်ရှားရှား တွေ့ခဲ့ရတာပါ။ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရရဲ့ ချဉ်းကပ်ပုံဟာ အခွင့်အရေးရဖို့သက်သက် ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး တာဝန်ခံက ဆောင်းပါးတစောင် ရေးခဲ့တာကို တရုတ်သံအမတ်က ချက်ချင်းဆိုသလို အပြင်းအထန် တုံ့ပြန်ခဲ့သလို ဒီတပတ်တည်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာမှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ ပိုပြီးတော့တောင် ခိုင်မာလာနေတယ်ဆိုပြီး တရုတ်သံအမတ်ကြီးက ဆောင်းပါးတစောင် ထပ်ရေးခဲ့ပါတယ်။

ဒီလို သံတမန်ရေး တင်းမာမှုတွေဟာ မြန်မာနိုင်ငံမှာသာမက ဒေသတွင်း နိုင်ငံတချို့မှာပါ သိသိသာသာ တွေ့လာရပေမယ့် စစ်ရေးအရ ထိပ်တိုက် အခြေအနေမျိုး အထိတော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“စစ်ရေးအရ ပဋိပက္ခဖြစ်တဲ့အထိတော့ ဦးတည်မသွားနိုင်ဘူးလို့ ကျနော်မြင်တယ်။ အမေရိကန်ရော၊ တရုတ်ရော နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ ဗျူဟာတွေကို ဖော်ဆောင်နေတဲ့ အခါကျတော့ နှစ်နိုင်ငံလုံးနစ်နာမယ့် လမ်းကြောင်းကို တတ်နိုင်သမျှ ရှောင်ပြီးတော့ ဒေသတွင်းမှာ သူတို့ရဲ့ မဟာဗျူဟာ ရပ်တည်မှုနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက်ကို အကောင်းဆုံး ဖော်ဆောင်မယ့် အနေအထား ရှိတဲ့အခါကျတော့ စစ်အေးကာလ ပြိုင်ဆိုင်မှုရဲ့ ပုံစံသစ်တခု ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်ပါတယ်။”

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုအတွက် ဒေသတွင်းနိုင်ငံတချို့နဲ့ အငြင်းပွားနေချိန်မှာ ၂ နိုင်ငံစလုံးက စစ်အင်အားပြတဲ့ လုပ်ရပ်တွေကိုပါ တွေ့လာနေရတာပါ။ ဒီလိုအချိန်မျိုးမှာ အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေဟာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေက ပဋိပက္ခတွေကို ကြီးထွားအောင် အားပေးတဲ့ အခြေအနေမျိုးကို ဦးတည်နိုင်တဲ့အန္တရာယ် ရှိတယ်လို့လည်း နိုင်ငံရေး၊ စစ်ရေး အကဲခတ် ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

“တရုတ်နဲ့ အမေရိကန် စစ်ရေးတင်းမာမှုက ကျနော်ထင်တယ် ပြင်းပြင်းထန်ထန် ဖြစ်လာဖို့က ခုနက ကျနော်ပြောသလို လေးငါးဆယ်နှစ်တော့ လိုပါသေးတယ်။ သို့သော် ဒီကြားထဲမှာ စစ်ရေးအရှိန်မြင့်လာရင် ဘာဖြစ်တတ်သလဲဆိုတော့ နိုင်ငံကြီးတွေရဲ့ စစ်အေးတိုက်ပွဲမှာ ဒေသတွင်းမှာ Proxy war လေးတွေ ဖြစ်တတ်တယ်။ Proxy war လေးတွေ ဖြစ်မယ်ဆိုရင် ကျနော်တို့ သတိထားဖို့ လိုတာက ကျနော်တို့တိုင်းပြည်ဟာ လက်နက်ကိုင်အဖွဲ့ ၂၀ လောက် ရှိတဲ့အခါကျတော့ Proxy war ဖြစ်ဖို့ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲမှာ ရေခံမြေခံ အကောင်းဆုံးနိုင်ငံ ဖြစ်နေတာကို။ အဲတော့ ဒီအချက်ကိုတော့ ကျနော်တို့က အထူးဂရုပြုပြီးတော့ ဒီ Proxy war တွေ ပေါ်မလာအောင်၊ ပေါ်လာရင်လည်း ဖြေရှင်းနိုင်အောင် ပြင်ဖို့တော့လိုမယ်။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အရင် စစ်အာဏာရှင်တွေ လက်ထက်ကစ နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေးတွေ ဆက်လက် တည်ဆောက်နေရာမှာ ဒီနှစ်ဆန်းတုန်းက တရုတ်သမ္မတ Xi Jinping ကိုယ်တိုင် မြန်မာနိုင်ငံကို လာခဲ့တဲ့အထိပါ။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပိတ်ဆို့ဒဏ်ခတ် ဖိအားပေးခဲ့တဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ အရပ်သားအစိုးရလက်ထက် ဆက်ဆံရေးတွေ ခိုင်မာအောင် စတင် တည်ဆောက်လာကြပါတယ်။ ဒါပေမယ့်လည်း အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ ပထဝီဝင်နိုင်ငံရေးအရ အချက်အချာကျတဲ့ နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကြိုတင်တွက်ချက် ပြင်ဆင်ထားဖို့ လိုမယ်လို့ ဦးမောင်မောင်စိုးက ယူဆပါတယ်။

“တရုတ်ပြည်နဲ့ပတ်သက်ပြီး ပင်လယ်လမ်းကြောင်း ထိန်းချုပ်ဖို့ဆိုရင် ၂ ခုဖြစ်တာကိုး။ တစ်က တောင်တရုတ်ပင်လယ် ဖြစ်တယ်။ တခုက အိန္ဒိယသမုဒ္ဒရာ ဖြစ်တယ်။ ဒီ အိန္ဒိယသမုဒ္ဒရာဘက်ခြမ်းနဲ့ ပတ်သက်လာရင် မြန်မာပြည်က အရေးကြီးတဲ့ အနေအထားမှာ ရောက်နေပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က မဟာဗျူဟာအရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စနစ်တကျ ရေးဆွဲပြီးတော့ တုံ့ပြန်ဖို့ လိုအပ်မယ်တော့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား အားပြိုင်မှုတွေ အရှိန်မြင့်လာနေတာပါ။ အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ အငြင်းပွားစရာတွေ ဆက်တိုက်ကြုံခဲ့ရတာကြောင့် ဒီလိုအားပြိုင်မှုတွေဟာ ရွေးကောက်ပွဲလွန် ကာလအထိ ဆက်လက်တွေ့မြင်ရဦးမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။

“လတ်တလော အမေရိကန်နဲ့ တရုတ်အကြား ဖြစ်လာတဲ့ ဒေသတွင်း တင်းမာမှုတွေဟာ ရေရှည်ဆက်ပြီးတော့ ဖြစ်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြို မီးရှူးမီးပန်း ဖောက်ရုံသက်သက် မဟုတ်ဘူးလို့ ကျနော်က မြင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံထဲမှာလည်းပဲ တရုတ်ရဲ့အန္တရာယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ သတိကြီးကြီးထားမှုတွေဟာ အစိုးရထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ ပညာတတ် အသိုင်းအဝိုင်းမှာရော၊ နောက် လူမှုအဖွဲ့အစည်းထဲမှာရော မြင့်တက်လာတဲ့ အနေအထားကတော့ သိသာမြင်သာပါတယ်။ အဲဒီအတွက်ကြောင့်မို့ အမေရိကန်ရဲ့ တရုတ်အပေါ် ချဉ်းကပ်မှုအသစ်ဟာ ရေရှည်သွားမယ့် မဟာဗျူဟာမြောက် ခြေလှမ်းတခုဖြစ်တယ်လို့ မြင်ပါတယ်။”

တရုတ်နဲ့ အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံအကြားက ဖြစ်ပေါ်လာတဲ့ ပြိုင်ဆိုင်မှုကို အင်အားချိန်ခွင်လျှာ ညှိနှိုင်ဖို့ဆိုရင် မြန်မာနိုင်ငံက သူ့ရဲ့ လက်ရှိ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒ၊ နည်းနာနဲ့ ဗျူဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မကြာသေးခင်က သံတမန်ရေးအရ အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရပြီး နောက်မှာတော့ မြန်မာအစိုးရက ဘက်မလိုက်တဲ့ မူဝါဒကို ဆက်လက်ကိုင်ဆွဲထားမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ်မှာလည်း မလွဲမသွေ ရိုက်ခတ်လာနိုင်တာကြောင့် သက်သာရာရအောင် တိကျတဲ့ ပြင်ဆင်မှုတွေ လိုနေပြီလို့လည်း အကဲခတ်တွေက ယူဆနေကြတာကို ဒီတပတ် သတင်းထောက်မှတ်စု အစီအစဉ်ကနေ တင်ပြလိုက်ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG