သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္က ကန္ ေကာင္စစ္၀န္ရုံးတခ်ဳိ႕ ပိတ္ေတာ့မလား


Shenyang ရွိ ကန္ ေကာင္စစ္၀န္ရုံး

(Zawgyi/Unicode)

အေမရိကန္ႏုိင္ငံ၊ Texas ျပည္နယ္၊ Houston ၿမိဳ႕မွာရွိတဲ့ တရုတ္ေကာင္စစ္၀န္ရုံးကုိ ပိတ္ပစ္ဖုိ႔ အေမရိကန္က အမိန္႔ထုတ္လုိက္ၿပီးတဲ့ေနာက္ တရုတ္တုိ႔ဘက္ကလည္း လက္စားေခ်တဲ့အေနနဲ႔ အေမရိကန္ေကာင္စစ္၀န္ရုံးတခ်ဳိ႕ ပိတ္ပစ္ဖုိ႔ ညြန္ၾကားခ်က္ ထြက္လာႏုိင္တယ္လုိ႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။ ပိတ္ဖုိ႔ ျဖစ္ႏုိင္ေျခရွိတဲ့ေနရာေတြကေတာ့ Shengyang ဒါမွမဟုတ္ Wuhan ၿမိဳ႕က ေကာင္စစ္၀န္ရုံးေတြ ျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ တရုတ္လူမႈကြန္ယက္ေတြနဲ႔ Twitter တုိ႔မွာလည္း အေမရိကန္ကုိ ခပ္နာနာေလး ျပန္လက္စားေခ်ဖုိ႔ ေတာင္းဆုိ အႀကံျပဳမႈေတြ ထြက္ေပၚေနတာမွာ သမၼတ Donald Trump က ေနာက္ထပ္ တရုတ္ေကာင္စစ္၀န္ရုံးေတြ ပိတ္ပစ္ဖုိ႔ ေျပာဆုိမႈေတြ ရွိေနတာေၾကာင့္ ေဟာင္ေကာင္မွာရွိတဲ့ အေမရိကန္ေကာင္စစ္၀န္ရုံးကုိ ပိတ္ပစ္ဖုိ႔ ေတာင္းဆုိမႈေတြလည္း ပါ၀င္ပါတယ္။

အျပန္အလွန္ ေကာင္စစ္၀န္ရုံးပိတ္တာေတြ အရွိန္ျမင့္ ျဖစ္ေပၚလာရင္ တရုတ္-အေမရိကန္ ဆက္ဆံေရးဟာ အေျခအေန ပုိဆုိးသြားႏုိင္ၿပီး ဒီထက္ပုိဆုိးတဲ့ အေျခအေနေတြပါ ျဖစ္လာႏုိင္တယ္လုိ႔ ဗီြအုိေအက ေမးျမန္းထားတဲ့ သုေတသီ ၂ ဦးက သုံးသပ္ပါတယ္။

အေျခအေနေတြဟာ ပုိဆုိးလာၿပီး ဒါဟာ စစ္ေအးတုိက္ပြဲကုိ အေမရိကန္နဲ႔ တရုတ္တုိ႔က တဆင့္ျခင္း တုိးျမင့္ လုပ္ေဆာင္လာၾကတာလုိ႔ ေဟာင္ေကာင္အေျခစုိက္ ႏုိင္ငံေရးသုံးသပ္သူ Sang Pu က ေျပာပါတယ္။

တရုတ္-အေမရိကန္ ဆက္ဆံေရးဟာ ကုိရုိနာဗုိင္းရပ္စ္ စျဖစ္တဲ့အခ်ိန္၊ အထူးသျဖင့္ တရုတ္က ေဟာင္ေကာင္လုံၿခံဳေရး ဥပေဒကုိ ျပဌာန္းလုိက္ၿပီးတဲ့ေနာက္မွာ အနိမ့္ဆုံးအဆင့္ကုိ ေရာက္လာေၾကာင္း ေဘဂ်င္းၿမိဳ႕ Renmin တကၠသုိလ္က ႏုိင္ငံတကာဆက္ဆံေရး ပါေမာကၡ Shi Yinhong က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန်က အမိန့်ထုတ်လိုက်ပြီးတဲ့နောက် တရုတ်တို့ဘက်ကလည်း လက်စားချေတဲ့အနေနဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးတချို့ ပိတ်ပစ်ဖို့ ညွန်ကြားချက် ထွက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ပိတ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကတော့ Shengyang ဒါမှမဟုတ် Wuhan မြို့က ကောင်စစ်ဝန်ရုံးတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်လူမှုကွန်ယက်တွေနဲ့ Twitter တို့မှာလည်း အမေရိကန်ကို ခပ်နာနာလေး ပြန်လက်စားချေဖို့ တောင်းဆို အကြံပြုမှုတွေ ထွက်ပေါ်နေတာမှာ သမ္မတ Donald Trump က နောက်ထပ် တရုတ်ကောင်စစ်ဝန်ရုံးတွေ ပိတ်ပစ်ဖို့ ပြောဆိုမှုတွေ ရှိနေတာကြောင့် ဟောင်ကောင်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တောင်းဆိုမှုတွေလည်း ပါဝင်ပါတယ်။

အပြန်အလှန် ကောင်စစ်ဝန်ရုံးပိတ်တာတွေ အရှိန်မြင့် ဖြစ်ပေါ်လာရင် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အခြေအနေ ပိုဆိုးသွားနိုင်ပြီး ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေပါ ဖြစ်လာနိုင်တယ်လို့ ဗွီအိုအေက မေးမြန်းထားတဲ့ သုတေသီ ၂ ဦးက သုံးသပ်ပါတယ်။

အခြေအနေတွေဟာ ပိုဆိုးလာပြီး ဒါဟာ စစ်အေးတိုက်ပွဲကို အမေရိကန်နဲ့ တရုတ်တို့က တဆင့်ခြင်း တိုးမြင့် လုပ်ဆောင်လာကြတာလို့ ဟောင်ကောင်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ Sang Pu က ပြောပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့အချိန်၊ အထူးသဖြင့် တရုတ်က ဟောင်ကောင်လုံခြုံရေး ဥပဒေကို ပြဌာန်းလိုက်ပြီးတဲ့နောက်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်လာကြောင်း ဘေဂျင်းမြို့ Renmin တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Shi Yinhong က ပြောပါတယ်။

XS
SM
MD
LG