သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ မဲပေးသူ လျော့နည်း


အီရန် ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး။
အီရန် ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး။

(Zawgyi / Unicode)

အီရန်ရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲပေးသူ အရေအတွက် ၄၂ ဒသမ ၅၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပြီး ဒီပမာဏဟာဆိုရင် ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း မဲပေးသူအနည်းဆုံး အရေအတွက် ဖြစ်ပါတယ်။

ဒီအရေအတွက်ဟာဆိုရင် အမေရိကန်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုအောက်မှာ အီရန်ရဲ့ စီးပွားရေး၊ နောက် အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင်တွေအပေါ် မကျေနပ်မှုကို ဖော်ပြလိုက်တာ ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

မဲပေးသူနှုန်းထားကို ကြေညာခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး Abdolreza Rahmani Fazli က ဒီအခြေအနေက လက်ခံနိုင်စရာ ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောဆိုသွားပါတယ်။

မတော်တဆဖြစ်ရပ်တွေ အများအပြားနဲ့ ကြုံတွေ့နေရချိန်မှာ ဒီရွေးကောက်ပွဲကို ကျင်းပခဲ့ရတာဖြစ်ကြောင်း အီရန် ပြည်ထဲရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

လူပေါင်း ၁၇၆ ယောက် သေဆုံးခဲ့ရတဲ့ ယူကရိန်းလေယာဉ်ကို အီရန်က မှားယွင်း ပစ်ချခဲ့တဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး လေယာဉ်ပျက်ကျမှု၊ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ ရာသီဥတု ဆိုးရွားနေတာတွေကို ဝန်ကြီးက ထောက်ပြသွားပါတယ်။

အီရန်ရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွင်းမှာတုန်းကတော့ မဲပေးသူ ၆၂ ရာခိုင်နှုန်း ရှိခဲ့ပြီး နိုင်ငံရဲ့ အစ္စလာမ္မစ် တော်လှန်ရေး နောက်ပိုင်းမှာ မဲပေးသူက ပုံမှန်အားဖြင့် ၅၀ ရာခိုင်နှုန်း အထက်မှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးချယ်စရာလည်း သိပ်ပြီး များများစားစား မရှိခဲ့ပါဘူး။

ပြုပြင်ပြောင်းလဲရေးနဲ့ သဘောထား အလယ်အလတ်ရှိသူ ကိုယ်စားလှယ်လောင်းတွေကြားမှာ ၇,၀၀၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

မြို့တော် Tehran က လွှတ်တော်အမတ်နေရာ ၃၀ မှာ သဘောထား တင်းမာသူတွေက အားလုံး အနိုင်ရခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံက ကြေညာသွားပါတယ်။

ကွန်ဆာဗေးတစ်တွေက အမတ်နေရာ ၁၃၅ နေရာ၊ ပြုပြင်ပြောင်းလဲရေးသမားတွေက ၂၀ နဲ့ တသီးပုဂ္ဂလက ၂၈ နေရာလောက် အနိုင်ရနိုင်တယ်လို့ အစိုးရတပိုင်း Fars သတင်းအေဂျင်စီက ခန့်မှန်းထားပါတယ်။

---------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG