သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဟူစတန္ၿမိဳ႕ တ႐ုတ္ေကာင္စစ္ဝန္႐ုံး အပိတ္ခံရ


အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္၊ ဟူစတန္ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္႐ံုး။ (ဇူလိုင္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Morgan Ortagus
ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Morgan Ortagus

အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္၊ ဟူစတန္ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္႐ံုးကုိ ပိတ္ဖို႔ ၫႊန္ၾကားထားတယ္လုိ႔ ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Morgan Ortagus က ဒီကေန႔ေျပာပါတယ္။

"အေမရိကန္ ဥာဏပစၥည္း မူပိုင္ခြင့္နဲ႔ အေမရိကန္ႏိုင္ငံက ပုဂၢလိကက႑ သတင္းအခ်က္အလက္ေတြကို ကာကြယ္ဖို႔အတြက္ ဟူစတန္ၿမိဳ႕က တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံရဲ႕ ေကာင္စစ္ဝန္႐ံုးကို ပိတ္ဖို႔ ၫႊန္ၾကားထားပါတယ္။" လို႔ ေျပာခြင့္ရ Ortagus က အီးေမးလ္နဲ႔ေပးပို႔တဲ့ ထုတ္ျပန္ခ်က္မွာ ေျပာထားတဲ့အေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ေကာင္စစ္ဝန္႐ံုးကိုပိတ္ဖို႔ အေမရိကန္က ႐ုတ္တရက္ေျပာခဲ့တယ္လုိ႔ တ႐ုတ္ႏုိင္ငံက အေစာပိုင္းမွာ ေျပာခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ ႏုိင္ငံျခားေရးဌာနဘက္က အခုလို အတည္ျပဳလိုက္တာပါ။

သံုးရက္အတြင္း ေကာင္စစ္ဝန္႐ံုးကို ပိတ္ရမယ္လုိ႔ အေမရိကန္က ေျပာထားေၾကာင္းလည္း တ႐ုတ္ ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ဒီလိုပိတ္ခိုင္းတဲ့အေပၚ အျပင္းအထန္ ကန္႔ကြက္တယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရးဌာနကေျပာၿပီး လက္တုံ႔ျပန္မယ္လုိ႔လည္း ၿခိမ္းေျခာက္ထားပါတယ္။

"ဒီ မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ကို ခ်က္ျခင္း ျပန္႐ုပ္သိမ္းဖို႔ အေမရိကန္ကို က်ေနာ္တို႔ တိုက္တြန္းပါတယ္။ ဒီလို မွားယြင္းတဲ့လမ္းေၾကာင္းအတိုင္း ဆက္သြားမယ္ဆုိရင္ေတာ့ တ႐ုတ္ႏုိင္ငံအေနနဲ႔ အခိုင္အမာ တံု႔ျပန္သြားမွာျဖစ္ပါတယ္။" လို႔ တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin က ဒီကေန႔လုပ္တဲ့ ပံုမွန္သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ တ႐ုတ္ႏုိင္ငံ၊ ဝူးဟန္ၿမိဳ႕ကေန ကို႐ိုနာဗိုင္းရပ္စ္ပိုး စၿပီးပ်ံ႕ႏွံ႔ကူးစက္ခဲ့ခ်ိန္ကတည္းက အေမရိကန္နဲ႔ တ႐ုတ္ၾကား ဆက္ဆံေရး က်ဆင္းလာေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းကပဲ ျမန္မာႏုိင္ငံအပါအဝင္ အေရွ႕ေတာင္အာရွေဒသ ႏုိင္ငံေတြမွာရွိတဲ့ အေမရိကန္သံ႐ံုး တာဝန္ရွိသူေတြက ေဒသတြင္းမွာ တ႐ုတ္ႏုိင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ ေဝဖန္ထားတဲ့ ေဆာင္းပါးေတြ ေရးသားထုတ္ေဝခဲ့ၿပီး တရုတ္ သံအဖြဲ႔ေတြဘက္ကလည္း အျပင္းအထန္ တံု႔ျပန္ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Morgan Ortagus က ဒီကနေ့ပြောပါတယ်။

"အမေရိကန် ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အမေရိကန်နိုင်ငံက ပုဂ္ဂလိကကဏ္ဍ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ဟူစတန်မြို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားပါတယ်။" လို့ ပြောခွင့်ရ Ortagus က အီးမေးလ်နဲ့ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်က ရုတ်တရက်ပြောခဲ့တယ်လို့ တရုတ်နိုင်ငံက အစောပိုင်းမှာ ပြောခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာနဘက်က အခုလို အတည်ပြုလိုက်တာပါ။

သုံးရက်အတွင်း ကောင်စစ်ဝန်ရုံးကို ပိတ်ရမယ်လို့ အမေရိကန်က ပြောထားကြောင်းလည်း တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီလိုပိတ်ခိုင်းတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနကပြောပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin
တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin

"ဒီ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ရုပ်သိမ်းဖို့ အမေရိကန်ကို ကျနော်တို့ တိုက်တွန်းပါတယ်။ ဒီလို မှားယွင်းတဲ့လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာ တုံ့ပြန်သွားမှာဖြစ်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ဒီနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူးဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး စပြီးပျံ့နှံ့ကူးစက်ခဲ့ချိန်ကတည်းက အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ကျဆင်းလာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထားတဲ့ ဆောင်းပါးတွေ ရေးသားထုတ်ဝေခဲ့ပြီး တရုတ် သံအဖွဲ့တွေဘက်ကလည်း အပြင်းအထန် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG