သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Texas က တရုတ္ေကာင္စစ္၀န္ရုံးပိတ္တဲ့ အေမရိကန္ အေၾကာင္းျပခ်က္


အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္၊ ဟူစတန္ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္႐ံုး။ (ဇူလိုင္ ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္ ဉာဏပစၥည္းမူပိုင္ခြင့္ကို တ႐ုတ္ဘက္က မၾကာခဏ ခိုးယူမႈေၾကာင့္ တကၠဆက္ျပည္နယ္ ဟူစတန္က တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို ပိတ္ပစ္ဖို႔ အမိန႔္ေပးခဲ့ေၾကာင္းအေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။

ဒိန္းမတ္ႏိုင္ငံေရာက္ရွိေနတဲ့ Mike Pompeo က ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ တ႐ုတ္ကြန္ျမဴနစ္အစိုးရရဲ႕ အမူအက်င့္နဲ႔ပတ္သက္လို႔ အေမရိကန္က ရွင္းရွင္းလင္းလင္း စည္းသတ္မွတ္လိုက္တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ တ႐ုတ္က မလုပ္ေဆာင္ဘူးဆိုရင္ အေမရိကန္ျပည္သူေတြနဲ႔ ႏိုင္ငံရဲ႕ လုံၿခဳံေရး၊ စီးပြားေရးနဲ႔ အလုပ္အကိုင္ေတြကို ကာကြယ္ဖို႔ အေမရိကန္အစိုးရက အေရးယူေဆာင္႐ြက္ဖို႔ရွိေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

၀န္ထမ္း ၆၀ ေလာက္ရွိေနတဲ့ ဟူစတန္က တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို ေသာၾကာေန႔ ေနာက္ဆုံးထား ပိတ္ဖို႔ အခ်ိန္ေပးထားပါတယ္။ အခုလို အေမရိကန္အစိုးရရဲ႕ အမိန႔္ဟာ မၾကာေသးခင္က ကမာၻ႔စီးပြားေရး ထိပ္တန္းအင္အားႀကီး အေမရိကန္နဲ႔ တ႐ုတ္ၾကား မၾကာေသးခင္က ျဖစ္လာတဲ့ ဆက္ဆံေရး တင္းမာမႈကို အခု အေမရိကန္အစိုးရရဲ႕ အမိန႔္က ပိုၿပီး အရွိန္ ျမင့္မားလာေစတာပါ။

သတင္းစာရွင္းလင္းပြဲအတြင္း Pompeo ကေျပာၾကားရာမွာ တ႐ုတ္ရဲ႕ ဟူစတန္ လုပ္ရပ္ဟာ က်ယ္ျပန႔္တဲ့ အက်ိဳးသက္ေရာက္မႈေတြရွိေနတယ္လို႔ ဆိုပါတယ္။ အေမရိကန္ တႏိုင္ငံတည္းသာမက ဥေရာပရဲ႕ ဉာဏပစၥည္းမူပိုင္ခြင့္ပါ တ႐ုတ္က ခိုးယူေနၿပီး အလုပ္ေပါင္း ေထာင္နဲ႔ခ်ီ ဆုံးရႈံးနစ္နာ ေစခဲ့တယ္လို႔ သူက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ စတင္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေျခအေန ျပန္ေကာင္းလာဖို႔မတိုင္ခင္ အေမရိကန္မွာ ပိုၿပီး ဆိုး႐ြားလာဖို႔ရွိေနေၾကာင္း သမၼတ Donald Trump ကဝန္ခံ ေျပာၾကားၿပီးေနာက္ တရက္မွာ အခုလို တ႐ုတ္ေကာင္စစ္ဝန္႐ုံးပိတ္ဖို႔ ၫြန္ၾကားခ်က္ ထြက္လာတာ ျဖစ္ပါတယ္။ အေမရိကန္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ တေန႔ကို ပ်မ္းမွ် ၆၆၀၀၀ အထိတိုးခဲ့ၿပီး ေသဆုံးသူ စုစုေပါင္း ၁၄၂၀၀၀ အထိရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

အမေရိကန် ဉာဏပစ္စည်းမူပိုင်ခွင့်ကို တရုတ်ဘက်က မကြာခဏ ခိုးယူမှုကြောင့် တက္ကဆက်ပြည်နယ် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရောက်ရှိနေတဲ့Mike Pompeo က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အမူအကျင့်နဲ့ပတ်သက်လို့ အမေရိကန်က ရှင်းရှင်းလင်းလင်း စည်းသတ်မှတ်လိုက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်က မလုပ်ဆောင်ဘူးဆိုရင် အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့ အမေရိကန်အစိုးရက အရေးယူဆောင်ရွက်ဖို့ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဝန်ထမ်း ၆၀ လောက်ရှိနေတဲ့ ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို သောကြာနေ့ နောက်ဆုံးထား ပိတ်ဖို့ အချိန်ပေးထားပါတယ်။ အခုလို အမေရိကန်အစိုးရရဲ့ အမိန့်ဟာ မကြာသေးခင်က ကမ္ဘာ့စီးပွားရေး ထိပ်တန်းအင်အားကြီး အမေရိကန်နဲ့ တရုတ်ကြား မကြာသေးခင်က ဖြစ်လာတဲ့ ဆက်ဆံရေး တင်းမာမှုကို အခု အမေရိကန်အစိုးရရဲ့ အမိန့်က ပိုပြီး အရှိန် မြင့်မားလာစေတာပါ။

သတင်းစာရှင်းလင်းပွဲအတွင်း Pompeo ကပြောကြားရာမှာ တရုတ်ရဲ့ ဟူစတန် လုပ်ရပ်ဟာ ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန် တနိုင်ငံတည်းသာမက ဥရောပရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ပါ တရုတ်က ခိုးယူနေပြီး အလုပ်ပေါင်း ထောင်နဲ့ချီ ဆုံးရှုံးနစ်နာ စေခဲ့တယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ ပြန်ကောင်းလာဖို့မတိုင်ခင် အမေရိကန်မှာ ပိုပြီး ဆိုးရွားလာဖို့ရှိနေကြောင်း သမ္မတ Donald Trump ကဝန်ခံ ပြောကြားပြီးနောက် တရက်မှာ အခုလို တရုတ်ကောင်စစ်ဝန်ရုံးပိတ်ဖို့ ညွန်ကြားချက် ထွက်လာတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တနေ့ကို ပျမ်းမျှ ၆၆၀၀၀ အထိတိုးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၄၂၀၀၀ အထိရှိခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG