သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ နဲ႔ ရုရွား ႏ်ဴကလီးယားေဆြးေႏြးပြဲမွာ တရုတ္ပါမည္မဟုတ္


(Zawgyi/Unicode)

အေမရိကန္နဲ႔ တ႐ုတ္ၾကား ႏ်ဴကလီးယားလက္နက္နဲ႔ ပတ္သက္လို႔ တင္းမာမႈ ျပႆနာ အသစ္ေတြျဖစ္မွာ စိုးရိမ္တဲ့အေၾကာင္းျပခ်က္နဲ ႔အေမရိကန္နဲ႔ ႐ုရွားၾကား ႏ်ဴကလီးယား အေရးေဆြးေႏြးပြဲ ေတြမွာ ပါဝင္ဖို႔ကို တ႐ုတ္က လက္မခံ ျငင္းဆန္လိုက္ပါတယ္။

၃ ႏိုင္ငံ လက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔ တ႐ုတ္ရဲ႕ ျငင္းဆန္မႈက သိပ္ကို ပြင့္လင္းသလို ဒါကို အေမရိကန္ကလည္း သိပါတယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Zhao Lijian က ေသာၾကာေန႔က ေျပာပါတယ္။

အေမရိကန္နဲ႔ ႐ုရွားၾကား ႏ်ဴကလီးယား ဒုံးက်ည္ပိုင္ဆိုင္မႈ ကန္႔သတ္ ေလ်ာ့ခ်ေရး သေဘာတူညီခ်က္ကို ၂၀၁၀ တုန္းက ခ်ဳပ္ဆိုခဲ့တာပါ။ အခုေနာက္ပိုင္း တ႐ုတ္ႏိုင္ငံက တျဖည္းျဖည္း ကမာၻ႔အင္အားႀကီးႏိုင္ငံ တခုျဖစ္လာတဲ့အတြက္ ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္အသစ္မွာ တ႐ုတ္ႏိုင္ငံကို ထည့္သြင္းသင့္ေၾကာင္း သမၼတ Trump ရဲ႕ အမ်ိဳးသားလုံၿခဳံေရး အႀကံေပး Robert O’Brien က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္း ကေျပာခဲ့ပါတယ္။

လက္နက္ထိန္းခ်ဳပ္ေရး သမၼတ႐ုံး အထူးသံတမန္ သံအမတ္ႀကီး Marshall Billingslea က ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ ကမာၻ႔အင္အားႀကီး ၃ ႏိုင္ငံ လက္နက္ထိန္းခ်ဳပ္ေရး ေဆြးေႏြးပြဲေတြမွာ တ႐ုတ္ႏိုင္ငံကို ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚသြားမယ့္အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Morgan Ortagus က ၾကာသေပေတးေန႔က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္က ေဆြးေႏြးပြဲေတြမွာ မပါဝင္ဖို႔ ျငင္းဆိုလိုက္ၿပီး အေမရိကန္က ဒီကိစၥနဲ႔ ပတ္သက္လို႔ တ႐ုတ္ကို တိုက္တြန္းေနတာက တ႐ုတ္ႏိုင္ငံရဲ႕ အေနအထားကို ပ်က္ယြင္းေအာင္လုပ္ေနတာလို႔ ေျပာခြင့္ရZhao ကေျပာပါတယ္။ အခုလို ႏ်ဴကလီးယားေဆြးေႏြးပြဲေတြမွာ တ႐ုတ္ကို ထည့္သြင္းဖို႔ ႀကိဳးစားလာတာဟာ တ႐ုတ္ရဲ႕စစ္ေရးအရ အင္အားႀကီးထြားလာတာကို အေမရိကန္က အသိအမွတ္ျပဳရာေရာက္တယ္လို႔ အကဲခတ္ေတြက သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကန် နဲ့ ရုရှား နျူကလီးယားဆွေးနွေးပွဲမှာ တရုတ်ပါမည်မဟုတ်

(Unicode)

အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ တင်းမာမှု ပြဿနာ အသစ်တွေဖြစ်မှာ စိုးရိမ်တဲ့အကြောင်းပြချက်နဲ့အမေရိကန်နဲ့ ရုရှားကြား နျူကလီးယား အရေးဆွေးနွေးပွဲ တွေမှာ ပါဝင်ဖို့ကို တရုတ်က လက်မခံ ငြင်းဆန်လိုက်ပါတယ်။

၃ နိုင်ငံ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ ငြင်းဆန်မှုက သိပ်ကို ပွင့်လင်းသလို ဒါကို အမေရိကန်ကလည်း သိပါတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Zhao Lijian က သောကြာနေ့က ပြောပါတယ်။

အမေရိကန်နဲ့ ရုရှားကြား နျူကလီးယား ဒုံးကျည်ပိုင်ဆိုင်မှု ကန့်သတ် လျော့ချရေး သဘောတူညီချက်ကို ၂၀၁၀ တုန်းက ချုပ်ဆိုခဲ့တာပါ။ အခုနောက်ပိုင်း တရုတ်နိုင်ငံက တဖြည်းဖြည်း ကမ္ဘာ့အင်အားကြီးနိုင်ငံ တခုဖြစ်လာတဲ့အတွက် နျူကလီးယား သဘောတူစာချုပ်အသစ်မှာ တရုတ်နိုင်ငံကို ထည့်သွင်းသင့်ကြောင်း သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Robert O’Brien က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်း ကပြောခဲ့ပါတယ်။

လက်နက်ထိန်းချုပ်ရေး သမ္မတရုံး အထူးသံတမန် သံအမတ်ကြီး Marshall Billingslea က နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံ လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Morgan Ortagus က ကြာသပေတေးနေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တရုတ်က ဆွေးနွေးပွဲတွေမှာ မပါဝင်ဖို့ ငြင်းဆိုလိုက်ပြီး အမေရိကန်က ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို တိုက်တွန်းနေတာက တရုတ်နိုင်ငံရဲ့ အနေအထားကို ပျက်ယွင်းအောင်လုပ်နေတာလို့ ပြောခွင့်ရZhao ကပြောပါတယ်။ အခုလို နျူကလီးယားဆွေးနွေးပွဲတွေမှာ တရုတ်ကို ထည့်သွင်းဖို့ ကြိုးစားလာတာဟာ တရုတ်ရဲ့စစ်ရေးအရ အင်အားကြီးထွားလာတာကို အမေရိကန်က အသိအမှတ်ပြုရာရောက်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG