Zawgyi/Unicode
ကုလသမဂၢ IAEA အျပည္ျပည္ဆုိင္ရာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ က ေစာင့္ၾကည့္ေနတဲ့ ႏ်ဴကလီယား စက္ရံုေတြထဲက တခုမွာ မေတာ္တဆမႈ တခု ျဖစ္ပြါးခဲ့ေၾကာင္း အီရန္က ေျပာပါတယ္။ ဒါေပမယ့္ စက္ရံုမွာ ပ်က္စီးမႈေတာ့ မရွိဘူးလို႔လည္း ေျပာပါတယ္။
မေတာ္တဆမႈဟာ အီရန္အလယ္ပိုင္းက ေဆာက္လုပ္ေရးလုပ္ငန္းေတြ လုပ္ေနတဲ့ Natanz ႏ်ဴကလီယားသန္႔စင္ စက္ရံုမွွာ ဇူလိုင္လ ၂ ရက္ ၾကာသပေတးေန႔ အေစာပိုင္းမွာ ျဖစ္ပြါးခဲ့ေၾကာင္းနဲ႔ ပူးတြဲအေဆာက္ဦးငယ္တခု ပ်က္စီးသြားေပမယ့္ ဗဟိုခြါအားသံုးစက္ရံု ကိုေတာ့ ထိခိုက္မႈ မရွိဘူးလို႔ အီရန္အႏုျမဴစြမ္းအင္ဆိုင္ရာ အဖြဲ႔ေျပာခြင့္ရ Behruz Kamalvandi က ေျပာပါတယ္။
တဟီရန္ၿမိဳ႕ေတာ္ ေတာင္ဘက္ ကီလိုမီတာ ၂၅၀ အကြာမွာ ရွိတဲ့ အီရန္ရဲ့ ပင္မ ယူေရနီယံသန္႔စင္တဲ့ ဗဟိုဌာန Natanz မွာ ေလေၾကာင္း တိုက္ခိုက္မႈ အႏၱရာယ္ကေန ကာကြယ္ဖို႔ ေျမေအာက္ အနက္ေပ ၇.၆ မီတာ ေလာက္မွာ တည္ေဆာက္မႈ အပါအဝင္ ေဆာက္လုပ္ေရး လုပ္ငန္းလုပ္ေဆာင္ တာမ်ိဳး ကို အရင္က မေၾကညာခဲ့ဘူးပါဘူး။
ဒီမေတာ္တဆ ျဖစ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရမႈ တစံုတရာ မရွိတဲ့ အျပင္ လက္ရွိလုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြလည္း ထိခိုက္မႈ မရွိဘူးလို႔လည္း Kamalvandi က အစိုးရ သတင္းဌာန IRNA အပါအဝင္ အီရန္ သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာပါ။
အီရန္ႏ်ဴကလီယား လုပ္ေဆာင္မႈအတြက္ အီရန္နဲ႔ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြၾကား ၂၀၁၅ ရထားတဲ့ သေဘာတူညီခ်က္အရ IAEA က ေစာင့္ၾကည့္ရတဲ့ ႏ်ဴကလီးယား စက္ရံုေတြထဲမွာ Natanz ႏ်ဴကလီယားသန္႔စင္ စက္ရံုလည္း ပါပါတယ္။
[Unicode]
ကုလသမဂ္ဂ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ က စောင့်ကြည့်နေတဲ့ နျူကလီယား စက်ရုံတွေထဲက တခုမှာ မတော်တဆမှု တခု ဖြစ်ပွါးခဲ့ကြောင်း အီရန်က ပြောပါတယ်။ ဒါပေမယ့် စက်ရုံမှာ ပျက်စီးမှုတော့ မရှိဘူးလို့လည်း ပြောပါတယ်။
မတော်တဆမှုဟာ အီရန်အလယ်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ Natanz နျူကလီယားသန့်စင် စက်ရုံမှာ ဇူလိုင်လ ၂ ရက် ကြာသပတေးနေ့ အစောပိုင်းမှာ ဖြစ်ပွါးခဲ့ကြောင်းနဲ့ ပူးတွဲအဆောက်ဦးငယ်တခု ပျက်စီးသွားပေမယ့် ဗဟိုခွါအားသုံးစက်ရုံ ကိုတော့ ထိခိုက်မှု မရှိဘူးလို့ အီရန်အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့ပြောခွင့်ရ Behruz Kamalvandi က ပြောပါတယ်။
တဟီရန်မြို့တော် တောင်ဘက် ကီလိုမီတာ ၂၅၀ အကွာမှာ ရှိတဲ့ အီရန်ရဲ့ ပင်မ ယူရေနီယံသန့်စင်တဲ့ ဗဟိုဌာန Natanz မှာ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်ဖို့ မြေအောက် အနက်ပေ ၇.၆ မီတာ လောက်မှာ တည်ဆောက်မှု အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ဆောင် တာမျိုး ကို အရင်က မကြေညာခဲ့ဘူးပါဘူး။
ဒီမတော်တဆ ဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိတဲ့ အပြင် လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေလည်း ထိခိုက်မှု မရှိဘူးလို့လည်း Kamalvandi က အစိုးရ သတင်းဌာန IRNA အပါအဝင် အီရန် သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။
အီရန်နျူကလီယား လုပ်ဆောင်မှုအတွက် အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ ရထားတဲ့ သဘောတူညီချက်အရ IAEA က စောင့်ကြည့်ရတဲ့ နျူကလီးယား စက်ရုံတွေထဲမှာ Natanz နျူကလီယားသန့်စင် စက်ရုံလည်း ပါပါတယ်။